သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပဋိပက္ခအတွက် ငြိမ်းချမ်းတဲ့အဖြေရှာဖို့ ထိုင်းနိုင်ငံခြားရေးတောင်းဆို


မြန်မာပြည်ထဲက စစ်ဘေးရှောင်တွေ ထိုင်းနိုင်ငံမယ်ဆောက်မြို့ မယ်တော်အရပ်မှာ ထိုင်းစစ်ကားကြီးတွေပေါ်က ဆင်းလာပုံ။ (ဒီဇင်ဘာ ၁၆၊ ၂၀၂၁)
မြန်မာပြည်ထဲက စစ်ဘေးရှောင်တွေ ထိုင်းနိုင်ငံမယ်ဆောက်မြို့ မယ်တော်အရပ်မှာ ထိုင်းစစ်ကားကြီးတွေပေါ်က ဆင်းလာပုံ။ (ဒီဇင်ဘာ ၁၆၊ ၂၀၂၁)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံပဋိပက္ခအတွက် ဘက်အသီးသီးအနေနဲ့ ငြိမ်းချမ်းတဲ့အဖြေတခုရှာကြဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန (MFA) ကတောင်းဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ၊ Tak ပြည်နယ်နဲ့နယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းမှာ ဖြစ်နေတဲ့တိုက်ပွဲတွေဟာ ထိုင်းနိုင်ငံအပေါ် ဆိုးရွားတဲ့သက်ရောက်မှုဖြစ်နေသလို ဒေသခံတွေအတွက် အန္တရာယ်ရှိနေတယ်လို့ MFA ပြောခွင့်ရ ထိုင်း နိုင်ငံခြားရေးဌာန ပြန်ကြားရေးညွှန်ချုပ် Tanee Sangrat က မနေ့ကပြောတဲ့အကြောင်း ထိုင်းနိုင်ငံအခြေစိုက်၊ ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးထားပါတယ်။

ထိုင်းကြည်းတပ်ဟာ အိမ်နီးချင်းတိုင်းပြည်က စစ်တပ်နဲ့ညှိနှိုင်းတာမျိုး မရှိသေးသလို နယ်စပ်ဒေသကနေ မြန်မာစ်တပ်ထွက်ခွာပေးဖို့ စည်းရုံးပြောဆိုရေး ကြိုးစားတာမျိုး မရှိသေးဘူးလို့ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်း Naresuan တပ်ဖွဲ့က ဗိုလ်ချုပ် Prasan Saengsirirak ကတေ့ လက်ရှိအခြေအနေကို မြန်မာ့အရေးကိစ္စအဖြစ် သတ်မှတ်ပြောဆိုတယ်လို့လည်း ဘန်ကောက်ပို့စ်သတင်းမှာ ရေးထားပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေကနေ ထိုင်းနိုင်ငံဘက်ကို ကျည်ကျတာမျိုး ဆက်မဖြစ်စေရေး မြန်မာစစ်တပ်အနေနဲ့ လက်နက်အသုံးပြုတာကို သတိထားဖို့ ထိုင်းအာဏာပိုင်တွေက သတိပေးထားတယ်လို့ ဗိုလ်ချုပ် Prasan က ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင်းမှာ ကရင်လူမျိုးစုလက်နက်ကိုင် (KNU) အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းဘက်ခြမ်းကိုကျလို့ နေအိမ်တလုံး ထိခိုက်ခဲ့ပါတယ်။

လေးကေ့ကော်မြို့ကို မြန်မာစစ်တပ်က ဝင်ရောက်ပြီးတဲ့နောက် ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ပြီး ထိုင်းဘက်ခြမ်းကို ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီဒုက္ခသည်တွေကို ထိုင်းတာဝန်ရှိသူတွေက ယာယီနေစရာ၊ အစားအစာနဲ့ တခြားလိုအပ်တဲ့ အထောက်အပံ့တွေပေးပြီး ကူညီစောင့်ရှောက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]









============

XS
SM
MD
LG