သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကက္ရ္ွ္မီးယားမွာ ပိတ္ထားတဲ့အင္တာနက္ ျပန္ဖြင့္ေပးဖို႔ တရား႐ံုးခ်ဳပ္ၫႊန္ၾကား


ကက္ရ္ွ္မီးယား အင္တာနက္ ဖြင့္ဖို႔ ဆႏၵျပ

(Zawgyi/ Unicode)

အိႏိၵယအုပ္ခ်ဳပ္တဲ့ ကက္ရွ္မီးယားေဒသမွာ အင္တာနက္ဆက္သြယ္ေရးကို အကန္႔အသတ္မရွိ ျဖတ္ေတာက္ထားတာဟာ ဥပေဒနဲ႔ မညီဘူးလို႔ အိႏိၵယ တရား႐ံုးခ်ဳပ္က ေသာၾကာေန႔မွာ ဆံုးျဖတ္လိုက္တဲ့အေၾကာင္း ႐ိုက္တာသတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။

ဒါဟာျဖင့္ မြတ္ဆလင္အမ်ားစုေနထိုင္တဲ့ ကက္ရွ္မီး ယားေဒသရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးကို ၿပီးခဲ့တဲ့ၾသဂုတ္လက ႐ုပ္သိမ္းလိုက္ၿပီးတဲ့ေနာက္ ေဒသတြင္း ဆက္သြယ္ေရးေတြ ျဖတ္ေတာက္ထားတဲ့ အစုိးရရဲ႕ လုပ္ေဆာင္ခ်က္ကို ျပစ္တင္ ေဝဖန္လိုက္တာပါပဲ။

အင္တာနက္ ဆက္သြယ္ေရး ျဖတ္ေတာက္တာကို ယာယီကာလအတြက္ပဲ လုပ္ေဆာင္ႏုိင္ၿပီး အကန္႔အသတ္မရွိ ျဖတ္ေတာက္ ထားတာဟာ အိႏိၵယ ဆက္သြယ္ေရးစည္းကမ္းေတြကို ခ်ဳိးေဖာက္တာျဖစ္တယ္လုိ႔ တရား႐ံုးခ်ဳပ္ ဝက္ဘ္ဆိုက္တ္မွာ တင္ထားတဲ့ အမိန္႔ထဲမွာ ေဖာ္ျပထားပါတယ္။

ကက္ရွ္မီးယားေဒသမွာ အလားတူ ျဖတ္ေတာက္ထားတာအားလံုးကို ခ်က္ျခင္း ျပန္သံုးသပ္ဖို႔လည္း အာဏာပိုင္ေတြကို တရား႐ံံုး က ၫႊန္ၾကားပါတယ္။

ေဆး႐ံုေတြလို အင္တာနက္ဆက္သြယ္ေရး မျဖစ္မေနလိုအပ္တဲ့ ေနရာဌာနေတြအတြက္ ခ်က္ခ်င္း ျပန္ဖြင့္ေပးဖို႔နဲ႔ ခ်က္ခ်င္း ျပန္ဖြင့္လို႔မရတဲ့ ေဒသေတြမွာ အြန္လိုင္းဘဏ္လုပ္ငန္းေတြအတြက္ အကန္႔အသတ္နဲ႔ ခ်က္ခ်င္းျပန္ဖြင့္ေပးဖို႔လည္း တရား႐ံုးက ၫႊန္ၾကားထားပါတယ္။

“အင္တာနက္လြတ္လပ္ခြင့္ဟာ အေျခခံအခြင့္အေရးျဖစ္ပါတယ္” လို႔ တရား႐ံုးခ်ဳပ္ တရားသူႀကီး N. V. Raman က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

........................

ကက်ရ်ှ်မီးယားမှာ ပိတ်ထားတဲ့အင်တာနက် ပြန်ဖွင့်ပေးဖို့ တရားရုံးချုပ်ညွှန်ကြား

(Unicode)

အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ အင်တာနက်ဆက်သွယ်ရေးကို အကန့်အသတ်မရှိ ဖြတ်တောက်ထားတာဟာ ဥပဒေနဲ့ မညီဘူးလို့ အိန္ဒိယ တရားရုံးချုပ်က သောကြာနေ့မှာ ဆုံးဖြတ်လိုက်တဲ့အကြောင်း ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ ဒါဟာဖြင့် မွတ်ဆလင်အများစုနေထိုင်တဲ့ ကက်ရှ်မီး ယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ပြီးခဲ့တဲ့သြဂုတ်လက ရုပ်သိမ်းလိုက်ပြီးတဲ့နောက် ဒေသတွင်း ဆက်သွယ်ရေးတွေ ဖြတ်တောက်ထားတဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်ကို ပြစ်တင် ဝေဖန်လိုက်တာပါပဲ။

အင်တာနက် ဆက်သွယ်ရေး ဖြတ်တောက်တာကို ယာယီကာလအတွက်ပဲ လုပ်ဆောင်နိုင်ပြီး အကန့်အသတ်မရှိ ဖြတ်တောက် ထားတာဟာ အိန္ဒိယ ဆက်သွယ်ရေးစည်းကမ်းတွေကို ချိုးဖောက်တာဖြစ်တယ်လို့ တရားရုံးချုပ် ဝက်ဘ်ဆိုက်တ်မှာ တင်ထားတဲ့ အမိန့်ထဲမှာ ဖော်ပြထားပါတယ်။

ကက်ရှ်မီးယားဒေသမှာ အလားတူ ဖြတ်တောက်ထားတာအားလုံးကို ချက်ခြင်း ပြန်သုံးသပ်ဖို့လည်း အာဏာပိုင်တွေကို တရားရံုံး က ညွှန်ကြားပါတယ်။

ဆေးရုံတွေလို အင်တာနက်ဆက်သွယ်ရေး မဖြစ်မနေလိုအပ်တဲ့ နေရာဌာနတွေအတွက် ချက်ချင်း ပြန်ဖွင့်ပေးဖို့နဲ့ ချက်ချင်း ပြန်ဖွင့်လို့မရတဲ့ ဒေသတွေမှာ အွန်လိုင်းဘဏ်လုပ်ငန်းတွေအတွက် အကန့်အသတ်နဲ့ ချက်ချင်းပြန်ဖွင့်ပေးဖို့လည်း တရားရုံးက ညွှန်ကြားထားပါတယ်။

“အင်တာနက်လွတ်လပ်ခွင့်ဟာ အခြေခံအခွင့်အရေးဖြစ်ပါတယ်” လို့ တရားရုံးချုပ် တရားသူကြီး N. V. Raman က ပြောပါတယ်။

XS
SM
MD
LG