သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေလးေက့ေကာ္တဝိုက္ စစ္ေကာင္စီေလယာဥ္နဲ႔ ဗံုးႀကဲ၊ ထိုင္းရြာေတြေပၚက်ည္က်


စစ္ေကာင္စီတပ္နဲ႔တုိက္ပြဲျဖစ္ေနတဲ့ေဒသက KNU စစ္သည္တဦး (ဒီဇင္ဘာ ၂၄၊ ၂၀၂၁/ ဓာတ္ပံု KNLA)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္ျမဝတီခ႐ိုင္အတြင္း ေလးေက့ေကာ္ ေဒသဘက္ကုိိ ေသာၾကာေန႔ ညေနပိုင္းမွာလည္း စစ္ေကာင္စီဘက္က ေလယာဥ္နဲ႔ဗံုးႀကဲတိုက္ခိုက္ခဲ့ပါတယ္။ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ PDF ေတြကို သင္တန္းေပးတဲ့ ေရတံခြန္စခန္းေနရာကို ေလေၾကာင္းက တုိက္ခိုက္ခဲ့တာလို႔ ဆုိပါတယ္။ စစ္ေကာင္စီက ေလယာဥ္နဲ႔ဗံုးႀကဲတာအျပင္ လက္နက္ႀကီးေတြနဲ႔ပါပစ္ခတ္တာေတြေၾကာင့္ ထုိ္င္းဘက္က ေက်းရြာေတြကိုလည္းလက္နက္ ႀကီးက်ည္ေတြ က်ေရာက္ခဲ့ပါတယ္။ ဒီသတင္းကို ထိုင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ ျမ၀တီခ႐ိိုင္ ေလးေက့ေကာ္ေဒသဘက္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ဳိးသား လြတ္ေျမာက္ေရးတပ္ေတြ၊ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔ေတြ တိုက္ပဲြျဖစ္ေနတာ တပတ္ေက်ာ္ ၾကာ ေနပါၿပီ။ ေသာၾကာေန ့ဒီကေန႔ ညေနပုိင္းမွာ စစ္ေကာင္စီဘက္က ေလယာဥ္ေတြနဲ႔ ဗံုးႀကဲ တိုက္ခိုက္ တာေတြ၊ လက္နက္ႀကီးနဲ႔ပစ္တာေတြကို ဆက္လုပ္လာတာပါ။ ေကအန္ယူနဲ႔အတူ ပူးေပါင္းတပ္ဖဲြ႔ေတြ ရွိရာေနရာေတြကို ပစ္မွတ္ထားၿပီးတိုက္ခိုက္ေနရာမွာ ဒီကေန႔မွာေတာ့ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ ရွိရာေနရာကို ေလယာဥ္နဲ႔ဗံုးႀကဲခဲ့တယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္က ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုေစာမြန္ကေျပာပါတယ္။

“ဒိီေန႔ ေလယာဥ္နဲ႔ ၂ ေခါက္လာတာ။ က်ေနာ္တို႔ ေရတံခြန္ဆိုတဲ့စခန္းကို အဓိကထားတယ္။ ေလး ေက့ေကာ္နဲ႔ မလွမ္းမကမ္းမွာ ေရတံခြန္စခန္းဆိုတဲ့ PDF ေတြကို သင္တန္းေပးတဲ့ စခန္းရွိတယ္။ အဲဒီေနရာကိုပစ္မွတ္ထားတယ္။ ေနာက္ မဲ့ေထာ္သေလးမွာ တုိက္ပဲြျဖစ္တယ္။ ရင္ဆုိင္တိုက္ပဲြေတြျဖစ္တယ္။”

ၾကာသပေတးေန႔ည ၁၀ နာရီေက်ာ္အခ်ိ္န္ကစၿပီး ေလးေက့ေကာ္အနီးက ေလးကေပၚ ဆိုတဲ့ ေကအန္ယူ စခန္းရွိတဲ့ေနရာကို ေလယာဥ္နဲ႔ဗံုးႀကဲတိုက္ခိုက္ခဲ့ၿပီးေနာက္ စစ္ေကာင္စီရဲ ့ အေျမာက္ ကုန္းကေန လက္နက္ႀကီးေတြဆက္တုိက္ပစ္ေနခဲ့တာပါ။ေသာၾကာေန႔ မနက္ပိုင္းမွာလည္း လက္နက္ႀကီးေတြပစ္ခတ္ခဲ့ပါတယ္။ ဒီလို ဗံုးႀကဲတိုက္ခိုက္မႈေတြ၊ လက္နက္ႀကီးနဲ႔ပစ္ခတ္မႈေတြေၾကာင့္ ျမန္မာဘက္က မဲ့ေထာ္သေလးရဲ့တဘက္ကမ္း ထုိင္းဘက္ျခမ္း ဖြတ္ဖရၿမိဳ႕နယ္ ဘန္းလိုက္ေက်းရြာ အနီးက စုိက္ခင္း ၇ ေနရာေလာက္မွာ လက္နက္ႀကီးက်ည္ဆံေတြက်ေရာက္ခဲ့တယ္လို႔လည္း ဆိုပါတယ္။

“အေျမာက္ကုန္းကလည္း ပစ္တယ္။ ေလယာဥ္နဲ႔ႀကဲတာ ထုိင္းဘက္ကိုလည္းက်တယ္လို႔ ၾကားပါတယ္။”

ကရင္ျပည္နယ္ထဲမွာ ၂ ရက္ဆက္တိုက္ ေလယာဥ္နဲ႔ ဗံုးႀကဲတိုက္ခိုက္ခဲ့ၿပီး ဒီလိုတိုက္ခိုက္မႈေတြနဲ႔ ပတ္သက္လို႔ သတင္းသမားေတြရဲ ့ေမးျမန္းခ်က္ကို စစ္ေကာင္စီဘက္က အခုခ်ိန္ထိ တစံုတရာ တုံ႔ျပန္ေျဖၾကားတာမရွိေသးပါဘူး။

မေန႔ညက ေလယာဥ္နဲ႔ဗံုးႀကဲတုိက္ခိုက္တာ၊ လက္နက္ႀကီးေတြနဲ႔ မရပ္မနားပစ္ခတ္တာေတြေၾကာင့္ျမ၀တီခ႐ိုင္ထဲရွိတဲ့ေက်း႐ြာေတြက ေဒသခံ ေထာင္ဂဏန္းေလာက္ဟာ ေသာင္ရင္းျမစ္ကို ျဖတ္ၿပီး ထုိင္းဘက္ကို ညဘက္ကတည္းက ထြက္ေျပးလာေနၾကပါတယ္။ ေသာၾကာေန႔ ေန႔လယ္ပုိင္း အထိလည္း ထြက္ေျပးလာေနၾကဆဲျဖစ္ပါတယ္။

ဒီဇင္ဘာလ ၁၅ ရက္ေန႔ကတည္းက စတင္ခဲ့တဲ့ တိုက္ပဲြေတြေၾကာင့္ ကရင္ျပည္နယ္ ေလးေက့ေကာ္ အပါအ၀င္ ေက်းရြာ ၁၀ ရြာေလာက္က ေဒသခံေတြ ေသာင္းဂဏန္းနဲ႔ခ်ီ ထြက္ေျပးတိမ္းေရွာင္ေနရၿပီး ထုိင္းဘက္ျခမ္းကုိေတာ့ စစ္ေဘးေရွာင္ဒုကၡသည္ ၆,၀၀၀ ေက်ာ္ေလာက္ေရာက္ရွိလာၾကပါတယ္။ တခ်ိဳ ့စစ္ေဘးေရွာင္ေတြက ထုိင္းဘက္ျခမ္းကို ထြက္ေျပးခိုလွံဳေနၾကသလို တခ်ဳိ႕ကလည္း ျမန္မာဘက္ျခမ္းမွာပဲ ခိုလံႈေနထုိင္ေနၾကပါတယ္။

ထိုင္းဘက္က ဒုကၡသည္ေတြကေတာ့ လက္ရွိအေျခအေနမွာ ေနရပ္ျပန္ပို႔ခံရမွာကိုလည္း စိုးရိမ္ပူပန္ေနၾကပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္


==================

[[Unicode]]

လေးကေ့ကော်တဝိုက် စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲ၊ ထိုင်းရွာတွေပေါ်ကျည်ကျ

ကရင်ပြည်နယ်မြဝတီခရိုင်အတွင်း လေးကေ့ကော် ဒေသဘက်ကို သောကြာနေ့ ညနေပိုင်းမှာလည်း စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို သင်တန်းပေးတဲ့ ရေတံခွန်စခန်းနေရာကို လေကြောင်းက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတာအပြင် လက်နက်ကြီးတွေနဲ့ပါပစ်ခတ်တာတွေကြောင့် ထိုင်းဘက်က ကျေးရွာတွေကိုလည်းလက်နက် ကြီးကျည်တွေ ကျရောက်ခဲ့ပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်ဒေသဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာ တပတ်ကျော် ကြာ နေပါပြီ။ သောကြာနေ့ဒီကနေ့ ညနေပိုင်းမှာ စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက် တာတွေ၊ လက်နက်ကြီးနဲ့ပစ်တာတွေကို ဆက်လုပ်လာတာပါ။ ကေအန်ယူနဲ့အတူ ပူးပေါင်းတပ်ဖွဲ့တွေ ရှိရာနေရာတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်နေရာမှာ ဒီကနေ့မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိရာနေရာကို လေယာဉ်နဲ့ဗုံးကြဲခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်ကပြောပါတယ်။

“ဒီနေ့ လေယာဉ်နဲ့ ၂ ခေါက်လာတာ။ ကျနော်တို့ ရေတံခွန်ဆိုတဲ့စခန်းကို အဓိကထားတယ်။ လေး ကေ့ကော်နဲ့ မလှမ်းမကမ်းမှာ ရေတံခွန်စခန်းဆိုတဲ့ PDF တွေကို သင်တန်းပေးတဲ့ စခန်းရှိတယ်။ အဲဒီနေရာကိုပစ်မှတ်ထားတယ်။ နောက် မဲ့ထော်သလေးမှာ တိုက်ပွဲဖြစ်တယ်။ ရင်ဆိုင်တိုက်ပွဲတွေဖြစ်တယ်။”

ကြာသပတေးနေ့ည ၁၀ နာရီကျော်အချိန်ကစပြီး လေးကေ့ကော်အနီးက လေးကပေါ် ဆိုတဲ့ ကေအန်ယူ စခန်းရှိတဲ့နေရာကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီရဲ့ အမြောက် ကုန်းကနေ လက်နက်ကြီးတွေဆက်တိုက်ပစ်နေခဲ့တာပါ။သောကြာနေ့ မနက်ပိုင်းမှာလည်း လက်နက်ကြီးတွေပစ်ခတ်ခဲ့ပါတယ်။ ဒီလို ဗုံးကြဲတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် မြန်မာဘက်က မဲ့ထော်သလေးရဲ့တဘက်ကမ်း ထိုင်းဘက်ခြမ်း ဖွတ်ဖရမြို့နယ် ဘန်းလိုက်ကျေးရွာ အနီးက စိုက်ခင်း ၇ နေရာလောက်မှာ လက်နက်ကြီးကျည်ဆံတွေကျရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“အမြောက်ကုန်းကလည်း ပစ်တယ်။ လေယာဉ်နဲ့ကြဲတာ ထိုင်းဘက်ကိုလည်းကျတယ်လို့ ကြားပါတယ်။”

ကရင်ပြည်နယ်ထဲမှာ ၂ ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီလိုတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သတင်းသမားတွေရဲ့မေးမြန်းချက်ကို စစ်ကောင်စီဘက်က အခုချိန်ထိ တစုံတရာ တုံ့ပြန်ဖြေကြားတာမရှိသေးပါဘူး။

မနေ့ညက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ မရပ်မနားပစ်ခတ်တာတွေကြောင့်မြဝတီခရိုင်ထဲရှိတဲ့ကျေးရွာတွေက ဒေသခံ ထောင်ဂဏန်းလောက်ဟာ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်ကို ညဘက်ကတည်းက ထွက်ပြေးလာနေကြပါတယ်။ သောကြာနေ့ နေ့လယ်ပိုင်း အထိလည်း ထွက်ပြေးလာနေကြဆဲဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် လေးကေ့ကော် အပါအဝင် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ သောင်းဂဏန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိုင်းဘက်ခြမ်းကိုတော့ စစ်ဘေးရှောင်ဒုက္ခသည် ၆,၀၀၀ ကျော်လောက်ရောက်ရှိလာကြပါတယ်။ တချို့စစ်ဘေးရှောင်တွေက ထိုင်းဘက်ခြမ်းကို ထွက်ပြေးခိုလှုံနေကြသလို တချို့ကလည်း မြန်မာဘက်ခြမ်းမှာပဲ ခိုလှုံနေထိုင်နေကြပါတယ်။

ထိုင်းဘက်က ဒုက္ခသည်တွေကတော့ လက်ရှိအခြေအနေမှာ နေရပ်ပြန်ပို့ခံရမှာကိုလည်း စိုးရိမ်ပူပန်နေကြပါတယ်ရှင်။

#KNU #PDF #လေးကေ့ကော် #ရေတံခွန်စခန်း #ကိုစောမွန် #လေယာဉ်နဲ့ဗုံးကြဲ #ဖွတ်ဖရမြို့နယ်၊ဘန်းလိုက်ကျေးရွာ #မဲ့ထော်သလေး #ဗွီအိုအေ

==================

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG