သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေျပးဒုကၡသည္ ၄,၀၀၀ ေက်ာ္ေရာက္ရွိေနဟု ထိုင္းစစ္ဘက္အရာရွိေျပာဆို


ျမန္မာႏုိင္ငံ၊ ကရင္ျပည္နယ္အတြင္းက စစ္ပြဲေတြေၾကာင့္ ထုိင္းႏုိင္ငံဘက္ထြက္ေျပးလာၾကတဲ့ ေဒသခံတုိင္းရင္းသားမ်ား။ (ဒီဇင္ဘာ ၂၂၊ ၂၀၂၁)


[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံဘက္မွာ တိုက္ပြဲေတြေၾကာင့္ လြန္ခဲ့တဲ့သီတင္းပတ္အတြင္း နယ္စပ္ျဖတ္ၿပီး ထိုင္းႏိုင္ငံဘက္ျခမ္းထြက္ေျပးသူအေရအတြက္ ၄,၀၀၀ ေက်ာ္သြားၿပီလို႔ ထိုင္းၾကည္းတပ္အရာရွိတဦးက ေျပာတဲ့အေၾကာင္း ဒီကေန႔ ေအပီသတင္းတပုဒ္မွာ ေရးထားပါတယ္။

အဲဒီအေရအတြက္ထဲမွာ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ထိန္းခ်ဳပ္မႈေအာက္ က ေလးေက့ေကာ္႐ြာကေန ထြက္ေျပးသြားသူ ၂,၅၀၀ ေက်ာ္လည္း ပါဝင္ပါတယ္။

ေလးေက့ေကာ္႐ြာကို စစ္ေကာင္စီတပ္က ဝင္ေရာက္ၿပီး ရွာေဖြဖမ္းဆီးတာေတြ လုပ္ၿပီးတဲ့ေနာက္ KNU တပ္ဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္ေတြၾကား တိုက္ခိုက္တာေတြ ျဖစ္လာၿပီး စစ္ေကာင္စီတပ္က ေလးေက့ေကာ္႐ြာကို ေလေၾကာင္းက တိုက္ခိုက္ လာႏိုင္ေျခအေပၚ စိုးရိမ္ၾကတဲ့ ႐ြာသားေတြ ထိုင္းဘက္ ထြက္ေျပးသြားၾကတာပါ။

ျမန္မာဘက္မွာ အဲဒီလိုျဖစ္ရပ္ေတြျဖစ္လာတိုင္း ထိုင္းဘက္ထြက္ေျပးလာသူေတြကို ထိုင္းတာဝန္ရွိသူေတြက ရက္အနည္းငယ္ ခိုလႈံခြင့္ေပးေလ့ရွိၿပီး အေျခအေနၿငိမ္စျပဳတာနဲ႔ ေနရပ္ျပန္သြားၾကတာပါပဲ။

ဒီအေတာအတြင္းမွာပဲ ကရင္ျပည္နယ္၊ ျမဝတီေတာင္ဘက္က ေသ့ေဘာဘိုးေဒသဘက္မွာ စစ္ေကာင္စီတပ္နဲ႔ KNU တပ္ဖြဲ႔ေတြၾကား ဒီကေန႔တိုက္ပြဲျဖစ္တာေၾကာင့္ ေဒသခံ ၂,၀၀၀ ေထာင္ေလာက္ အိုးအိမ္စြန႔္ထြက္ေျပးရၿပီး ေသာင္ရင္းျမစ္အနီး ခိုလႈံေနၾကတယ္လို႔ ထိုင္းဘက္ျခမ္းမွာ ဒုကၡသည္ေတြကို အကူအညီေပးေနသူေတြက ေျပာပါတယ္။
ဒုကၡသည္ေတြဟာ ထိုင္းႏိုင္ငံဘက္ျခမ္းကို သြားလို႔မရတာေၾကာင့္ ျမန္မာႏိုင္ငံဘက္ ေသာင္ရင္းျမစ္နား သဲေသာင္ျပင္မွာပဲ ညအိပ္ေနၾကရပါတယ္။

မေန႔ကလည္း ေကာ့ကရိတ္ဘက္မွာ တိုက္ပြဲျဖစ္တာေၾကာင့္ ေဒသခံေတြ အိုးအိမ္စြန႔္ ထြက္ေျပးေနၾကရပါတယ္။

=========

[[Unicode]]

မြန်မာစစ်ပြေးဒုက္ခသည် ၄,၀၀၀ ကျော်ရောက်ရှိနေဟု ထိုင်းစစ်ဘက်အရာရှိပြောဆို

မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေကြောင့် လွန်ခဲ့တဲ့သီတင်းပတ်အတွင်း နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းထွက်ပြေးသူအရေအတွက် ၄,၀၀၀ ကျော်သွားပြီလို့ ထိုင်းကြည်းတပ်အရာရှိတဦးက ပြောတဲ့အကြောင်း ဒီကနေ့ အေပီသတင်းတပုဒ်မှာ ရေးထားပါတယ်။
အဲဒီအရေအတွက်ထဲမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်မှုအောက် က လေးကေ့ကော်ရွာကနေ ထွက်ပြေးသွားသူ ၂,၅၀၀ ကျော်လည်း ပါဝင်ပါတယ်။
လေးကေ့ကော်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ရှာဖွေဖမ်းဆီးတာတွေ လုပ်ပြီးတဲ့နောက် KNU တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ခိုက်တာတွေ ဖြစ်လာပြီး စစ်ကောင်စီတပ်က လေးကေ့ကော်ရွာကို လေကြောင်းက တိုက်ခိုက် လာနိုင်ခြေအပေါ် စိုးရိမ်ကြတဲ့ ရွာသားတွေ ထိုင်းဘက် ထွက်ပြေးသွားကြတာပါ။
မြန်မာဘက်မှာ အဲဒီလိုဖြစ်ရပ်တွေဖြစ်လာတိုင်း ထိုင်းဘက်ထွက်ပြေးလာသူတွေကို ထိုင်းတာဝန်ရှိသူတွေက ရက်အနည်းငယ် ခိုလှုံခွင့်ပေးလေ့ရှိပြီး အခြေအနေငြိမ်စပြုတာနဲ့ နေရပ်ပြန်သွားကြတာပါပဲ။
ဒီအတောအတွင်းမှာပဲ ကရင်ပြည်နယ်၊ မြဝတီတောင်ဘက်က သေ့ဘောဘိုးဒေသဘက်မှာ စစ်ကောင်စီတပ်နဲ့ KNU တပ်ဖွဲ့တွေကြား ဒီကနေ့တိုက်ပွဲဖြစ်တာကြောင့် ဒေသခံ ၂,၀၀၀ ထောင်လောက် အိုးအိမ်စွန့်ထွက်ပြေးရပြီး သောင်ရင်းမြစ်အနီး ခိုလှုံနေကြတယ်လို့ ထိုင်းဘက်ခြမ်းမှာ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို သွားလို့မရတာကြောင့် မြန်မာနိုင်ငံဘက် သောင်ရင်းမြစ်နား သဲသောင်ပြင်မှာပဲ ညအိပ်နေကြရပါတယ်။
မနေ့ကလည်း ကော့ကရိတ်ဘက်မှာ တိုက်ပွဲဖြစ်တာကြောင့် ဒေသခံတွေ အိုးအိမ်စွန့် ထွက်ပြေးနေကြရပါတယ်။

#MyanmarRefugees #MyanmarThailand #VOABurmese
#ထိုင်းမြန်မာနယ်စပ် #စစ်ဘေးရှောင် #သောင်ရင်းမြစ်ဘေး #အိုးအိမ်စွန့် #ကော့ကရိတ်

=========

XS
SM
MD
LG