သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမဝတီခ႐ိုင္ကေန ထိုင္းႏိုင္ငံထဲခိုလႈံသူ စစ္ေျပးဒုကၡသည္ ၅,၀၀၀ ေက်ာ္ရွိေန


ေရႊပြြင့္လႊာအဖဲြ႔က နယ္စပ္ စစ္ေရွာင္ဒုကၡသည္ေတြအတြက္ အစားအေသာက္မ်ားေပးပုိ့ေနပံု။ (ခရက္ဒစ္ပံု- Blooming-KWO)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ဖြဲ႔ KNLA နဲ႔ PDF ပူးေပါင္းတပ္ေတြၾကား ႏွစ္ဖက္တိုက္ပြဲေတြေၾကာင့္ စစ္ေျပးဒုကၡသည္ေတြ ထိုင္းႏိုင္ငံဘက္ကို ခိုလႈံလာသူ ၅ ေထာင္ေက်ာ္ရွိသြားပါၿပီ။ ဒီကေန႔ ဒီဇင္ဘာ ၂၀ ရက္ေန႔မွာေတာ့ ညေနပိုင္းအထိ ၂ ဘက္ အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈ သိပ္မရွိဘူးလို႔ ပူးေပါင္းတပ္ဖြဲေတြဘက္ ေျပာပါတယ္။ဒီသတင္းကို ဗြီအိုေအသတင္းေထာက္မေအးမာက တင္ျပေပးထားပါတယ္။

ကရင္ျပည္နယ္ ျမဝတီခရိုင္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ဖဲြ႔ KNLA နဲ႔ ျပည္သူကာကြယ္ေရး PDF တပ္ဖဲြ႔ဝင္ေတြပါတဲ့ ပူးေပါင္းတပ္ဖဲြ႔ေတြၾကားျဖစ္ေနတဲ့ တိုက္ပြဲေတြမွာ လက္နက္ႀကီးက်ည္ဆံေတြ က်ေရာက္တာေၾကာင့္ ေဒသခံေတြ အုိးအိမ္စြန္႔ခြါထြက္ေျပးေနရပါတယ္။ ဒီေန႔ ဒီဇင္ဘာလ၂၀ ရက္ေန႔မွာေတာ့ ထုိင္းႏိုင္ငံဘက္ကုိ ခိုလွံဳထြက္ေျပးလာတဲ့ စစ္ေျပးဒုကၡသည္ ၅ ေထာင္ေက်ာ္သြားျပီလို႔ ဒုကၡသည္ေတြအေရးအကူညီေပးေနတဲ့ အလုပ္သမားေရးလွဳပ္ရွားသူဦးမုိးေက်ာ္က ေျပာပါတယ္။

“စစ္ေဘးေရွာင္ျပည္သူက လက္ရွိမယ္ေတာ္ကမ့္ စာသင္ေက်ာင္းထဲမွာေတာ့ ၄ ေထာင္ေက်ာ္ေက်ာ္ေလာက္ရွိတယ္။ အၾကမ္းဖ်င္းေပါ့။ အဲဒါကို ေဒသတြင္း အဖဲြ႔အစည္းေတြက အစားေသာက္ေတြ သြားကူညီေနႀကပါတယ္။ေနာက္တေနရာကေတာ့ မယ့္ကိုကင္းဘက္မွာရွိတယ္။အခုက တဖဲြဖဲြ ေရာက္ေနလို႔ ကိန္းဂဏန္းကထပ္တိုးလာဖို့ရွိတယ္။ ေျမျပင္မွာတင္ တေထာင္ေက်ာ္ေလာက္ရွိတယ္။ ေျပာမယ္ဆုိရင္ ထုိင္းဘက္ကုိကူးလာတဲ့စစ္ေဘးေရွာင္ကေတာ့ ၅ ေထာင္ေက်ာ္ေလာက္ရွိလာပါျပီ။”

KNU ထိန္းခ်ဳပ္ထားတဲ့ ျမဝတီခ႐ိုင္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ KNLA / PDF ပူးေပါင္းတပ္ေတြ ႏွစ္ဘက္တိုက္ပြဲျဖစ္ေနတာ ၅ ရက္ရွိသြားျပီျဖစ္ပါတယ္။ ၆ ရက္ေျမာက္ေန႔ ျဖစ္တဲ့ ဒီေန႔ တနလၤာေန႔မွာေတာ့ ညေနပုိင္းအထိ တိုက္ပဲြျပင္းျပင္းထန္ထန္ျဖစ္တာမရွိဘူးလို့ ပူးေပါင္းတပ္ဖဲြ႔ဝင္တဦးကေျပာျပပါတယ္။

“ဒီေန႔မွာေတာ့မရွိေသးဘူး။ မနက္ ၉ နာရီခဲြေလာက္က လက္နက္ႀကီးသံ ၃ ခ်က္ၾကားရတယ္။ တလံုးက မယ္ဝါခီးဘက္၊ တလံုးက ေလးေက့ေကာ္ ၃ ရပ္ကြက္ကို တလံုးက်တယ္။ ေလးေက့ေကာ္ ေကာ့သဝါေစ်းထဲကိုတလံုးက်တယ္။ လက္နက္ႀကီးထားတဲ့အျမွာက္ကုန္းကိုေလ- မေန႔ညက ၅ ကီလိုေလာက္တင္လို႔ရတဲ့ ဒရုန္းနဲ့ က်ေနာ္တို႔ကသြားပစ္တယ္။ သူတို့ဘက္ကလက္နက္ႀကီး ၁၂၀ မမ လက္နက္ႀကီးထားတဲ့စင္ ထိခိုက္သြားတယ္လို့သိရတယ္။”

ဒီဇင္ဘာ ၁၉ရက္ တနဂၤေႏြေန႔ကေတာ့ ကရင္ျပည္နယ္ ျမဝတီခရိုင္ ေလးေကေကာ္နဲ႔ မဲ့ေထာ္သေလးၾကားက ေမတၱာလင္းျမိဳင္ဘုရားကုန္းဘက္မွာ တိုက္ပဲြေတြ ျပင္းထန္ခဲ့ျပီး စစ္ေကာင္စီဘက္ကအက်အဆံုးမ်ားၿပိီး လက္နက္ေတြရရွိခဲ့တယ္လို့လည္း ပူးေပါင္းတပ္ဖဲြ ့ေတြကဆုိပါတယ္။

“စစ္ေကာင္စီဘက္ကက်တာ ၅၀ ဝန္းက်င္ေလာက္ရွိလိမ့္မယ္။ လက္နက္ေတြတင္ ရတာကေတာ့ double cabနဲ့ ၂ စီးေလာက္ကိုတင္ရတယ္။ နယ္ေျမက်ြမ္းက်င္မူေႀကာင့္လို့ထင္တယ္။ PDF ေတြပါတယ္ဆုိေပမယ့္ PDF က ေနာက္ကပါ။ ဒီဘက္ EAO (တိုင္းရင္းသားလက္နက္ကုိင္အဖဲြ႔) ေတြက ေသခ်ာေလ့က်င့္ထားတဲ့သူေတြက ေရွ့တန္းေရာက္ေနၾကတာ (ေရွ့ဘက္မွာေနရာယူၾကတာ)။ အဲဒါေၾကာင့္ သူတို့ (စစ္ေကာင္စီ) ဘက္က အက်ဆံုးမ်ားတယ္လို့ယူဆရတယ္။ စႏိုက္ပါတို့၊ ကြန္မန္ဒုိအၾကမ္းဖက္တိုက္ဖ်က္ေရးလုပ္တဲ့သူေတြကေတာ့ ဒီဘက္က EAO (တိုင္းရင္းသားလက္နက္ကုိင္အဖဲြ႔) ေတြဘက္က ေသခ်ာေလ့က်င့္ထားတဲ့လူေတြကလုပ္ႀကတာေပါ့။”

မေန့က ေမတၱာလင္းျမိဳင္ဘက္က ႏွစ္ဖက္တိုက္ပဲြအတြင္း စစ္ေကာင္စီတပ္ေတြ ေသဆံုးမႈ မ်ားတယ္ဆိုတာနဲ့ပတ္သက္လို့ စစ္ေကာင္စီဘက္က တစံုတရာထုတ္ျပန္ တာမရွိေသးပါဘူး။ မေန့က တိုက္ပဲြမွာ တုိင္းရင္းသားလက္နက္ကုိင္ေတြထဲက တဦး ေသဆံုးျပီး ထိခိုက္ဒဏ္ရာရသူေတြ႐ွိသလို PDF ပူးေပါင္းတပ္ဖဲြ ့ထဲကလည္း ထိိခိုက္ဒဏ္ရာရသူတခ်ဳိ႕႐ွိပါတယ္။ ေလးေက့ေကာ္တုိက္ပဲြေတြအတြင္း PDF ပူးေပါင္းအဖဲြ႔က လူငယ္၂ ဦးေသဆံုးတယ္လို႔ ပူးေပါင္းတပ္ဖဲြ႔ေတြဘက္ကေျပာပါတယ္။

ကရင္ျပည္နယ္ ျမဝတီခရိုင္ထဲက ေကအန္ယူတပ္မဟာ (၆) ထိန္းခ်ဳပ္ထားတဲ့ ေလးေက့ေကာ္ျမိဳ႕သစ္ထဲကို စစ္ေကာင္စီဘက္က ဝင္ေရာက္ျပီး လြတ္ေတာ္အမတ္၂ ဦးနဲ႔ စစ္ေကာင္စီအေပၚ ဆန္႔က်င္ေနသူတခ်ဳိ႕ကိုဖမ္းဆီးခဲ့ျပီး ဒီဇင္ဘာ ၁၅ ရက္မွာႏွစ္ဖက္တုိက္ပဲြေတြ စတင္ျဖစ္လာခဲ့ပါတယ္။ တျခား ေကအန္ယူထိမ္းခ်ဳပ္ရာေနရာကို စစ္ေကာင္စီတပ္ေတြ နယ္ေျမ က်ဴးေက်ာ္ ဝင္ေရာက္လာရင္ပစ္မိန္႔ေပးထားတယ္လို႔ တခ်ိဳ ့တပ္မဟာေတြရဲ႕ စစ္ဘက္အႀကီးအကဲေတြက ေျပာပါတယ္။အခုတပ္မဟာ ၆ အျပင္ ေကအန္ယူရဲ ့တပ္မဟာ ၁ နဲ႔ တပ္မဟာ ၅ ဘက္မွာလည္း ေနစဥ္လိုလို တုိက္ပဲြ ျဖစ္ေနပါတယ္။

တိုက္ပြဲေတြနဲ႔ပတ္သက္လို႔ KNU က ဒီေန႔ ဒီဇင္ဘာ ၂၀ ရက္ ေန႔စြဲနဲ႔ ေၾကညာခ်က္ထုတ္ျပန္တာမွာ စစ္တပ္ဘက္က တပ္အင္အား အလြန္အကၽြံသံုး တိုက္ခိုက္ေနတယ္လို႔ ေျပာထားပါတယ္။ KNU နယ္ေျမထဲမွာ ေခတၱလာေရာက္ တိမ္းေ႐ွာင္ေနသူေတြကို စစ္တပ္က အတင္းအဓၶမ ဖမ္းဆီးေခၚေဆာင္တာ၊ KNU တပ္ဖဲြ႔ဝင္ေတြကို အင္အားသံုး ဖိအားေပးၿပီး အၾကမ္းဖက္ တိုက္ခိုက္လာတဲ့အတြက္ KNU အေနနဲ႔ ခုခံကာကြယ္တဲ့အေျခအေနကေန တိုက္ပဲြေတြ ျဖစ္လာတာျဖစ္တယ္လို႔ ေျပာထားပါတယ္။ ေလးေကေကာ္ဘက္ကို စစ္တပ္က ေလေၾကာင္းကေန တိုက္ခိုက္လာႏိုင္တဲ့အတြက္လည္း ကုလသမဂၢက ေလေၾကာင္း ပ်ံသန္းမႈကင္းမဲ့ဇံု အျဖစ္သတ္မွတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။ အနာဂါတ္ႏိုင္ငံေရးမွာ စစ္တပ္ပါဝင္ စြက္ဖက္မႈ မလုပ္ဖို႔ ကတိေပးဖုိ႔ ေတာင္းဆိုထားၿပီး အဲဒီကတိေပးလုပ္ေဆာင္တာနဲ႔ ဖယ္ဒရယ္ဒီမိုကေရစီနဲ႔ ျပည္ေထာင္စုကို ထူေထာင္မွသာ ျပည္တြင္းစစ္ ခ်ဳပ္ၿငိမ္းမယ္လို႔ KNU က ေျပာၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

မြဝတီခရိုင်ကနေ ထိုင်းနိုင်ငံထဲခိုလှုံသူ စစ်ပြေးဒုက္ခသည် ၅,၀၀၀ ကျော်ရှိနေ

ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA နဲ့ PDF ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ ထိုင်းနိုင်ငံဘက်ကို ခိုလှုံလာသူ ၅ ထောင်ကျော်ရှိသွားပါပြီ။ ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာတော့ ညနေပိုင်းအထိ ၂ ဘက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု သိပ်မရှိဘူးလို့ ပူးပေါင်းတပ်ဖွဲတွေဘက် ပြောပါတယ်။ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးမာက တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA နဲ့ ပြည်သူကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြားဖြစ်နေတဲ့ တိုက်ပွဲတွေမှာ လက်နက်ကြီးကျည်ဆံတွေ ကျရောက်တာကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွါထွက်ပြေးနေရပါတယ်။ ဒီနေ့ ဒီဇင်ဘာလ၂၀ ရက်နေ့မှာတော့ ထိုင်းနိုင်ငံဘက်ကို ခိုလှုံထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် ၅ ထောင်ကျော်သွားပြီလို့ ဒုက္ခသည်တွေအရေးအကူညီပေးနေတဲ့ အလုပ်သမားရေးလှုပ်ရှားသူဦးမိုးကျော်က ပြောပါတယ်။

“စစ်ဘေးရှောင်ပြည်သူက လက်ရှိမယ်တော်ကမ့် စာသင်ကျောင်းထဲမှာတော့ ၄ ထောင်ကျော်ကျော်လောက်ရှိတယ်။ အကြမ်းဖျင်းပေါ့။ အဲဒါကို ဒေသတွင်း အဖွဲ့အစည်းတွေက အစားသောက်တွေ သွားကူညီနေကြပါတယ်။နောက်တနေရာကတော့ မယ့်ကိုကင်းဘက်မှာရှိတယ်။အခုက တဖွဲဖွဲ ရောက်နေလို့ ကိန်းဂဏန်းကထပ်တိုးလာဖို့ရှိတယ်။ မြေပြင်မှာတင် တထောင်ကျော်လောက်ရှိတယ်။ ပြောမယ်ဆိုရင် ထိုင်းဘက်ကိုကူးလာတဲ့စစ်ဘေးရှောင်ကတော့ ၅ ထောင်ကျော်လောက်ရှိလာပါပြီ။”

KNU ထိန်းချုပ်ထားတဲ့ မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA / PDF ပူးပေါင်းတပ်တွေ နှစ်ဘက်တိုက်ပွဲဖြစ်နေတာ ၅ ရက်ရှိသွားပြီဖြစ်ပါတယ်။ ၆ ရက်မြောက်နေ့ ဖြစ်တဲ့ ဒီနေ့ တနင်္လာနေ့မှာတော့ ညနေပိုင်းအထိ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တာမရှိဘူးလို့ ပူးပေါင်းတပ်ဖွဲ့ဝင်တဦးကပြောပြပါတယ်။

“ဒီနေ့မှာတော့မရှိသေးဘူး။ မနက် ၉ နာရီခွဲလောက်က လက်နက်ကြီးသံ ၃ ချက်ကြားရတယ်။ တလုံးက မယ်ဝါခီးဘက်၊ တလုံးက လေးကေ့ကော် ၃ ရပ်ကွက်ကို တလုံးကျတယ်။ လေးကေ့ကော် ကော့သဝါဈေးထဲကိုတလုံးကျတယ်။ လက်နက်ကြီးထားတဲ့အမြှာက်ကုန်းကိုလေ- မနေ့ညက ၅ ကီလိုလောက်တင်လို့ရတဲ့ ဒရုန်းနဲ့ ကျနော်တို့ကသွားပစ်တယ်။ သူတို့ဘက်ကလက်နက်ကြီး ၁၂၀ မမ လက်နက်ကြီးထားတဲ့စင် ထိခိုက်သွားတယ်လို့သိရတယ်။”

ဒီဇင်ဘာ ၁၉ရက် တနင်္ဂနွေနေ့ကတော့ ကရင်ပြည်နယ် မြဝတီခရိုင် လေးကေကော်နဲ့ မဲ့ထော်သလေးကြားက မေတ္တာလင်းမြိုင်ဘုရားကုန်းဘက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်ကအကျအဆုံးများပြီး လက်နက်တွေရရှိခဲ့တယ်လို့လည်း ပူးပေါင်းတပ်ဖွဲ့တွေကဆိုပါတယ်။

“စစ်ကောင်စီဘက်ကကျတာ ၅၀ ဝန်းကျင်လောက်ရှိလိမ့်မယ်။ လက်နက်တွေတင် ရတာကတော့ double cabနဲ့ ၂ စီးလောက်ကိုတင်ရတယ်။ နယ်မြေကျွမ်းကျင်မူကြောင့်လို့ထင်တယ်။ PDF တွေပါတယ်ဆိုပေမယ့် PDF က နောက်ကပါ။ ဒီဘက် EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) တွေက သေချာလေ့ကျင့်ထားတဲ့သူတွေက ရှေ့တန်းရောက်နေကြတာ (ရှေ့ဘက်မှာနေရာယူကြတာ)။ အဲဒါကြောင့် သူတို့ (စစ်ကောင်စီ) ဘက်က အကျဆုံးများတယ်လို့ယူဆရတယ်။ စနိုက်ပါတို့၊ ကွန်မန်ဒိုအကြမ်းဖက်တိုက်ဖျက်ရေးလုပ်တဲ့သူတွေကတော့ ဒီဘက်က EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) တွေဘက်က သေချာလေ့ကျင့်ထားတဲ့လူတွေကလုပ်ကြတာပေါ့။”

မနေ့က မေတ္တာလင်းမြိုင်ဘက်က နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေ သေဆုံးမှု များတယ်ဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန် တာမရှိသေးပါဘူး။ မနေ့က တိုက်ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေထဲက တဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိသလို PDF ပူးပေါင်းတပ်ဖွဲ့ထဲကလည်း ထိခိုက်ဒဏ်ရာရသူတချို့ရှိပါတယ်။ လေးကေ့ကော်တိုက်ပွဲတွေအတွင်း PDF ပူးပေါင်းအဖွဲ့က လူငယ်၂ ဦးသေဆုံးတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကပြောပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်ထဲက ကေအန်ယူတပ်မဟာ (၆) ထိန်းချုပ်ထားတဲ့ လေးကေ့ကော်မြို့သစ်ထဲကို စစ်ကောင်စီဘက်က ဝင်ရောက်ပြီး လွတ်တော်အမတ်၂ ဦးနဲ့ စစ်ကောင်စီအပေါ် ဆန့်ကျင်နေသူတချို့ကိုဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်မှာနှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်လာခဲ့ပါတယ်။ တခြား ကေအန်ယူထိမ်းချုပ်ရာနေရာကို စစ်ကောင်စီတပ်တွေ နယ်မြေ ကျူးကျော် ဝင်ရောက်လာရင်ပစ်မိန့်ပေးထားတယ်လို့ တချို့တပ်မဟာတွေရဲ့ စစ်ဘက်အကြီးအကဲတွေက ပြောပါတယ်။အခုတပ်မဟာ ၆ အပြင် ကေအန်ယူရဲ့တပ်မဟာ ၁ နဲ့ တပ်မဟာ ၅ ဘက်မှာလည်း နေစဉ်လိုလို တိုက်ပွဲ ဖြစ်နေပါတယ်။

တိုက်ပွဲတွေနဲ့ပတ်သက်လို့ KNU က ဒီနေ့ ဒီဇင်ဘာ ၂၀ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်တာမှာ စစ်တပ်ဘက်က တပ်အင်အား အလွန်အကျွံသုံး တိုက်ခိုက်နေတယ်လို့ ပြောထားပါတယ်။ KNU နယ်မြေထဲမှာ ခေတ္တလာရောက် တိမ်းရှောင်နေသူတွေကို စစ်တပ်က အတင်းအဓ္ဓမ ဖမ်းဆီးခေါ်ဆောင်တာ၊ KNU တပ်ဖွဲ့ဝင်တွေကို အင်အားသုံး ဖိအားပေးပြီး အကြမ်းဖက် တိုက်ခိုက်လာတဲ့အတွက် KNU အနေနဲ့ ခုခံကာကွယ်တဲ့အခြေအနေကနေ တိုက်ပွဲတွေ ဖြစ်လာတာဖြစ်တယ်လို့ ပြောထားပါတယ်။ လေးကေကော်ဘက်ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လာနိုင်တဲ့အတွက်လည်း ကုလသမဂ္ဂက လေကြောင်း ပျံသန်းမှုကင်းမဲ့ဇုံ အဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ အနာဂါတ်နိုင်ငံရေးမှာ စစ်တပ်ပါဝင် စွက်ဖက်မှု မလုပ်ဖို့ ကတိပေးဖို့ တောင်းဆိုထားပြီး အဲဒီကတိပေးလုပ်ဆောင်တာနဲ့ ဖယ်ဒရယ်ဒီမိုကရေစီနဲ့ ပြည်ထောင်စုကို ထူထောင်မှသာ ပြည်တွင်းစစ် ချုပ်ငြိမ်းမယ်လို့ KNU က ပြောကြားထားပါတယ်။

#MyanmarViolence #MyanmarThailand #MyanmarRefugees #VOAburmese

#KNU-KNLA #လေးကေ့ကော် #စစ်ဘေးရှောင်ငါးထောင်ကျော် #မယ့်ကိုကင်း #မြဝတီ #ထိုင်း #မယ်ဝါးခီး

================

XS
SM
MD
LG