သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သံလြင္ၿငိမ္းခ်မ္းေရးဥယ်ာဥ္


Salween Peace Park
သံလြင္ၿငိမ္းခ်မ္းေရးဥယ်ာဥ္နဲ႔
please wait

No media source currently available

0:00 0:05:14 0:00
တိုက္႐ိုက္ လင့္ခ္

အစိုးရတပ္လက္ေအာက္ခံ ကရင္နယ္ျခားေစာင့္တပ္နဲ႔ တရုတ္စီးပြားေရးသမားတစု ပူးတြဲအေကာင္အထည္ေဖာ္ေနတဲ့ နယ္စပ္က တရုတ္ၿမိဳ ႔သစ္ေတြကို ေလာင္းကစားဝိုင္းႀကီးေတြအျဖစ္ သတ္မွတ္ထားၾကပါတယ္။ ဒုစရိုက္လုပ္ငန္းေတြ ေပၚေပါက္လာတာကို ေဝဖန္ရႈတ္ခ်ၾကသလို၊ သဘာဝပတ္ဝန္းက်င္နဲ႔ ကရင္ရိုးရာအစဥ္အလာ ထိန္းသိမ္းတဲ့ အစီအစဥ္ကို ခ်ီးက်ဴးဂုဏ္ျပဳၾကပါတယ္။ အစိုးရတပ္နဲ႔ အပစ္ရပ္ထားတဲ့ KNU ကရင္အမ်ဳိးသားအစည္းအရံုး ထိန္းခ်ဳပ္တဲ့ မူတေရာ္ (ေခၚ) ဖာပြန္ခရိုင္က သံလြင္ၿငိမ္းခ်မ္းေရးဥယ်ာဥ္ကို မၾကာမီက ကုလသမဂၢ UNDP က အီေကြတာဆု ခ်ီးျမွင့္ပါတယ္။

ဌာေနတုိင္းရင္းသားေတြရဲ ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးနဲ႔ ဘဝျမွင့္တင္ေရး ႀကိဳးပမ္းခ်က္ကို အသိအမွတ္ျပဳတဲ့ ကုလသမဂၢဆု ျဖစ္ပါတယ္။ ဆုေၾကးေငြက ေဒၚလာတေသာင္းသာ ျဖစ္ေပမယ့္ ကုလသမဂၢ ညီလာခံေတြမွာ ပါဝင္ခြင့္ရမွာျဖစ္လို႔ သံလြင္ၿငိမ္းခ်မ္းေရးဥယ်ာဥ္ကို ျမန္မာအစိုးရ အသိအမွတ္ျပဳရတဲ့ အေျခအေနအထိ ေရာက္ရိွလာႏို္င္ပါတယ္။ KNU နဲ႔ အစိုးရတပ္ေတြၾကား အပစ္အခတ္ရပ္စဲဖို႔ သေဘာတူၿပီး (၆) ႏွစ္္အၾကာမွာ သံလြင္ၿငိမ္းခ်မ္းေရးဥယ်ာဥ္ကို တည္ေထာင္ပါတယ္။

ေဒသခံကရင္လူထု၊ ကရင္သစ္ေတာဌာနနဲ႔ ကရင္သဘာဝပတ္ဝန္းက်င္ ကြန္ရက္တို႔ရဲ ႔ ႀကိဳးပမ္းေဆာင္ရြက္ခ်က္ေၾကာင့္ (၂၀၁၈) ေႏွာင္းပိုင္းမွာ သံလြင္ၿငိမ္းခ်မ္းေရးဥယ်ာဥ္ တည္ေထာင္ေၾကာင္း ေၾကညာႏိုင္ပါတယ္။ ၂၀၁၂ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ေအာက္ေျခမွာ လက္ေတြ႔အေကာင္အထည္ေဖာ္တာ ျဖစ္ပါတယ္။ သံလြင္ၿငိမ္းခ်မ္းေရးဥယ်ာဥ္ဟာ ေျမဧက (၁) သန္း (၃) သိန္း က်ယ္ဝန္းၿပီး ေက်းရြာေပါင္း (၃၀၀) ေက်ာ္ ပါဝင္တဲ့ နယ္ေျမ ျဖစ္ပါတယ္။ ကရင္ျပည္နယ္မွာ အစိုးရတပ္စခန္း သံုးရာေက်ာ္ ရိွတဲ့အနက္ မူတေရာ္ (ေခၚ) ဖာပြန္ခရိုင္မွာ (၈၀) ေက်ာ္ ရိွပါတယ္။ ဒါေၾကာင့္ အစိုးရတပ္နဲ႔ ကရင္တပ္ဖြဲ႔ေတြၾကား ပစ္ခတ္မႈေတြရိွၿပီး၊ ေစာင့္ၾကည့္ေရးေကာ္မတီကို အျပန္အလွန္ တိုင္ၾကားစာ ေပးပို႔တာမ်ဳိးေတြ ရိွပါတယ္။ အစိုးရတပ္စခန္းေတြအၾကား ဆက္သြယ္ေရးေကာင္းဖို႔ ရည္ရြယ္ၿပီး ကားလမ္းေတြ ေဖာက္လုပ္တာကို ကရင္ဘက္က မေက်နပ္လို႔ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့ပါတယ္။

ဖာပြန္ၿမိဳ ႔နယ္မွာ ေဒသဖြံ႔ၿဖိဳးေရး အေထာက္အကူျပဳလမ္းနဲ႔ တပ္ရိကၡာပို႔လမ္းေတြ ေဖာက္လုပ္ေနတာကို ေစာင့္ၾကည့္တဲ့ တပ္ဖြဲ႔ေတြကို KNU ဘက္က တိုက္ခိုက္တယ္လို႔ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက ဧၿပီလ (၂) ရက္ေန႔က ေၾကညာပါတယ္။ ၂၀၁၉ ႏုိဝင္ဘာလကစၿပီး (၂၀၂၀) ဧၿပီလအထိ (၆) လအတြင္း အစိုးရနဲ႔ KNU တပ္အၾကား ထိေတြ႔တိုက္ခိုက္မႈ အႀကိမ္ (၄၀)၊ မုိင္းနင္းေပါက္ကြဲမႈ (၂၃) ႀကိမ္၊ မိုင္းေထာင္တိုက္ခိုက္မႈ (၃) ႀကိမ္၊ လုပ္မုိင္းေဖာ္ထုတ္မႈ (၁၈) ႀကိမ္ ျဖစ္ပြားတာကို အစိုးရဘက္က KNU ဌာနခ်ဳပ္ကို (၉၄) ႀကိမ္ အေၾကာင္းၾကားခဲ့တယ္လို႔လည္း ေဖာ္ျပထားပါတယ္။ သံလြင္ၿငိမ္းခ်မ္းေရးဥယ်ာဥ္ ေကာ္မတီဝင္အခ်ဳိ ႔ အစိုးရတပ္ရဲ ႔ ပစ္ခတ္မႈေၾကာင့္ ေသဆံုးရတာကို ကရင္ဘက္က သတင္းထုတ္ျပန္ပါတယ္။

KNU နဲ႔ ေဒသခံ ကရင္လူထုရဲ ႔ သေဘာတူခ်က္မရယူဘဲ အစိုးရတပ္က လမ္းေဖာက္တာဟာ အပစ္အခတ္ ရပ္စဲေရးသေဘာတူညီခ်က္ (NCA) ကို ခ်ဳိးေဖာက္တာ ျဖစ္တယ္လို႔ ကရင္ဘက္က ဆုိပါတယ္။ ႏွစ္ဦးႏွစ္ဘက္ သေဘာတူမွသာ လုပ္ေဆာင္ခြင့္ရိွတယ္လို႔ NCA က ဆိုေပမယ့္ အစိုးရတပ္က ဇြတ္အတင္းလုပ္တာေၾကာင့္ ထိေတြ႔တိုက္ခိုက္မႈေတြ ျဖစ္လာတာလုိ႔ KNU ဘက္က ဆုိပါတယ္။ အစိုးရတပ္ဟာ သူ႔ေနရာနဲ႔သူေနရင္ ျပႆနာျဖစ္စရာအေၾကာင္း မရိွပါဘူး။ KNU ထိန္းခ်ဳပ္တဲ့နယ္ေျမထဲ က်ဴးေက်ာ္လာလုိ႔ ထိေတြ႔တိုက္ပြဲေတြ ျဖစ္ရတာလို႔ KNU တြဲဘက္အတြင္းေရးမွဴး (၂) ပဒိုေစာလွထြန္းက ေျပာဆုိေၾကာင္း KIC ကရင္သတင္းဌာနရဲ ႔ ဧၿပီလ (၇) ရက္ေန႔ထုတ္ သတင္းမွာ ေဖာ္ျပထားပါတယ္။ အစိုးရတပ္ရဲ ႔ ေတာင္ပိုင္းစစ္ဌာနခ်ဳပ္ လက္ေအာက္ခံတပ္ဖြဲ႔ေတြဟာ ကရင္ေက်းရြာအခ်ဳိ ႔ကို လက္နက္ႀကီးနဲ႔ ပစ္ခတ္တာေၾကာင့္ ေဒသခံေတြ ထြက္ေျပးတိမ္ေရွာင္ေနရတယ္လို႔ KNU ဘက္က တိုင္ၾကားထားပါတယ္။

အစိုးရတပ္နဲ႔ KNU တပ္မဟာ (၅) ဌာနခ်ဳပ္ဟာ နယ္ေျမက်ဴးေက်ာ္မႈနဲ႔ ပတ္သက္ၿပီး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ JMC ကို ကန္႔ကြက္စာေတြ မၾကာခဏ ေပးပို႔ေလ့ ရိွပါတယ္။ ဖာပြန္ခရိုင္က KNU တပ္မဟာ (၂)၊ တပ္မဟာ (၅) နဲ႔ တပ္မေတာ္ (၇) ထိန္းခ်ဳပ္တဲ့ေဒသေတြမွာ အစိုးရတပ္အင္အား ႏွစ္ဆတိုးလာတာဟာ အပစ္အခတ္ရပ္စဲေရး သေဘာတူခ်က္ (NCA) ကို အယံုအၾကည္ နည္းပါးေစတယ္လို႔ ကရင္ဘက္က ျမင္ပါတယ္။ စစ္အင္အားတုိးခ်ဲ ႔တာကို NLD အစိုးရအေနနဲ႔ ဘာမွမတတ္ႏုိင္ေပမယ့္ အစိုးရမွာလည္း တာဝန္ရိွတယ္လို႔ ကရင္ဘက္က ျမင္ပါတယ္။

အစိုးရအေျပာင္းအလဲေတြ ျဖစ္လာေပမယ့္ တိုင္းရင္းသားေတြကို ဆက္ဆံပံုကေတာ့ မေျပာင္းလြဲဘူးလို႔ ကရင္ဘက္က ျမင္ပါတယ္။ အရင္အစိုးရေတြနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေနတဲ့ NLD အစိုးရဟာ တိုင္းရင္းသားေတြအေပၚမွာ အျမင္ခ်င္းတူတယ္လို႔ ဆုိပါတယ္။ အစိုးရတိုင္းဟာ တိုင္းရင္းသားေတြကို ခ်ဳပ္ကိုင္လိုၾကတယ္လို႔ KNLA ဒု-စစ္ဦးစီးခ်ဳပ္က ဆုိပါတယ္။ သံလြင္ၿငိမ္းခ်မ္းေရးဥယ်ာဥ္နဲ႔ ပတ္သက္ၿပီး၊ NLD အစိုးရနဲ႔ ဆက္သြယ္မႈ အလြန္နည္းတယ္လို႔ KNU ဗဟိုေကာ္မတီဝင္တဦးက ေျပာဆိုသြားပါတယ္။


==Unicode===

အစိုးရတပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်နဲ့ တရုတ်စီးပွားရေးသမားတစု ပူးတွဲအကောင်အထည်ဖော်နေတဲ့ နယ်စပ်က တရုတ်မြို့သစ်တွေကို လောင်းကစားဝိုင်းကြီးတွေအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒုစရိုက်လုပ်ငန်းတွေ ပေါ်ပေါက်လာတာကို ဝေဖန်ရှုတ်ချကြသလို၊ သဘာဝပတ်ဝန်းကျင်နဲ့ ကရင်ရိုးရာအစဉ်အလာ ထိန်းသိမ်းတဲ့ အစီအစဉ်ကို ချီးကျူးဂုဏ်ပြုကြပါတယ်။ အစိုးရတပ်နဲ့ အပစ်ရပ်ထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်တဲ့ မူတရော် (ခေါ်) ဖာပွန်ခရိုင်က သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို မကြာမီက ကုလသမဂ္ဂ UNDP က အီကွေတာဆု ချီးမြှင့်ပါတယ်။

ဌာနေတိုင်းရင်းသားတွေရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဘဝမြှင့်တင်ရေး ကြိုးပမ်းချက်ကို အသိအမှတ်ပြုတဲ့ ကုလသမဂ္ဂဆု ဖြစ်ပါတယ်။ ဆုကြေးငွေက ဒေါ်လာတသောင်းသာ ဖြစ်ပေမယ့် ကုလသမဂ္ဂ ညီလာခံတွေမှာ ပါဝင်ခွင့်ရမှာဖြစ်လို့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို မြန်မာအစိုးရ အသိအမှတ်ပြုရတဲ့ အခြေအနေအထိ ရောက်ရှိလာနိုင်ပါတယ်။ KNU နဲ့ အစိုးရတပ်တွေကြား အပစ်အခတ်ရပ်စဲဖို့ သဘောတူပြီး (၆) နှစ်အကြာမှာ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို တည်ထောင်ပါတယ်။

ဒေသခံကရင်လူထု၊ ကရင်သစ်တောဌာနနဲ့ ကရင်သဘာဝပတ်ဝန်းကျင် ကွန်ရက်တို့ရဲ့ ကြိုးပမ်းဆောင်ရွက်ချက်ကြောင့် (၂၀၁၈) နှောင်းပိုင်းမှာ သံလွင်ငြိမ်းချမ်းရေးဥယျာဉ် တည်ထောင်ကြောင်း ကြေညာနိုင်ပါတယ်။ ၂၀၁၂ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အောက်ခြေမှာ လက်တွေ့အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဟာ မြေဧက (၁) သန်း (၃) သိန်း ကျယ်ဝန်းပြီး ကျေးရွာပေါင်း (၃၀၀) ကျော် ပါဝင်တဲ့ နယ်မြေ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ အစိုးရတပ်စခန်း သုံးရာကျော် ရှိတဲ့အနက် မူတရော် (ခေါ်) ဖာပွန်ခရိုင်မှာ (၈၀) ကျော် ရှိပါတယ်။ ဒါကြောင့် အစိုးရတပ်နဲ့ ကရင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုတွေရှိပြီး၊ စောင့်ကြည့်ရေးကော်မတီကို အပြန်အလှန် တိုင်ကြားစာ ပေးပို့တာမျိုးတွေ ရှိပါတယ်။ အစိုးရတပ်စခန်းတွေအကြား ဆက်သွယ်ရေးကောင်းဖို့ ရည်ရွယ်ပြီး ကားလမ်းတွေ ဖောက်လုပ်တာကို ကရင်ဘက်က မကျေနပ်လို့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဖာပွန်မြို့နယ်မှာ ဒေသဖွံ့ဖြိုးရေး အထောက်အကူပြုလမ်းနဲ့ တပ်ရိက္ခာပို့လမ်းတွေ ဖောက်လုပ်နေတာကို စောင့်ကြည့်တဲ့ တပ်ဖွဲ့တွေကို KNU ဘက်က တိုက်ခိုက်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ (၂) ရက်နေ့က ကြေညာပါတယ်။ ၂၀၁၉ နိုဝင်ဘာလကစပြီး (၂၀၂၀) ဧပြီလအထိ (၆) လအတွင်း အစိုးရနဲ့ KNU တပ်အကြား ထိတွေ့တိုက်ခိုက်မှု အကြိမ် (၄၀)၊ မိုင်းနင်းပေါက်ကွဲမှု (၂၃) ကြိမ်၊ မိုင်းထောင်တိုက်ခိုက်မှု (၃) ကြိမ်၊ လုပ်မိုင်းဖော်ထုတ်မှု (၁၈) ကြိမ် ဖြစ်ပွားတာကို အစိုးရဘက်က KNU ဌာနချုပ်ကို (၉၄) ကြိမ် အကြောင်းကြားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ကော်မတီဝင်အချို့ အစိုးရတပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရတာကို ကရင်ဘက်က သတင်းထုတ်ပြန်ပါတယ်။

KNU နဲ့ ဒေသခံ ကရင်လူထုရဲ့ သဘောတူချက်မရယူဘဲ အစိုးရတပ်က လမ်းဖောက်တာဟာ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် (NCA) ကို ချိုးဖောက်တာ ဖြစ်တယ်လို့ ကရင်ဘက်က ဆိုပါတယ်။ နှစ်ဦးနှစ်ဘက် သဘောတူမှသာ လုပ်ဆောင်ခွင့်ရှိတယ်လို့ NCA က ဆိုပေမယ့် အစိုးရတပ်က ဇွတ်အတင်းလုပ်တာကြောင့် ထိတွေ့တိုက်ခိုက်မှုတွေ ဖြစ်လာတာလို့ KNU ဘက်က ဆိုပါတယ်။ အစိုးရတပ်ဟာ သူ့နေရာနဲ့သူနေရင် ပြဿနာဖြစ်စရာအကြောင်း မရှိပါဘူး။ KNU ထိန်းချုပ်တဲ့နယ်မြေထဲ ကျူးကျော်လာလို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ရတာလို့ KNU တွဲဘက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက ပြောဆိုကြောင်း KIC ကရင်သတင်းဌာနရဲ့ ဧပြီလ (၇) ရက်နေ့ထုတ် သတင်းမှာ ဖော်ပြထားပါတယ်။ အစိုးရတပ်ရဲ့ တောင်ပိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖွဲ့တွေဟာ ကရင်ကျေးရွာအချို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ KNU ဘက်က တိုင်ကြားထားပါတယ်။

အစိုးရတပ်နဲ့ KNU တပ်မဟာ (၅) ဌာနချုပ်ဟာ နယ်မြေကျူးကျော်မှုနဲ့ ပတ်သက်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ကို ကန့်ကွက်စာတွေ မကြာခဏ ပေးပို့လေ့ ရှိပါတယ်။ ဖာပွန်ခရိုင်က KNU တပ်မဟာ (၂)၊ တပ်မဟာ (၅) နဲ့ တပ်မတော် (၇) ထိန်းချုပ်တဲ့ဒေသတွေမှာ အစိုးရတပ်အင်အား နှစ်ဆတိုးလာတာဟာ အပစ်အခတ်ရပ်စဲရေး သဘောတူချက် (NCA) ကို အယုံအကြည် နည်းပါးစေတယ်လို့ ကရင်ဘက်က မြင်ပါတယ်။ စစ်အင်အားတိုးချဲ့တာကို NLD အစိုးရအနေနဲ့ ဘာမှမတတ်နိုင်ပေမယ့် အစိုးရမှာလည်း တာဝန်ရှိတယ်လို့ ကရင်ဘက်က မြင်ပါတယ်။

အစိုးရအပြောင်းအလဲတွေ ဖြစ်လာပေမယ့် တိုင်းရင်းသားတွေကို ဆက်ဆံပုံကတော့ မပြောင်းလွဲဘူးလို့ ကရင်ဘက်က မြင်ပါတယ်။ အရင်အစိုးရတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ NLD အစိုးရဟာ တိုင်းရင်းသားတွေအပေါ်မှာ အမြင်ချင်းတူတယ်လို့ ဆိုပါတယ်။ အစိုးရတိုင်းဟာ တိုင်းရင်းသားတွေကို ချုပ်ကိုင်လိုကြတယ်လို့ KNLA ဒု-စစ်ဦးစီးချုပ်က ဆိုပါတယ်။ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်နဲ့ ပတ်သက်ပြီး၊ NLD အစိုးရနဲ့ ဆက်သွယ်မှု အလွန်နည်းတယ်လို့ KNU ဗဟိုကော်မတီဝင်တဦးက ပြောဆိုသွားပါတယ်။

XS
SM
MD
LG