သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မင္းတပ္မွာ စစ္ေကာင္စီတပ္နဲ႔ CDF တိုက္ပြဲျဖစ္


ခ်င္းျပည္နယ္အတြင္း တုိက္ပြဲေတြေၾကာင့္ ေတာေတာင္ေတြထဲ ပုန္းေအာင္းေနရတဲ့ ေဒသခံအခ်ဳိ႕။ (ေမ ၂၀၊ ၂၀၂၁)

[[Zawgyi/Unicode]]

စစ္ေရးတင္းမာေနတဲ့ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္မွာ စစ္ေကာင္စီနဲ႔ ခ်င္းကာကြယ္ေရး CDF အဖြဲ႔တို႔ ဒီဇင္ဘာ ၁၉ ရက္ တနဂၤေႏြေန႔က ၂ ေနရာ တိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႔ CDF အဖြဲ႔တာဝန္ရွိသူေတြက ေျပာပါတယ္။ တိုက္ပြဲေတြေၾကာင့္ေဒသခံေတြ စစ္ေဘး ေရွာင္တိမ္းေနၾကရပါတယ္။ မင္းတပ္ၿမိဳ႕နယ္ထဲမွာ စစ္ေဆးမႈေတြ၊ ရိကၡာပို႔ေဆာင္တဲ့ လမ္းေၾကာင္းပိတ္ပင္မႈေတြရွိေန တယ္လို႔ စစ္ေဘးဒုကၡသည္ေတြကို အကူအညီေပးေနသူေတြက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ သတင္းကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ခ်င္းျပည္နယ္မင္းတပ္ၿမိဳ႕နယ္မွာ တနဂၤေႏြေန႔ ေန႔လယ္ပိုင္းက စစ္တပ္နဲ႔ ခ်င္းကာကြယ္ေရး CDF အဖြဲ႔တုိ႔ၾကား တုိက္ပြဲေတြျဖစ္ခဲ့ပါတယ္။ ေနရာ ၂ ခုမွာ တုိက္ပဲြျဖစ္ခဲ့တာနဲ႔ပတ္သက္လို႔ မင္းတပ္ CDF ျပန္ၾကားေရးတာဝန္ခံ ဆလိုင္းေယာမာန္က ခုလိုေျပာပါတယ္။

“မေန႔ကတိုက္ပြဲျဖစ္တယ္။ ႏွစ္ေနရာမွာေပါ့။ ဒီ ရွစ္ေမႊးရြာနဲ႔လာပန္းရြာမွာ တိုက္ပြဲျဖစ္ တာေပါ့ေနာ္။ လာပန္းရြာမွာက်ေတာ့ ေန႔လယ္ (၁၂) နာရီေက်ာ္ေက်ာ္ (၁) နာရီေလာက္မွာစတာေပါ့ေနာ္။ ရွစ္ေမြးတိုက္ပြဲ ညေနျဖစ္တာေပါ့ေနာ္။ လာပန္းရြာ စကစေတြကေတာ့ ရြာထဲကေနထြက္သြားၿပီးေတာ့ ေတာထဲကို ေျပးသြားတယ္ေပါ့။ ဘယ္ဘက္ကိုသြားသလဲဆို ျပန္လိုက္ ရွာေနတုန္း။"

စစ္ေကာင္စီတပ္ဖြဲ႔ဘက္ကေန စစ္ေၾကာင္း (၂) ေၾကာင္းနဲ႔ ထိုးစစ္ဆင္လာတဲ့အတြက္ CDF မင္းတပ္အဖြဲ႔နဲ႔ ႏွစ္ဘက္ထိေတြ႔ တိုက္ပြဲျဖစ္ပြါးခဲ့တာပါ။ မေန႔က ျဖစ္ပြါးတဲ့ တိုက္ပြဲေတြအတြင္းႏွစ္ဘက္လံုး ထိခိုက္မွဳရွိခဲ့တယ္လို႔ ဆလိုင္းေယာမာန္ကေျပာပါတယ္။

“လာပန္းထိခိုက္မွဳက စကစေတြ ဒဏ္ရာရတယ္။ အေသအဆုံးေတာ့က်ေနာ္တို႔ အတည္မျပဳနိုင္ဘူးေပါ့ေနာ္။ CDF ကေတာ့ တဦးဒဏ္ရာရတယ္။ ရွစ္ေမြးရြာမွာေတာ့ စကစ တဦးက်တယ္။ က်ေနာ္တို႔ဘက္က ထိခိုက္ဒဏ္ရာရ သူတဦးတေယာက္မွမရွိဘူး။"

မင္းတပ္ၿမိဳ႕နယ္အတြင္း မေန႔က ျဖစ္ပြါးတဲ့တိုက္ပြဲမွာ စစ္ေကာင္စီတပ္ဘက္က ေသဆုံးဒဏ္ရာရသူရွိတယ္လို႔ မင္းတပ္ CDF ဘက္ကေျပာေပမယ့္ သီးျခား အတည္ မျပဳနိုင္ေသးပါဘူး။ မေန႔က မင္းတပ္ၿမိဳ႕နယ္အတြင္းတိုက္ပြဲအေျခအေနနဲ႔ပက္သက္ လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလိုေျပာပါတယ္။

“မင္းတပ္ဘက္ေတာ့ အေဝးကပစ္တာတို႔ဘာတို႔ကေတာ့ ရွိေကာင္းေတာ့ရွိနိုင္တာေပါ့။"

ၿပီးခဲ့တဲ့ဒီဇင္ဘာ (၁၇) ရက္ေန႔ကလည္း မင္းတပ္ျမိဳ႕နယ္ ဘုရားစခန္းေက်းရြာဘက္ ကို စစ္ေကာင္စီဘက္က ထိုးစစ္ဆင္လာတဲ့အတြက္ ေဒသခံ CDF အဖြဲ႔နဲ႔ တိုက္ပြဲျဖစ္ ပြါးခဲ့သလို ေဒသခံရြာသားေတြလည္း ရြာကေနတိမ္းေရွာင္ေနၾကရပါတယ္။ စစ္ေကာင္စီတပ္နဲ႔ CDF မင္းတပ္အဖြဲ႔တုိ႔ၾကားတိုက္ပြဲေၾကာင့္ ရြာသားေသာင္းခ်ီ တိမ္းေရွာင္ ေနၾကရတယ္လို႔ မင္းတပ္စစ္ေရွာင္ေကာ္မီတီဝင္တဦးကေျပာပါတယ္။

“တိမ္းေရွာင္အေရအတြက္ေတာ့ ေသာင္းဂဏန္း ရွိမွာပါပဲ။ က်ေနာ္တို႔အကုန္လုံးေပါ့ေနာ္။ ရြာဘက္ေတြဆီက အခု ေလာေလာဆယ္ ဒီတရက္ ႏွစ္ရက္အတြင္းမွာ သူတို႔ စစ္ေၾကာင္းႏွစ္ေၾကာင္းထိုးေနတဲ့အတြက္ ရြာကဟာေတြ အကုန္လုံးက တိမ္းေရွာင္ေနရတယ္။"

မင္းတပ္ၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္ဘက္က လုံၿခံဳေရးအရ စီစစ္မွဳမ်ားလို႔ ေဒသခံေတြ အခက္ေတြ႔ေနတယ္လို႔ အဆိုပါ စစ္ေဘးေ႐ွာင္ ေကာ္မီတီဝင္ကပဲ ဆက္ေျပာပါတယ္။

“ၿမိဳ႕ထဲမွာက လုံၿခံဳေရးအရဆိုၿပီးမွလမ္းဆုံလမ္းခြေတြမွာ စစ္ေဆး ရဲတပ္ရင္းေတြထားတယ္ေပါ့ေနာ္။ ၿမိဳ႕ထဲသြား တယ္လာတယ္ဆိုရင္ သူတို႔စစ္ေဆးတာေတြရွိတယ္။ ေနာက္ ဆန္သယ္ယူခြင့္ေတြဘာေတြဆိုလည္း ပိတ္ထားလိုက္ၿပီ။ ေနာက္ ဒီ စက္သုံးဆီေပါ့ေနာ္ ။ အဲဒါေတြလည္း သယ္လို႔မရဘူး။ ဆန္သယ္ယူခြင့္ဆိုတာကလည္း မေကြးတိုင္းထဲက သယ္တာေပါ့ေလ။ ေတာ္ေတာ္ေလးကို အခက္ခဲရွိတယ္။"

ၿပီးခဲ့တဲ့ နိုဝင္ဘာလကုန္ေလာက္က ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး (UNHCR) ကေန မင္းတပ္ၿမိဳ႕ေပၚက ဒုကၡသည္စခန္းေန ျပည္သူေတြကို အစားအစာနဲ႔ ေထာက္ပံ့ေရးပစၥည္းေတြ ေပးအပ္ခဲ့ပါတယ္။ ဒါေပမယ့္ နယ္စပ္ ဘက္မွာ တိမ္းေရွာင္ေနတဲ့ စစ္ေဘးေ႐ွာင္ဒုကၡသည္ေတြကေတာ့ အစားအစာနဲ႔ ကူညီေထာက္ပံ့မွဳေတြမရရွိခဲ့ၾကပါဘူး။ စစ္တပ္အာဏာသိမ္းခဲ့ၿပီးေနာက္ ဧၿပီလ ၂၄ ရက္ေန႔ကစၿပီး ခ်င္းျပည္နယ္ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ တုိက္ပြဲေတြ စတင္ခဲ့ပါတယ္။

လက္႐ွိမွာ မင္းတပ္၊ ကန္ပက္လက္၊ မတူပီ၊ ဟားခါး၊ ထန္တလန္၊ ဖလမ္း စတဲ့ၿမိဳ႕ နယ္ေတြက ခ်င္းကာကြယ္ေရးအဖြဲ႔ CDF အဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္ေတြၾကား တုိက္ ပဲြေတြျဖစ္ေနပြားပါတယ္။

မင္းတပ္မွာ စစ္ေကာင္စီတပ္နဲ႔ CDF တိုက္ပြဲျဖစ္
please wait

No media source currently available

0:00 0:03:27 0:00
တိုက္႐ိုက္ လင့္ခ္

===========

[[Zawgyi/Unicode]]

မင်းတပ်မှာ စစ်ကောင်စီတပ်နဲ့ CDF တိုက်ပွဲဖြစ်

စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေး CDF အဖွဲ့တို့ ဒီဇင်ဘာ ၁၉ ရက် တနင်္ဂနွေနေ့က ၂ နေရာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ CDF အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့်ဒေသခံတွေ စစ်ဘေး ရှောင်တိမ်းနေကြရပါတယ်။ မင်းတပ်မြို့နယ်ထဲမှာ စစ်ဆေးမှုတွေ၊ ရိက္ခာပို့ဆောင်တဲ့ လမ်းကြောင်းပိတ်ပင်မှုတွေရှိနေ တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ချင်းပြည်နယ်မင်းတပ်မြို့နယ်မှာ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက စစ်တပ်နဲ့ ချင်းကာကွယ်ရေး CDF အဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ နေရာ ၂ ခုမှာ တိုက်ပွဲဖြစ်ခဲ့တာနဲ့ပတ်သက်လို့ မင်းတပ် CDF ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမာန်က ခုလိုပြောပါတယ်။

“မနေ့ကတိုက်ပွဲဖြစ်တယ်။ နှစ်နေရာမှာပေါ့။ ဒီ ရှစ်မွှေးရွာနဲ့လာပန်းရွာမှာ တိုက်ပွဲဖြစ် တာပေါ့နော်။ လာပန်းရွာမှာကျတော့ နေ့လယ် (၁၂) နာရီကျော်ကျော် (၁) နာရီလောက်မှာစတာပေါ့နော်။ ရှစ်မွေးတိုက်ပွဲ ညနေဖြစ်တာပေါ့နော်။ လာပန်းရွာ စကစတွေကတော့ ရွာထဲကနေထွက်သွားပြီးတော့ တောထဲကို ပြေးသွားတယ်ပေါ့။ ဘယ်ဘက်ကိုသွားသလဲဆို ပြန်လိုက် ရှာနေတုန်း။"

စစ်ကောင်စီတပ်ဖွဲ့ဘက်ကနေ စစ်ကြောင်း (၂) ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် CDF မင်းတပ်အဖွဲ့နဲ့ နှစ်ဘက်ထိတွေ့ တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။ မနေ့က ဖြစ်ပွါးတဲ့ တိုက်ပွဲတွေအတွင်းနှစ်ဘက်လုံး ထိခိုက်မှုရှိခဲ့တယ်လို့ ဆလိုင်းယောမာန်ကပြောပါတယ်။

“လာပန်းထိခိုက်မှုက စကစတွေ ဒဏ်ရာရတယ်။ အသေအဆုံးတော့ကျနော်တို့ အတည်မပြုနိုင်ဘူးပေါ့နော်။ CDF ကတော့ တဦးဒဏ်ရာရတယ်။ ရှစ်မွေးရွာမှာတော့ စကစ တဦးကျတယ်။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရ သူတဦးတယောက်မှမရှိဘူး။"

မင်းတပ်မြို့နယ်အတွင်း မနေ့က ဖြစ်ပွါးတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရသူရှိတယ်လို့ မင်းတပ် CDF ဘက်ကပြောပေမယ့် သီးခြား အတည် မပြုနိုင်သေးပါဘူး။ မနေ့က မင်းတပ်မြို့နယ်အတွင်းတိုက်ပွဲအခြေအနေနဲ့ပက်သက် လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“မင်းတပ်ဘက်တော့ အဝေးကပစ်တာတို့ဘာတို့ကတော့ ရှိကောင်းတော့ရှိနိုင်တာပေါ့။"

ပြီးခဲ့တဲ့ဒီဇင်ဘာ (၁၇) ရက်နေ့ကလည်း မင်းတပ်မြို့နယ် ဘုရားစခန်းကျေးရွာဘက် ကို စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတဲ့အတွက် ဒေသခံ CDF အဖွဲ့နဲ့ တိုက်ပွဲဖြစ် ပွါးခဲ့သလို ဒေသခံရွာသားတွေလည်း ရွာကနေတိမ်းရှောင်နေကြရပါတယ်။ စစ်ကောင်စီတပ်နဲ့ CDF မင်းတပ်အဖွဲ့တို့ကြားတိုက်ပွဲကြောင့် ရွာသားသောင်းချီ တိမ်းရှောင် နေကြရတယ်လို့ မင်းတပ်စစ်ရှောင်ကော်မီတီဝင်တဦးကပြောပါတယ်။

“တိမ်းရှောင်အရေအတွက်တော့ သောင်းဂဏန်း ရှိမှာပါပဲ။ ကျနော်တို့အကုန်လုံးပေါ့နော်။ ရွာဘက်တွေဆီက အခု လောလောဆယ် ဒီတရက် နှစ်ရက်အတွင်းမှာ သူတို့ စစ်ကြောင်းနှစ်ကြောင်းထိုးနေတဲ့အတွက် ရွာကဟာတွေ အကုန်လုံးက တိမ်းရှောင်နေရတယ်။"

မင်းတပ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဘက်က လုံခြုံရေးအရ စီစစ်မှုများလို့ ဒေသခံတွေ အခက်တွေ့နေတယ်လို့ အဆိုပါ စစ်ဘေးရှောင် ကော်မီတီဝင်ကပဲ ဆက်ပြောပါတယ်။

“မြို့ထဲမှာက လုံခြုံရေးအရဆိုပြီးမှလမ်းဆုံလမ်းခွတွေမှာ စစ်ဆေး ရဲတပ်ရင်းတွေထားတယ်ပေါ့နော်။ မြို့ထဲသွား တယ်လာတယ်ဆိုရင် သူတို့စစ်ဆေးတာတွေရှိတယ်။ နောက် ဆန်သယ်ယူခွင့်တွေဘာတွေဆိုလည်း ပိတ်ထားလိုက်ပြီ။ နောက် ဒီ စက်သုံးဆီပေါ့နော် ။ အဲဒါတွေလည်း သယ်လို့မရဘူး။ ဆန်သယ်ယူခွင့်ဆိုတာကလည်း မကွေးတိုင်းထဲက သယ်တာပေါ့လေ။ တော်တော်လေးကို အခက်ခဲရှိတယ်။"

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်လောက်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနေ မင်းတပ်မြို့ပေါ်က ဒုက္ခသည်စခန်းနေ ပြည်သူတွေကို အစားအစာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။ ဒါပေမယ့် နယ်စပ် ဘက်မှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကတော့ အစားအစာနဲ့ ကူညီထောက်ပံ့မှုတွေမရရှိခဲ့ကြပါဘူး။ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ဧပြီလ ၂၄ ရက်နေ့ကစပြီး ချင်းပြည်နယ် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ စတင်ခဲ့ပါတယ်။

လက်ရှိမှာ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ဟားခါး၊ ထန်တလန်၊ ဖလမ်း စတဲ့မြို့ နယ်တွေက ချင်းကာကွယ်ရေးအဖွဲ့ CDF အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက် ပွဲတွေဖြစ်နေပွားပါတယ်။

#MyanmarViolence #MyanmarMilitary #MyanmarCDF #VOABurmese

#ချင်း၊မင်းတပ် #ထန်တလန်၊ကန်ပက်လက် #စားနပ်ရိက္ခာပြတ် #ရှစ်မွှေးရွာ #ဗွီအိုအေ

===========

XS
SM
MD
LG