သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ဝန်ဆောင်မိခင် နဲ့ အနေအထိုင်ဆိုင်ရာ


ကိုယ်ဝန်ဆောင်စဉ် အနေအထိုင် မမှန်တာကြောင့် မိခင် နဲ့ ခလေး ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ကိုယ်အနေအထား ရုတ်တရက် ပြောင်းတာတွေ၊ ကြာကြာတစ်ပုံစံထဲ နေတာတွေကြောင့် ခါး၊ ဆီးခုံ၊ဆီးစပ်နာတာတွေ ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရပါလဲ။ ဒါ့အပြင် ကြာကြာရပ်တာ၊ ထိုင်တာနဲ့ ပက်လက်အိပ်တာတွေကြောင့်လည်း မိခင်ခြေထောက် ဖောတာအပြင် ကလေးကြီးထွားမှုကိုပါ ထိခိုက်နိုင်ပါတယ်။ ဘာကြောင့်ပါလဲ။

ဒီပြဿနာတွေကို ကာကွယ်နိုင်ဖို့ ကိုယ်ဝန်ဆောင်စဉ် ရုတ်တရက် စောင်းတာ၊ ကုန်းတာ၊ ကွတာတွေ မလုပ်ဘဲ၊ ဖြည်းဖြည်းသာသာ ဂရုစိုက်လုပ်သင့်ပါတယ်။ဒီ့အပြင် ကြာကြာထိုင်တာ၊ ထတာတွေမလုပ်ပဲ ခေတ္တနေထိုင်ပုံ အပြောင်းအလဲ လုပ်ပေးဖို့ လဲလျောင်းသင့်ပါတယ်။ ဒါပေမဲ့ ပက်လက်လှန် လဲလျောင်းတာမျိုး မဟုတ်ဘဲ ခဏတာ ဘေးစောင်းလဲလျောင်း အနားယူသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) နဲ့ ဗဟိုအမျိုးသမီးဆေးရုံ သားဖွားမီးယပ်ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာမြသီတာ ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG