သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တကၠသိုလ္ ဆရာ၊ ဆရာမဘဝ


တကၠသိုလ္ ဆရာ၊ ဆရာမဘဝ
please wait

No media source currently available

0:00 0:05:44 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာျပည္မွာ တကၠသိုလ္ (၁၆၃) ခု ရိွလာတာဟာ ၁၉၈၈ အေရးေတာ္ပံုရဲ ႔ ရလဒ္တခုလို႔ ေျပာႏိုင္ပါတယ္။ ၁၉၈၈ အေရးေပၚေတာ္ပံု ျဖစ္ပြားလို႔ တကၠသိုလ္အားလံုးကို စစ္အစိုးရက (၂) ႏွစ္ ပိတ္ပစ္လိုက္ပါတယ္။ ေနာက္ ၁၉၉၆ အံုၾကြမႈေနာက္ပိုင္းမွာ တကၠသိုလ္ေတြအားလံုး (၃) နွစ္ ပိတ္လိုက္ျပန္ပါတယ္။ အဲဒီေနာက္ပိုင္းမွာ ပညာအဆင့္အတန္း နိမ့္က်လာေပမယ့္ တကၠသိုလ္ဦးေရ တိုးပြားလာပါတယ္။ ပညာေရးဝန္ႀကီးဌာန လက္ေအာက္မွာ တကၠသိုလ္ (၆၆) ခု ရိွၿပီး အျခားဝန္ႀကီးဌာန (၁၂) ခုေအာက္မွာ (၉၆) ခု ရိွပါတယ္။ ၁၉၈၈ မွာ တကၠသိုလ္ (၉) မ်ဳိး ရိွခဲ့ရာက စစ္အစိုးရလက္ထက္မွာ (၃၃) မ်ဳိးအထိ ရိွလာပါတယ္။

တကၠသိုလ္ဆရာေတြမွာ လိုအပ္တဲ့ Ph.D ပါရဂူဘြဲ႔ကို ျမန္မာျပည္မွာ ခ်ီးျမွင့္လာတာ အႏွစ္ (၂၀) ရိွေနပါတယ္။ ၂၀၁၂ ကိုေရာက္ေတာ့ တကၠသိုလ္ (၈) ခုမွာ Ph.D ေဒါက္တာဘြဲ႔ရသူ (၄၈၉၂) ဦး ရိွလာပါတယ္။ အခုလည္း ေဒါက္တာဘြဲ႔အတြက္ ႀကိဳးပမ္းေနသူ (၂၀၅၃) ဦး ရိွေၾကာင္း သိရပါတယ္။ ေဒါက္တာဘြဲ႔ရ ဆရာ၊ ဆရာမမ်ားလာေပမယ့္ ရတဲ့လစာနဲ႔ အလုပ္ခြင္အေျခအေနကို မႀကိဳက္ၾကဘူးလို႔ မႏၱေလးက တကၠသိုလ္ ဆရာ၊ ဆရာမ (၂၂၀) ကို စံုစမ္းေမးျမန္းခဲ့တဲ့ နည္းျပဆရာမ “ဇြဲဝဒီထြန္း” က ဒီဇင္ဘာလ (၁၇) ရက္ထုတ္ Oxford Teacircle စာေစာင္မွာ ေရးထားပါတယ္။

တကၠသိုလ္မွာ ဆရာမက ဆရာထက္မ်ားေနတာဟာ ျမန္မာရဲ ႔ ထူးျခားခ်က္တခု ျဖစ္ပါတယ္။ (၈၆) ရာခိုင္ႏႈန္းေက်ာ္ဟာ အမ်ဳိးသမီးေတြ ျဖစ္ေနပါတယ္။ ႏွစ္ရွည္လမ်ား တက္ရတဲ့ မဟာဝိဇၨာတန္းနဲ႔ ပါရဂူတန္းေတြကို စိတ္ဝင္စားတဲ့ အမ်ဳိးသား အလြန္နည္းပါတယ္။ ဇြဲဝဒီထြန္း ေမးျမန္းစံုစမ္းတဲ့ တကၠသိုလ္ ဆရာ၊ ဆရာမေတြထဲမွာ (၉၁) ရာခိုင္ႏႈန္းဟာ အလုပ္ေက်နပ္မႈ ရိွၾကတယ္လို႔ ဆိုပါတယ္။ ေနစရာ၊ အိမ္ယာ၊ ဂုဏ္သိကၡာနဲ႔ ပံုမွန္ဝင္ေငြ ရေနတာကို ဆရာ၊ ဆရာမ အမ်ားစုက သေဘာက်ေနပံု ရပါတယ္။ ပညာေရးနဲ႔ မဆိုင္တာေတြ လုပ္ရေပမယ့္ စာသင္တာ ဝါသနာပါသူဟာ ဆရာ၊ ဆရာမဘဝကို ေက်နပ္ႏွစ္သိမ့္ေနၾကတယ္လို႔ ဆိုပါတယ္။ ပါေမာကၡလခ (က်ပ္ ၃၇၄,၀၀၀)၊ တြဲဘက္ပါေမာကၡ (က်ပ္ ၃၄၁,၀၀၀)၊ ကထိက (က်ပ္ ၂၇၅,၀၀၀)၊ လက္ေထာက္ကထိက (က်ပ္ ၂၇၅,၀၀၀)၊ နည္းျပ (က်ပ္ ၂၁၆,၀၀၀) ျဖစ္တဲ့လစာေတြဟာ မိသားစုအတြက္ လံုေလာက္တဲ့ဝင္ေငြ မဟုတ္လို႔ မေက်နပ္တာ ျဖစ္ပါတယ္။

နည္းျပနဲ႔ သရုပ္ျပဆရာဟာ တကၠသိုလ္ေလာကမွာ အနိမ့္ဆံုးအဆင့္ ျဖစ္ပါတယ္။ ဒီအဆင့္ကေန လက္ေထာက္ကထိကရာထူး ရႏိုင္ဖို႔အတြက္ ေရးေျဖ၊ ႏႈတ္ေျဖစာေမးပြဲ ေျဖရမယ္လို႔ ပညာေရးဝန္ႀကီးဌာနက သတ္မွတ္တာနဲ႔ ပတ္သက္ၿပီး မေက်နပ္တဲ့ နည္းျပသရုပ္ျပ ဆရာ၊ ဆရာမေတြ ရိွပါတယ္။ စာေမးပြဲရလဒ္ကို ဒီလကုန္မွာ သိႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ လစ္လပ္တဲ့ လက္ေထာက္ကထိကရာထူးက တစ္ေသာင္းေက်ာ္ရိွေနၿပီး စာေမးပြဲဝင္မယ့္ ဆရာ၊ ဆရာမက ႏွစ္ေထာင္နီးပါးသာ ရိွတာမို႔ ေျဖဆိုသူအားလံုး ရာထူးတိုးျမွင့္ခံရဖြယ္ ရိွပါတယ္။ တကၠသိုလ္ေတြအၾကား ဆရာ၊ ဆရာမေတြ ေရႊ ႔ေျပာင္းတဲ့ကိစၥမွာလည္း မေက်နပ္သူေတြ ရိွပါတယ္။ ဒါဟာ ေျဖရွင္းရခက္တဲ့ ျပႆနာတခု ျဖစ္ပါတယ္။

သင္ၾကားေရးနဲ႔ သုေတသနဟာ ဆရာ၊ ဆရာမေတြရဲ ႔ အဓိကအလုပ္ျဖစ္ေပမယ့္ မဆိုင္တဲ့ရံုးအလုပ္ေတြ လုပ္တာရိွတယ္လို႔ ‘ဇြဲဝဒီထြန္း’ က ဆိုပါတယ္။ ရံုးဝန္ထမ္းေတြ ကြန္ျပဴတာ မကၽြမ္းက်င္တာေၾကာင့္ ဆရာ၊ ဆရာမေတြ ဝင္ကူရတာမ်ဳိး ရိွပါတယ္။ ရာထူးတုိးျမွင့္တဲ့စနစ္ကို မေက်နပ္သူေတြ မ်ားပါတယ္။ အရင္ကေတာ့ လုပ္သက္ကိုလိုက္ၿပီး ရာထူးတုိးေပးပါတယ္။ ဒါေပမဲ့ ၂၀၁၉ ကစၿပီး လုပ္သက္တင္မကပဲ ေရးသားထုတ္ေဝမႈကိုပါ ထည့္တြက္တဲ့အတြက္ သုေတသနစာတမ္းကို ေငြေပးၿပီး ထုတ္ေဝခိုင္းတာမ်ဳိး ရိွလာတယ္လို႔ ဆိုပါတယ္။ အရည္အေသြး ေကာင္းမြန္လာဖို႔အတြက္ သင္ၾကားေရးနဲ႔ သုေတသနလုပ္ငန္းကို အုပ္ခ်ဳပ္ေရးဆိုင္ရာ ရံုးအလုပ္ေတြနဲ႔ ရွင္းလင္းျပတ္သားစြာ ခြဲျခားထားဖို႔ လိုပါတယ္။

ျမန္မာ Ph.D ဘြဲ႔ရ ဆရာ၊ ဆရာမေတြကို အေျခခံပညာေရးေက်ာင္းေတြမွာ ေက်ာင္းအုပ္ႀကီးအျဖစ္ ခန္႔ဖူးတဲ့ အစဥ္အလာလည္း ရိွပါတယ္။ Ph.D ဟာ သုေတသနဘြဲ႔ပါ ေက်ာင္းအုပ္ခ်ဳပ္ေရး မဟုတ္ပါဘူး။ ‘မူလတန္းဟာ တကၠသိုလ္နဲ႔ ဘယ္တုန္းကမွ မတူပါဘူး။ အခုေတာ့ တကၠသိုလ္ဟာ မူလတန္းနဲ႔ တူေနပါၿပီ’ လို႔ ကြယ္လြန္သူ ပါေမာကၡ ေဒါက္တာသန္းထြန္းက ၁၉၉၁ မတ္လ (၁၀) ရက္ေန႔က ေရးထားတဲ့ မွတ္စုေလးတခုကို သတိရမိပါတယ္။ Ph.D ဘြဲ႔ရတိုင္း တကၠသိုလ္မွာ အလုပ္မရႏိုင္ပါဘူး။ လန္ဒန္မွာ က်ေနာ့္သားေနခဲ့တဲ့ Southfields အစိုးရအထက္တန္းေက်ာင္းမွာ Ph.D ဘြဲ႔ရ ဆရာ (၃) ဦး ရိွပါတယ္။

အဂၤလန္က TV အစီအစဥ္တခုရဲ ႔ ဥာဏ္ႀကီးရွင္ Master Mind ေရြးပြဲမွာ ရဲတပ္ဖြဲ႔ဝင္တဦးရဲ ႔ သမိုင္းကၽြမ္းက်င္ပံုကို အံ့ၾသမိပါတယ္။ အစီအစဥ္ၿပီးေတာ့မွ ဒီရဲသားက Oxford တကၠသိုလ္က သမိုင္း Ph.D ဘြဲ႔ရ တဦး ျဖစ္ေနတာ သိရပါတယ္။ သမိုင္းပါရဂူဘြဲ႔ရနဲ႔ သင့္ေတာ္တဲ့ အလုပ္မရႏိုင္လို႔ ရဲတပ္ဖြဲ႔ထဲ ဝင္လိုက္ရတဲ့သေဘာ ျဖစ္ပါတယ္။ ျမန္မာျပည္မွာလည္း Ph.D ဘြဲ႔ရသူကို တကၠသိုလ္က အလုပ္မေပးႏိုင္ရင္ အျခားအလုပ္ေတြကို ဝင္ေရာက္လုပ္ကိုင္ရပါလိမ့္မယ္။ ႏိုင္ငံျခားမွာလည္း တကၠသိုလ္ ဆရာ၊ ဆရာမဘဝကေန ကုမၸဏီေလာကကို ကူးေျပာင္းသြားသူ အမ်ားႀကီးရိွေၾကာင္း တင္ျပလိုက္ရပါတယ္။


==Unicode==

မြန်မာပြည်မှာ တက္ကသိုလ် (၁၆၃) ခု ရှိလာတာဟာ ၁၉၈၈ အရေးတော်ပုံရဲ့ ရလဒ်တခုလို့ ပြောနိုင်ပါတယ်။ ၁၉၈၈ အရေးပေါ်တော်ပုံ ဖြစ်ပွားလို့ တက္ကသိုလ်အားလုံးကို စစ်အစိုးရက (၂) နှစ် ပိတ်ပစ်လိုက်ပါတယ်။ နောက် ၁၉၉၆ အုံကြွမှုနောက်ပိုင်းမှာ တက္ကသိုလ်တွေအားလုံး (၃) နှစ် ပိတ်လိုက်ပြန်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ပညာအဆင့်အတန်း နိမ့်ကျလာပေမယ့် တက္ကသိုလ်ဦးရေ တိုးပွားလာပါတယ်။ ပညာရေးဝန်ကြီးဌာန လက်အောက်မှာ တက္ကသိုလ် (၆၆) ခု ရှိပြီး အခြားဝန်ကြီးဌာန (၁၂) ခုအောက်မှာ (၉၆) ခု ရှိပါတယ်။ ၁၉၈၈ မှာ တက္ကသိုလ် (၉) မျိုး ရှိခဲ့ရာက စစ်အစိုးရလက်ထက်မှာ (၃၃) မျိုးအထိ ရှိလာပါတယ်။

တက္ကသိုလ်ဆရာတွေမှာ လိုအပ်တဲ့ Ph.D ပါရဂူဘွဲ့ကို မြန်မာပြည်မှာ ချီးမြှင့်လာတာ အနှစ် (၂၀) ရှိနေပါတယ်။ ၂၀၁၂ ကိုရောက်တော့ တက္ကသိုလ် (၈) ခုမှာ Ph.D ဒေါက်တာဘွဲ့ရသူ (၄၈၉၂) ဦး ရှိလာပါတယ်။ အခုလည်း ဒေါက်တာဘွဲ့အတွက် ကြိုးပမ်းနေသူ (၂၀၅၃) ဦး ရှိကြောင်း သိရပါတယ်။ ဒေါက်တာဘွဲ့ရ ဆရာ၊ ဆရာမများလာပေမယ့် ရတဲ့လစာနဲ့ အလုပ်ခွင်အခြေအနေကို မကြိုက်ကြဘူးလို့ မန္တလေးက တက္ကသိုလ် ဆရာ၊ ဆရာမ (၂၂၀) ကို စုံစမ်းမေးမြန်းခဲ့တဲ့ နည်းပြဆရာမ “ဇွဲဝဒီထွန်း” က ဒီဇင်ဘာလ (၁၇) ရက်ထုတ် Oxford Teacircle စာစောင်မှာ ရေးထားပါတယ်။

တက္ကသိုလ်မှာ ဆရာမက ဆရာထက်များနေတာဟာ မြန်မာရဲ့ ထူးခြားချက်တခု ဖြစ်ပါတယ်။ (၈၆) ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေ ဖြစ်နေပါတယ်။ နှစ်ရှည်လများ တက်ရတဲ့ မဟာဝိဇ္ဇာတန်းနဲ့ ပါရဂူတန်းတွေကို စိတ်ဝင်စားတဲ့ အမျိုးသား အလွန်နည်းပါတယ်။ ဇွဲဝဒီထွန်း မေးမြန်းစုံစမ်းတဲ့ တက္ကသိုလ် ဆရာ၊ ဆရာမတွေထဲမှာ (၉၁) ရာခိုင်နှုန်းဟာ အလုပ်ကျေနပ်မှု ရှိကြတယ်လို့ ဆိုပါတယ်။ နေစရာ၊ အိမ်ယာ၊ ဂုဏ်သိက္ခာနဲ့ ပုံမှန်ဝင်ငွေ ရနေတာကို ဆရာ၊ ဆရာမ အများစုက သဘောကျနေပုံ ရပါတယ်။ ပညာရေးနဲ့ မဆိုင်တာတွေ လုပ်ရပေမယ့် စာသင်တာ ဝါသနာပါသူဟာ ဆရာ၊ ဆရာမဘဝကို ကျေနပ်နှစ်သိမ့်နေကြတယ်လို့ ဆိုပါတယ်။ ပါမောက္ခလခ (ကျပ် ၃၇၄,၀၀၀)၊ တွဲဘက်ပါမောက္ခ (ကျပ် ၃၄၁,၀၀၀)၊ ကထိက (ကျပ် ၂၇၅,၀၀၀)၊ လက်ထောက်ကထိက (ကျပ် ၂၇၅,၀၀၀)၊ နည်းပြ (ကျပ် ၂၁၆,၀၀၀) ဖြစ်တဲ့လစာတွေဟာ မိသားစုအတွက် လုံလောက်တဲ့ဝင်ငွေ မဟုတ်လို့ မကျေနပ်တာ ဖြစ်ပါတယ်။

နည်းပြနဲ့ သရုပ်ပြဆရာဟာ တက္ကသိုလ်လောကမှာ အနိမ့်ဆုံးအဆင့် ဖြစ်ပါတယ်။ ဒီအဆင့်ကနေ လက်ထောက်ကထိကရာထူး ရနိုင်ဖို့အတွက် ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲ ဖြေရမယ်လို့ ပညာရေးဝန်ကြီးဌာနက သတ်မှတ်တာနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ နည်းပြသရုပ်ပြ ဆရာ၊ ဆရာမတွေ ရှိပါတယ်။ စာမေးပွဲရလဒ်ကို ဒီလကုန်မှာ သိနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ လစ်လပ်တဲ့ လက်ထောက်ကထိကရာထူးက တစ်သောင်းကျော်ရှိနေပြီး စာမေးပွဲဝင်မယ့် ဆရာ၊ ဆရာမက နှစ်ထောင်နီးပါးသာ ရှိတာမို့ ဖြေဆိုသူအားလုံး ရာထူးတိုးမြှင့်ခံရဖွယ် ရှိပါတယ်။ တက္ကသိုလ်တွေအကြား ဆရာ၊ ဆရာမတွေ ရွှေ့ပြောင်းတဲ့ကိစ္စမှာလည်း မကျေနပ်သူတွေ ရှိပါတယ်။ ဒါဟာ ဖြေရှင်းရခက်တဲ့ ပြဿနာတခု ဖြစ်ပါတယ်။

သင်ကြားရေးနဲ့ သုတေသနဟာ ဆရာ၊ ဆရာမတွေရဲ့ အဓိကအလုပ်ဖြစ်ပေမယ့် မဆိုင်တဲ့ရုံးအလုပ်တွေ လုပ်တာရှိတယ်လို့ ‘ဇွဲဝဒီထွန်း’ က ဆိုပါတယ်။ ရုံးဝန်ထမ်းတွေ ကွန်ပြူတာ မကျွမ်းကျင်တာကြောင့် ဆရာ၊ ဆရာမတွေ ဝင်ကူရတာမျိုး ရှိပါတယ်။ ရာထူးတိုးမြှင့်တဲ့စနစ်ကို မကျေနပ်သူတွေ များပါတယ်။ အရင်ကတော့ လုပ်သက်ကိုလိုက်ပြီး ရာထူးတိုးပေးပါတယ်။ ဒါပေမဲ့ ၂၀၁၉ ကစပြီး လုပ်သက်တင်မကပဲ ရေးသားထုတ်ဝေမှုကိုပါ ထည့်တွက်တဲ့အတွက် သုတေသနစာတမ်းကို ငွေပေးပြီး ထုတ်ဝေခိုင်းတာမျိုး ရှိလာတယ်လို့ ဆိုပါတယ်။ အရည်အသွေး ကောင်းမွန်လာဖို့အတွက် သင်ကြားရေးနဲ့ သုတေသနလုပ်ငန်းကို အုပ်ချုပ်ရေးဆိုင်ရာ ရုံးအလုပ်တွေနဲ့ ရှင်းလင်းပြတ်သားစွာ ခွဲခြားထားဖို့ လိုပါတယ်။

မြန်မာ Ph.D ဘွဲ့ရ ဆရာ၊ ဆရာမတွေကို အခြေခံပညာရေးကျောင်းတွေမှာ ကျောင်းအုပ်ကြီးအဖြစ် ခန့်ဖူးတဲ့ အစဉ်အလာလည်း ရှိပါတယ်။ Ph.D ဟာ သုတေသနဘွဲ့ပါ ကျောင်းအုပ်ချုပ်ရေး မဟုတ်ပါဘူး။ ‘မူလတန်းဟာ တက္ကသိုလ်နဲ့ ဘယ်တုန်းကမှ မတူပါဘူး။ အခုတော့ တက္ကသိုလ်ဟာ မူလတန်းနဲ့ တူနေပါပြီ’ လို့ ကွယ်လွန်သူ ပါမောက္ခ ဒေါက်တာသန်းထွန်းက ၁၉၉၁ မတ်လ (၁၀) ရက်နေ့က ရေးထားတဲ့ မှတ်စုလေးတခုကို သတိရမိပါတယ်။ Ph.D ဘွဲ့ရတိုင်း တက္ကသိုလ်မှာ အလုပ်မရနိုင်ပါဘူး။ လန်ဒန်မှာ ကျနော့်သားနေခဲ့တဲ့ Southfields အစိုးရအထက်တန်းကျောင်းမှာ Ph.D ဘွဲ့ရ ဆရာ (၃) ဦး ရှိပါတယ်။

အင်္ဂလန်က TV အစီအစဉ်တခုရဲ့ ဉာဏ်ကြီးရှင် Master Mind ရွေးပွဲမှာ ရဲတပ်ဖွဲ့ဝင်တဦးရဲ့ သမိုင်းကျွမ်းကျင်ပုံကို အံ့သြမိပါတယ်။ အစီအစဉ်ပြီးတော့မှ ဒီရဲသားက Oxford တက္ကသိုလ်က သမိုင်း Ph.D ဘွဲ့ရ တဦး ဖြစ်နေတာ သိရပါတယ်။ သမိုင်းပါရဂူဘွဲ့ရနဲ့ သင့်တော်တဲ့ အလုပ်မရနိုင်လို့ ရဲတပ်ဖွဲ့ထဲ ဝင်လိုက်ရတဲ့သဘော ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း Ph.D ဘွဲ့ရသူကို တက္ကသိုလ်က အလုပ်မပေးနိုင်ရင် အခြားအလုပ်တွေကို ဝင်ရောက်လုပ်ကိုင်ရပါလိမ့်မယ်။ နိုင်ငံခြားမှာလည်း တက္ကသိုလ် ဆရာ၊ ဆရာမဘဝကနေ ကုမ္ပဏီလောကကို ကူးပြောင်းသွားသူ အများကြီးရှိကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG