(Zawgyi / Unicode)
အိမ်နီးချင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အရှိန်မြင့်လာတဲ့အတွက် မြန်မာနဲ့ ထိစပ်နေတဲ့ မြောက်ပိုင်းနယ်စပ်မှာ ထိုင်းဘက်က လုံခြုံရေး တိုးမြှင့်ထားတယ်လို့ ရိုက်တာသတင်း တပုဒ်မှာ ရေးထားပါတယ်။
ဒီဇင်ဘာ ၂၅ ရက်က ထိုင်းအာဏာပိုင်တွေ ထုတ်ပြန်တဲ့ ကြေညာချက်တစောင်မှာတော့ ဘယ်ကလာမှန်းမသိတဲ့ အမြောက်ဆန် ၃ ခု ထိုင်းဘက်မှာ ကျရောက်ခဲ့ပြီး ထိုင်းနိုင်ငံသားတယောက်ရဲ့ အိမ်အဆောက်အဦတခု ထိမှန်ပျက်စီးမှု ရှိခဲ့တယ်လို့ ဖော်ပြထားပေမယ့် ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ မပြောထားပါဘူး။
အဲဒီကြေညာချက်နဲ့အတူ ထိုင်းနယ်ခြားစောင့်ရဲတွေ သံချပ်ကာကားတွေနဲ့ ဝင်ရောက်သွားတဲ့ ဗွီဒီယိုတခုကိုလည်း ပြသခဲ့ပါတယ်။
--------------------
(Unicode)