သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ရင္ဆိုင္ေနရခ်ိန္ ငွက္ဖ်ားေရာဂါအႏၲရာယ္ WHO သတိေပး


WHO ညႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus

(Zawgyi/Unicode)

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြကုိ ထိန္းခ်ဳပ္တဲ့အေနနဲ႔ နယ္စပ္ေတြကုိ ပိတ္ထားရသလုိ တျခားအဟန္႔အတားေတြေၾကာင့္ အာဖရိက ေတာင္ပုိင္းေဒသေတြမွာ ငွက္ဖ်ားေရာဂါေၾကာင့္ ေသဆုံးမႈေတြ ၂ ဆတုိးလာႏုိင္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) က သတိေပးလုိက္ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ထုတ္ျပန္ခဲ့တဲ့ ေလ့လာဆန္းစစ္ အကဲျဖတ္ခ်က္အရ COVID-19 ေရာဂါေၾကာင့္ ငွက္ဖ်ားေရာဂါနဲ႔ ပတ္သက္တဲ့ က်န္းမာေရး ၀န္ေဆာင္မႈ လုပ္ငန္းေတြမွာ အဟန္႔အတားေတြ ႀကံဳခဲ့ရတဲ့ ႏုိင္ငံေပါင္း ခန္႔မွန္းေခ် အာဖရိကေတာင္ပုိင္းေဒသမွာ ၄၁ ႏုိင္ငံအထိ ရွိေနေၾကာင္းနဲ႔ အဆုိးဆုံး အေျခအေနနဲ႔ ႀကံဳရမယ္ဆုိရင္ ေသဆုံးသူအေရအတြက္ ၂ ဆေလာက္အထိ ရွိလာႏုိင္ေၾကာင္း WHO ညႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus က ဆြစ္ဇာလန္ႏုိင္ငံ ဂ်နီဗာၿမိဳ႕က ႐ုံးခ်ဳပ္မွာ သတင္းေထာက္ေတြကုိ ေျပာခဲ့တာပါ။

ကမာၻတ၀ွမ္းက ႏုိင္ငံေပါင္း ၂၁ ႏုိင္ငံမွာလည္း တျခားေရာဂါေတြအတြက္ ကာကြယ္ေဆးေတြ ျပတ္လပ္ေနၿပီး၊ ၀က္သက္၊ ပုိလီယုိ၊ ၀မ္းပ်က္၀မ္းေလွ်ာ၊ အသား၀ါေရာဂါနဲ႔ ဦးေႏွာက္အေျမွးေရာင္ စတဲ့ ေရာဂါေတြအတြက္ ပုံမွန္ကာကြယ္ေဆး မထုိးႏုိင္တဲ့ အေျခအေနနဲ႔ ႀကံဳေနရသူ လူေပါင္း ၁၃ သန္းေလာက္ ရွိေနတယ္လုိ႔လည္း ေျပာပါတယ္။

ေရာဂါကူးစက္မႈ အႏၱရာယ္ေတြဟာ အာဖရိကတုိက္မွာသာမက၊ အေရွ႕ဥေရာပ၊ ေတာင္အေမရိကနဲ႔ အာရွႏုိင္ငံတခ်ဳိ႕မွာလည္း သတိထားဖုိ႔လုိအပ္ေၾကာင္း WHO အႀကီးအကဲက သတိေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 ရင်ဆိုင်နေရချိန် ငှက်ဖျားရောဂါအန္တရာယ် WHO သတိပေး

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်တဲ့အနေနဲ့ နယ်စပ်တွေကို ပိတ်ထားရသလို တခြားအဟန့်အတားတွေကြောင့် အာဖရိက တောင်ပိုင်းဒေသတွေမှာ ငှက်ဖျားရောဂါကြောင့် သေဆုံးမှုတွေ ၂ ဆတိုးလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးလိုက်ပါတယ်။

WHO ညႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus
WHO ညႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့တဲ့ လေ့လာဆန်းစစ် အကဲဖြတ်ချက်အရ COVID-19 ရောဂါကြောင့် ငှက်ဖျားရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းတွေမှာ အဟန့်အတားတွေ ကြုံခဲ့ရတဲ့ နိုင်ငံပေါင်း ခန့်မှန်းချေ အာဖရိကတောင်ပိုင်းဒေသမှာ ၄၁ နိုင်ငံအထိ ရှိနေကြောင်းနဲ့ အဆိုးဆုံး အခြေအနေနဲ့ ကြုံရမယ်ဆိုရင် သေဆုံးသူအရေအတွက် ၂ ဆလောက်အထိ ရှိလာနိုင်ကြောင်း WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ရုံးချုပ်မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ကမ္ဘာတဝှမ်းက နိုင်ငံပေါင်း ၂၁ နိုင်ငံမှာလည်း တခြားရောဂါတွေအတွက် ကာကွယ်ဆေးတွေ ပြတ်လပ်နေပြီး၊ ဝက်သက်၊ ပိုလီယို၊ ဝမ်းပျက်ဝမ်းလျှော၊ အသားဝါရောဂါနဲ့ ဦးနှောက်အမြှေးရောင် စတဲ့ ရောဂါတွေအတွက် ပုံမှန်ကာကွယ်ဆေး မထိုးနိုင်တဲ့ အခြေအနေနဲ့ ကြုံနေရသူ လူပေါင်း ၁၃ သန်းလောက် ရှိနေတယ်လို့လည်း ပြောပါတယ်။

ရောဂါကူးစက်မှု အန္တရာယ်တွေဟာ အာဖရိကတိုက်မှာသာမက၊ အရှေ့ဥရောပ၊ တောင်အမေရိကနဲ့ အာရှနိုင်ငံတချို့မှာလည်း သတိထားဖို့လိုအပ်ကြောင်း WHO အကြီးအကဲက သတိပေးခဲ့ပါတယ်။

XS
SM
MD
LG