သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေထာက္အထားမဲ့ ျမန္မာ ၂၀၀ ေက်ာ္ ႏွစ္သစ္ကူးကာလ ထိုင္းမွာဖမ္းခံရ


၂၀၂၁ ႏွစ္ကုန္နဲ႔ ၂၀၂၂ ႏွစ္ဆန္းရက္ေတြအတြင္း ထုိင္းႏုိင္ငံထဲမွာ ဖမ္းမိတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (ဓာတ္ပုံ - ထုိင္းရဲတပ္ဖြဲ႔)

(Zawgyi)

ထိုင္းႏိုင္ငံထဲမွာ တရားမဝင္ အေထာက္အထားမဲ့ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားေတြဟာ ဆက္တုိက္ဝင္ေရာက္လာေနဆဲျဖစ္ၿပီး ႏွစ္သစ္ကူးကာလမွာပဲ ဖမ္းမိသူေတြ ၂၀၀ ေက်ာ္ ရွိေနတယ္လို႔ အလုပ္သမားေရး ေဆာင္ရြက္ေနသူေတြက ဆုိပါတယ္။ တႏွစ္လံုးအတုိင္းအတာနဲ႔ ဖမ္းမိတဲ့ ေရႊ႕ေျပာင္းအလုပ္သမား အေရအတြက္ ၆၀,၀၀၀ ေက်ာ္ေလာက္ရိွမယ္လို႔လည္း အလုပ္သမားေရး ေဆာင္ရြက္ေနတဲ့ အဖဲြ႔ေတြ စုေပါင္းထားတဲ့ Migrant Labour Development Network က ဆိုပါတယ္။ အျပည့္အစုံကုိ ဗြီအုိေအသတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏုိင္ငံထဲကို အလုပ္အကုိင္ ရွာေဖြလိုတဲ့ တရားမဝင္ အေထာက္အထားမဲ့ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားေတြဟာ လူကုန္ကူးသူ လူပဲြစားေတြနဲ႔ ႏွစ္သစ္ကူးကာလမွာပဲ ဆက္တိုက္ဝင္လာေနတဲ့အတြက္ ဖမ္းဆီးခံရမႈေတြ ရွိေနပါတယ္။ ဒီရက္ထဲ ဖမ္းဆီးခံရသူ လူ ၂၀၀ ေက်ာ္ရွိတယ္လို႔ ျမန္မာျပည္သားမ်ားအေရး ပူးတဲြလႈပ္ရွားမႈ ေကာ္မတီရဲ႕ ဥကၠ႒ ဦးမုိးႀကိဳးက အခုလိုေျပာပါတယ္။

“ဒီဇင္ဘာလ ၃၀ နဲ႔ ၃၁ ဖမ္းတာကေတာ့ သူတို႔က ေတာလမ္းေတြကေန လာတာ။ သူတုိ႔က ျပည္နယ္ ၂ ခုထဲကုိ ဝင္လာတာ။ တခုက ကမ္ခ်နဘူရီ ျပည္နယ္ထဲကိုဝင္တာ၊ ကမ္ခ်နဘူရီျပည္နယ္ စိုင္ယုိ႔ၿမိဳ႕နယ္ထဲမွာ ေယာက္်ားေလး ၃၁ ေယာက္နဲ႔ မိန္းကေလး ၁၉ ေယာက္ စုစုေပါင္း ၅၀ ေယာက္၊ ဒီဇင္ဘာလ ၃၁ ရက္ေန႔မွာပဲ စိုင္ယုိ႔ၿမိဳ႕နယ္ထဲမွာပဲ ေယာက္်ားေလး ၆၆ ေယာက္နဲ႔ မိန္းကေလး ၄၄ ေယာက္၊ ၁၁၀ အုပ္စု၊ လူအေတာ္မ်ားတယ္။ ဒီဇင္ဘာလ ၃၁ ရက္ေန႔မွာပဲ ထိုင္းႏုိင္ငံေတာင္ပိုင္း ပရာကၽြတ္ခီရီကန္ ျပည္နယ္ထဲမွာပဲ ေယာက္်ားေလး ၂၆ ေယာက္နဲ႔ မိန္းကေလး ၁၇ ေယာက္ အားလံုးေပါင္း ၄၃ ေယာက္အစုကို မိတယ္။ အဲဒါေတြ အားလံုးေပါင္းလိုက္ရင္ ၂၀၃ ေယာက္ပါ။ ဒီေန႔ ဇန္နဝါရီလ ၂ ရက္ေန႔မွာ ခ်င္း႐ုိင္ခ႐ုိင္ မဲဆုိင္မွာ ၁၂ ေယာက္၊ စုစုေပါင္း ၂၁၅ ေယာက္ရွိတယ္။ ႏွစ္သစ္အကူးနဲ႔ ႏွစ္ဆန္းအစမွာ ဖမ္းမိတာပါ။”

ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလကေန ႏုိဝင္ဘာလအထိ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္သူေတြထဲက အနည္းဆုံး ၆၈,၀၀၀ ထက္မနည္း ဖမ္းဆီးခံခဲ့ရေၾကာင္း ေရႊ႕ေျပာင္းအလုပ္သမား ဖြံ႔ၿဖိဳးတိုးတက္ေရးကြန္ရက္က ကိုယ္စားလွယ္ Adisorn Kerdmongkol ကလည္း ၿပီးခဲ့တဲ့ရက္က အေမရိကန္သံ႐ုံးနဲ႔ ေတြ႔ဆံုပဲြလုပ္တဲ့ သတင္းစားရွင္းလင္းပဲြမွာ ေျပာပါတယ္္။ ဒီကြန္ရက္ထဲမွာ အဖဲြ႔ဝင္အျဖစ္ပါဝင္တဲ့ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးတုိးတက္ေရးအဖဲြ႔က ဦးမင္းဦးကေတာ့ အလုပ္သမားေရး လုပ္ေဆာင္ေနတဲ့ အဖဲြ႔အစည္းေတြကေတာ့ ၂၀၂၁ ခုႏွစ္အတြင္း ဖမ္းမိသူ ႏိုင္ငံျခားသား အလုပ္သမား ၆၀,၀၀၀ ေက်ာ္ေလာက္ရွိမယ္လို႔ ခန္႔မွန္းထားေၾကာင္း ေျပာျပပါတယ္။

“၆၀,၀၀၀ ေက်ာ္ဆိုတာ တႏိုင္ငံလံုး တႏွစ္လံုးမွာ ဖမ္းမိတာပါ။ ႏုိဝင္ဘာလမွာေတာ့ အမ်ားဆုံးပဲလို႔ ေျပာတယ္။ ၆၀,၀၀၀ ေက်ာ္ဆုိေတာ့ သူတုိ႔ခန္႔မွန္းတာ တသိန္း၊ တသိန္းေက်ာ္ေလာက္ တရားမဝင္ ခုိးဝင္တာေတြ အရမ္းမ်ားတဲ့အတြက္ ဖမ္းမိတယ္လို႔ ယူဆၾကတယ္။ အလုပ္သမားေရးနဲ႔ ပတ္သက္တဲ့ တက္ႂကြလႈပ္ရွားသူေတြ အဖဲြ႔ေတြက အေမရိကန္သံ႐ုံးနဲ႔ သတင္းစာရွင္းလင္းပဲြ လုပ္တဲ့အခ်ိန္ ေျပာတာပါ။”

ထိုင္းအစိုးရကေတာ့ ၂၀၂၁ ဒီဇင္ဘာလအတြင္း ထုတ္ျပန္ခ်က္အရ ၁၁ လအတြင္း ဖမ္းမိတဲ့ ႏုိင္ငံျခားသား ေရႊ႕ေျပာင္းအလုပ္သမား ၄၅,၀၀၀ ေက်ာ္ရွိတယ္လို႔ ဆိုပါတယ္။

ျမန္မာႏုိင္ငံအတြင္းမွာ ႏုိင္ငံေရး မတည္ၿငိမ္မႈနဲ႔ လက္နက္ကိုင္ပဋိပကၡေတြ ျဖစ္ေနတာေတြ၊ အလုပ္အကုိင္ အခြင့္အလမ္းေတြရဖို႔ ခက္ခဲေနၾကတာေတြ၊ ကိုဗစ္ကပ္ေဘးကာလမွာ စားဝတ္ေနေရး အဆင္မေျပမႈေတြေၾကာင့္ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ထဲမွာ ျမန္မာေတြ သိန္းဂဏန္းနဲ႔ ထုိင္းႏုိင္ငံကုိ တရားမဝင္ လမ္းေတြကေန ဝင္လာၾကပါတယ္။

ဒီထဲမွာ တခ်ိဳ႕လည္း အဖမ္းမခံရဘဲ လြတ္သြားၾကတာေၾကာင့္ စက္႐ုံအလုပ္႐ုံေတြကုိ ဝင္ေရာက္ၿပီး ႏုိဝင္ဘာလအတြင္းမွာ စာရင္းတင္ရတဲ့ တရားဝင္ အေထာက္အထား လက္မွတ္ေတြ လုပ္ၿပီး အလုပ္လုပ္ေနၾကပါတယ္။ တခ်ိဳ႕ ေသာင္းနဲ႔ခ်ီရိွတဲ့ ျမန္မာေတြကေတာ့ ဖမ္းဆိီးခံရတာေၾကာင့္ ေနရပ္ျပန္ပို႔ခံခဲ့ရပါတယ္။ ထုိင္းႏုိင္ငံထဲမွာ တရားဝင္ေရာ တရားမဝင္ပါ ျမန္မာအလုပ္သမား ၃ သန္းထက္မနည္း ရွိတယ္လို႔ အလုပ္သမားေရး ေဆာင္ရြက္ေနသူေတြက ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

အထောက်အထားမဲ့ မြန်မာ ၂၀၀ ကျော် နှစ်သစ်ကူးကာလ ထိုင်းမှာဖမ်းခံရ

ထိုင်းနိုင်ငံထဲမှာ တရားမဝင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ ဆက်တိုက်ဝင်ရောက်လာနေဆဲဖြစ်ပြီး နှစ်သစ်ကူးကာလမှာပဲ ဖမ်းမိသူတွေ ၂၀၀ ကျော် ရှိနေတယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။ တနှစ်လုံးအတိုင်းအတာနဲ့ ဖမ်းမိတဲ့ ရွှေ့ပြောင်းအလုပ်သမား အရေအတွက် ၆၀,၀၀၀ ကျော်လောက်ရှိမယ်လို့လည်း အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေ စုပေါင်းထားတဲ့ Migrant Labour Development Network က ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံထဲကို အလုပ်အကိုင် ရှာဖွေလိုတဲ့ တရားမဝင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ လူကုန်ကူးသူ လူပွဲစားတွေနဲ့ နှစ်သစ်ကူးကာလမှာပဲ ဆက်တိုက်ဝင်လာနေတဲ့အတွက် ဖမ်းဆီးခံရမှုတွေ ရှိနေပါတယ်။ ဒီရက်ထဲ ဖမ်းဆီးခံရသူ လူ ၂၀၀ ကျော်ရှိတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ဒီဇင်ဘာလ ၃၀ နဲ့ ၃၁ ဖမ်းတာကတော့ သူတို့က တောလမ်းတွေကနေ လာတာ။ သူတို့က ပြည်နယ် ၂ ခုထဲကို ဝင်လာတာ။ တခုက ကမ်ချနဘူရီ ပြည်နယ်ထဲကိုဝင်တာ၊ ကမ်ချနဘူရီပြည်နယ် စိုင်ယို့မြို့နယ်ထဲမှာ ယောက်ျားလေး ၃၁ ယောက်နဲ့ မိန်းကလေး ၁၉ ယောက် စုစုပေါင်း ၅၀ ယောက်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာပဲ စိုင်ယို့မြို့နယ်ထဲမှာပဲ ယောက်ျားလေး ၆၆ ယောက်နဲ့ မိန်းကလေး ၄၄ ယောက်၊ ၁၁၀ အုပ်စု၊ လူအတော်များတယ်။ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာပဲ ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီကန် ပြည်နယ်ထဲမှာပဲ ယောက်ျားလေး ၂၆ ယောက်နဲ့ မိန်းကလေး ၁၇ ယောက် အားလုံးပေါင်း ၄၃ ယောက်အစုကို မိတယ်။ အဲဒါတွေ အားလုံးပေါင်းလိုက်ရင် ၂၀၃ ယောက်ပါ။ ဒီနေ့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ချင်းရိုင်ခရိုင် မဲဆိုင်မှာ ၁၂ ယောက်၊ စုစုပေါင်း ၂၁၅ ယောက်ရှိတယ်။ နှစ်သစ်အကူးနဲ့ နှစ်ဆန်းအစမှာ ဖမ်းမိတာပါ။”

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေထဲက အနည်းဆုံး ၆၈,၀၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ရွှေ့ပြောင်းအလုပ်သမား ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်က ကိုယ်စားလှယ် Adisorn Kerdmongkol ကလည်း ပြီးခဲ့တဲ့ရက်က အမေရိကန်သံရုံးနဲ့ တွေ့ဆုံပွဲလုပ်တဲ့ သတင်းစားရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီကွန်ရက်ထဲမှာ အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဦးမင်းဦးကတော့ အလုပ်သမားရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကတော့ ၂၀၂၁ ခုနှစ်အတွင်း ဖမ်းမိသူ နိုင်ငံခြားသား အလုပ်သမား ၆၀,၀၀၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းထားကြောင်း ပြောပြပါတယ်။

“၆၀,၀၀၀ ကျော်ဆိုတာ တနိုင်ငံလုံး တနှစ်လုံးမှာ ဖမ်းမိတာပါ။ နိုဝင်ဘာလမှာတော့ အများဆုံးပဲလို့ ပြောတယ်။ ၆၀,၀၀၀ ကျော်ဆိုတော့ သူတို့ခန့်မှန်းတာ တသိန်း၊ တသိန်းကျော်လောက် တရားမဝင် ခိုးဝင်တာတွေ အရမ်းများတဲ့အတွက် ဖမ်းမိတယ်လို့ ယူဆကြတယ်။ အလုပ်သမားရေးနဲ့ ပတ်သက်တဲ့ တက်ကြွလှုပ်ရှားသူတွေ အဖွဲ့တွေက အမေရိကန်သံရုံးနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အချိန် ပြောတာပါ။”

ထိုင်းအစိုးရကတော့ ၂၀၂၁ ဒီဇင်ဘာလအတွင်း ထုတ်ပြန်ချက်အရ ၁၁ လအတွင်း ဖမ်းမိတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၄၅,၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတာတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေရဖို့ ခက်ခဲနေကြတာတွေ၊ ကိုဗစ်ကပ်ဘေးကာလမှာ စားဝတ်နေရေး အဆင်မပြေမှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ထဲမှာ မြန်မာတွေ သိန်းဂဏန်းနဲ့ ထိုင်းနိုင်ငံကို တရားမဝင် လမ်းတွေကနေ ဝင်လာကြပါတယ်။

ဒီထဲမှာ တချို့လည်း အဖမ်းမခံရဘဲ လွတ်သွားကြတာကြောင့် စက်ရုံအလုပ်ရုံတွေကို ဝင်ရောက်ပြီး နိုဝင်ဘာလအတွင်းမှာ စာရင်းတင်ရတဲ့ တရားဝင် အထောက်အထား လက်မှတ်တွေ လုပ်ပြီး အလုပ်လုပ်နေကြပါတယ်။ တချို့ သောင်းနဲ့ချီရှိတဲ့ မြန်မာတွေကတော့ ဖမ်းဆီးခံရတာကြောင့် နေရပ်ပြန်ပို့ခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံထဲမှာ တရားဝင်ရော တရားမဝင်ပါ မြန်မာအလုပ်သမား ၃ သန်းထက်မနည်း ရှိတယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ခန့်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG