သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႔


Ward and Village Tract administrators Elections (Yan Aung)
ရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႔
please wait

No media source currently available

0:00 0:05:39 0:00
တိုက္႐ိုက္ လင့္ခ္

အေထြေထြအုပ္ခ်ဳပ္ေရးဌာနရဲ႔ စာရင္းအရ ျမန္မာျပည္မွာ ေက်းရြာေပါင္း (၆,၃၂၆၈) ရိွၿပီး၊ ေက်းရြာအုပ္စု (၁,၃၅၉၈) နဲ႔ ရပ္ကြက္ (၃၄၂၇) ရိွပါတယ္။ စစ္အစိုးရေခတ္မွာ ရပ္ကြက္/ေက်းရြာအုပ္စု ၿငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရးအဖြဲ႔က အုပ္ခ်ဳပ္ပါတယ္။ ဒီအဖြဲ႔မွာ အရပ္လူႀကီး (၃) ဦးနဲ႔ ေထြအုပ္ဦးစီးဌာန အမႈထမ္းစာေရး (၁) ဦး ပါဝင္ပါတယ္။ ဦးသိန္းစိန္အစိုးရလက္ထက္ ၂၀၁၂ မွာ ရပ္ကြက္ (သို႔မဟုတ္) ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးဥပေဒကို ျပဌာန္းၿပီး ရ႔ပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးကို ဆယ္အိမ္စု ကိုယ္စားလွယ္ေတြက လွ်ဳိ ႔ဝွက္ဆႏၵမဲေပးၿပီး ေရြးခ်ယ္တဲ့စနစ္ ေပၚေပါက္လာပါတယ္။

ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးရဲ ႔ လုပ္ငန္းတာဝန္က အမ်ားႀကီးပါ။ ံလံုၿခံဳေရး၊ တရားဥပေဒ စိုးမိုးေရး၊ ရပ္ရြာေအးခ်မ္းသာယာေရး၊ ျပည္သူ႔အက်ဳိးေဆာင္ရြက္ေရး၊ ေက်းလက္ဖြံ႔ၿဖိဳးေရး၊ ဆင္းရဲႏြမ္းပါးမႈေလ်ာ့ခ်ေရး၊ လယ္ယာေျမ စီမံခန္႔ခြဲျခင္း၊ ေျမခြန္နဲ႔ အစိုးရေခ်းေငြကို ေကာက္ခံေပးျခင္း၊ သဘာဝေဘးအႏၱရာယ္ ကာကြယ္ေရး၊ ကယ္ဆယ္ေရး၊ ျပန္လည္ေနရာခ်ထားေရး စတာေတြ အမ်ားအျပား ပါဝင္ပါတယ္။

မ်ားျပားလွတဲ့ လုပ္ငန္းေတြကို ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ေဆာင္ရြက္ႏိုင္ဖို႔အတြက္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနက ရပ္ေက်းအုပ္စုစာေရး ခန္႔ထားရမယ္လို႔ (၂၀၁၂) ဥပေဒအခန္း (၁၄) က ဆိုပါတယ္။ ရပ္ေက်းအစည္းအေဝးရဲ ႔ ဆံုးျဖတ္ခ်က္ေတြကို ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးရဲ ႔ ညႊန္ၾကားခ်က္အတိုင္း စာေရးက အေကာင္အထည္ေဖာ္ရမယ္လို႔ ဥပေဒမွာ ေရးထားပါတယ္။ ေက်းရြာအုပ္စုမွာ ထားရိွရမယ့္စာရင္းဇယားနဲ႔ ပံုစံေတြ ေကာက္ယူတာကိုလည္း စာေရးဝန္ထမ္းကပဲ လုပ္ရမယ္လို႔ ဆုိပါတယ္။ ျပည္ေထာင္စုအစိုးရရဲ ႔ ခ်ီးျမွင့္ေထာက္ပံ့ေငြကိစၥ၊ ရံုးသံုးစရိတ္စာရင္းလုပ္တဲ့ကိစၥစတဲ့ အသံုးစရိတ္ျပန္တမ္းကို ရပ္ေက်းစာေရးကေရးဆြဲၿပီး ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးကို တင္ျပရပါတယ္။ ဒါေၾကာင့္ ရပ္ေက်းစာေရးက ျပဳစုထိန္းသိမ္းထားရတဲ့ ပံုစံေပါင္း (၃၃) ခု ရိွပါတယ္။ ဒါေၾကာင့္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးကို ေရြးေကာက္တင္ေျမွာက္ထားေပမယ့္ ရပ္ေက်းရံုးကို အုပ္ခ်ဳပ္သူဟာ ေထြအုပ္ဦးစီးဌာနရဲ ႔ အမႈထမ္း ျဖစ္ေနပါတယ္။

အစိုးရအုပ္ခ်ဳပ္ေရးယႏၱရာမွာ အနိမ့္ဆံုးအဆင့္ကေန ျပည္သူလူထု တိုက္ရိုက္ထိေတြ႔ေနၾကတဲ့ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးရဲ ႔ အခန္းက႑ဟာ ျပဳျပင္ေျပာင္းလဲေရးမွာ အလြန္အေရးႀကီးေနပါတယ္။ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးနဲ႔ ပတ္သက္ၿပီး ျပည္သူ႔သေဘာထားကို သိရေအာင္ ကုလသမဂၢဖြံ႔ၿဖိဳးေရးအစီအစဥ္ UNDP က (၂၀၀၄) တႏွစ္လံုး တိုင္းနဲ႔ျပည္နယ္ (၁၄) ခုက လူေပါင္း (၅၄၀၀) ကို ေမးျမန္းစံုစမ္းပါတယ္။ ေရရရိွမႈ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္မႈနဲ႔ အလုပ္အကိုင္ရရိွမႈကို အမ်ားစုက လိုလားေၾကာင္း ထုတ္ေဖာ္ၾကပါတယ္။ ေက်းလက္ေဒသ ဖြံ႔ၿဖိဳးတိုးတက္ေရးဆိုင္ရာ ျပႆနာေတြကို ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ေျဖရွင္းရမယ္လို႔ ေမးျမန္းခံရသူ (၃၅) ရာခိုင္ႏႈန္းက ယူဆပါတယ္။ ေက်းလက္ဖြံ႔ၿဖိဳးေရး ျပႆနာေတြကို အစိုးရက သိေပမယ့္ ဘာမွလုပ္မေပးႏိုင္ဘူးလို႔ ယူဆသူက (၆၅) ရာခိုင္ႏႈန္း ရိွပါတယ္။

ဧရာဝတီတိုင္းေဒသႀကီးက ဖ်ာပံု၊ ေဒးဒရဲ၊ က်ဳိတ္လတ္နဲ႔ ဘိုးကေလးၿမိဳ ႔နယ္ေတြကို ‘သံလြင္ႏိုင္ငံသား စြမ္းရည္ျမွင့္တင္ေရးအဖြဲ႔’ က ကြင္းဆက္ေလ့လာၿပီး လြန္ခဲ့တဲ့ ၾသဂုတ္လက အစီရင္ခံစာ ထုတ္ျပန္ထားပါတယ္။ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွာ ျပည္သူလူထု ပါဝင္မႈကို ေလ့လာတဲ့ ကြင္းဆင္းသုေတသန ျဖစ္တယ္လို႔ ဆုိပါတယ္။ မိမိနဲ႔ သက္ဆိုင္္တဲ့ ဆယ္အိမ္မွဴး၊ ရာအိမ္မွဴးနဲ႔ အုပ္ခ်ဳပ္ေရးမွဴးရဲ ႔ အမည္ကို ျပည္သူ (၈၅) ရာခိုင္ႏႈန္းက သိၾကပါတယ္။ ေထာက္ခံစာ ေပးတာနဲ႔ ျပႆနာ ေျဖရွင္းေပးတာေလာက္သာ သိၾကၿပီး၊ အုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္ေတြရဲ ႔ လုပ္ငန္းကို အေသအခ်ာမသိသူက အမ်ားစု ျဖစ္ေနပါတယ္။ ျပည္သူ႔အခြင့္အေရးကိုလည္း မသိသူက ပိုမ်ားပါတယ္။ ရပ္ေက်းအုပ္ခ်ဳပ္ေရးဥပေဒကို ၾကားဖူးသူမ်ားေပမယ့္ ျမင္ဖူးသူ၊ ဖတ္ဖူးသူကေတာ့ မရိွသေလာက္ ျဖစ္ေနပါတယ္။ ဥပေဒပါ အခ်က္အလက္ေတြကို တဆင့္စကား တဆင့္ၾကားၿပီး သိရိွတာေတြဟာ လြဲမွားေနတာေတြက မ်ားေနပါတယ္။

ဒါေပမဲ့ ရပ္ေက်းအုပ္ခ်ဳပ္ေရးဥပေဒကို လူတိုင္းသိရိွထားသင့္တယ္လို႔ ျပည္သူလူထုအမ်ားစုက ယံုၾကည္ၾကပါတယ္။ အုပ္ခ်ဳပ္ေရးမွဴး ေရြးပြဲမွာ ေက်းရြာအုပ္စုက ၿမိဳ ႔ေပၚရပ္ကြက္ထက္ ပိုၿပီးတက္ၾကြတယ္လို႔ သံလြင္အဖြဲ႔ အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ “ရပ္ေက်းနဲ႔ ေက်းရြာအုပ္ခ်ဳပ္ေရး” ဆိုတဲ့ အမည္ဟာ စစ္အစိုးရရဲ ႔ ၿငိမ္ဝပ္ပိျပားေရးေခတ္ကို ေရာင္ျပန္ဟပ္သလို ျဖစ္ေနတာမို႔ ဒီမိုကေရစီေခတ္ လူထုပါဝင္မႈနဲ႔ ကိုက္ညီတဲ့ အမည္သစ္ကို ေျပာင္းလဲဖို႔ လိုအပ္တယ္လို႔ “သံလြင္အဖြဲ႔” အႀကံေပးထားပါတယ္။

ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ေရြးေကာက္ပြဲဟာ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးမွာ အေျခခံက်တာမို႔ ျပည္သူလူထု ပိုမိုပါဝင္လာႏိုင္ေအာင္ ျပဳျပင္ဖို႔ လိုပါတယ္။ လက္ရိွစနစ္မွာ ေရြးေကာက္တင္ေျမွာက္ထားတဲ့ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးေတြကို ၿမိဳ ႔နယ္အုပ္ခ်ဳပ္ေရးမွဴးက ျဖဳတ္ပစ္ႏိုင္တာဟာ ေရြးေကာက္ပြဲ သေဘာတရားကို အားနည္းေစပါတယ္။ ေရြးေကာက္တင္ေျမွာက္ထားသူကို အုပ္ခ်ဳပ္ေရးအရာရိွက ျဖဳတ္ပစ္ႏိုင္တဲ့ သေဘာျဖစ္ေနတာကို ျပင္ဆင္ဖုိ႔ လိုပါတယ္။ NLD အစိုးရလက္ထက္(၂၀၁၈) ဒီဇင္ဘာလ (၂၈) ရက္ေန႔ကစၿပီး အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနကို ျပည္ေထာင္စုအစိုးရအဖြဲ႔ရံုး ဝန္ႀကီးဌာန လက္ေအာက္ကို လႊဲေျပာင္းလိုက္ၿပီမို႔ ဒီမိုကေရစီေဒသႏၱရ အုပ္ခ်ဳပ္ေရး ျဖစ္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။


==Unicode==

အထွေထွေအုပ်ချုပ်ရေးဌာနရဲ့ စာရင်းအရ မြန်မာပြည်မှာ ကျေးရွာပေါင်း (၆,၃၂၆၈) ရှိပြီး၊ ကျေးရွာအုပ်စု (၁,၃၅၉၈) နဲ့ ရပ်ကွက် (၃၄၂၇) ရှိပါတယ်။ စစ်အစိုးရခေတ်မှာ ရပ်ကွက်/ကျေးရွာအုပ်စု ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က အုပ်ချုပ်ပါတယ်။ ဒီအဖွဲ့မှာ အရပ်လူကြီး (၃) ဦးနဲ့ ထွေအုပ်ဦးစီးဌာန အမှုထမ်းစာရေး (၁) ဦး ပါဝင်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ မှာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြဌာန်းပြီး ရ့ပ်ကျေးအုပ်ချုပ်ရေးမှူးကို ဆယ်အိမ်စု ကိုယ်စားလှယ်တွေက လျှို့ဝှက်ဆန္ဒမဲပေးပြီး ရွေးချယ်တဲ့စနစ် ပေါ်ပေါက်လာပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးရဲ့ လုပ်ငန်းတာဝန်က အများကြီးပါ။ ံလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူ့အကျိုးဆောင်ရွက်ရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ လယ်ယာမြေ စီမံခန့်ခွဲခြင်း၊ မြေခွန်နဲ့ အစိုးရချေးငွေကို ကောက်ခံပေးခြင်း၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး စတာတွေ အများအပြား ပါဝင်ပါတယ်။

များပြားလှတဲ့ လုပ်ငန်းတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူး ဆောင်ရွက်နိုင်ဖို့အတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ရပ်ကျေးအုပ်စုစာရေး ခန့်ထားရမယ်လို့ (၂၀၁၂) ဥပဒေအခန်း (၁၄) က ဆိုပါတယ်။ ရပ်ကျေးအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်အတိုင်း စာရေးက အကောင်အထည်ဖော်ရမယ်လို့ ဥပဒေမှာ ရေးထားပါတယ်။ ကျေးရွာအုပ်စုမှာ ထားရှိရမယ့်စာရင်းဇယားနဲ့ ပုံစံတွေ ကောက်ယူတာကိုလည်း စာရေးဝန်ထမ်းကပဲ လုပ်ရမယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုအစိုးရရဲ့ ချီးမြှင့်ထောက်ပံ့ငွေကိစ္စ၊ ရုံးသုံးစရိတ်စာရင်းလုပ်တဲ့ကိစ္စစတဲ့ အသုံးစရိတ်ပြန်တမ်းကို ရပ်ကျေးစာရေးကရေးဆွဲပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးကို တင်ပြရပါတယ်။ ဒါကြောင့် ရပ်ကျေးစာရေးက ပြုစုထိန်းသိမ်းထားရတဲ့ ပုံစံပေါင်း (၃၃) ခု ရှိပါတယ်။ ဒါကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ရွေးကောက်တင်မြှောက်ထားပေမယ့် ရပ်ကျေးရုံးကို အုပ်ချုပ်သူဟာ ထွေအုပ်ဦးစီးဌာနရဲ့ အမှုထမ်း ဖြစ်နေပါတယ်။

အစိုးရအုပ်ချုပ်ရေးယန္တရာမှာ အနိမ့်ဆုံးအဆင့်ကနေ ပြည်သူလူထု တိုက်ရိုက်ထိတွေ့နေကြတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးရဲ့ အခန်းကဏ္ဍဟာ ပြုပြင်ပြောင်းလဲရေးမှာ အလွန်အရေးကြီးနေပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ပတ်သက်ပြီး ပြည်သူ့သဘောထားကို သိရအောင် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က (၂၀၀၄) တနှစ်လုံး တိုင်းနဲ့ပြည်နယ် (၁၄) ခုက လူပေါင်း (၅၄၀၀) ကို မေးမြန်းစုံစမ်းပါတယ်။ ရေရရှိမှု လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုနဲ့ အလုပ်အကိုင်ရရှိမှုကို အများစုက လိုလားကြောင်း ထုတ်ဖော်ကြပါတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြဿနာတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူး ဖြေရှင်းရမယ်လို့ မေးမြန်းခံရသူ (၃၅) ရာခိုင်နှုန်းက ယူဆပါတယ်။ ကျေးလက်ဖွံ့ဖြိုးရေး ပြဿနာတွေကို အစိုးရက သိပေမယ့် ဘာမှလုပ်မပေးနိုင်ဘူးလို့ ယူဆသူက (၆၅) ရာခိုင်နှုန်း ရှိပါတယ်။

ဧရာဝတီတိုင်းဒေသကြီးက ဖျာပုံ၊ ဒေးဒရဲ၊ ကျိုတ်လတ်နဲ့ ဘိုးကလေးမြို့နယ်တွေကို ‘သံလွင်နိုင်ငံသား စွမ်းရည်မြှင့်တင်ရေးအဖွဲ့’ က ကွင်းဆက်လေ့လာပြီး လွန်ခဲ့တဲ့ သြဂုတ်လက အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှာ ပြည်သူလူထု ပါဝင်မှုကို လေ့လာတဲ့ ကွင်းဆင်းသုတေသန ဖြစ်တယ်လို့ ဆိုပါတယ်။ မိမိနဲ့ သက်ဆိုင်တဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးမှူးရဲ့ အမည်ကို ပြည်သူ (၈၅) ရာခိုင်နှုန်းက သိကြပါတယ်။ ထောက်ခံစာ ပေးတာနဲ့ ပြဿနာ ဖြေရှင်းပေးတာလောက်သာ သိကြပြီး၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ လုပ်ငန်းကို အသေအချာမသိသူက အများစု ဖြစ်နေပါတယ်။ ပြည်သူ့အခွင့်အရေးကိုလည်း မသိသူက ပိုများပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးဥပဒေကို ကြားဖူးသူများပေမယ့် မြင်ဖူးသူ၊ ဖတ်ဖူးသူကတော့ မရှိသလောက် ဖြစ်နေပါတယ်။ ဥပဒေပါ အချက်အလက်တွေကို တဆင့်စကား တဆင့်ကြားပြီး သိရှိတာတွေဟာ လွဲမှားနေတာတွေက များနေပါတယ်။

ဒါပေမဲ့ ရပ်ကျေးအုပ်ချုပ်ရေးဥပဒေကို လူတိုင်းသိရှိထားသင့်တယ်လို့ ပြည်သူလူထုအများစုက ယုံကြည်ကြပါတယ်။ အုပ်ချုပ်ရေးမှူး ရွေးပွဲမှာ ကျေးရွာအုပ်စုက မြို့ပေါ်ရပ်ကွက်ထက် ပိုပြီးတက်ကြွတယ်လို့ သံလွင်အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ “ရပ်ကျေးနဲ့ ကျေးရွာအုပ်ချုပ်ရေး” ဆိုတဲ့ အမည်ဟာ စစ်အစိုးရရဲ့ ငြိမ်ဝပ်ပိပြားရေးခေတ်ကို ရောင်ပြန်ဟပ်သလို ဖြစ်နေတာမို့ ဒီမိုကရေစီခေတ် လူထုပါဝင်မှုနဲ့ ကိုက်ညီတဲ့ အမည်သစ်ကို ပြောင်းလဲဖို့ လိုအပ်တယ်လို့ “သံလွင်အဖွဲ့” အကြံပေးထားပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အခြေခံကျတာမို့ ပြည်သူလူထု ပိုမိုပါဝင်လာနိုင်အောင် ပြုပြင်ဖို့ လိုပါတယ်။ လက်ရှိစနစ်မှာ ရွေးကောက်တင်မြှောက်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဖြုတ်ပစ်နိုင်တာဟာ ရွေးကောက်ပွဲ သဘောတရားကို အားနည်းစေပါတယ်။ ရွေးကောက်တင်မြှောက်ထားသူကို အုပ်ချုပ်ရေးအရာရှိက ဖြုတ်ပစ်နိုင်တဲ့ သဘောဖြစ်နေတာကို ပြင်ဆင်ဖို့ လိုပါတယ်။ NLD အစိုးရလက်ထက်(၂၀၁၈) ဒီဇင်ဘာလ (၂၈) ရက်နေ့ကစပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန လက်အောက်ကို လွှဲပြောင်းလိုက်ပြီမို့ ဒီမိုကရေစီဒေသန္တရ အုပ်ချုပ်ရေး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG