သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏုိင္ငံအတြင္း အေထာက္အထားမဲ့ ျမန္မာမ်ား ဝင္ေရာက္မႈ ႏွစ္ဆျမင့္တက္လာ


ကမ္ခ်နဘူရီျပည္နယ္ကေန ထုိင္းႏုိင္ငံတြင္းဝင္လာတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (ႏုိဝင္ဘာ ၇၊ ၂၀၂၁။ ဓာတ္ပုံ - ထုိင္းရဲတပ္ဖြဲ႔)

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ေတြမွာ အေထာက္အထားမဲ့ ျမန္မာႏုိင္ငံသားေတြ ေန႔စဥ္ ရာနဲ႔ခ်ီ ဝင္ေရာက္ေနၿပီး ကမ္ခ်နဘူရီျပည္နယ္ထဲမွာ ၂ ရက္အတြင္း ၃၀၀ ေက်ာ္ရွိတယ္လို႔ ဆိုပါတယ္။ ထိုင္းအစိုးရအေနနဲ႔ မၾကာခင္မွာ နယ္စပ္ဂိတ္ေတြ ျပန္လည္ဖြင့္ခဲ့ရင္ အိမ္နီးခ်င္းႏုိင္ငံေတြက တရားမဝင္ အလုပ္သမားေတြ ပုိမိုဝင္ေရာက္လာမွာကို စိုးရိမ္ရတယ္လိုိ႔ ထိုင္းဒုရဲခ်ဳပ္က ေျပာပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏုိင္ငံအတြင္းကို တရားမဝင္ ျမန္မာႏုိင္ငံသားေတြ ေန႔စဥ္ ရာနဲ႔ခ်ီ အစုလိုက္အၿပံဳလိုက္ ဝင္လာတာကို ဖမ္းဆီးခဲ့ရာမွာ စက္တင္ဘာလထက္ ေအာက္တုိဘာလမွာ တရားမဝင္ခိုးဝင္မႈ အေရအတြက္က ၂ ဆ ျမင့္တက္ခဲ့တယ္လို႔ ထိုင္းဒုရဲခ်ဳပ္ ရဲဗိုလ္ခ်ဳပ္ႀကီး ဒမ္ရြန္စတ္ ကစ္တီပရဖာ့က ေျပာပါတယ္။ ႏုိဝင္ဘာလ ၆ ရက္ေန႔နဲ႔ ၇ ရက္ေန႔ ၂ ရက္အတြင္း ကမ္ခ်နဘူရီျပည္နယ္ တခုတည္းမွာပဲ တရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာႏုိင္ငံသား ၃၀၀ ေက်ာ္ရွိခဲ့တယ္လို႔ ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ရက္ရဲ႕ ဟတ္႐ုိင္ၿမိဳ႕တာဝန္ခံ ဦးဘရီက အခုလိုေျပာျပပါတယ္။

“က်ေနာ္တို႔ ၆ ရက္ေန႔နဲ႔ ၇ ရက္ေန႔မွာ အကုန္လုံးမိတာ ခိုးဝင္လာသူ ၃၅၂ ေယာက္ရွိတယ္၊ ကမ္ခ်နဘူရီမွာေလ။ ဒီကာလမွာ အေထာက္အထားမရွိတဲ့ အလုပ္သမားေတြကို ပန္းေရာင္ကတ္ လုပ္ေပးေနတဲ့ကာလေလ။ ဒီေန႔ဆို ၇ ရက္ေလ။ ၁၃ ရက္ေန႔မွာ ပန္းေရာင္ကတ္ ပိတ္မယ္ဆုိေတာ့ ပန္းေရာက္ကတ္ (တရားဝင္ အလုပ္လုပ္ခြင့္ အေထာက္အထားကတ္) စာရင္းသြင္းဖို႔အတြက္ အမီ ပဲြစားေတြက အသည္းအသန္ သြင္းတယ္လို႔ သံုးသပ္လို႔ရတယ္။ ထုိင္းအစုိးရက ပန္းေရာက္ကတ္ လုပ္ေပးမယ္လို႔ တရားဝင္ ေၾကညာထားတယ္။ အဲဒီလို ေၾကညာထားေတာ့ က်ေနာ္တုိ႔ ျမန္မာအလုပ္သမားေတြကလည္း ဘယ္ေလာက္ပဲဖမ္းဖမ္း ပုိမ်ားၿပီး ဝင္လာတဲ့ အေနအထားမွာ ရွိတယ္။”

ထိုင္းအစိုးရက စက္တင္ဘာလကေန ဒီဇင္ဘာလထိ ၄ လအတြင္း တႏုိင္ငံလံုးအႏွံ႔ ကုိဗစ္ကာကြယ္ေဆး ထိုးႏွံၿပီးစီးဖို႔ ရည္မွန္းထားၿပီး ၂၀၂၂ ႏွစ္စမွာ အိမ္နီးခ်င္း နယ္စပ္ေတြကို ျပန္ဖြင့္ဖို႔ ရည္ရြယ္ထားပါတယ္။ ဒါေပမယ့္ နယ္စပ္ေတြကို ျပန္ဖြင့္မယ္ဆိုရင္ တရားမဝင္ အလုပ္သမားေတြ ဝင္ေရာက္လာမႈ ပိုမိုျမင့္တက္လာႏုိင္တဲ့အတြက္ လုံၿခံဳေရးအတြက္ စုိးရိမ္စရာရိွေၾကာင္း မေန႔ကပဲ ထိုင္းဒုရဲခ်ဳပ္ ရဲဗိုလ္ခ်ဳပ္ႀကီး ဒမ္ရြန္စတ္ ကစ္တီပရဖာ့က ေျပာဆုိသြားပါတယ္။

နယ္စပ္ေတြ ျပန္ဖြင့္မယ္ဆုိရင္ အရင္လို ႏွစ္ႏုိင္ငံၾကား ေန႔စဥ္ ကူးသန္းသြားလာမႈေတြက ရွိလာမွာျဖစ္ပါတယ္။ ကုိဗစ္ကပ္ေဘးေၾကာင့္ နယ္စပ္ေတြ ပိတ္ထားခ်ိန္မွာေတာင္ တရားမဝင္ လမ္းေတြကေန အေထာက္အထားမဲ့ဝင္လာသူ ၁၀ လအတြင္း ၃၀,၀၀၀ ေက်ာ္ ဖမ္းမိခဲ့တာေၾကာင့္ ထုိင္းအစုိးရက လံုၿခံဳေရးကို တင္းက်ပ္စြာ ခ်ထားရပါတယ္။

နယ္စပ္ေတြကို တရားဝင္ ျပန္ဖြင့္မယ္ဆုိရင္ နယ္စပ္မွာ ေန႔သြားညျပန္လုပ္ၾကမယ့္ သူေတြအတြက္ ထုိင္းအစုိးရက ကို္င္တြယ္ဖို႔ ခက္ခဲႏုိင္တယ္လို႔ အလုပ္သမားေရး လႈပ္ရွားေဆာင္ရြက္ေနတဲ့ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးတုိးတက္ေရးအဖဲြ႔က အလုပ္သမားေရးရာ တာဝန္ခံ ဦးမင္းဦးကလည္း အခုလိုေျပာပါတယ္။

“က်ေနာ္ထင္တယ္ ေန႔သြားညျပန္က မလြယ္လွဘူး။ ပိုၿပီးဆိုးမယ္။ ဝင္လာၿပီးရင္လည္း ဒီလူေတြကို ဘယ္လိုေစာင့္ၾကည့္ စစ္ေဆးမလဲ ဆိုတာေတြက ျဖစ္လာၿပီေလ။”

ထိုင္းဒုရဲခ်ဳပ္ကေတာ့ တရားမဝင္ အေထာက္အထားမဲ့ေတြ အမ်ားဆံုး ဝင္ေရာက္လာေနတဲ့ ထုိင္းေတာင္ပိုင္း၊ ေျမာက္ပိုင္း၊ အေနာက္ပုိင္း ေဒသေတြကိုေတာ့ လံုၿခံဳေရး ပိုၿပီးခ်ထားမယ္လို႔လည္း ေျပာဆုိသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ မြန်မာများ ဝင်ရောက်မှု နှစ်ဆမြင့်တက်လာ

ထိုင်း-မြန်မာနယ်စပ်တွေမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ နေ့စဉ် ရာနဲ့ချီ ဝင်ရောက်နေပြီး ကမ်ချနဘူရီပြည်နယ်ထဲမှာ ၂ ရက်အတွင်း ၃၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ထိုင်းအစိုးရအနေနဲ့ မကြာခင်မှာ နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်ခဲ့ရင် အိမ်နီးချင်းနိုင်ငံတွေက တရားမဝင် အလုပ်သမားတွေ ပိုမိုဝင်ရောက်လာမှာကို စိုးရိမ်ရတယ်လို့ ထိုင်းဒုရဲချုပ်က ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံအတွင်းကို တရားမဝင် မြန်မာနိုင်ငံသားတွေ နေ့စဉ် ရာနဲ့ချီ အစုလိုက်အပြုံလိုက် ဝင်လာတာကို ဖမ်းဆီးခဲ့ရာမှာ စက်တင်ဘာလထက် အောက်တိုဘာလမှာ တရားမဝင်ခိုးဝင်မှု အရေအတွက်က ၂ ဆ မြင့်တက်ခဲ့တယ်လို့ ထိုင်းဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဒမ်ရွန်စတ် ကစ်တီပရဖာ့က ပြောပါတယ်။ နိုဝင်ဘာလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ ၂ ရက်အတွင်း ကမ်ချနဘူရီပြည်နယ် တခုတည်းမှာပဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၀၀ ကျော်ရှိခဲ့တယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ရဲ့ ဟတ်ရိုင်မြို့တာဝန်ခံ ဦးဘရီက အခုလိုပြောပြပါတယ်။

“ကျနော်တို့ ၆ ရက်နေ့နဲ့ ၇ ရက်နေ့မှာ အကုန်လုံးမိတာ ခိုးဝင်လာသူ ၃၅၂ ယောက်ရှိတယ်၊ ကမ်ချနဘူရီမှာလေ။ ဒီကာလမှာ အထောက်အထားမရှိတဲ့ အလုပ်သမားတွေကို ပန်းရောင်ကတ် လုပ်ပေးနေတဲ့ကာလလေ။ ဒီနေ့ဆို ၇ ရက်လေ။ ၁၃ ရက်နေ့မှာ ပန်းရောင်ကတ် ပိတ်မယ်ဆိုတော့ ပန်းရောက်ကတ် (တရားဝင် အလုပ်လုပ်ခွင့် အထောက်အထားကတ်) စာရင်းသွင်းဖို့အတွက် အမီ ပွဲစားတွေက အသည်းအသန် သွင်းတယ်လို့ သုံးသပ်လို့ရတယ်။ ထိုင်းအစိုးရက ပန်းရောက်ကတ် လုပ်ပေးမယ်လို့ တရားဝင် ကြေညာထားတယ်။ အဲဒီလို ကြေညာထားတော့ ကျနော်တို့ မြန်မာအလုပ်သမားတွေကလည်း ဘယ်လောက်ပဲဖမ်းဖမ်း ပိုများပြီး ဝင်လာတဲ့ အနေအထားမှာ ရှိတယ်။”

ထိုင်းအစိုးရက စက်တင်ဘာလကနေ ဒီဇင်ဘာလထိ ၄ လအတွင်း တနိုင်ငံလုံးအနှံ့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးဖို့ ရည်မှန်းထားပြီး ၂၀၂၂ နှစ်စမှာ အိမ်နီးချင်း နယ်စပ်တွေကို ပြန်ဖွင့်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် နယ်စပ်တွေကို ပြန်ဖွင့်မယ်ဆိုရင် တရားမဝင် အလုပ်သမားတွေ ဝင်ရောက်လာမှု ပိုမိုမြင့်တက်လာနိုင်တဲ့အတွက် လုံခြုံရေးအတွက် စိုးရိမ်စရာရှိကြောင်း မနေ့ကပဲ ထိုင်းဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဒမ်ရွန်စတ် ကစ်တီပရဖာ့က ပြောဆိုသွားပါတယ်။

နယ်စပ်တွေ ပြန်ဖွင့်မယ်ဆိုရင် အရင်လို နှစ်နိုင်ငံကြား နေ့စဉ် ကူးသန်းသွားလာမှုတွေက ရှိလာမှာဖြစ်ပါတယ်။ ကိုဗစ်ကပ်ဘေးကြောင့် နယ်စပ်တွေ ပိတ်ထားချိန်မှာတောင် တရားမဝင် လမ်းတွေကနေ အထောက်အထားမဲ့ဝင်လာသူ ၁၀ လအတွင်း ၃၀,၀၀၀ ကျော် ဖမ်းမိခဲ့တာကြောင့် ထိုင်းအစိုးရက လုံခြုံရေးကို တင်းကျပ်စွာ ချထားရပါတယ်။

နယ်စပ်တွေကို တရားဝင် ပြန်ဖွင့်မယ်ဆိုရင် နယ်စပ်မှာ နေ့သွားညပြန်လုပ်ကြမယ့် သူတွေအတွက် ထိုင်းအစိုးရက ကိုင်တွယ်ဖို့ ခက်ခဲနိုင်တယ်လို့ အလုပ်သမားရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးကလည်း အခုလိုပြောပါတယ်။

“ကျနော်ထင်တယ် နေ့သွားညပြန်က မလွယ်လှဘူး။ ပိုပြီးဆိုးမယ်။ ဝင်လာပြီးရင်လည်း ဒီလူတွေကို ဘယ်လိုစောင့်ကြည့် စစ်ဆေးမလဲ ဆိုတာတွေက ဖြစ်လာပြီလေ။”

ထိုင်းဒုရဲချုပ်ကတော့ တရားမဝင် အထောက်အထားမဲ့တွေ အများဆုံး ဝင်ရောက်လာနေတဲ့ ထိုင်းတောင်ပိုင်း၊ မြောက်ပိုင်း၊ အနောက်ပိုင်း ဒေသတွေကိုတော့ လုံခြုံရေး ပိုပြီးချထားမယ်လို့လည်း ပြောဆိုသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG