သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံတြင္း ေ႐ႊ႕ေျပာင္းလုပ္သားေတြအတြက္ အေထာက္အထားမ်ား လုပ္ေဆာင္ေန


Pattani ၿမိဳ႕ ငါးဖမ္းစက္ေလွေပၚက ျမန္မာအလုပ္သမားမ်ား (ဇြန္ ၁၈၊ ၂၀၁၄)


{{Zawgyi/Unicode}}

ဗီဇေျပာင္းကိုဗစ္ေရာဂါပိုးအသစ္ Omicron ကူးစက္ပ်ံ႕ႏွံ႔လာမွာကို စိုးရိမ္ေနတဲ့ထိုင္းႏိုင္ငံမွာ တရားမဝင္ အေထာက္အထားမဲ့ေတြအတြက္ အေထာက္အထားလက္မွတ္လုပ္ေပးမယ့္စင္တာေတြကို ဒီဇင္ဘာလ ၁ ရက္ေန႔ကစၿပီး ဘန္ေကာက္အပါအဝင္ ၿမိဳ႕နယ္ေတြမွာ ေနရာ ၅၀ ေလာက္မွာဖြင့္လွစ္ေပးၿပီးလူ႔အကန႔္ အသတ္နဲ႔ လက္ခံေပးေနပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

ကိုဗစ္ဒုတိယလႈိင္းနဲ႔တတိယလႈိင္းေတြမွာ ေရႊ႕ေျပာင္းအလုပ္သမားေတြၾကား အစုလိုက္အၿပဳံလိုက္ ကိုဗစ္ ကူးစက္ခဲ့ၿပီးတဲ့ေနာက္ ကူးစက္မႈကာကြယ္ႏိုင္ဖို႔နဲ႔ လူကုန္ကူးမႈေတြ၊ တရားမဝင္ ေနထိုင္မႈေတြမျဖစ္ေအာင္ ထိုင္းအစိုးရက အေထာက္အထားမဲ့ႏိုင္ငံျခားသား ေရႊ႕ေျပာင္းအလုပ္သမားေတြကို တရားဝင္အေထာက္အထားလက္မွတ္လုပ္ဖို႔ စာရင္းသြင္းခိုင္းခဲ့ပါတယ္။

ဒုတိယအႀကိမ္ အေထာက္အထားလက္မွတ္ လုပ္ခြင့္ျပဳဖို႔စာရင္းတင္ရတဲ့ ေနာက္ဆုံးရက္ကေတာ့ႏိုဝင္ ဘာ လ ၃၀ ရက္ေန႔ျဖစ္ပါတယ္။ ဒီဇင္ဘာလ ၁ ရက္ေန႔စၿပီး အေထာက္အထားလက္မွတ္ေတြ စတင္ထုတ္ ေပးႏိုင္ဖို႔လုပ္ငန္းအစီစဥ္ေတြကို ဘန္ေကာက္အပါအဝင္ ၿမိဳ႕နယ္ေတြက စင္တာ ၅၀ ေလာက္မွာ စတင္ခဲ့တာပါ။ စတင္ခ်ိန္မွာ ကိုဗစ္ကပ္ေရာဂါထိန္းခ်ဳပ္ေရး စည္းကမ္းခ်က္ေတြနဲ႔အညီ လူအကန႔္အသတ္ နဲ႔ လုပ္ေပးေနေၾကာင္း ေရႊ႕ေျပာင္းအလုပ္သမားအခြင့္ေရးကြန္ယက္ရဲ႕ဥကၠ႒ ဦးေအာင္ေက်ာ္က အခုလိုေျပာျပပါတယ္။

“ေရာဂါပ်ံ႕ႏွံ႔မွာစိုးတဲ့အတြက္ေၾကာင့္ တေနရာတည္းမွာ အလုပ္သမားေတြကို စုၿပဳံတိုးတာေတြ မျဖစ္ရေအာင္ ထိုင္းႏိုင္ငံတဝွမ္းလုံးမွာရွိတဲ့ဘန္ေကာက္အပါအဝင္ ၿမိဳ႕နယ္ ၅၀ မွာ႐ုံးခြဲေတြကို ဒီဇင္ဘာလ ၁ ရက္ေန႔ စၿပီး ေၾကျငာခ်က္ထုတ္ၿပီး ဖြင့္ေပးလိုက္တာ။ ၿမိဳ႕နယ္ေတြမွာ လူေတြအလုအယက္နဲ႔ စုၿပဳံၿပီး တိုးလို႔မရဘူးခင္ဗ်။ ၿမိဳ႕နယ္႐ုံးမွာ ခ႐ူ (နံပါတ္) ဆိုတဲ့ဟာကို ထုတ္ေပးမယ္။ ခ႐ူနံပါတ္က်တဲ့အခါမွာ တရက္ကို လူ ၃၀ ထက္ မပိုရ။ ၃၀ အထိပဲထုတ္ေပးမယ္ခင္ဗ်။ ေရာဂါအသစ္ေတြလည္း ေပၚေပါက္လာတဲ့အတြက္ အလုပ္ သမားေတြလက္ထဲ လ်င္လ်င္ျမန္ျမန္လည္း ပန္ေရာင္ကဒ္ေတြေေရာက္သြားေအာင္၊ ေရာဂါေတြလည္း ထပ္မံမျပန႔္ပြားေအာင္ လုပ္ေဆာင္တယ္လို႔ေျပာပါတယ္ခင္ဗ်။”

ဗီဇေျပာင္းကိုဗစ္ေရာဂါပိုးအသစ္ Omicron ထိုင္းႏိုင္ငံထဲဝင္ေရာက္ ကူးစက္ပ်ံ႕ႏွံ႔မွာ ကာကြယ္တဲ့အေနနဲ႔ အာဖရိက ႏိုင္ငံ ၈ ႏိုင္ငံက ခရီးသြားေတြကို ျပည္ဝင္ခြင္မျပဳေတာ့ေပမယ့္ ၿပီးခဲ့တဲ့ ၂ ပတ္အတြင္းအာဖရိက ႏိုင္ငံေတြကေနဝင္လာတဲ့ ခရီးသြား ၈၀၀ နီးပါးရွိခဲ့တာပါ။ ဒီအတြက္ ထိုင္းျပည္သူေတြၾကား စိုးရိမ္ပူပန္ေနသလို ျမန္မာအလုပ္သမားေတြၾကားမွာလည္း ကူးစက္မူအသစ္ေတြျဖစ္လာရင္ အရင္လို အလုပ္ထိခိုက္တာေတြျဖစ္လာမွာကို စိုးရိမ္ေနတယ္လို႔လည္း ဦးေအာင္ေက်ာ္ကေျပာပါတယ္။

“အလုပ္သမားေတြအေနနဲ႔ကေတာ့ ကိုဗစ္တတိယလႈိင္းမွာတုန္းက စက္႐ုံေတြ ယာယီပိတ္သိမ္းတာေတြ၊အၿပီးအပိုင္ပိတ္သိမ္းေတြျဖစ္လာေတာ့ အခုလည္း ထပ္မံျပန႔္ပြားလာမယ္ဆိုရင္ သူတို႔ရဲ႕အလုပ္အကိုင္ေတြ ပ်က္စီးမွာကို စိုးရိမ္ေနတာ ျမင္ေတြ႔ရတယ္ခင္ဗ်။”

ထိုင္းႏိုင္ငံထဲမွာ တရားဝင္ေကာ တရားမဝင္ပါ ျမန္မာအလုပ္သမား ၃ သန္းထက္မနည္းရွိၿပီး အခု ပန္းေရာင္ ကဒ္လို႔ျမန္မာေတြေခၚၾကတဲ့ တရားဝင္အလုပ္လုပ္ခြင့္အေထာက္အထားလက္မွတ္ကို ျပဳလုပ္ၾကတဲ့ျမန္မာေတြ ဒီတႀကိမ္မွာလည္း သိန္းဂဏန္းနဲ႔ရွိေနပါတယ္။ဒီအေထာက္အထားလက္မွတ္လုပ္ရဖို႔အတြက္ ျမန္မာျပည္နယ္စပ္အသီးသီးကေန ဝင္လာတဲ့အေထာက္အထားမဲ့ေတြ ၂ လအတြင္း ေသာင္းနဲ႔ခ်ီရွိပါတယ္။

ဒီလက္မွတ္လုပ္ဖို႔ စာရင္းတင္ရတဲ့ ရက္ကုန္ဆုံးသြားေပမယ့္ ထိုင္းႏိုင္ငံထဲကို တရားမဝင္လမ္းေတြကေန ဝင္ေရာက္ေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြလည္းရွိေနၿပီး ေန႔စဥ္ အဖမ္းအဆီးခံေနၾကရသူေတြလည္း ရွိေနေသးပါတယ္။ ဒီဇင္ဘာလ ၁ ရက္ေန႔နဲ႔ ၂ ရက္ေန႔ေတြမွာ ကမ္ခ်နဘူရီျပည္နယ္ နယ္စပ္ကေန အေထာက္အထားမဲ့အစုလိုက္အၿပဳံလိုက္ဝင္လာတဲ့ျမန္မာေတြဖမ္းဆီးခံရတာေတြလည္း ရွိေနပါတယ္ရွင္ ။
===========

{{Unicode}}

ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းလုပ်သားတွေအတွက် အထောက်အထားများ လုပ်ဆောင်နေ

ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicron ကူးစက်ပျံ့နှံ့လာမှာကို စိုးရိမ်နေတဲ့ထိုင်းနိုင်ငံမှာ တရားမဝင် အထောက်အထားမဲ့တွေအတွက် အထောက်အထားလက်မှတ်လုပ်ပေးမယ့်စင်တာတွေကို ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ဘန်ကောက်အပါအဝင် မြို့နယ်တွေမှာ နေရာ ၅၀ လောက်မှာဖွင့်လှစ်ပေးပြီးလူ့အကန့် အသတ်နဲ့ လက်ခံပေးနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ကိုဗစ်ဒုတိယလှိုင်းနဲ့တတိယလှိုင်းတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေကြား အစုလိုက်အပြုံလိုက် ကိုဗစ် ကူးစက်ခဲ့ပြီးတဲ့နောက် ကူးစက်မှုကာကွယ်နိုင်ဖို့နဲ့ လူကုန်ကူးမှုတွေ၊ တရားမဝင် နေထိုင်မှုတွေမဖြစ်အောင် ထိုင်းအစိုးရက အထောက်အထားမဲ့နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်အထောက်အထားလက်မှတ်လုပ်ဖို့ စာရင်းသွင်းခိုင်းခဲ့ပါတယ်။

ဒုတိယအကြိမ် အထောက်အထားလက်မှတ် လုပ်ခွင့်ပြုဖို့စာရင်းတင်ရတဲ့ နောက်ဆုံးရက်ကတော့နိုဝင် ဘာ လ ၃၀ ရက်နေ့ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့စပြီး အထောက်အထားလက်မှတ်တွေ စတင်ထုတ် ပေးနိုင်ဖို့လုပ်ငန်းအစီစဉ်တွေကို ဘန်ကောက်အပါအဝင် မြို့နယ်တွေက စင်တာ ၅၀ လောက်မှာ စတင်ခဲ့တာပါ။ စတင်ချိန်မှာ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်တွေနဲ့အညီ လူအကန့်အသတ် နဲ့ လုပ်ပေးနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်က အခုလိုပြောပြပါတယ်။

“ရောဂါပျံ့နှံ့မှာစိုးတဲ့အတွက်ကြောင့် တနေရာတည်းမှာ အလုပ်သမားတွေကို စုပြုံတိုးတာတွေ မဖြစ်ရအောင် ထိုင်းနိုင်ငံတဝှမ်းလုံးမှာရှိတဲ့ဘန်ကောက်အပါအဝင် မြို့နယ် ၅၀ မှာရုံးခွဲတွေကို ဒီဇင်ဘာလ ၁ ရက်နေ့ စပြီး ကြေငြာချက်ထုတ်ပြီး ဖွင့်ပေးလိုက်တာ။ မြို့နယ်တွေမှာ လူတွေအလုအယက်နဲ့ စုပြုံပြီး တိုးလို့မရဘူးခင်ဗျ။ မြို့နယ်ရုံးမှာ ခရူ (နံပါတ်) ဆိုတဲ့ဟာကို ထုတ်ပေးမယ်။ ခရူနံပါတ်ကျတဲ့အခါမှာ တရက်ကို လူ ၃၀ ထက် မပိုရ။ ၃၀ အထိပဲထုတ်ပေးမယ်ခင်ဗျ။ ရောဂါအသစ်တွေလည်း ပေါ်ပေါက်လာတဲ့အတွက် အလုပ် သမားတွေလက်ထဲ လျင်လျင်မြန်မြန်လည်း ပန်ရောင်ကဒ်တွေေရောက်သွားအောင်၊ ရောဂါတွေလည်း ထပ်မံမပြန့်ပွားအောင် လုပ်ဆောင်တယ်လို့ပြောပါတယ်ခင်ဗျ။”

ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicron ထိုင်းနိုင်ငံထဲဝင်ရောက် ကူးစက်ပျံ့နှံ့မှာ ကာကွယ်တဲ့အနေနဲ့ အာဖရိက နိုင်ငံ ၈ နိုင်ငံက ခရီးသွားတွေကို ပြည်ဝင်ခွင်မပြုတော့ပေမယ့် ပြီးခဲ့တဲ့ ၂ ပတ်အတွင်းအာဖရိက နိုင်ငံတွေကနေဝင်လာတဲ့ ခရီးသွား ၈၀၀ နီးပါးရှိခဲ့တာပါ။ ဒီအတွက် ထိုင်းပြည်သူတွေကြား စိုးရိမ်ပူပန်နေသလို မြန်မာအလုပ်သမားတွေကြားမှာလည်း ကူးစက်မူအသစ်တွေဖြစ်လာရင် အရင်လို အလုပ်ထိခိုက်တာတွေဖြစ်လာမှာကို စိုးရိမ်နေတယ်လို့လည်း ဦးအောင်ကျော်ကပြောပါတယ်။

“အလုပ်သမားတွေအနေနဲ့ကတော့ ကိုဗစ်တတိယလှိုင်းမှာတုန်းက စက်ရုံတွေ ယာယီပိတ်သိမ်းတာတွေ၊အပြီးအပိုင်ပိတ်သိမ်းတွေဖြစ်လာတော့ အခုလည်း ထပ်မံပြန့်ပွားလာမယ်ဆိုရင် သူတို့ရဲ့အလုပ်အကိုင်တွေ ပျက်စီးမှာကို စိုးရိမ်နေတာ မြင်တွေ့ရတယ်ခင်ဗျ။”

ထိုင်းနိုင်ငံထဲမှာ တရားဝင်ကော တရားမဝင်ပါ မြန်မာအလုပ်သမား ၃ သန်းထက်မနည်းရှိပြီး အခု ပန်းရောင် ကဒ်လို့မြန်မာတွေခေါ်ကြတဲ့ တရားဝင်အလုပ်လုပ်ခွင့်အထောက်အထားလက်မှတ်ကို ပြုလုပ်ကြတဲ့မြန်မာတွေ ဒီတကြိမ်မှာလည်း သိန်းဂဏန်းနဲ့ရှိနေပါတယ်။ဒီအထောက်အထားလက်မှတ်လုပ်ရဖို့အတွက် မြန်မာပြည်နယ်စပ်အသီးသီးကနေ ဝင်လာတဲ့အထောက်အထားမဲ့တွေ ၂ လအတွင်း သောင်းနဲ့ချီရှိပါတယ်။

ဒီလက်မှတ်လုပ်ဖို့ စာရင်းတင်ရတဲ့ ရက်ကုန်ဆုံးသွားပေမယ့် ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းတွေကနေ ဝင်ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်းရှိနေပြီး နေ့စဉ် အဖမ်းအဆီးခံနေကြရသူတွေလည်း ရှိနေသေးပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ကမ်ချနဘူရီပြည်နယ် နယ်စပ်ကနေ အထောက်အထားမဲ့အစုလိုက်အပြုံလိုက်ဝင်လာတဲ့မြန်မာတွေဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်ရှင် ။


#MyanmarMigrants #MyanmarThailand #ThailandLaborRegistration #VOABurmese
#မြန်မာရွှေ့ပြောင်းအလုပ်သမား#ထိုင်း#အထောက်အထားကဒ်ထုတ်ပေး#အိုမီခရွန်

XS
SM
MD
LG