(Zawgyi/Unicode)
ျမန္မာႏုိင္ငံမွာ COVID-19 လူနာ ေနာက္တဦးေတြ႔ရွိ ျမန္မာႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္သူ ေနာက္တဦးကုိ ထပ္မံအတည္ျပဳလုိက္တဲ့အတြက္ အခုဆုိရင္ ေရာဂါကူးစက္သူ စုစုေပါင္း ၂၂ ဦးအထိ ရွိသြားပါၿပီ။
မၾကာေသးခင္က ျပည္ပခရီးသြားခဲ့သူ အသက္ ၅၁ ႏွစ္အရြယ္ အမ်ဳိးသမီးမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ေနတာ ေတြ႔ရွိရေၾကာင္း တနလၤာေန႔မွာပဲ က်န္းမာေရးနဲ႔ အားကစား ၀န္ႀကီးဌာနက အတည္ျပဳလုိက္တာပါ။
COVID-19 ေရာဂါ ကူးစက္ခံထားရသူအျဖစ္ အေစာပုိင္းမွာ အတည္ျပဳထားသူ အသက္ ၂၄ ႏွစ္အရြယ္ ျမန္မာႏုိင္ငံသူ တဦးနဲ႔အတူ မၾကာေသးခင္တုန္းက ျပည္ပခရီးစဥ္ေတြ အတူသြားခဲ့သူ ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ၿပီးခဲ့တဲ့ လကုန္ပုိင္းက ျမန္မာႏုိင္ငံကုိ ျပန္ေရာက္လာခဲ့ၿပီးေနာက္ အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္ကာလအတြက္ သီးသန္႔သတ္မွတ္ထားတဲ့ ဟိုတယ္တခုမွာ တခန္းထဲအတူေနထိုင္ခဲ့သူ ျဖစ္တယ္လုိ႔လည္း ေျပာပါတယ္။
အခုေနာက္ဆုံး အတည္ျပဳလုိက္တဲ့ လူနာရဲ႕ အေျခအေနက ေကာင္းမြန္ေနေၾကာင္းနဲ႔ က်န္လူနာေတြထဲက ၂ ဦးကေတာ့ အထူးၾကပ္မတ္ခန္းမွာ သီးျခားထားၿပီး ကုသမႈေပးထားရေၾကာင္းလည္း က်န္းမာေရး၀န္ႀကီးဌာနက ေျပာဆုိထားပါတယ္။
[Unicode Version]
မြန်မာနိုင်ငံမှာ COVID-19 လူနာ နောက်တဦးတွေ့ရှိ
မြန်မာနိုင်ငံမှာ COVID-19 လူနာ နောက်တဦးတွေ့ရှိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နောက်တဦးကို ထပ်မံအတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် ရောဂါကူးစက်သူ စုစုပေါင်း ၂၂ ဦးအထိ ရှိသွားပါပြီ။
မကြာသေးခင်က ပြည်ပခရီးသွားခဲ့သူ အသက် ၅၁ နှစ်အရွယ် အမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာ တွေ့ရှိရကြောင်း တနင်္လာနေ့မှာပဲ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက အတည်ပြုလိုက်တာပါ။
COVID-19 ရောဂါ ကူးစက်ခံထားရသူအဖြစ် အစောပိုင်းမှာ အတည်ပြုထားသူ အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသူ တဦးနဲ့အတူ မကြာသေးခင်တုန်းက ပြည်ပခရီးစဉ်တွေ အတူသွားခဲ့သူ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ လကုန်ပိုင်းက မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့ပြီးနောက် အသွားအလာ ကန့်သတ်စောင့်ကြည့်ကာလအတွက် သီးသန့်သတ်မှတ်ထားတဲ့ ဟိုတယ်တခုမှာ တခန်းထဲအတူနေထိုင်ခဲ့သူ ဖြစ်တယ်လို့လည်း ပြောပါတယ်။
အခုနောက်ဆုံး အတည်ပြုလိုက်တဲ့ လူနာရဲ့ အခြေအနေက ကောင်းမွန်နေကြောင်းနဲ့ ကျန်လူနာတွေထဲက ၂ ဦးကတော့ အထူးကြပ်မတ်ခန်းမှာ သီးခြားထားပြီး ကုသမှုပေးထားရကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။