သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်ပြီး ဆွေးနွေးတဲ့မြင်ကွင်း။ (ဓာတ်ပုံ - Myanmar State Counsellor Office - သြဂုတ် ၂၈၊ ၂၀၂၀)

(Zawgyi/Unicode)




------------------------

(Unicode)

COVID-19 ပျံ့နှံ့မှုထိန်းချုပ်ရေး အခြေအနေအရပ်ရပ် (ဒေါက်တာခင်ခင်ကြီးနှင့် ဆက်သွယ်မေးမြန်းချက်)

လက်ရှိ COVID-19 ကူးစက်မှုအခြေအနေဟာ ပေါ့ဆလို့မရဘဲ ကြောက်ရမယ့် အခြေအနေဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက သတိပေးပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးဟာ COVID-19 ရောဂါ ပျံ့နှံ့ကူးစက်မှု ထိန်းချုပ်ရေးအတွက် အဓိက တာဝန်ယူ လုပ်ဆောင်နေသူတွေထဲမှာ တစ်ဦးဖြစ်ပါတယ်။

ကြောက်ရမယ့်အခြေအနေ ဖြစ်ပေမယ့် တရားလွန် မကြောက်ဖို့တော့ သူကပြောပါတယ်။
လက်ရှိ ပျံ့နှံ့ကူးစက်နေတဲ့ ဗိုင်းရပ်စ်မျိုးကွဲဟာ ဘယ်လိုအမျိုးအစားပါလဲ၊ ဒီပိုးက အရင်ကူးစက်တဲ့ ပိုးလောက် မပြင်းထန်ဘူးဆိုတာ ဟုတ်ပါသလား၊ ဘာမှ အဆက်အစပ်မရှိသူတွေကြား ပြည်တွင်းမှာတင် ကူးစက်မှုများလာတာ ဘာ့ကြောင့်ပါလဲ၊ လက်ရှိအခြေအနေအရ ဒီဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်လို့ ချဉ်းကပ် ကိုင်တွယ် လုပ်ဆောင်ပုံတွေ ပြောင်းလဲသင့်ပါပြီလား၊ ရခိုင်ကနေ ရန်ကုန်ကို လေယာဉ်နဲ့ ရောက်လာခဲ့သူတွေကို ခြေရာခံလိုက်နေတာက ဘယ်အခြေအနေ အရောက်နေပါပြီလဲ၊ လက်ရှိ ကူးစက်ပျံ့နှံ့တဲ့နှုန်းကို ထိန်းချုပ်နိုင်ဖို့ အဓိက အရေးအကြီးဆုံးအချက်က ဘာပါလဲ၊ ဒီရောဂါပိုး ပျံ့နှံ့ကူးစက်မှုကို ဘယ်အချိန်ကာလလောက်မှာ ထိန်းချုပ်နိုင်ပါမလဲ၊ လက်ရှိအခြေအနေပေါ်မှာ လူထုအနေနဲ့ ဘယ်လောက်ထိ စိုးရိမ်သင့်ပါသလဲ၊ ရောဂါပိုးထိန်းချုပ်ရေး ရှေ့တန်းကလုပ်ဆောင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အဓိကရင်ဆိုင်ရတဲ့ အခက်အခဲက ဘာပါလဲ စတဲ့မေးခွန်းတွေရဲ့ အဖြေတွေကို ဒီမေးမြန်းခန်းမှာ သိကြရပါမယ်။

ဒီဆက်သွယ်မေးမြန်းချက်ကို သြဂုတ်လ ၃၁ ရက်၊ တနင်္လာနေ့ မြန်မာစံတော်ချိန် ည ၉ နာရီနီးပါးက လုပ်ခဲ့တာကြောင့် ဒီထဲမှာပါတဲ့ ကိန်းဂဏန်း အချက်အလက်တွေဟာ အဲဒီအချိန်က ရှိထားတဲ့ အချက်အလက်တွေဖြစ်တယ်ဆိုတာကို အသိပေးလိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG