ျမန္မာ့ႏိုင္ငံ လြတ္လပ္ေရး ႀကိဳးပမ္းမႈသမိုင္းမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ အခန္းက႑ဟာ အဓိကေနရာမွာ ပါဝင္ေနတယ္ဆိုတာကိုေတာ့ ဘယ္သူမွ မျငင္းသာဘူးလို႔ ထင္ပါတယ္။ ဒါေပမဲ့ လြတ္လပ္ေရးရၿပီး ႏွစ္ေပါင္း (၇၀) ေက်ာ္လာခဲ့တဲ့ အခုအခ််ိန္မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕တိုင္းရင္းသားအေရး ေဆာင္႐ြက္ခ်က္နဲ႔ ပတ္သက္လို႔ တိုင္းရင္းသားတခ်ိဳ႕ေမးခြန္းထုတ္လာတာ ၾကားရပါတယ္။ ဘာေၾကာင့္ပါလဲ။ ဗိုလ္ခ်ဳပ္သည္ တိုင္းရင္းသားအေရးကို စိတ္ရင္းေစတနာမွန္နဲ႔ေ ဆာင္႐ြက္ခဲ့သလား။ ဒါမွမဟုတ္ လ်စ္လ်ဴရႈခဲ့ပါသလား။ အေမရိကန္ ျပည္ေထာင္စု ဂ်က္ဆင္ (Judson) တကၠသိုလ္ ဂုဏ္ထူးေဆာင္ သမိုင္းပါေမာကၡ ေဒါက္တာေနာ္အင္ဂ်လင္း နဲ႔ က်ေနာ္ ေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။
ဗိုလ္ခ်ပ္ေအာင္ဆန္းဟာ ျပည္ထာင္စုျမန္မာႏိုင္ငံ ျဖစ္ေျမာက္ေအာင္ ဦးေဆာင္စည္း႐ုံးခဲ့ သူ ျဖစ္တယ္လို႔ ေဒါက္တာအင္ဂ်လင္းက အခုလိုစေျပာပါတယ္၊
ေျဖ ။ ။ Union of Burma အဲ့ဒီနာမည္ကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ေတာင္းခံခဲ့တာပါ။ ဒါေၾကာင့္ သူကိုေတာ့ ျပည္ေထာင္စုျမန္မာႏုိင္ငံ တည္ေထာင္ခဲ့တဲ့ ပုဂၢိဳလ္ ဗိသုကာတေယာက္အေနနဲ႔ေတာ့ လက္ခံပါတယ္။ ဥပမာအားျဖင့္ တျခားေနရာကိုေတာ့ ရွည္ရွည္ေဝးေဝး မေျပာဘူးေလ။ ပင္လံုကိစၥမွာ သူက အဂၤလိပ္အစိုးရနဲ႔ ေဆြးေႏြးတဲ့အခါမွာ သူကေန အဂၤလိပ္အစိုးရကေန ေအာင္ဆန္း-အတၱလီစာခ်ဳပ္ (Aung San-Atlee Agreement) မွာ တုိင္းရင္းသားေတြနဲ႔ နယ္စပ္အုပ္ခ်ဳပ္ေရးမွာရိွတဲ့ တိုင္းရင္းသားေတြရဲ ႔ သေဘာတူညီခ်က္ကို ရယူၿပီးေတာ့ ဒီလူေတြက ျပည္ေထာင္စုထဲ ဝင္ခ်င္သလား၊ မဝင္ခ်င္ဘူးလားဆိုတာကို ေလ့လာခဲ့တယ္။ ေလ့လာတဲ့အခါမွာ တကယ္ပဲ ႀကိဳးစားၿပီးေတာ့ သြားၿပီးေတာ့ စည္းရံုးတယ္။ ရွမ္း၊ ကခ်င္၊ ခ်င္းေတြကို သူစည္းရံုးႏိုင္တယ္။ အဲဒီအျပင္ သူကို အဲဒီလူေတြအားလံုးကလည္း ေလးစားတယ္။ တုိင္းရင္းသားေတြ ေတာင္းဆိုတဲ့အခ်က္ေတြကိုလည္း သူက လိုက္ေလ်ာတယ္။ ဒါေၾကာင့္မို႔ အဲဒီမွာဦးေဆာင္တဲ့ Lord Bottomley ကိုယ္တိုင္က သူ႔ကို ခ်ီးမြမ္းတယ္။ သူတို႔အံ့ၾသတယ္။ တိုိင္းရင္းသားေတြ ေတာင္းဆိုတဲ့အခ်က္ေတြကို သူ လိုက္ခံၿပီးေတာ့၊ ေဆြးေႏြးတယ္။ သူလက္ခံႏုိင္တာကို သူလက္ခံတယ္။ ရိုးရိုးသားသား၊ ပြင့္ပြင့္လင္းလင္းပဲ ေျပာၿပီးေတာ့ အားလံုးေဆြးေႏြးၿပီးေတာ့ ေအာင္ျမင္တယ္ေပါ့။ အဲဒါေၾကာင့္ သူ႔ကို Unifier အေနနဲ႔ လက္ခံပါတယ္။
ေမး ။ ။ ဒါေပမဲ့ အခုအခါၾကေတာ့ တခ်ဳိ ႔တုိင္းရင္းသားေတြက ေမးခြန္းထုတ္လာၾကတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာ သူတုိ႔တိုင္းရင္းသားေတြအတြက္ ဘာမွမလုပ္ခဲ့ဖူးဘူူးဆိုၿပီးေတာ့ ေျပာၾကပါတယ္။ ဘာမွထိထိေရာက္ေရာက္ အေကာင္အထည္မေဖာ္ဘူး - lip service ပဲ ေပးသြားခဲ့တယ္ ဆိုၿပီးေတာ့ ေျပာၾကတာ ရိွပါတယ္။ အဲဒီကိစၥကို ဆရာမ ဘာေျပာခ်င္ပါလဲ။
ေျဖ ။ ။ အဲဒီကိစၥကေတာ့ ဥပေဒႀကီးကို ေရးဆြဲေနတဲ့အခ်ိန္မွာပဲ သူက အသတ္ခံလိုက္ရတဲ့အခါမွာ ေနာက္ပိုင္း သူလုပ္တဲ့အလုပ္ မဟုတ္ေတာ့ဘူးေလ။ သူ႔အေနနဲ႔တုန္းကေတာ့ တကယ့္ကိုခြဲခြင့္ (၁၀) ႏွစ္ျပည့္ရင္ တိုင္းရင္းသားေတြက မႀကိဳက္ရင္ထြက္ပါဆိုတာကို အခြင့္အေရးေပးခဲ့တယ္။ ဆိုေတာ့ ဖြဲ႔စည္းပံုအေျခခံဥပေဒမွာ အဲဒါကို လမ္းေၾကာင္းခဲ့ေပးပါတယ္။ သူကိုယ္တုိင္က ဥပမာ ကရင္ဆိုလို႔ရိွရင္ ဗိုလ္ခ်ဳပ္ခန္႔လိုက္တာပဲ။ အဲဒီလို ယံုၾကည္စြာနဲ႔ လုပ္ခဲ့တယ္။ ဥပမာ တခ်ဳိ ႔ပါလီမန္လႊတ္ေတာ္ေတြက ဘာေတာင္းဆိုသလဲဆိုေတာ့ ျမန္မာႏိုင္ငံကို ဗုဒၶဘာသာႏုိင္ငံ လုပ္ပါဆုိၿပီးေတာ့ အေျခခံဥပေဒထဲမွာ ေရးေစခ်င္တယ္။ ဒါေပမဲ့ အဲဒါကို သူလက္မခံခဲ့ဘူး။ အဲဒါမ်ဳိးေတြ ရိွတယ္။ ဒါမွမဟုတ္ လုပ္ေပးတာ၊ မလုပ္ေပးတာကေတာ့ သူက ေစာေစာစီးစီး အသတ္ခံလိုက္ရတဲ့အခါမွာ သူလုပ္ရမယ့္အလုပ္ကို ဆက္လုပ္ခြင့္ မရိွဘူးေလ။
ေမး ။ ။ ဆိုေတာ့ ေနာက္တခုက ခြဲထြက္ပိုင္ခြင့္ေပးတာက သူက အမွန္တကယ္ကို တိုင္းရင္းသားေတြဟာ လြတ္လပ္ေရးရၿပီး (၁၀) ႏွစ္ေနရင္ ျပည္ေထာင္စုထဲမွာ ေနရတာကို လံုးဝေပ်ာ္ပိုက္သြားလိမ့္မယ္။ ခြဲထြက္ခ်င္စိတ္လည္း မရိွေတာ့ဘူး။ သီးျခားစိတ္လည္း ပေပ်ာက္သြားမယ္လို႔ သူ တကယ္ယံုၾကည္ခဲ့လို႔လား။ သို႔တည္းမဟုတ္ လြတ္လပ္ေရးကို (၁) ႏွစ္အတြင္း လိုခ်င္တယ္။ Atlee နဲ႔ သေဘာတူညီခ်က္ လုပ္ထားၿပီးေတာ့ ခ်က္ခ်င္းျပန္ေျပာဖို႔ လိုေနလို႔မ်ား အပူတပင္ လိုက္ေလ်ာခဲ့ရတဲ့သေဘာတူညီခ်က္မ်ားလား။ ဆရာမ အဲဒါကို ဘယ္လိုသေဘာရပါသလဲ။
ေျဖ ။ ။ အပူတျပင္းေၾကာင့္ေတာ့ မဟုတ္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အားလံုးက သူကို ေဆြးေႏြးခဲ့တဲ့အခါမွာ Lord Bottomley ရဲ ႔ မွတ္တမ္းေတြမွာနဲ႔ သူတုိ႔အစည္းအေဝးမွတ္တမ္းေတြမွာပါ သူ အေျခအတင္ေဆြးေႏြးၿပီးေတာ့မွ မႀကိဳက္ရင္ မႀကိဳက္သလို ဟိုလူဒီလူ တုိင္းရင္းသားကိုယ္စားလွယ္ေတြကေျပာရင္ သူက အဲဒါေတြကို ဒီအခ်က္ဒီလို ယံုၾကည္ေအာင္ ဘာေတြလုပ္ေပးမယ္၊ မယံုၾကည္ရင္ မလုပ္ႏိုင္တာဟာေတြကို မလုပ္ႏုိင္ဘူးလို႔ သူျငင္းခဲ့ပါတယ္။ အဲဒါမ်ဳိးေတြ ရိွပါတယ္။ အဲဒါေၾကာင့္ အပူတျပင္းေၾကာင့္ လက္ခံလိုက္တာ မဟုတ္ပါဘူး။ သူ တကယ္ပဲယံုၾကည္တယ္။ လုပ္ၾကည့္ပါ။ သူနဲ႔လုပ္ၾကည့္ရင္ သူမဟုတ္ရင္ သူတုိ႔မမွန္ဘူးဆိုရင္ ျမင္လာမွာပဲေပါ့။ ပြင့္ပြင့္လင္းလင္းနဲ႔ တကယ္ပဲ စိတ္ထားမွန္စြာနဲ႔ပဲ ဒါကိုကမ္းလွမ္းၿပီးေတာ့ လက္ခံခဲ့တယ္ဆိုတာကိုေတာ့ အေထာက္အထားေတြအရ ယူဆရပါတယ္။
ေမး ။ ။ ေနာက္ သူက လန္ဒန္ကို သြားၿပီးေတာ့ Atlee နဲ႔ လြတ္လပ္ေရးကိစၥ ေဆြးေႏြးေနတုန္းမွာ ရွမ္းျပည္က ေစာ္ဘြားတခ်ဳိ ႔က ေအာင္ဆန္းဟာ ငါတုိ႔ကိုယ္စားလွယ္ မဟုတ္ဘူးလို႔ ေၾကးနန္းရိုက္လိုက္တဲ့အတြက္ ျပန္လာရတယ္ဆိုေတာ့ နည္းနည္းအဲဒီကိစၥမွာ ႀကိဳတင္ျပင္ဆင္မႈမ်ား နည္းခဲ့ပါသလား။ အဲဒီကို မသြားခင္ကတည္းက တုိင္းရင္းသားေတြနဲ႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာ ထိေတြ႔ဆက္ဆံမႈ ဘယ္တုန္းကမ်ား ရိွခဲ့ပါသလဲ။ အထူးသျဖင့္ ဒုတိယကမာၻစစ္ၿပီးလို႔ ဖဆပလ ဥကၠ႒ ျဖစ္လာတဲ့အခါမွာ သူတို႔ႀကိဳတင္ညိွႏိႈင္းမႈေတြ ရိွပါသလား။
ေျဖ ။ ။ လန္ဒန္ကို မသြားခင္ကတည္းက အျပန္အလွန္စာေတြ တခုနဲ႔တခု ေဆြးေႏြးထားၿပီသားရိွတယ္။ တိုင္းရင္းသားကိစၥေတြလည္း ပါၿပီသားရိွတယ္။ အဲဒီတိုင္းရင္းသားကိစၥေတြမွာ အေခၚအေဝၚကေတာ့ schedule area အဲဒီိကိစၥေတြကို ပါရမယ္ဆိုတာကို လန္ဒန္မသြားခင္ကတည္းက ရိွၿပီသားပါ။ အဲဒီအခ်ိန္မွာေတာ့ အလႈပ္ရွားဆံုးကေတာ့ ကရင္ေတြပါ။ အဲဒီတုိင္းရင္းသားေခါင္းေဆာင္ေတြနဲ႔ စကားေတြေျပာၿပီးမွ သူက သြားတယ္။ တုိင္းရင္းသားေခါင္းေဆာင္ေတြ ကရင္ေတြနဲ႔ နည္းနည္းေတာ့ အဆင္မေျပတာရိွတယ္။ အဆင္ေျပတာရိွတယ္။ သို႔ေသာ္ ဆိုလိုတာက အဲဒီအခ်က္ကို သူသိၿပီသား ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ အစကတည္းက သူက ဒါကိုသိၿပီသား။ ဒါေပမဲ့ ရွမ္းေစာ္ဘြားေတြနဲ႔ ရွမ္းကိုယ္စားလွယ္ေတြနဲ႔က ဘာေတြအဆက္အသြယ္ရိွခဲ့တယ္ဆိုတာ မေတြ႔ဖူးဘူး။ ေလာေလာဆယ္ေတာ့ အေသးစိတ္ေတြ မေတြ႔ပါဘူး။ အေရွ ႔ပိုင္းမွာ ဆက္သြယ္ထားတာေတြ။ ဒါေပမဲ့ (၁၉၄၆) ပတ္ဝန္းက်င္မွာေတာ့ ရွမ္းေခါင္းေဆာင္ေတြက အဲဒီအခ်ိန္တုန္းက သူတုိ႔ပံုမွန္ဆက္ဆံလာၿပီးေတာ့ ရွမ္းလူထုက ေအာင္ဆန္းအေပၚမွာ ျခြင့္ခ်က္မရိွဘဲ ေထာက္ခံတယ္ဆိုတာကို သိရတယ္။ ဘာေၾကာင့္လဲဆိုရင္ အဲဒီ ၁၉၄၆ ခု၊ မတ္လမွာ ရွမ္းကိုယ္စားလွယ္ ေခါင္းေဆာင္ႀကီးတေယာက္က ေအာင္ဆန္းကို ေတြ႔ခ်င္လို႔ သူ႔အိမ္ကိုလာတယ္။ သူက ေအာင္ဆန္းနဲ႔ ေတြ႔ၿပီးေတာ့ ေရႊဒဂၤါေတြကို ေပးခဲ့တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေအာင္ဆန္းကို ယံုၾကည္လို႔ သူက ေခါင္းေဆာင္ေကာင္း။ သူက ေအာင္ဆန္းကိုပဲ ေပးခ်င္တယ္ဆိုေတာ့ ေအာင္ဆန္းက သူ လက္ခံလို႔မရဘူး။ ဖဆပလကိုပဲ ေပးပါဆိုၿပီးေျပာေပမယ့္ သူက ေအာင္ဆန္းကိုပဲ တိုက္ရိုက္ေပးခ်င္တယ္လို႔ ေပးသြားတယ္။ အဲဒီေလာက္အထိ ရွမ္းကိုယ္စားလွယ္က ယံုၾကည္ၿပီးေပးတဲ့အခါမွာ သူက အဲဒါကို ဘ႑ာေရးမွဴး ဦးႏုကို ေပးလိုက္တယ္။ အဲဒီလိုမ်ဳိး အဆက္အသြယ္ေတြ ရိွတာကိုေတာ့ ေတြ႔ခဲ့တယ္။ ဒါေပမဲ့ အေသးစိတ္ ႏုိင္ငံေရးေဆြးေႏြးတာေတာ့ မေတြ႔ဘူး။
ေမး ။ ။ ေနာက္တခုက ဆရာမေစာေစာကေျပာတဲ့ ကရင္ေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးမႈေတြ အမ်ားႀကီးရိွခဲ့တယ္လို႔ ေျပာတယ္။ ဆိုေတာ့ အဲဒီတုိင္းရင္းသားေတြထဲမွာမွ ကရင္ေတြရဲ ႔ ပုန္ကန္မႈ။ ကရင္ေတာ္လွန္ေရး ပထမဦးဆံုး စၿပီးေတာ့ ျဖစ္လာရတာက အဓိကအားျဖင့္ သူတုိ႔ေဆြးေႏြးမႈက ဘာမ်ားမေက်လည္မႈ ရိွခဲ့လို႔လဲ။ ဘာျဖစ္လို႔ သေဘာတူညီမႈ မရႏိုင္ခဲ့တာလဲဆိုတာကို ေျပာျပပါ ဆရာမ။
ေျဖ ။ ။ ကရင္ေတာ္လွန္ေရးကေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေသၿပီးမွ ျဖစ္ခဲ့တာပါ။ ေရွ ႔ပိုင္းမွာေတာ့ ေတာ္ေတာ္ေလး အေျခအတင္ တေယာက္နဲ႔တေယာက္ ေဆြးေႏြးၾကတယ္။ အထူးသျဖင့္ ၁၉၄၃ ခုႏွစ္ ဒုတိယကမာၻစစ္အခ်ိန္အတြင္းမွာ BIA တပ္နဲ႔ ကရင္ေတြ ေတာ္ေတာ္ေလး ျပႆနာတက္တဲ့အခါမွာ ကရင္အမ်ားႀကီး အသတ္ခံရတယ္။ ေျမာင္းျမမွာ အသတ္ခံရတဲ့အခါမွာ BIA ကေန ရဲေဘာ္ေတြ၊ အရာရိွေတြက အဲဒီရြာေတြ၊ ၿမိဳ ႔ေတြမွာ သြားၿပီးေတာ့ လူသတ္မႈေတြ ျဖစ္တယ္။ အဲဒီလိုျဖစ္တဲ့အခါမွာ ဝန္ႀကီးတပါးေတာင္ အသတ္ခံရပါတယ္။ အဲဒီကိစၥကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းက သူတို႔မွားပါတယ္။ မွားတယ္ဆိုတာကို သူကိုယ္တိုင္ ဝန္ခံၿပီးေတာ့၊ စည္းရံုးၿပီးေတာ့ ေဒါက္တာစံစီးဖိုး၊ ေစာဘဦးႀကီးတုိ႔ ဦးေဆာင္ၿပီးေတာ့ ကရင္-ဗမာ ခ်စ္ၾကည္ေရးကို ျပန္ၿပီးေတာ့ လုပ္တဲ့အခါမွာ ေဒါက္တာဘေမာ္ အစိုးရအဖြဲ႔ထဲမွာ သူတို႔ပါလာၾကတယ္။ ေနာက္ပိုင္း စစ္ႀကီးလည္းၿပီေရာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ လက္တြဲလုပ္ခဲ့တဲ့ စံဖိုးသင္၊ ေစာၾကာဒိုးတို႔က ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ ႔ ဖဆပလထဲမွာ ပါလာတယ္။ ေစာဘဦးႀကီးကလည္း အဲဒီမွာ ဝန္ႀကီးတပါး ျဖစ္လာခဲ့တယ္။ ေနာက္ပိုင္းၾကေတာ့ ကရင္ဗဟိုအဖြဲ႔ကို ဖြဲ႔ၿပီးတဲ့အခါမွာ သူတုိ႔ကေန ကရင္ျပည္နယ္ သီးသန္႔ေတာင္းဆိုခဲ့တယ္။
ေမး ။ ။ ဒီေနရာမွာ က်ေနာ္ ေမးခ်င္တာက ကရင္နဲ႔ပဲ ဘာေၾကာင့္ ဒီလိုျပႆနာ စျဖစ္ရသလဲ။ အဲဒီမွာ schedule areas လို႔ေခၚတဲ့ ရွမ္းတို႔၊ အျခားတိုင္းရင္းသားေတြနဲ႔ မျဖစ္ဘဲနဲ႔
ေျဖ ။ ။ ကရင္နဲ႔ပဲ ဘာေၾကာင့္ ျဖစ္ရသလဲဆိုရင္ ရွမ္းတို႔ ကခ်င္တို႔က Schedule Areas မွာ နယ္ျခားအုပ္ခ်ဳပ္ေရးမွာ ရိွတယ္။ ကရင္ေတြက ေျမာင္းျမ၊ ပုသိမ္မွာ ရိွတယ္။ တခါ အျခားတိုင္းေတြမွာလည္း ရိွေနေတာ့ ကရင္ေတြက လိုခ်င္တာက ကရင္ျပည္နယ္ဆုိတာကို တနသၤာရီဘက္ကေန ၾကားက ကရင္နီနယ္ေတြ အခု ကယားလို႔ေခၚတဲ့ နယ္ေတြ အကုန္လံုးအပါအဝင္ … (ျမစ္ဝကၽြန္းေပၚက နယ္ေတြလဲ ပါဝင္ေစခ်င္တာေပါ့) - ဟုတ္တယ္ .. အဲဒါေတြ အကုန္လံုးကို ေတာင္းဆိုခဲ့တဲ့အခါမွာ အဲဒီမွာ ျပႆနာ ျဖစ္တယ္။ ဒါေပမဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ဘယ္ေလာက္ ျပတ္သားသလဲဆိုရင္ သူလုပ္ေပးပါမယ္။ သူအစည္းအေဝး လာတက္တယ္။ ကရင္ေတြရဲ ႔ အစည္းအေဝးကို ခဏခဏ သူတက္တယ္။ သူက ကရင္လူငယ္အသင္းအဖြဲ႔မွာ စံဖိုးသင္၊ မန္းဝင္းေမာင္၊ မန္းဘခိုင္တို႔က ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ အရမ္းရင္းႏီွးၿပီးေတာ့ သူကို ယံုၾကည္တယ္။ အဲဒီမွာ သူလုပ္တယ္။ တဘက္ကလဲ ေစာဘဦးႀကီးတုိ႔က လိုခ်င္တဲ့အပိုင္းကို ေတာင္းဆိုတဲ့အခ်က္ေတြမွာ ကရင္ျပည္နယ္အတိုင္းကို သူမေပးႏုိင္ဘူး။ အဲဒါဟာ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ဖြဲ႔စည္းဖုိ႔က ေရြးေကာက္ပြဲထဲ ဝင္ေရာက္ပါဝင္ၾကပါလို႔ အဲဒီလိုေျပာခဲ့တယ္။ တခ်ဳိ ႔ကရင္ေတြက ဖြဲ႔စည္းပံုအေျခခံကိုဆြဲဖို႔လုပ္ၿပီး၊ ေရြးေကာက္ပြဲကို မဝင္ဘူး။ ကိုယ္စားလွယ္အေနနဲ႔ မဝင္ဘဲ၊ ႏႈတ္ထြက္ခဲ့ၾကတယ္။ နယ္စပ္က ရွမ္း၊ ကခ်င္၊ ခ်င္းတို႔ၾကေတာ့ အေစာကတည္းက ျပႆနာ မရိွခဲ့ၾကဘူး။ ဒါေၾကာင့္မို႔ သူတုိ႔က ပင္လံုမွာပဲ အစည္းအေဝးၿပီးေတာ့ ဆံုးျဖတ္ၾကတယ္။
ေမး ။ ။ ဆိုေတာ့ အဓိက ကရင္နဲ႔ သေဘာထားကြဲလြဲခဲ့တဲ့ ကိစၥမွာ ျမစ္ဝကၽြန္းေပၚေဒသကိုပါ ကရင္ျပည္နယ္ထဲမွာ ထည့္သြင္းေပးဖို႔ ေတာင္းဆိုတဲ့ကိစၥလည္း ပါဝင္တဲ့သေဘာေပါ့။ ေနာက္ေပးခ်င္တဲ့ ေမးခြန္းက BIA ကို ဂ်ပန္မွာ ဖြဲ႔စည္းခဲ့တယ္။ ဂ်ပန္နဲ႔ေပါင္းၿပီး ဖြဲ႔စည္းခဲ့တယ္ ဆိုေပမယ့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက အဂၤလိပ္နဲ႔ ညိွႏိႈင္းၿပီးတဲ့ေနာက္မွာ ဂႏီၶသေဘာတူညီခ်က္အရ စစ္တပ္ကို ျပန္ဖြဲ႔တဲ့အခါ အဂၤလိပ္ပံုစံ ျပန္ဖြဲ႔ခဲ့တယ္ မဟုတ္ဘူးလား။ အဂၤလိပ္စစ္တပ္နဲ႔ ေပါင္းၿပီးေတာ့ ဖြဲ႔စည္းတာ။ ဘာေၾကာင့္ ျမန္မာစစ္တပ္ဟာ အဂၤလိပ္စစ္တပ္ရဲ ႔ စည္းမ်ဥ္းစည္းကမ္းပံုစံနဲ႔ ျဖစ္မလာဘဲနဲ႔ အခုဆိုရင္ လူတခ်ဳိ ႔က ေျပာလာၾကတယ္ ေဒသခံေတြ ဆက္ဆံတာ၊ ျပဳမႈတာေတြက အဂၤလိပ္ေတြဆီက ရရိွခဲ့တဲ့ Professional Army ပံုစံမ်ဳိး မဟုတ္ဘဲနဲ႔ ဂ်ပန္ဆီက သင္လာတဲ့ စစ္တပ္ပံုစံမ်ဳိး ျဖစ္ေနတယ္လို႔ သံုးသပ္ၾကပါတယ္။ ဆရာမ ဘယ္လိုေျပာလိုပါသလဲ။
ေျဖ ။ ။ တကယ္တမ္းၾကေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက အဂၤလိပ္ပံုစံ စစ္တပ္ကို ျပန္ဖြဲပတယ္ဆိုေပမယ့္လဲ လြတ္လပ္ေရးရၿပီးတဲ့အခါမွာ ဘယ္လိုျဖစ္လာသလဲဆိုေတာ့ အခုနေျပာသလိုပါပဲ အဂၤလိပ္စစ္တပ္က ဗိုလ္ခ်ဳပ္ေတြ ခန္႔ေပးတာ စစ္ေသနာပတိခ်ဳပ္က ဗိုလ္ခ်ဳပ္စမစ္ဒြန္း၊ ဒုတိယစစ္ေသနာပတိခ်ဳပ္က ဗိုလ္မွဴးခ်ဳပ္ေစာၾကာဒိုး၊ စစ္ေထာက္ခ်ဳပ္ေတြက ေစာေဒၚနီ၊ တပ္မေတာ္ေလ ဦးစီးခ်ဳပ္ကလည္း ေစာရီွးရိႈး အဲဒီလိုမ်ဳိးေတြ ခန္႔လိုက္တဲ့အခါမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက လက္ခံလိုက္ၿပီးေတာ့ General Smith Dun ကို လူႀကီးအျဖစ္ လက္ခံထားတယ္။ ဒါေပမဲ့ ၁၉၄၉ ကရင္အေရးအခင္းျဖစ္ၿပီး ေနာက္ပိုင္းမွာ ဗိုလ္ခ်ဳပ္စမစ္ဒြန္းအပါအဝင္ အားလံုး ၿဗိတိသွ်ေလ့က်င့္ေပးတဲ့ လူေတြအကုန္လံုးက ထြက္သြားရတယ္။ ထြက္တဲ့အခါမွာ ေနာက္ဆံုးရွင္းရွင္းေျပာရရင္ေတာ့ သိပ္ၿပီးေတာ့ အေတြ႔အႀကံဳမရိွတဲ့ စစ္တပ္ကို ဂ်ပန္က တက္လာတဲ့ BIA တပ္က စစ္ဗိုလ္ေတြက ေျပာင္းလဲဦးေဆာင္တဲ့အခါမွာ အဲဒီဘက္ကိုႏႊယ္သြားလို႔ ရတာေပါ့။ အဲဒီလိုမ်ဳိး ေျပာလို႔ရပါတယ္။
ဦးေက်ာ္ဇံသာ -- ပါေမာကၡ ေနာ္အင္ဂ်လင္း (Naw Angelene) ဟာ “Aung San and the Struggle for Burmese Independence” စာအုပ္ကို ေရးသားထုတ္ေဝခဲ့သူ ျဖစ္ပါတယ္။
Unicode========
မြန်မာ့နိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍဟာ အဓိကနေရာမှာ ပါဝင်နေတယ်ဆိုတာကိုတော့ ဘယ်သူမှ မငြင်းသာဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၇၀) ကျော်လာခဲ့တဲ့ အခုအချျိန်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့တိုင်းရင်းသားအရေး ဆောင်ရွက်ချက်နဲ့ ပတ်သက်လို့ တိုင်းရင်းသားတချို့မေးခွန်းထုတ်လာတာ ကြားရပါတယ်။ ဘာကြောင့်ပါလဲ။ ဗိုလ်ချုပ်သည် တိုင်းရင်းသားအရေးကို စိတ်ရင်းစေတနာမှန်နဲ့ေ ဆာင်ရွက်ခဲ့သလား။ ဒါမှမဟုတ် လျစ်လျူရှုခဲ့ပါသလား။ အမေရိကန် ပြည်ထောင်စု ဂျက်ဆင် (Judson) တက္ကသိုလ် ဂုဏ်ထူးဆောင် သမိုင်းပါမောက္ခ ဒေါက်တာနော်အင်ဂျလင်း နဲ့ ကျနော် ကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဗိုလ်ချပ်အောင်ဆန်းဟာ ပြည်ထာင်စုမြန်မာနိုင်ငံ ဖြစ်မြောက်အောင် ဦးဆောင်စည်းရုံးခဲ့ သူ ဖြစ်တယ်လို့ ဒေါက်တာအင်ဂျလင်းက အခုလိုစပြောပါတယ်၊
ဖြေ ။ ။ Union of Burma အဲ့ဒီနာမည်ကို ဗိုလ်ချုပ်အောင်ဆန်းက တောင်းခံခဲ့တာပါ။ ဒါကြောင့် သူကိုတော့ ပြည်ထောင်စုမြန်မာနိုင်ငံ တည်ထောင်ခဲ့တဲ့ ပုဂ္ဂိုလ် ဗိသုကာတယောက်အနေနဲ့တော့ လက်ခံပါတယ်။ ဥပမာအားဖြင့် တခြားနေရာကိုတော့ ရှည်ရှည်ဝေးဝေး မပြောဘူးလေ။ ပင်လုံကိစ္စမှာ သူက အင်္ဂလိပ်အစိုးရနဲ့ ဆွေးနွေးတဲ့အခါမှာ သူကနေ အင်္ဂလိပ်အစိုးရကနေ အောင်ဆန်း-အတ္တလီစာချုပ် (Aung San-Atlee Agreement) မှာ တိုင်းရင်းသားတွေနဲ့ နယ်စပ်အုပ်ချုပ်ရေးမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ သဘောတူညီချက်ကို ရယူပြီးတော့ ဒီလူတွေက ပြည်ထောင်စုထဲ ဝင်ချင်သလား၊ မဝင်ချင်ဘူးလားဆိုတာကို လေ့လာခဲ့တယ်။ လေ့လာတဲ့အခါမှာ တကယ်ပဲ ကြိုးစားပြီးတော့ သွားပြီးတော့ စည်းရုံးတယ်။ ရှမ်း၊ ကချင်၊ ချင်းတွေကို သူစည်းရုံးနိုင်တယ်။ အဲဒီအပြင် သူကို အဲဒီလူတွေအားလုံးကလည်း လေးစားတယ်။ တိုင်းရင်းသားတွေ တောင်းဆိုတဲ့အချက်တွေကိုလည်း သူက လိုက်လျောတယ်။ ဒါကြောင့်မို့ အဲဒီမှာဦးဆောင်တဲ့ Lord Bottomley ကိုယ်တိုင်က သူ့ကို ချီးမွမ်းတယ်။ သူတို့အံ့သြတယ်။ တိုင်းရင်းသားတွေ တောင်းဆိုတဲ့အချက်တွေကို သူ လိုက်ခံပြီးတော့၊ ဆွေးနွေးတယ်။ သူလက်ခံနိုင်တာကို သူလက်ခံတယ်။ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းပဲ ပြောပြီးတော့ အားလုံးဆွေးနွေးပြီးတော့ အောင်မြင်တယ်ပေါ့။ အဲဒါကြောင့် သူ့ကို Unifier အနေနဲ့ လက်ခံပါတယ်။
မေး ။ ။ ဒါပေမဲ့ အခုအခါကြတော့ တချို့တိုင်းရင်းသားတွေက မေးခွန်းထုတ်လာကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ သူတို့တိုင်းရင်းသားတွေအတွက် ဘာမှမလုပ်ခဲ့ဖူးဘူူးဆိုပြီးတော့ ပြောကြပါတယ်။ ဘာမှထိထိရောက်ရောက် အကောင်အထည်မဖော်ဘူး - lip service ပဲ ပေးသွားခဲ့တယ် ဆိုပြီးတော့ ပြောကြတာ ရှိပါတယ်။ အဲဒီကိစ္စကို ဆရာမ ဘာပြောချင်ပါလဲ။
ဖြေ ။ ။ အဲဒီကိစ္စကတော့ ဥပဒေကြီးကို ရေးဆွဲနေတဲ့အချိန်မှာပဲ သူက အသတ်ခံလိုက်ရတဲ့အခါမှာ နောက်ပိုင်း သူလုပ်တဲ့အလုပ် မဟုတ်တော့ဘူးလေ။ သူ့အနေနဲ့တုန်းကတော့ တကယ့်ကိုခွဲခွင့် (၁၀) နှစ်ပြည့်ရင် တိုင်းရင်းသားတွေက မကြိုက်ရင်ထွက်ပါဆိုတာကို အခွင့်အရေးပေးခဲ့တယ်။ ဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲဒါကို လမ်းကြောင်းခဲ့ပေးပါတယ်။ သူကိုယ်တိုင်က ဥပမာ ကရင်ဆိုလို့ရှိရင် ဗိုလ်ချုပ်ခန့်လိုက်တာပဲ။ အဲဒီလို ယုံကြည်စွာနဲ့ လုပ်ခဲ့တယ်။ ဥပမာ တချို့ပါလီမန်လွှတ်တော်တွေက ဘာတောင်းဆိုသလဲဆိုတော့ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံ လုပ်ပါဆိုပြီးတော့ အခြေခံဥပဒေထဲမှာ ရေးစေချင်တယ်။ ဒါပေမဲ့ အဲဒါကို သူလက်မခံခဲ့ဘူး။ အဲဒါမျိုးတွေ ရှိတယ်။ ဒါမှမဟုတ် လုပ်ပေးတာ၊ မလုပ်ပေးတာကတော့ သူက စောစောစီးစီး အသတ်ခံလိုက်ရတဲ့အခါမှာ သူလုပ်ရမယ့်အလုပ်ကို ဆက်လုပ်ခွင့် မရှိဘူးလေ။
မေး ။ ။ ဆိုတော့ နောက်တခုက ခွဲထွက်ပိုင်ခွင့်ပေးတာက သူက အမှန်တကယ်ကို တိုင်းရင်းသားတွေဟာ လွတ်လပ်ရေးရပြီး (၁၀) နှစ်နေရင် ပြည်ထောင်စုထဲမှာ နေရတာကို လုံးဝပျော်ပိုက်သွားလိမ့်မယ်။ ခွဲထွက်ချင်စိတ်လည်း မရှိတော့ဘူး။ သီးခြားစိတ်လည်း ပပျောက်သွားမယ်လို့ သူ တကယ်ယုံကြည်ခဲ့လို့လား။ သို့တည်းမဟုတ် လွတ်လပ်ရေးကို (၁) နှစ်အတွင်း လိုချင်တယ်။ Atlee နဲ့ သဘောတူညီချက် လုပ်ထားပြီးတော့ ချက်ချင်းပြန်ပြောဖို့ လိုနေလို့များ အပူတပင် လိုက်လျောခဲ့ရတဲ့သဘောတူညီချက်များလား။ ဆရာမ အဲဒါကို ဘယ်လိုသဘောရပါသလဲ။
ဖြေ ။ ။ အပူတပြင်းကြောင့်တော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက သူကို ဆွေးနွေးခဲ့တဲ့အခါမှာ Lord Bottomley ရဲ့ မှတ်တမ်းတွေမှာနဲ့ သူတို့အစည်းအဝေးမှတ်တမ်းတွေမှာပါ သူ အခြေအတင်ဆွေးနွေးပြီးတော့မှ မကြိုက်ရင် မကြိုက်သလို ဟိုလူဒီလူ တိုင်းရင်းသားကိုယ်စားလှယ်တွေကပြောရင် သူက အဲဒါတွေကို ဒီအချက်ဒီလို ယုံကြည်အောင် ဘာတွေလုပ်ပေးမယ်၊ မယုံကြည်ရင် မလုပ်နိုင်တာဟာတွေကို မလုပ်နိုင်ဘူးလို့ သူငြင်းခဲ့ပါတယ်။ အဲဒါမျိုးတွေ ရှိပါတယ်။ အဲဒါကြောင့် အပူတပြင်းကြောင့် လက်ခံလိုက်တာ မဟုတ်ပါဘူး။ သူ တကယ်ပဲယုံကြည်တယ်။ လုပ်ကြည့်ပါ။ သူနဲ့လုပ်ကြည့်ရင် သူမဟုတ်ရင် သူတို့မမှန်ဘူးဆိုရင် မြင်လာမှာပဲပေါ့။ ပွင့်ပွင့်လင်းလင်းနဲ့ တကယ်ပဲ စိတ်ထားမှန်စွာနဲ့ပဲ ဒါကိုကမ်းလှမ်းပြီးတော့ လက်ခံခဲ့တယ်ဆိုတာကိုတော့ အထောက်အထားတွေအရ ယူဆရပါတယ်။
မေး ။ ။ နောက် သူက လန်ဒန်ကို သွားပြီးတော့ Atlee နဲ့ လွတ်လပ်ရေးကိစ္စ ဆွေးနွေးနေတုန်းမှာ ရှမ်းပြည်က စော်ဘွားတချို့က အောင်ဆန်းဟာ ငါတို့ကိုယ်စားလှယ် မဟုတ်ဘူးလို့ ကြေးနန်းရိုက်လိုက်တဲ့အတွက် ပြန်လာရတယ်ဆိုတော့ နည်းနည်းအဲဒီကိစ္စမှာ ကြိုတင်ပြင်ဆင်မှုများ နည်းခဲ့ပါသလား။ အဲဒီကို မသွားခင်ကတည်းက တိုင်းရင်းသားတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ထိတွေ့ဆက်ဆံမှု ဘယ်တုန်းကများ ရှိခဲ့ပါသလဲ။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်ပြီးလို့ ဖဆပလ ဥက္ကဋ္ဌ ဖြစ်လာတဲ့အခါမှာ သူတို့ကြိုတင်ညှိနှိုင်းမှုတွေ ရှိပါသလား။
ဖြေ ။ ။ လန်ဒန်ကို မသွားခင်ကတည်းက အပြန်အလှန်စာတွေ တခုနဲ့တခု ဆွေးနွေးထားပြီသားရှိတယ်။ တိုင်းရင်းသားကိစ္စတွေလည်း ပါပြီသားရှိတယ်။ အဲဒီတိုင်းရင်းသားကိစ္စတွေမှာ အခေါ်အဝေါ်ကတော့ schedule area အဲဒီကိစ္စတွေကို ပါရမယ်ဆိုတာကို လန်ဒန်မသွားခင်ကတည်းက ရှိပြီသားပါ။ အဲဒီအချိန်မှာတော့ အလှုပ်ရှားဆုံးကတော့ ကရင်တွေပါ။ အဲဒီတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ စကားတွေပြောပြီးမှ သူက သွားတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေ ကရင်တွေနဲ့ နည်းနည်းတော့ အဆင်မပြေတာရှိတယ်။ အဆင်ပြေတာရှိတယ်။ သို့သော် ဆိုလိုတာက အဲဒီအချက်ကို သူသိပြီသား ဖြစ်ပါတယ်။ ဒါကြောင့်မို့ အစကတည်းက သူက ဒါကိုသိပြီသား။ ဒါပေမဲ့ ရှမ်းစော်ဘွားတွေနဲ့ ရှမ်းကိုယ်စားလှယ်တွေနဲ့က ဘာတွေအဆက်အသွယ်ရှိခဲ့တယ်ဆိုတာ မတွေ့ဖူးဘူး။ လောလောဆယ်တော့ အသေးစိတ်တွေ မတွေ့ပါဘူး။ အရှေ့ပိုင်းမှာ ဆက်သွယ်ထားတာတွေ။ ဒါပေမဲ့ (၁၉၄၆) ပတ်ဝန်းကျင်မှာတော့ ရှမ်းခေါင်းဆောင်တွေက အဲဒီအချိန်တုန်းက သူတို့ပုံမှန်ဆက်ဆံလာပြီးတော့ ရှမ်းလူထုက အောင်ဆန်းအပေါ်မှာ ခြွင့်ချက်မရှိဘဲ ထောက်ခံတယ်ဆိုတာကို သိရတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီ ၁၉၄၆ ခု၊ မတ်လမှာ ရှမ်းကိုယ်စားလှယ် ခေါင်းဆောင်ကြီးတယောက်က အောင်ဆန်းကို တွေ့ချင်လို့ သူ့အိမ်ကိုလာတယ်။ သူက အောင်ဆန်းနဲ့ တွေ့ပြီးတော့ ရွှေဒင်္ဂါတွေကို ပေးခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အောင်ဆန်းကို ယုံကြည်လို့ သူက ခေါင်းဆောင်ကောင်း။ သူက အောင်ဆန်းကိုပဲ ပေးချင်တယ်ဆိုတော့ အောင်ဆန်းက သူ လက်ခံလို့မရဘူး။ ဖဆပလကိုပဲ ပေးပါဆိုပြီးပြောပေမယ့် သူက အောင်ဆန်းကိုပဲ တိုက်ရိုက်ပေးချင်တယ်လို့ ပေးသွားတယ်။ အဲဒီလောက်အထိ ရှမ်းကိုယ်စားလှယ်က ယုံကြည်ပြီးပေးတဲ့အခါမှာ သူက အဲဒါကို ဘဏ္ဍာရေးမှူး ဦးနုကို ပေးလိုက်တယ်။ အဲဒီလိုမျိုး အဆက်အသွယ်တွေ ရှိတာကိုတော့ တွေ့ခဲ့တယ်။ ဒါပေမဲ့ အသေးစိတ် နိုင်ငံရေးဆွေးနွေးတာတော့ မတွေ့ဘူး။
မေး ။ ။ နောက်တခုက ဆရာမစောစောကပြောတဲ့ ကရင်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေ အများကြီးရှိခဲ့တယ်လို့ ပြောတယ်။ ဆိုတော့ အဲဒီတိုင်းရင်းသားတွေထဲမှာမှ ကရင်တွေရဲ့ ပုန်ကန်မှု။ ကရင်တော်လှန်ရေး ပထမဦးဆုံး စပြီးတော့ ဖြစ်လာရတာက အဓိကအားဖြင့် သူတို့ဆွေးနွေးမှုက ဘာများမကျေလည်မှု ရှိခဲ့လို့လဲ။ ဘာဖြစ်လို့ သဘောတူညီမှု မရနိုင်ခဲ့တာလဲဆိုတာကို ပြောပြပါ ဆရာမ။
ဖြေ ။ ။ ကရင်တော်လှန်ရေးကတော့ ဗိုလ်ချုပ်အောင်ဆန်းသေပြီးမှ ဖြစ်ခဲ့တာပါ။ ရှေ့ပိုင်းမှာတော့ တော်တော်လေး အခြေအတင် တယောက်နဲ့တယောက် ဆွေးနွေးကြတယ်။ အထူးသဖြင့် ၁၉၄၃ ခုနှစ် ဒုတိယကမ္ဘာစစ်အချိန်အတွင်းမှာ BIA တပ်နဲ့ ကရင်တွေ တော်တော်လေး ပြဿနာတက်တဲ့အခါမှာ ကရင်အများကြီး အသတ်ခံရတယ်။ မြောင်းမြမှာ အသတ်ခံရတဲ့အခါမှာ BIA ကနေ ရဲဘော်တွေ၊ အရာရှိတွေက အဲဒီရွာတွေ၊ မြို့တွေမှာ သွားပြီးတော့ လူသတ်မှုတွေ ဖြစ်တယ်။ အဲဒီလိုဖြစ်တဲ့အခါမှာ ဝန်ကြီးတပါးတောင် အသတ်ခံရပါတယ်။ အဲဒီကိစ္စကို ဗိုလ်ချုပ်အောင်ဆန်းက သူတို့မှားပါတယ်။ မှားတယ်ဆိုတာကို သူကိုယ်တိုင် ဝန်ခံပြီးတော့၊ စည်းရုံးပြီးတော့ ဒေါက်တာစံစီးဖိုး၊ စောဘဦးကြီးတို့ ဦးဆောင်ပြီးတော့ ကရင်-ဗမာ ချစ်ကြည်ရေးကို ပြန်ပြီးတော့ လုပ်တဲ့အခါမှာ ဒေါက်တာဘမော် အစိုးရအဖွဲ့ထဲမှာ သူတို့ပါလာကြတယ်။ နောက်ပိုင်း စစ်ကြီးလည်းပြီရော ဗိုလ်ချုပ်အောင်ဆန်းနဲ့ လက်တွဲလုပ်ခဲ့တဲ့ စံဖိုးသင်၊ စောကြာဒိုးတို့က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖဆပလထဲမှာ ပါလာတယ်။ စောဘဦးကြီးကလည်း အဲဒီမှာ ဝန်ကြီးတပါး ဖြစ်လာခဲ့တယ်။ နောက်ပိုင်းကြတော့ ကရင်ဗဟိုအဖွဲ့ကို ဖွဲ့ပြီးတဲ့အခါမှာ သူတို့ကနေ ကရင်ပြည်နယ် သီးသန့်တောင်းဆိုခဲ့တယ်။
မေး ။ ။ ဒီနေရာမှာ ကျနော် မေးချင်တာက ကရင်နဲ့ပဲ ဘာကြောင့် ဒီလိုပြဿနာ စဖြစ်ရသလဲ။ အဲဒီမှာ schedule areas လို့ခေါ်တဲ့ ရှမ်းတို့၊ အခြားတိုင်းရင်းသားတွေနဲ့ မဖြစ်ဘဲနဲ့
ဖြေ ။ ။ ကရင်နဲ့ပဲ ဘာကြောင့် ဖြစ်ရသလဲဆိုရင် ရှမ်းတို့ ကချင်တို့က Schedule Areas မှာ နယ်ခြားအုပ်ချုပ်ရေးမှာ ရှိတယ်။ ကရင်တွေက မြောင်းမြ၊ ပုသိမ်မှာ ရှိတယ်။ တခါ အခြားတိုင်းတွေမှာလည်း ရှိနေတော့ ကရင်တွေက လိုချင်တာက ကရင်ပြည်နယ်ဆိုတာကို တနင်္သာရီဘက်ကနေ ကြားက ကရင်နီနယ်တွေ အခု ကယားလို့ခေါ်တဲ့ နယ်တွေ အကုန်လုံးအပါအဝင် … (မြစ်ဝကျွန်းပေါ်က နယ်တွေလဲ ပါဝင်စေချင်တာပေါ့) - ဟုတ်တယ် .. အဲဒါတွေ အကုန်လုံးကို တောင်းဆိုခဲ့တဲ့အခါမှာ အဲဒီမှာ ပြဿနာ ဖြစ်တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဘယ်လောက် ပြတ်သားသလဲဆိုရင် သူလုပ်ပေးပါမယ်။ သူအစည်းအဝေး လာတက်တယ်။ ကရင်တွေရဲ့ အစည်းအဝေးကို ခဏခဏ သူတက်တယ်။ သူက ကရင်လူငယ်အသင်းအဖွဲ့မှာ စံဖိုးသင်၊ မန်းဝင်းမောင်၊ မန်းဘခိုင်တို့က ဗိုလ်ချုပ်အောင်ဆန်းနဲ့ အရမ်းရင်းနှီးပြီးတော့ သူကို ယုံကြည်တယ်။ အဲဒီမှာ သူလုပ်တယ်။ တဘက်ကလဲ စောဘဦးကြီးတို့က လိုချင်တဲ့အပိုင်းကို တောင်းဆိုတဲ့အချက်တွေမှာ ကရင်ပြည်နယ်အတိုင်းကို သူမပေးနိုင်ဘူး။ အဲဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖွဲ့စည်းဖို့က ရွေးကောက်ပွဲထဲ ဝင်ရောက်ပါဝင်ကြပါလို့ အဲဒီလိုပြောခဲ့တယ်။ တချို့ကရင်တွေက ဖွဲ့စည်းပုံအခြေခံကိုဆွဲဖို့လုပ်ပြီး၊ ရွေးကောက်ပွဲကို မဝင်ဘူး။ ကိုယ်စားလှယ်အနေနဲ့ မဝင်ဘဲ၊ နှုတ်ထွက်ခဲ့ကြတယ်။ နယ်စပ်က ရှမ်း၊ ကချင်၊ ချင်းတို့ကြတော့ အစောကတည်းက ပြဿနာ မရှိခဲ့ကြဘူး။ ဒါကြောင့်မို့ သူတို့က ပင်လုံမှာပဲ အစည်းအဝေးပြီးတော့ ဆုံးဖြတ်ကြတယ်။
မေး ။ ။ ဆိုတော့ အဓိက ကရင်နဲ့ သဘောထားကွဲလွဲခဲ့တဲ့ ကိစ္စမှာ မြစ်ဝကျွန်းပေါ်ဒေသကိုပါ ကရင်ပြည်နယ်ထဲမှာ ထည့်သွင်းပေးဖို့ တောင်းဆိုတဲ့ကိစ္စလည်း ပါဝင်တဲ့သဘောပေါ့။ နောက်ပေးချင်တဲ့ မေးခွန်းက BIA ကို ဂျပန်မှာ ဖွဲ့စည်းခဲ့တယ်။ ဂျပန်နဲ့ပေါင်းပြီး ဖွဲ့စည်းခဲ့တယ် ဆိုပေမယ့် ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်နဲ့ ညှိနှိုင်းပြီးတဲ့နောက်မှာ ဂန္ဓီသဘောတူညီချက်အရ စစ်တပ်ကို ပြန်ဖွဲ့တဲ့အခါ အင်္ဂလိပ်ပုံစံ ပြန်ဖွဲ့ခဲ့တယ် မဟုတ်ဘူးလား။ အင်္ဂလိပ်စစ်တပ်နဲ့ ပေါင်းပြီးတော့ ဖွဲ့စည်းတာ။ ဘာကြောင့် မြန်မာစစ်တပ်ဟာ အင်္ဂလိပ်စစ်တပ်ရဲ့ စည်းမျဉ်းစည်းကမ်းပုံစံနဲ့ ဖြစ်မလာဘဲနဲ့ အခုဆိုရင် လူတချို့က ပြောလာကြတယ် ဒေသခံတွေ ဆက်ဆံတာ၊ ပြုမှုတာတွေက အင်္ဂလိပ်တွေဆီက ရရှိခဲ့တဲ့ Professional Army ပုံစံမျိုး မဟုတ်ဘဲနဲ့ ဂျပန်ဆီက သင်လာတဲ့ စစ်တပ်ပုံစံမျိုး ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။ ဆရာမ ဘယ်လိုပြောလိုပါသလဲ။
ဖြေ ။ ။ တကယ်တမ်းကြတော့ ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်ပုံစံ စစ်တပ်ကို ပြန်ဖွဲပတယ်ဆိုပေမယ့်လဲ လွတ်လပ်ရေးရပြီးတဲ့အခါမှာ ဘယ်လိုဖြစ်လာသလဲဆိုတော့ အခုနပြောသလိုပါပဲ အင်္ဂလိပ်စစ်တပ်က ဗိုလ်ချုပ်တွေ ခန့်ပေးတာ စစ်သေနာပတိချုပ်က ဗိုလ်ချုပ်စမစ်ဒွန်း၊ ဒုတိယစစ်သေနာပတိချုပ်က ဗိုလ်မှူးချုပ်စောကြာဒိုး၊ စစ်ထောက်ချုပ်တွေက စောဒေါ်နီ၊ တပ်မတော်လေ ဦးစီးချုပ်ကလည်း စောရှီးရှိုး အဲဒီလိုမျိုးတွေ ခန့်လိုက်တဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းက လက်ခံလိုက်ပြီးတော့ General Smith Dun ကို လူကြီးအဖြစ် လက်ခံထားတယ်။ ဒါပေမဲ့ ၁၉၄၉ ကရင်အရေးအခင်းဖြစ်ပြီး နောက်ပိုင်းမှာ ဗိုလ်ချုပ်စမစ်ဒွန်းအပါအဝင် အားလုံး ဗြိတိသျှလေ့ကျင့်ပေးတဲ့ လူတွေအကုန်လုံးက ထွက်သွားရတယ်။ ထွက်တဲ့အခါမှာ နောက်ဆုံးရှင်းရှင်းပြောရရင်တော့ သိပ်ပြီးတော့ အတွေ့အကြုံမရှိတဲ့ စစ်တပ်ကို ဂျပန်က တက်လာတဲ့ BIA တပ်က စစ်ဗိုလ်တွေက ပြောင်းလဲဦးဆောင်တဲ့အခါမှာ အဲဒီဘက်ကိုနွှယ်သွားလို့ ရတာပေါ့။ အဲဒီလိုမျိုး ပြောလို့ရပါတယ်။
**
ဦးကျော်ဇံသာ -- ပါမောက္ခ နော်အင်ဂျလင်း (Naw Angelene) ဟာ “Aung San and the Struggle for Burmese Independence” စာအုပ်ကို ရေးသားထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။