သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာျပည္တြင္း တိုက္ပြဲေတြေၾကာင့္ ဒုကၡသည္တခ်ိဳ႕ ထိုင္းႏိုင္ငံထဲ ခိုလႈံ


ျမန္မာျပည္တြင္း တိုက္ပြဲေတြေၾကာင့္ ထုိင္းႏုိင္ငံထဲ ထြက္ေျပးေရာက္ရွိလာတဲ့ ျမန္မာဒုကၡသည္မ်ား။ (ဒီဇင္ဘာ ၂၀၂၁)

(Zawgyi / Unicode)

အမ်ားစုက အမ်ိဳးသမီးေတြ၊ ကေလးေတြနဲ႔ သက္ႀကီးရြယ္အိုေတြ ျဖစ္ၾကတဲ့ ျမန္မာ ရြာသူရြာသား ၂၀၀ ေက်ာ္ဟာ ထိုင္းႏုိင္ငံ မယ္ေဟာင္ဆန္ျပည္နယ္၊ Muang ခ႐ိုင္ထဲကို ထြက္ေျပးလာၾကပါတယ္။

တိုင္းရင္းသား လက္နက္ကိုင္တပ္ေတြနဲ႔ စစ္တပ္အၾကား ျပန္လည္ တိုက္ခိုက္လာၾကၿပီး စစ္တပ္က ေလေၾကာင္းကေန တိုက္ခိုက္ေတာ့မယ္ဆိုတဲ့ သတင္းေတြ ျဖစ္လာတာေၾကာင့္ ခုလို ထြက္ေျပးလာၾကတာျဖစ္တယ္လို႔ ဘန္ေကာက္ပို႔စ္ သတင္းစာႀကီးက ေျပာပါတယ္။

သူတို႔ဟာ ေတာင္ကုန္း ၅၈၅ လို႔ေခၚတဲ့ ထိုင္းစစ္တပ္ စခန္းခ်ထားရာ ေနရာဝန္းက်င္မွာ ေသာၾကာေန႔ကတည္းက လာေရာက္ ခိုလႈံေနၾကတာပါ။

အလားတူပဲ တာ့ခ္ခ႐ိုင္ မဲေဆာက္ဘက္ကို ထြက္ေျပးလာၾကတဲ့ စစ္ေဘးဒုကၡသည္ေပါင္းက ၅၈၆ ေယာက္ရွိၿပီး လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေတြ ေပးေနပါတယ္လို႔ ထိုင္း-ျမန္မာနယ္စပ္ ထိန္းခ်ဳပ္ေရး တပ္စခန္းက ေနးရွင္းသတင္းစာကို ေျပာပါတယ္။

ေသာၾကာေန႔ ေန႔လယ္ကတည္းက သူတို႔စခန္းအေပၚမွာ ရဟတ္ယာဥ္ေတြ ဝဲပ်ံေနၾကတယ္လို႔ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP) နဲ႔ နီးစပ္တဲ့ သတင္းအရင္းအျမစ္တခုက ဘန္ေကာက္ပို႔စ္ သတင္းစာႀကီးကို ေျပာပါတယ္။ ဒါဟာ ေလေၾကာင္းက တိုက္ခိုက္‌ေတာ့မယ့္ အရိပ္နိမိတ္ ျဖစ္တယ္လို႔ သူက ဆိုပါတယ္။

ပစ္ခတ္ၿပီး ေလေၾကာင္းက တိုက္ခိုက္တဲ့အခါ နယ္ျခားေစာင့္တပ္ေတြနဲ႔ ထိုင္းနယ္ေျမထဲက ထိုင္းႏုိင္ငံသားေတြအေပၚ သက္ေရာက္မႈ မရွိေစေအာင္ သတိႀကီးႀကီးထားဖို႔ ထိုင္းနယ္ျခားေကာ္မတီက ျမန္မာဘက္ကို တိုက္တြန္းထားတယ္လို႔ ထိုင္းနယ္ျခားေကာ္မတီက ေနးရွင္းသတင္းစာကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

မြန်မာပြည်တွင်း တိုက်ပွဲတွေကြောင့် ဒုက္ခသည်တချို့ ထိုင်းနိုင်ငံထဲ ခိုလှုံ

အများစုက အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ကြတဲ့ မြန်မာ ရွာသူရွာသား ၂၀၀ ကျော်ဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆန်ပြည်နယ်၊ Muang ခရိုင်ထဲကို ထွက်ပြေးလာကြပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်တပ်အကြား ပြန်လည် တိုက်ခိုက်လာကြပြီး စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တော့မယ်ဆိုတဲ့ သတင်းတွေ ဖြစ်လာတာကြောင့် ခုလို ထွက်ပြေးလာကြတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာကြီးက ပြောပါတယ်။

သူတို့ဟာ တောင်ကုန်း ၅၈၅ လို့ခေါ်တဲ့ ထိုင်းစစ်တပ် စခန်းချထားရာ နေရာဝန်းကျင်မှာ သောကြာနေ့ကတည်းက လာရောက် ခိုလှုံနေကြတာပါ။

အလားတူပဲ တာ့ခ်ခရိုင် မဲဆောက်ဘက်ကို ထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည်ပေါင်းက ၅၈၆ ယောက်ရှိပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနေပါတယ်လို့ ထိုင်း-မြန်မာနယ်စပ် ထိန်းချုပ်ရေး တပ်စခန်းက နေးရှင်းသတင်းစာကို ပြောပါတယ်။

သောကြာနေ့ နေ့လယ်ကတည်းက သူတို့စခန်းအပေါ်မှာ ရဟတ်ယာဉ်တွေ ဝဲပျံနေကြတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တခုက ဘန်ကောက်ပို့စ် သတင်းစာကြီးကို ပြောပါတယ်။ ဒါဟာ လေကြောင်းက တိုက်ခိုက်‌တော့မယ့် အရိပ်နိမိတ် ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ပစ်ခတ်ပြီး လေကြောင်းက တိုက်ခိုက်တဲ့အခါ နယ်ခြားစောင့်တပ်တွေနဲ့ ထိုင်းနယ်မြေထဲက ထိုင်းနိုင်ငံသားတွေအပေါ် သက်ရောက်မှု မရှိစေအောင် သတိကြီးကြီးထားဖို့ ထိုင်းနယ်ခြားကော်မတီက မြန်မာဘက်ကို တိုက်တွန်းထားတယ်လို့ ထိုင်းနယ်ခြားကော်မတီက နေးရှင်းသတင်းစာကို ပြောပါတယ်။

XS
SM
MD
LG