သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏုိင္ငံမွာ လူေမွာင္ခိုကား တိမ္းေမွာက္မႈေၾကာင့္ ျမန္မာ ၃ ဦး ေသဆုံး


ကားတိမ္းေမွာက္မႈေၾကာင့္ ေသဆံုး ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြကို ကယ္ဆယ္ေရး ေဆာင္ရြက္ေနတဲ့ျမင္ကြင္း။ (ႏုိဝင္ဘာ ၆၊ ၂၀၂၁။ ထိုင္းလူမႈကယ္ဆယ္ေရးအဖဲြ႔)

(Zawgyi / Unicode)

ထိုင္းႏိုင္ငံ တာ့ခ္ျပည္နယ္နဲ႔နီးတဲ့ ကမ္ဖယ္ဖက္ျပည္နယ္ထဲမွာ ျမန္မာႏုိင္ငံသားေတြကို လူကုန္ကူးသူေတြက တင္ေဆာင္လာတဲ့ ကားတစီး ေသာၾကာေန႔ညက တိမ္းေမွာက္ခဲ့ပါတယ္။ ကားတိမ္းေမွာက္တာေၾကာင့္ ဒဏ္ရာရလူနာေတြ အပါအဝင္ လူ ၂၃ ဦးကို လူကုန္ကူးသူေတြက စြန္႔ပစ္သြားခဲ့တာေၾကာင့္ လူ ၃ ဦးေသဆံုးၿပီး ၄ ဦးကေတာ့ ျပင္းထန္တဲ့ ဒဏ္ရာေတြနဲ႔ ေဆး႐ုံပုိ႔ ကုသခံေနရပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထုိင္း-ျမန္မာနယ္စပ္ ျမဝတီ-မဲေဆာက္လမ္းကေန တရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာႏုိင္ငံသား ၆၀ ထက္မနည္းကို လူေမွာင္ခိုသမားေတြက ကား ၂ စီးနဲ႔ သယ္ေဆာင္လာခဲ့တာပါ။ မဲေဆာက္ကေန သယ္ေဆာင္လာခ်ိန္မွာေတာ့ နာရီဝက္ခန္႔ ကားစီးခဲ့ရၿပီး ေတာထဲမွာ ၂ ရက္ေလာက္ လမ္းေလွ်ာက္ခိုင္းခဲ့တယ္လို႔ ဆုိပါတယ္။ ဒီေနာက္မွာေတာ့ ေတာင္ၾကားလမ္းတခုမွာ ကား ၂ စီး လာျပန္ႀကိဳခဲ့ၿပီး တစီးက ေတာင္ၾကားမွာပဲ တိမ္းေမွာက္ခဲ့ပါတယ္။ ဒီျဖစ္စဥ္ေၾကာင့္ ျမန္မာႏုိင္ငံသား ၃ ဦးေသဆံုးၿပီး ၄ ဦး ဒဏ္ရာျပင္းထန္စြာ ရခဲ့တယ္လို႔ AAC မဟာမိတ္အဖဲြ႔က အလုပ္သမားေရး တက္ႂကြလႈပ္ရွားသူ ကိုရဲမင္းက အခုလိုေျပာျပပါတယ္။

“ျမန္မာႏုိင္ငံသား ၄ ဦး ဒဏ္ရာရၿပီး ၃ ဦး ကားတိမ္းေမွာက္မႈျဖစ္တဲ့ ေနရာမွာ ေသဆံုးသြားတဲ့ ျဖစ္စဥ္ပါ။ ကားမေမွာက္တဲ့သူေတြကိုေတာ့ စြန္႔ပစ္သြားတာေပါ့။ စြန္႔ပစ္သြားတဲ့သူေတြက ဆက္သြယ္လာတာ ျဖစ္ပါတယ္။ တျခားလူ ၁၃ ဦးေလာက္လည္း ဒဏ္ရာအနည္းအက်ဥ္း ရတယ္လို႔ သိရပါတယ္။ အဲဒီထဲက ေသဆံုးသြားတဲ့ အမ်ိဳးသမီးတဦးရဲ႕ ခင္ပြန္းျဖစ္သူ အမ်ိဳးသားတဦးကလည္း က်ေနာ္တုိ႔ကို ဆက္သြယ္လာတယ္။ အကူအညီေတာင္းတာေတြ လုပ္ေဆာင္လာပါတယ္။ ျဖစ္စဥ္ကေတာ့ ညဘက္လို႔ ေျပာရမယ္။ လာႀကိဳတဲ့ကယ္ရီကား (လူေမွာင္ခိုကား) ေမွာက္တဲ့ျဖစ္စဥ္ပါ။”

လူေမွာင္ခိုသမားေတြဟာ လူ ၆၀ ခန္႔ကို ကား ၂ စီးနဲ႔ လိုက္ပါေစခဲ့ၿပီး ကားေပၚမွာ လူေတြကို အျပည့္တင္လာခဲ့တာပါ။ ကားေပၚမွာ အားလံုး ထိုင္လိုက္လာဖို႔အတြက္ မဆန္႔တဲ့အတြက္ ကားေပၚမွာ မတ္တတ္ရပ္ လုိက္ပါခဲ့ရၿပီး သူတို႔ကိုေတာ့ အေပၚကေန ပလတ္စတစ္ အမည္းစေတြအုပ္ၿပီး ေခၚလာခဲ့ၾကတယ္လို႔ ကားတိမ္းေမွာက္မႈမွာပါတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြက ေျပာျပပါတယ္။

ေတာင္ၾကားမွာ ကားတိမ္းေမွာက္မႈ ျဖစ္ၿပီးေနာက္ ဒဏ္ရာရလူနာေတြနဲ႔ အတူပါလာတဲ့ ၂၃ ဦးပါတဲ့ အုပ္စုကို ကားေမွာက္တဲ့ေနရာကေန ေခၚလာၿပီး ရာဘာေတာအနီးက ေတာလမ္းတေနရာမွာ စြန္႔ပစ္သြားခဲ့တာေၾကာင့္ ဒဏ္ရာရသူေတြဟာ အခ်ိန္မီ ေဆး႐ုံပို႔ခြင့္မရဘဲ ေသဆံုးခဲ့ရတယ္လို႔ ေသဆံုးသူတဦးရဲ႕ ခင္ပြန္းျဖစ္သူက ေျပာျပပါတယ္။

“က်ေနာ္တို႔ ၂၃ ေယာက္ကို ထားခဲ့တယ္။ က်ေနာ္တုိ႔ လူနာေတြက မေသသင့္ဘဲ ေသရတယ္။ လူေကာင္းေတြကို မပုိ႔ဘဲ က်ေနာ္တို႔ လူနာေတြကို ပုိ႔မယ္ဆိုရင္ မေသဘူး။ ေဆး႐ုံကား လာမယ္ဆိုၿပီး က်ေနာ္တို႔ကို ေျပာတယ္။ က်ေနာ္တုိ႔က ဘယ္ေနရာေရာက္ေနလဲ ဆိုတာလည္း မသိဘူး။ အဲဒီေနရာမွာ ဖုန္းလိုင္းလည္း မမိဘူးေလ။ သူတို႔လုပ္ခ်င္တာ လုပ္သြားတယ္။ ေရြးၿပိီးတင္သြားတယ္။ ေဆး႐ုံကားလာမယ္ဆုိၿပီး ေစာင့္ေနတာ မနက္ ၂ နာရီထုိးခါနီး ျဖစ္သြားတယ္။ လူ ၃ ဦးက ေသသြားၿပီ။ က်ေနာ့္မိန္းမလည္း ေသသြားတယ္။ က်ေနာ့္သူငယ္ခ်င္းမိန္းမလည္း ေသသြားတယ္။ က်ေနာ့္သူငယ္ခ်င္းလည္း ေသသြားတယ္။ ဒဏ္ရာရသူေတြက ၄ ေယာက္ အႀကိတ္အနယ္ပဲ ေအာ္ၿပီး ခံစားေနရတယ္။”

ဒဏ္ရာရသူေတြပါတဲ့ လူ ၂၃ ဦးကို ရာဘာေတာအနီးမွာ စြန္႔ပစ္ခဲ့တာေၾကာင့္ မနက္လင္းတဲ့အခ်ိန္မွာ ထုိင္းေက်းရြာသားေတြက သတင္းေပးတဲ့အတြက္ ထုိင္းရဲေတြ ေရာက္ရွိလာၿပီး စစ္ေဆးေမးျမန္းခဲ့ၿပီး ေသဆံုးသူေတြနဲ႔ ဒဏ္ရာရသူေတြကို ေခၚေဆာင္သြားခဲ့တယ္လို႔ ဆုိပါတယ္။ က်န္တဲ့သူေတြကိုေတာ့ အနီးနားက ဘုန္းေတာ္ႀကီးေက်ာင္းတခုမွာ ထားၿပီး ကုိဗစ္ကပ္ေရာဂါ စစ္ေဆးတာအျပင္ လူကုန္ကူးမႈျဖစ္စဥ္ကို အေသးစိတ္ စစ္ေဆးေနတယ္လို႔လည္း ကိုရဲမင္းက ေျပာျပပါတယ္။

“ကိုဗစ္စစ္ေဆးမႈေတြ လုပ္တယ္။ ဒဏ္ရာရသူေတြကို ေဆး႐ုံမွာ ကုသေပးေနတယ္။ ျဖစ္စဥ္ေနာက္ဆက္တဲြ ကြင္းဆက္ေတြကိုေတာ့ ထုိင္းအာဏာပုိင္ေတြက လိုက္လံေဖာ္ထုတ္ေနတယ္လို႔ သိရပါတယ္။”

ထိုင္းႏုိင္ငံထဲကို ေအာက္တိုဘာလကုန္အထိ တရားမဝင္ ဝင္ေရာက္လာသူ ၃၀,၀၀၀ ေက်ာ္ရွိတယ္လို႔ ထုိင္းအာဏာပိုင္ေတြကို ကိုးကားၿပီး ထုိင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။ ေန႔စဥ္လည္း လူအစုလိုက္အၿပံဳလိုက္ ဖမ္းမိေနတဲ့အတြက္ ထိုင္းအာဏာပိုင္ေတြက တာ့ခ္ျပည္နယ္ အပါအဝင္ ျပည္နယ္ ၁၀ ခုကို လံုၿခံဳေရးေတြ တိုးၿပီး ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

ထိုင်းနိုင်ငံမှာ လူမှောင်ခိုကား တိမ်းမှောက်မှုကြောင့် မြန်မာ ၃ ဦး သေဆုံး

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်နဲ့နီးတဲ့ ကမ်ဖယ်ဖက်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးသူတွေက တင်ဆောင်လာတဲ့ ကားတစီး သောကြာနေ့ညက တိမ်းမှောက်ခဲ့ပါတယ်။ ကားတိမ်းမှောက်တာကြောင့် ဒဏ်ရာရလူနာတွေ အပါအဝင် လူ ၂၃ ဦးကို လူကုန်ကူးသူတွေက စွန့်ပစ်သွားခဲ့တာကြောင့် လူ ၃ ဦးသေဆုံးပြီး ၄ ဦးကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံပို့ ကုသခံနေရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်လမ်းကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆၀ ထက်မနည်းကို လူမှောင်ခိုသမားတွေက ကား ၂ စီးနဲ့ သယ်ဆောင်လာခဲ့တာပါ။ မဲဆောက်ကနေ သယ်ဆောင်လာချိန်မှာတော့ နာရီဝက်ခန့် ကားစီးခဲ့ရပြီး တောထဲမှာ ၂ ရက်လောက် လမ်းလျှောက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ တောင်ကြားလမ်းတခုမှာ ကား ၂ စီး လာပြန်ကြိုခဲ့ပြီး တစီးက တောင်ကြားမှာပဲ တိမ်းမှောက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံသား ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာပြင်းထန်စွာ ရခဲ့တယ်လို့ AAC မဟာမိတ်အဖွဲ့က အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ကိုရဲမင်းက အခုလိုပြောပြပါတယ်။

“မြန်မာနိုင်ငံသား ၄ ဦး ဒဏ်ရာရပြီး ၃ ဦး ကားတိမ်းမှောက်မှုဖြစ်တဲ့ နေရာမှာ သေဆုံးသွားတဲ့ ဖြစ်စဉ်ပါ။ ကားမမှောက်တဲ့သူတွေကိုတော့ စွန့်ပစ်သွားတာပေါ့။ စွန့်ပစ်သွားတဲ့သူတွေက ဆက်သွယ်လာတာ ဖြစ်ပါတယ်။ တခြားလူ ၁၃ ဦးလောက်လည်း ဒဏ်ရာအနည်းအကျဉ်း ရတယ်လို့ သိရပါတယ်။ အဲဒီထဲက သေဆုံးသွားတဲ့ အမျိုးသမီးတဦးရဲ့ ခင်ပွန်းဖြစ်သူ အမျိုးသားတဦးကလည်း ကျနော်တို့ကို ဆက်သွယ်လာတယ်။ အကူအညီတောင်းတာတွေ လုပ်ဆောင်လာပါတယ်။ ဖြစ်စဉ်ကတော့ ညဘက်လို့ ပြောရမယ်။ လာကြိုတဲ့ကယ်ရီကား (လူမှောင်ခိုကား) မှောက်တဲ့ဖြစ်စဉ်ပါ။”

လူမှောင်ခိုသမားတွေဟာ လူ ၆၀ ခန့်ကို ကား ၂ စီးနဲ့ လိုက်ပါစေခဲ့ပြီး ကားပေါ်မှာ လူတွေကို အပြည့်တင်လာခဲ့တာပါ။ ကားပေါ်မှာ အားလုံး ထိုင်လိုက်လာဖို့အတွက် မဆန့်တဲ့အတွက် ကားပေါ်မှာ မတ်တတ်ရပ် လိုက်ပါခဲ့ရပြီး သူတို့ကိုတော့ အပေါ်ကနေ ပလတ်စတစ် အမည်းစတွေအုပ်ပြီး ခေါ်လာခဲ့ကြတယ်လို့ ကားတိမ်းမှောက်မှုမှာပါတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ပြောပြပါတယ်။

တောင်ကြားမှာ ကားတိမ်းမှောက်မှု ဖြစ်ပြီးနောက် ဒဏ်ရာရလူနာတွေနဲ့ အတူပါလာတဲ့ ၂၃ ဦးပါတဲ့ အုပ်စုကို ကားမှောက်တဲ့နေရာကနေ ခေါ်လာပြီး ရာဘာတောအနီးက တောလမ်းတနေရာမှာ စွန့်ပစ်သွားခဲ့တာကြောင့် ဒဏ်ရာရသူတွေဟာ အချိန်မီ ဆေးရုံပို့ခွင့်မရဘဲ သေဆုံးခဲ့ရတယ်လို့ သေဆုံးသူတဦးရဲ့ ခင်ပွန်းဖြစ်သူက ပြောပြပါတယ်။

“ကျနော်တို့ ၂၃ ယောက်ကို ထားခဲ့တယ်။ ကျနော်တို့ လူနာတွေက မသေသင့်ဘဲ သေရတယ်။ လူကောင်းတွေကို မပို့ဘဲ ကျနော်တို့ လူနာတွေကို ပို့မယ်ဆိုရင် မသေဘူး။ ဆေးရုံကား လာမယ်ဆိုပြီး ကျနော်တို့ကို ပြောတယ်။ ကျနော်တို့က ဘယ်နေရာရောက်နေလဲ ဆိုတာလည်း မသိဘူး။ အဲဒီနေရာမှာ ဖုန်းလိုင်းလည်း မမိဘူးလေ။ သူတို့လုပ်ချင်တာ လုပ်သွားတယ်။ ရွေးပြီးတင်သွားတယ်။ ဆေးရုံကားလာမယ်ဆိုပြီး စောင့်နေတာ မနက် ၂ နာရီထိုးခါနီး ဖြစ်သွားတယ်။ လူ ၃ ဦးက သေသွားပြီ။ ကျနော့်မိန်းမလည်း သေသွားတယ်။ ကျနော့်သူငယ်ချင်းမိန်းမလည်း သေသွားတယ်။ ကျနော့်သူငယ်ချင်းလည်း သေသွားတယ်။ ဒဏ်ရာရသူတွေက ၄ ယောက် အကြိတ်အနယ်ပဲ အော်ပြီး ခံစားနေရတယ်။”

ဒဏ်ရာရသူတွေပါတဲ့ လူ ၂၃ ဦးကို ရာဘာတောအနီးမှာ စွန့်ပစ်ခဲ့တာကြောင့် မနက်လင်းတဲ့အချိန်မှာ ထိုင်းကျေးရွာသားတွေက သတင်းပေးတဲ့အတွက် ထိုင်းရဲတွေ ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းခဲ့ပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ကျန်တဲ့သူတွေကိုတော့ အနီးနားက ဘုန်းတော်ကြီးကျောင်းတခုမှာ ထားပြီး ကိုဗစ်ကပ်ရောဂါ စစ်ဆေးတာအပြင် လူကုန်ကူးမှုဖြစ်စဉ်ကို အသေးစိတ် စစ်ဆေးနေတယ်လို့လည်း ကိုရဲမင်းက ပြောပြပါတယ်။

“ကိုဗစ်စစ်ဆေးမှုတွေ လုပ်တယ်။ ဒဏ်ရာရသူတွေကို ဆေးရုံမှာ ကုသပေးနေတယ်။ ဖြစ်စဉ်နောက်ဆက်တွဲ ကွင်းဆက်တွေကိုတော့ ထိုင်းအာဏာပိုင်တွေက လိုက်လံဖော်ထုတ်နေတယ်လို့ သိရပါတယ်။”

ထိုင်းနိုင်ငံထဲကို အောက်တိုဘာလကုန်အထိ တရားမဝင် ဝင်ရောက်လာသူ ၃၀,၀၀၀ ကျော်ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ နေ့စဉ်လည်း လူအစုလိုက်အပြုံလိုက် ဖမ်းမိနေတဲ့အတွက် ထိုင်းအာဏာပိုင်တွေက တာ့ခ်ပြည်နယ် အပါအဝင် ပြည်နယ် ၁၀ ခုကို လုံခြုံရေးတွေ တိုးပြီး ချထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG