သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မ်ားျပားလာတဲ့ နယ္စပ္ျဖတ္ျမန္မာေတြ ထိုင္းမွာႀကံဳရတဲ့ အခက္အခဲ


ထုိင္းႏုိင္ငံထဲ အေထာက္အထားမဲ့ ဝင္ေရာက္လုိ႔ ကမ္ခ်နဘူရီျပည္နယ္ထဲမွာ ဖမ္းဆီးခံရတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (ဓာတ္ပုံ - ထုိင္းရဲတပ္ဖြဲ႔)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း မတည္မၿငိမ္ အေျခအေနေတြနဲ႔ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ အိမ္နီးခ်င္း ထိုင္းႏုိင္ငံက နယ္စပ္လုံၿခဳံေရး တင္းက်ပ္ထားေပမယ့္ ေရႊ႕ေျပာင္းအလုပ္သမားေတြ အမ်ားစု အပါအဝင္ ျမန္မာႏုိင္ငံသားေတြ အလုံးအရင္းနဲ႔ ဝင္လာေနတယ္လို႔ အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ မၾကာေသးခင္ကစလို႔ ျမန္မာအပါအဝင္ အိမ္နီးခ်င္း ႏိုင္ငံေတြက ေရႊ႕ေျပာင္းအလုပ္သမားေတြကို လက္ခံဖို႔ ထိုင္းအစိုးရက ေၾကညာလိုက္တဲ့ အတြက္လည္း ထိုင္းႏိုင္ငံကို တရားမဝင္ ဝင္ေရာက္သူေတြ မ်ားလာေနတာပါ။ ဒီအေၾကာင္း ထိုင္းအေျခစိုက္ အလုပ္သမားေရး လႈပ္ရွားသူေတြနဲ႔ ဆက္သြယ္ေမးျမန္းၿပီး ကိုေဇာ္မိုးေက်ာ္က ေျပာျပေပးမွာ ျဖစ္ပါတယ္။

ကပ္ေရာဂါနဲ႔ လုံၿခဳံေရးေၾကာင့္ နယ္စပ္အဝင္အထြက္ေတြ တင္းက်ပ္ထားခ်ိန္မွာပဲ ျမန္မာႏိုင္ငံ အပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြက တရားမဝင္ ထိုင္းႏိုင္ငံကို ဝင္ေရာက္ဖို႔ ႀကိဳးစားသူေတြ ေထာင္ေသာင္းခ်ီ ရွိေနပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလထဲမွာပဲ တရားမဝင္ ဝင္လာၿပီး ဖမ္းဆီးခံရသူ ၁၁,၀၀၀ နီးပါး ရွိခဲ့ေၾကာင္း ထိုင္းအစိုးရက သတင္းထုတ္ျပန္ထားၿပီး ဒါဟာဆိုရင္ ဒီအရင္တႏွစ္က ဒီလိုအခ်ိန္မွာ ၁,၅၀၀ နီးပါးေလာက္ ရွိခဲ့တာထက္ အဆေပါင္းမ်ားစြာ ပိုမ်ားေနတာပါ။

ထိုင္းႏိုင္ငံအေျခစိုက္ ျမန္မာအလုပ္သမားေရး လႈပ္ရွားေနတဲ့ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္း (FED) ဒါ႐ိုက္တာ ဦးထူးခ်စ္ကေတာ့ မၾကာေသးခင္ လေတြကစလို႔ ထိုင္းႏိုင္ငံကို တရားမဝင္ ဝင္လာၾကတဲ့ ျမန္မာႏိုင္ငံသားေတြ သိသိသာသာ တိုးလာတယ္လို႔ ေျပာပါတယ္။

“ေဖေဖာ္ဝါရီလေနာက္ပုိင္း၊ စစ္အာဏာသိမ္းၿပီးတဲ့ ေနာက္ပုိင္းက ဝင္လာတဲ့ အလုပ္သမားဦးေရက က်ေနာ့္အေတြ႔အႀကဳံ၊ ထုိင္းႏုိင္ငံမွာ ႏွစ္ေပါင္း ၂၀ ေက်ာ္၊ ၃၀ ေလာက္ ေနခဲ့ရတဲ့ ကာလနဲ႔ ႏႈိင္းယွဥ္မယ္ဆုိ ဒီကာလက အမ်ားႀကီး အုံနဲ႔က်င္းနဲ႔ ဝင္လာေနတယ္လို႔ ေျပာလုိ႔ရပါတယ္။ ၿပီးခဲ့ဲတဲ့ ၾသဂုတ္အေရွ႕ပုိင္း တျဖတ္ေတာင္မွ အလုပ္သမား ၃၀,၀၀၀ ေလာက္ကို ဖမ္းၿပီးေတာ့ ျပန္ပုိ႔လုိက္ၿပီလုိ႔ ထုိင္းအစိုးရအေနနဲ႔ တရားဝင္ ထုတ္ျပန္ထားတာေတြ က်ေနာ္တုိ႔ ေတြ႔ရပါတယ္။ ၃၀,၀၀၀ ေလာက္ ဖမ္းမိတယ္ဆုိရင္ ဒီ့ထက္မက က်ေနာ္တုိ႔ထင္တာ အဆေပါင္း ေလးငါးေျခာက္ဆေလာက္ကေတာ့ ရွိႏုိင္ပါတယ္။”

တရားဝင္အေထာက္အထား မပါဘဲ ထိုင္းႏိုင္ငံကို ဝင္ေရာက္လာတာေၾကာင့္ ဖမ္းဆီးတာ၊ ေနရပ္ျပန္ပို႔တာ ခံရတာေတြ ရွိတဲ့ၾကားကပဲ ျမန္မာႏိုင္ငံသားေတြ ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ဖို႔ စြန႔္စြန႔္စားစား လာၾကတဲ့ အေၾကာင္းရင္းေတြနဲ႔ ပတ္သက္လို႔လည္း ဦးထူးခ်စ္က အခုလို ရွင္းျပပါတယ္။

“တခ်က္ကေတာ့ ျမန္မာျပည္မွာ လက္ရွိအေနအထားအရ ကိုဗစ္ေၾကာင့္ေရာ အာဏာသိမ္းမႈေၾကာင့္ေရာ အလုပ္အကုိင္ အခြင့္အလမ္းေတြ ရွားပါးလာတယ္။ ဒါကတပုိင္းေပါ့။ ႏုိဝင္ဘာလ ၁ ရက္ေန႔ကေန ၂၇ ရက္ေန႔ လကုန္အထိေလာက္ကို ထုိင္းႏုိင္ငံမွာရွိတဲ့ ဘာလက္မွတ္ အေထာက္အထားမွ မရွိတဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြကို ထုိင္းႏုိင္ငံက ေနထုိင္ခြင့္ ၂ ႏွစ္ လုပ္ေပးေနတာ ရွိတယ္။ အဲဒီရဲ႕သတင္းစကား၊ အဲဒီရေမွ်ာ္လင့္ခ်က္ေတြလည္း ပါတယ္လို႔ က်ေနာ္တုိ႔ နားလည္တယ္။”

လုပ္ခလစာနဲ႔ အလုပ္သမား အခြင့္အေရး ကြာဟခ်က္ေတြေၾကာင့္ ျမန္မာႏုိင္ငံကေန ထြက္ခြာသူေတြ မ်ားလာတာနဲ႔အမွ် ျပည္တြင္းမွာ လုပ္သားအင္အား ရွားပါးမႈနဲ႔ ႀကဳံရႏိုင္တယ္လို႔လည္း ဦးထူးခ်စ္က သတိေပးပါတယ္။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ လုပ္ငန္းေတြ အျပည့္အဝ မလည္ပတ္ႏိုင္ခဲ့တဲ့ ထိုင္းႏိုင္ငံက လုပ္ငန္းရွင္ေတြကေတာ့ ေရႊ႕ေျပာင္းအလုပ္သမားေတြ တရားဝင္ အလုပ္လုပ္ခြင့္ေပးမယ့္ အစီအစဥ္ကို ႀကိဳဆိုၾကပါတယ္။

ထိုင္းႏိုင္ငံဟာ လတ္တေလာ အလုပ္သမားလိုအပ္ခ်က္ ခန႔္မွန္းေျခ သန္းဂဏန္းအထိ ရွိေနတယ္လို႔လည္း ထိုင္းႏိုင္ငံက ေရႊ႕ေျပာင္းအလုပ္သမားအေရး ေဆာင္ရြက္ေနတဲ့ Migrant Working Group (MWG) တာဝန္ရွိသူတဦးျဖစ္တဲ့ ထိုင္းႏိုင္ငံသား မစၥတာ အက္ဒီစြန္ ကာ့မြန္ကြန္က ေျပာပါတယ္။

“ထိုင္းကုန္ထုတ္လုပ္ငန္းအတြက္ အလုပ္ရွင္ေတြက အလုပ္သမား အမ်ားႀကီး လိုအပ္ေနပါတယ္။ စက္မႈလုပ္ငန္းရွင္မ်ားေကာင္စီရဲ႕ စာရင္းအရ အလုပ္သမား ၅ သိန္းကေန ၁ သန္းအထိ လိုေနပါတယ္။ ကိုဗစ္ေၾကာင့္ ျပန္သြားရတဲ့ အလုပ္သမားေတြ အမ်ားႀကီးရွိပါတယ္။ သူတို႔ေတြလည္း ျပန္မလာႏိုင္ၾကေသးပါဘူး။ ထိုင္းလုပ္ငန္းရွင္ေတြက အရင္လူေဟာင္းေတြ ျပန္လာမွာကို ပိုလိုခ်င္ၾကပါတယ္။ သူတို႔က လုပ္ငန္းကၽြမ္းက်င္ နားလည္ၿပီးသား ျဖစ္ေနလို႔ပါ။ ထိုင္းလုပ္ငန္းရွင္ေတြကေတာ့ အလုပ္သမား ျပတ္လပ္မွာကို ပိုၿပီး ေၾကာက္ၾကပါတယ္။”

ေရႊ႕ေျပာင္းအလုပ္သမား လိုအပ္ခ်က္ေတြ ရွိေနတဲ့ ထိုင္းႏိုင္ငံမွာ ျမန္မာႏိုင္ငံသားေတြ အလုပ္အကိုင္ ရရွိေရးအတြက္ စိန္ေခၚမႈေတြလည္း ရွိေနပါတယ္။ အထူးသျဖင့္ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး မတည္မၿငိမ္ အေျခအေနေတြဟာ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြ အေပၚမွာလည္း ႐ိုက္ခတ္ေနတယ္လို႔ ထိုင္းအလုပ္သမားေရး လႈပ္ရွားသူ အက္ဒီစြန္က ေျပာပါတယ္။

“ထိုင္းအစိုးရ လုပ္ေနတာနဲ႔ ပတ္သက္ၿပီး ေျပာရရင္ေတာ့ တရားဝင္ အလုပ္သမားလက္မွတ္ ထုတ္ေပးထားတဲ့သူေတြက ပုံမွန္ကေတာ့ ၄ ႏွစ္ျပည့္ရင္ ျပန္ရပါတယ္။ ျမန္မာႏုိင္ငံဘက္မွာ ရက္ ၃၀ ေနၿပီးမွ တခါ သက္တမ္းအသစ္နဲ႔ ျပန္လာရပါတယ္။ အခု ကိုဗစ္ေၾကာင့္ နယ္စပ္ေတြပိတ္ထားတဲ့အတြက္ ၂ ႏွစ္ သက္တမ္းတိုးေပးထားပါတယ္။ အခု ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ ေနာက္ထပ္ဝင္လာတဲ့သူေတြနဲ႔ ပတ္သက္လို႔ ဘယ္လိုကိုင္တြယ္မယ္ဆိုတာ ထိုင္းအစိုးရမွာ မူဝါဒ မရွိေသးပါဘူး။ ဒါေၾကာင့္ က်ေနာ့္အျမင္ကေတာ့ ေလာေလာဆယ္မွာ အခက္အခဲေတြနဲ႔ ႀကဳံေနရဦးမွာပါပဲ။ ေနာက္တခုက ထိုင္းအစိုးရဘက္က စီစဥ္ထားတဲ့ CI Certificate of Identification ျမန္မာႏုိင္ငံသား ဘယ္သူဘယ္ဝါဆိုတာ ေထာက္ခံခ်က္ရွိရင္ အလုပ္သမားလက္မွတ္ ထုတ္ေပးဖို႔နဲ႔ MOU နားလည္မႈစာခၽြန္လႊာနဲ႔ အလုပ္သမား တရားဝင္ ေစလႊတ္မႈေတြဟာ အခု ျမန္မာႏိုင္ငံမွာ အာဏာသိမ္းၿပီးေနာက္ ဘယ္လိုဆက္လုပ္ေဆာင္မယ္ ဆုိတာေတြကို ေသခ်ာမသိရေသးပါဘူး။”

ထိုင္းႏုိင္ငံမွာ တရားဝင္ အလုပ္လုပ္ခြင့္ရဖို႔ ျမန္မာႏိုင္ငံသားေတြအတြက္ စိန္ေခၚမႈေတြ အခက္အခဲေတြ ရွိေနေပမယ့္လည္း ႏုိင္ငံေရး အက်ပ္အတည္းေတြနဲ႔ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ တေန႔တျခား က်ပ္တည္းလာေနတဲ့ ျမန္မာႏိုင္ငံသားေတြ ေနာက္ထပ္ ထြက္လာၾကလိမ့္ဦးမယ္လို႔လည္း အလုပ္သမားေရး လႈပ္ရွားသူေတြ ခန႔္မွန္းေနၾကပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါနဲ႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြေၾကာင့္ ႏိုင္ငံရဲ႕ လူဦးေရ တဝက္ေလာက္ဟာ ဆင္းရဲမြဲေတမႈ သတ္မွတ္ခ်က္ထက္ နိမ့္က်ႏိုင္တယ္လို႔လည္း ကုလသမဂၢ ဖြံ႔ၿဖိဳးမႈအစီအစဥ္ (UNDP) က မၾကာေသးခင္ကပဲ သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

များပြားလာတဲ့ နယ်စပ်ဖြတ်မြန်မာတွေ ထိုင်းမှာကြုံရတဲ့ အခက်အခဲ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ် အခြေအနေတွေနဲ့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံက နယ်စပ်လုံခြုံရေး တင်းကျပ်ထားပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေ အများစု အပါအဝင် မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ဝင်လာနေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ မကြာသေးခင်ကစလို့ မြန်မာအပါအဝင် အိမ်နီးချင်း နိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေကို လက်ခံဖို့ ထိုင်းအစိုးရက ကြေညာလိုက်တဲ့ အတွက်လည်း ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်သူတွေ များလာနေတာပါ။ ဒီအကြောင်း ထိုင်းအခြေစိုက် အလုပ်သမားရေး လှုပ်ရှားသူတွေနဲ့ ဆက်သွယ်မေးမြန်းပြီး ကိုဇော်မိုးကျော်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ကပ်ရောဂါနဲ့ လုံခြုံရေးကြောင့် နယ်စပ်အဝင်အထွက်တွေ တင်းကျပ်ထားချိန်မှာပဲ မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေက တရားမဝင် ထိုင်းနိုင်ငံကို ဝင်ရောက်ဖို့ ကြိုးစားသူတွေ ထောင်သောင်းချီ ရှိနေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာပဲ တရားမဝင် ဝင်လာပြီး ဖမ်းဆီးခံရသူ ၁၁,၀၀၀ နီးပါး ရှိခဲ့ကြောင်း ထိုင်းအစိုးရက သတင်းထုတ်ပြန်ထားပြီး ဒါဟာဆိုရင် ဒီအရင်တနှစ်က ဒီလိုအချိန်မှာ ၁,၅၀၀ နီးပါးလောက် ရှိခဲ့တာထက် အဆပေါင်းများစွာ ပိုများနေတာပါ။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားရေး လှုပ်ရှားနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ဒါရိုက်တာ ဦးထူးချစ်ကတော့ မကြာသေးခင် လတွေကစလို့ ထိုင်းနိုင်ငံကို တရားမဝင် ဝင်လာကြတဲ့ မြန်မာနိုင်ငံသားတွေ သိသိသာသာ တိုးလာတယ်လို့ ပြောပါတယ်။

“ဖေဖော်ဝါရီလနောက်ပိုင်း၊ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းက ဝင်လာတဲ့ အလုပ်သမားဦးရေက ကျနော့်အတွေ့အကြုံ၊ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်၊ ၃၀ လောက် နေခဲ့ရတဲ့ ကာလနဲ့ နှိုင်းယှဉ်မယ်ဆို ဒီကာလက အများကြီး အုံနဲ့ကျင်းနဲ့ ဝင်လာနေတယ်လို့ ပြောလို့ရပါတယ်။ ပြီးခဲ့ဲတဲ့ သြဂုတ်အရှေ့ပိုင်း တဖြတ်တောင်မှ အလုပ်သမား ၃၀,၀၀၀ လောက်ကို ဖမ်းပြီးတော့ ပြန်ပို့လိုက်ပြီလို့ ထိုင်းအစိုးရအနေနဲ့ တရားဝင် ထုတ်ပြန်ထားတာတွေ ကျနော်တို့ တွေ့ရပါတယ်။ ၃၀,၀၀၀ လောက် ဖမ်းမိတယ်ဆိုရင် ဒီ့ထက်မက ကျနော်တို့ထင်တာ အဆပေါင်း လေးငါးခြောက်ဆလောက်ကတော့ ရှိနိုင်ပါတယ်။”

တရားဝင်အထောက်အထား မပါဘဲ ထိုင်းနိုင်ငံကို ဝင်ရောက်လာတာကြောင့် ဖမ်းဆီးတာ၊ နေရပ်ပြန်ပို့တာ ခံရတာတွေ ရှိတဲ့ကြားကပဲ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ စွန့်စွန့်စားစား လာကြတဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်လို့လည်း ဦးထူးချစ်က အခုလို ရှင်းပြပါတယ်။

“တချက်ကတော့ မြန်မာပြည်မှာ လက်ရှိအနေအထားအရ ကိုဗစ်ကြောင့်ရော အာဏာသိမ်းမှုကြောင့်ရော အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာတယ်။ ဒါကတပိုင်းပေါ့။ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၂၇ ရက်နေ့ လကုန်အထိလောက်ကို ထိုင်းနိုင်ငံမှာရှိတဲ့ ဘာလက်မှတ် အထောက်အထားမှ မရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံက နေထိုင်ခွင့် ၂ နှစ် လုပ်ပေးနေတာ ရှိတယ်။ အဲဒီရဲ့သတင်းစကား၊ အဲဒီရမျှော်လင့်ချက်တွေလည်း ပါတယ်လို့ ကျနော်တို့ နားလည်တယ်။”

လုပ်ခလစာနဲ့ အလုပ်သမား အခွင့်အရေး ကွာဟချက်တွေကြောင့် မြန်မာနိုင်ငံကနေ ထွက်ခွာသူတွေ များလာတာနဲ့အမျှ ပြည်တွင်းမှာ လုပ်သားအင်အား ရှားပါးမှုနဲ့ ကြုံရနိုင်တယ်လို့လည်း ဦးထူးချစ်က သတိပေးပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် လုပ်ငန်းတွေ အပြည့်အဝ မလည်ပတ်နိုင်ခဲ့တဲ့ ထိုင်းနိုင်ငံက လုပ်ငန်းရှင်တွေကတော့ ရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင် အလုပ်လုပ်ခွင့်ပေးမယ့် အစီအစဉ်ကို ကြိုဆိုကြပါတယ်။

ထိုင်းနိုင်ငံဟာ လတ်တလော အလုပ်သမားလိုအပ်ချက် ခန့်မှန်းခြေ သန်းဂဏန်းအထိ ရှိနေတယ်လို့လည်း ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ Migrant Working Group (MWG) တာဝန်ရှိသူတဦးဖြစ်တဲ့ ထိုင်းနိုင်ငံသား မစ္စတာ အက်ဒီစွန် ကာ့မွန်ကွန်က ပြောပါတယ်။

“ထိုင်းကုန်ထုတ်လုပ်ငန်းအတွက် အလုပ်ရှင်တွေက အလုပ်သမား အများကြီး လိုအပ်နေပါတယ်။ စက်မှုလုပ်ငန်းရှင်များကောင်စီရဲ့ စာရင်းအရ အလုပ်သမား ၅ သိန်းကနေ ၁ သန်းအထိ လိုနေပါတယ်။ ကိုဗစ်ကြောင့် ပြန်သွားရတဲ့ အလုပ်သမားတွေ အများကြီးရှိပါတယ်။ သူတို့တွေလည်း ပြန်မလာနိုင်ကြသေးပါဘူး။ ထိုင်းလုပ်ငန်းရှင်တွေက အရင်လူဟောင်းတွေ ပြန်လာမှာကို ပိုလိုချင်ကြပါတယ်။ သူတို့က လုပ်ငန်းကျွမ်းကျင် နားလည်ပြီးသား ဖြစ်နေလို့ပါ။ ထိုင်းလုပ်ငန်းရှင်တွေကတော့ အလုပ်သမား ပြတ်လပ်မှာကို ပိုပြီး ကြောက်ကြပါတယ်။”

ရွှေ့ပြောင်းအလုပ်သမား လိုအပ်ချက်တွေ ရှိနေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အလုပ်အကိုင် ရရှိရေးအတွက် စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်မငြိမ် အခြေအနေတွေဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အပေါ်မှာလည်း ရိုက်ခတ်နေတယ်လို့ ထိုင်းအလုပ်သမားရေး လှုပ်ရှားသူ အက်ဒီစွန်က ပြောပါတယ်။

“ထိုင်းအစိုးရ လုပ်နေတာနဲ့ ပတ်သက်ပြီး ပြောရရင်တော့ တရားဝင် အလုပ်သမားလက်မှတ် ထုတ်ပေးထားတဲ့သူတွေက ပုံမှန်ကတော့ ၄ နှစ်ပြည့်ရင် ပြန်ရပါတယ်။ မြန်မာနိုင်ငံဘက်မှာ ရက် ၃၀ နေပြီးမှ တခါ သက်တမ်းအသစ်နဲ့ ပြန်လာရပါတယ်။ အခု ကိုဗစ်ကြောင့် နယ်စပ်တွေပိတ်ထားတဲ့အတွက် ၂ နှစ် သက်တမ်းတိုးပေးထားပါတယ်။ အခု မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် နောက်ထပ်ဝင်လာတဲ့သူတွေနဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ်မယ်ဆိုတာ ထိုင်းအစိုးရမှာ မူဝါဒ မရှိသေးပါဘူး။ ဒါကြောင့် ကျနော့်အမြင်ကတော့ လောလောဆယ်မှာ အခက်အခဲတွေနဲ့ ကြုံနေရဦးမှာပါပဲ။ နောက်တခုက ထိုင်းအစိုးရဘက်က စီစဉ်ထားတဲ့ CI Certificate of Identification မြန်မာနိုင်ငံသား ဘယ်သူဘယ်ဝါဆိုတာ ထောက်ခံချက်ရှိရင် အလုပ်သမားလက်မှတ် ထုတ်ပေးဖို့နဲ့ MOU နားလည်မှုစာချွန်လွှာနဲ့ အလုပ်သမား တရားဝင် စေလွှတ်မှုတွေဟာ အခု မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ဘယ်လိုဆက်လုပ်ဆောင်မယ် ဆိုတာတွေကို သေချာမသိရသေးပါဘူး။”

ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့်ရဖို့ မြန်မာနိုင်ငံသားတွေအတွက် စိန်ခေါ်မှုတွေ အခက်အခဲတွေ ရှိနေပေမယ့်လည်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တနေ့တခြား ကျပ်တည်းလာနေတဲ့ မြန်မာနိုင်ငံသားတွေ နောက်ထပ် ထွက်လာကြလိမ့်ဦးမယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေ ခန့်မှန်းနေကြပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကြောင့် နိုင်ငံရဲ့ လူဦးရေ တဝက်လောက်ဟာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်ထက် နိမ့်ကျနိုင်တယ်လို့လည်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က မကြာသေးခင်ကပဲ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG