သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေထာက္အထားမဲ႔ ဝင္ေရာက္သူ ျမန္မာ၂၀၀ ခန္႔ ထိုင္းရဲဖမ္းဆီး


အေထာက္အထားမဲ႔ ဝင္ေရာက္သူ ျမန္မာ၂၀၀ ခန္႔ ထိုင္းရဲဖမ္းဆီး

{{Zawgyi/Unicode}}

ထိုင္းႏိုင္ငံတြင္းမွာလူကုန္ကူးမူေတြ တရားမ၀င္အေထာက္အထားမဲ့ေတြ ေနစဥ္လို့၀င္ေရာက္ေနတဲ့အတြက္ျပည္နယ္ ၁၀ခုကနယ္စပ္ေတြကို လံုးျခံုေရးတင္းႀကပ္ေနတဲ့ႀကားကပဲ ၂ရက္အတြင္း ျမန္မာအလုပ္သမား ၂၀၀ေလာက္ဟာ ကမ္ခ်နဘူရီျပည္နယ္ ရေနာင္းျပည္နယ္ ခ်င္းမိုင္ျပည္နယ္ေတြထဲကို၀င္ေရာက္လာတဲ့အတြက္ ဖမ္းဆီးခံရပါတယ္ ဒီသတင္းကိုဗြီအိုေအသတင္းေထာက္မေအးေအးမာကေျပာျပေပးပါမယ္။

ထိုင္းျမန္မာနယ္စပ္ျဖစ္တဲ့ ကမ္ခ်နဘူရီျပည္နယ္ ရေနာင္းျပည္နယ္ ခ်င္းမုိင္ျပည္နယ္ေတြထဲကို အေထာက္အထားမဲ့ျမန္မာေတြ ရာဂဏန္းနဲ့၀င္လာတဲ့အတြက္ဖမ္းဆီးခံခဲ့ရေႀကာင္း ထိုင္းအေျခစိုက္AAC မဟာမိတ္အဖဲြ ့က အလုပ္သမားေရးလွဳပ္ရွားသူကိုရဲမင္းကအခုလိုေျပာျပပါတယ္။

" ၁၂၀ထိကိုဖမ္းခံထိပါတယ္ တေနရာတည္းကို တရားမ၀င္လမ္းေႀကာင္းကေန ၀င္လာတဲ့ေရႊေျပာင္း အလုပ္သမား၁၂၀ဦးဖမ္းခံထိတာပါ ။ ထိုင္းႏိုင္ငံ ကမ္ခ်နဘူရီခရိုင္ ေတာလမ္းတေနရာမွာပါ။ သူတို့က ထား၀ယ္ ေမာ္လျမိဳင္ပဲခူးဘက္ကေန လာႀကတဲ့ ထိုင္းအလုပ္လုပ္ဖုိ့လာႀကတဲ့သူေတြပါ"

ေယာက္က်ားေလး ၆၅ေယာက္ ၊ မိန္းကေလး၅၅ေယာက္လုိ့သိရပါတယ္ ။ သစ္ေတာထဲပုန္းေအာင္းေနစဥ္မွာ ထိုင္းရြာသားေတြကသတင္းေပးမူ့ေႀကာင့္ နယ္ေျမခံအမွတ္ ၁၃၆ ရဲတပ္ရင္းနဲ့ သက္ဆုိင္ရာအာဏာပိုင္ေတြကသြားေရာက္ရွာေဖြဖမ္းဆီးခဲ့တာပါ ။

"၂၅ရက္ေန႔ကလည္း ရန္ကုန္ ၊ ပဲခူး၊ ေမာ္လျမဳိင္ေဒသစံုကေန ထုိင္းႏိုင္ငံထဲကို တရားမ၀င္ အလုပ္လုပ္ဖုိ့အတြက္၀င္ေရာက္လာသူ ၄၄ဦး ဖမ္းဆီးခံရပါတယ္။ သူတို့ကေတာ့ ေကာ့ေသာင္း ၊ ရေနာင္းလမ္း ကေန ၀င္ေရာက္လာတာပါ ။ဒီေန့တရက္တည္းမွာပဲ ထုိင္းျမန္မာနယ္စပ္ခ်င္းမုိင္ျပည္နယ္ ဖန္ျမဳိ့နယ္ထဲမွာပဲ နယ္ျခားေစာင့္အမွတ္ (၃)စစ္ေဒသကေန ဖမ္းဆီးလိုက္တာက အားလံုးျမန္မာႏို္င္ငံသား ၂၆ ေယာက္ျဖစ္ပါတယ္။ ၂ရက္အတြင္းမွာပဲျမန္မာႏိုင္ငံသား ၂၀၀ေလာက္ဖမ္းဆီးခံရပါတယ္"

၀င္လာႀကသူေတြဟာ လူကုန္ကူးတဲ့ပဲြစားေတြကို အခေႀကးေငြေပးျပီး၀င္ေရာက္လာႀကတာျဖစ္ျပီး သူတို့နဲ့အတူ လူပဲြစားတခ်ိဳ ့လည္းဖမ္းမိခဲ့ပါတယ္ ။

ထိုင္းအစုိးရက ျပည္နယ္၁၀ခု ရဲ႕နယ္စပ္ေတြကို တင္းတင္းႀကပ္ႀကပ္ လံုျခံဳေရးတုိးခ်ထားခ်ိန္မွာပဲ အခုလို့ လူဦးေရ ရာနဲ့ခ်ီျပီး ဖမ္းမိခဲ့တာပါ။ဒါဟာျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးစီးပြားေရးအႀကပ္အတည္းေတြႀကားထဲမွာစား၀တ္ေနေရးအတြက္ အလုပ္လုပ္ကုိင္ဖို့ လာခဲ့ႀကသူေတြျဖစ္တယ္လို့ဆုိပါတယ္ ဒီလပုိင္းအတြင္းမွာပဲ ေထာင္နဲ့ခ်ီဖမ္းမိေနတယ္လို့လည္းကိုရဲမင္းကေျပာပါတယ္။

"အခု လြန္ခဲ့တဲ့ ၂လအတြင္းမွာကို က်ေနာ္တို့ျမန္မာႏိုင္ငံသား ၇ေထာင္ေလာက္ကိုဖမ္းဆီးခံထားရျပီလို့သိထားရပါတယ္ ။အာဏာသိမ္းလိုက္ျပီးေနာက္ပိုင္းမွာ က်ေနာ္တို့ျမန္မာႏိုင္ငံရဲ ့အႀကပ္အတည္း အလုပ္အကုိင္အခက္အခဲေတြႀကားက ဖမ္းေနမွန္းသိလ်က္နဲ့ စြန့္စြန့္စားစား၀င္ေရာက္လာႀကသူေတြျဖစ္ပါတယ္"

ထို္င္းႏုိင္ငံမွာျမန္မာေရႊေျပာင္းအလုပ္သမား ၃သန္းထက္မနည္းအလုပ္လုပ္ကိုင္ေနႀကတာျဖစ္ျပီး တရားမ၀င္အေထာက္အထားမရွိသူေတြလည္းအမ်ားအျပားရွိေနပါတယ္ ။ေနစဥ္လည္းျမန္မာႏိုင္ငံသားအေထာက္အထားမဲ့ေတြ ရာနဲ့ခ်ီျပီး၀င္လာေနတာပါ ။ ဒီအတြက္ ထုိင္းအစုိးရ က ထိုင္းျမန္မာနယ္စပ္ေတြအပါအ၀င္နယ္စပ္ေတြကို ၂၄နာရီလံုးလံုျခံုေရးတင္းႀကပ္စြာခ်ထားဖို့ ျပည္နယ္ ၁၀ခုကအာဏာပိုင္ေတြကို ညႊန္ႀကားထားပါတယ္ရွင္။

...............................

{{Unicode}}

ထိုင်းနိုင်ငံတွင်းမှာလူကုန်ကူးမူတွေ တရားမဝင်အထောက်အထားမဲ့တွေ နေစဉ်လို့ဝင်ရောက်နေတဲ့အတွက်ပြည်နယ် ၁၀ခုကနယ်စပ်တွေကို လုံးခြုံရေးတင်းကြပ်နေတဲ့ကြားကပဲ ၂ရက်အတွင်း မြန်မာအလုပ်သမား ၂၀၀လောက်ဟာ ကမ်ချနဘူရီပြည်နယ် ရနောင်းပြည်နယ် ချင်းမိုင်ပြည်နယ်တွေထဲကိုဝင်ရောက်လာတဲ့အတွက် ဖမ်းဆီးခံရပါတယ် ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။

ထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့ ကမ်ချနဘူရီပြည်နယ် ရနောင်းပြည်နယ် ချင်းမိုင်ပြည်နယ်တွေထဲကို အထောက်အထားမဲ့မြန်မာတွေ ရာဂဏန်းနဲ့ဝင်လာတဲ့အတွက်ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းအခြေစိုက်AAC မဟာမိတ်အဖွဲ့က အလုပ်သမားရေးလှုပ်ရှားသူကိုရဲမင်းကအခုလိုပြောပြပါတယ်။

" ၁၂၀ထိကိုဖမ်းခံထိပါတယ် တနေရာတည်းကို တရားမဝင်လမ်းကြောင်းကနေ ဝင်လာတဲ့ရွှေပြောင်း အလုပ်သမား၁၂၀ဦးဖမ်းခံထိတာပါ ။ ထိုင်းနိုင်ငံ ကမ်ချနဘူရီခရိုင် တောလမ်းတနေရာမှာပါ။ သူတို့က ထားဝယ် မော်လမြိုင်ပဲခူးဘက်ကနေ လာကြတဲ့ ထိုင်းအလုပ်လုပ်ဖို့လာကြတဲ့သူတွေပါ"

ယောက်ကျားလေး ၆၅ယောက် ၊ မိန်းကလေး၅၅ယောက်လို့သိရပါတယ် ။ သစ်တောထဲပုန်းအောင်းနေစဉ်မှာ ထိုင်းရွာသားတွေကသတင်းပေးမူ့ကြောင့် နယ်မြေခံအမှတ် ၁၃၆ ရဲတပ်ရင်းနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကသွားရောက်ရှာဖွေဖမ်းဆီးခဲ့တာပါ ။

"၂၅ရက်နေ့ကလည်း ရန်ကုန် ၊ ပဲခူး၊ မော်လမြိုင်ဒေသစုံကနေ ထိုင်းနိုင်ငံထဲကို တရားမဝင် အလုပ်လုပ်ဖို့အတွက်ဝင်ရောက်လာသူ ၄၄ဦး ဖမ်းဆီးခံရပါတယ်။ သူတို့ကတော့ ကော့သောင်း ၊ ရနောင်းလမ်း ကနေ ဝင်ရောက်လာတာပါ ။ဒီနေ့တရက်တည်းမှာပဲ ထိုင်းမြန်မာနယ်စပ်ချင်းမိုင်ပြည်နယ် ဖန်မြို့နယ်ထဲမှာပဲ နယ်ခြားစောင့်အမှတ် (၃)စစ်ဒေသကနေ ဖမ်းဆီးလိုက်တာက အားလုံးမြန်မာနိုင်ငံသား ၂၆ ယောက်ဖြစ်ပါတယ်။ ၂ရက်အတွင်းမှာပဲမြန်မာနိုင်ငံသား ၂၀၀လောက်ဖမ်းဆီးခံရပါတယ်"

ဝင်လာကြသူတွေဟာ လူကုန်ကူးတဲ့ပွဲစားတွေကို အခကြေးငွေပေးပြီးဝင်ရောက်လာကြတာဖြစ်ပြီး သူတို့နဲ့အတူ လူပွဲစားတချို့လည်းဖမ်းမိခဲ့ပါတယ် ။

ထိုင်းအစိုးရက ပြည်နယ်၁၀ခု ရဲ့နယ်စပ်တွေကို တင်းတင်းကြပ်ကြပ် လုံခြုံရေးတိုးချထားချိန်မှာပဲ အခုလို့ လူဦးရေ ရာနဲ့ချီပြီး ဖမ်းမိခဲ့တာပါ။ဒါဟာမြန်မာနိုင်ငံမှာ နိုင်ငံရေးစီးပွားရေးအကြပ်အတည်းတွေကြားထဲမှာစားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ဖို့ လာခဲ့ကြသူတွေဖြစ်တယ်လို့ဆိုပါတယ် ဒီလပိုင်းအတွင်းမှာပဲ ထောင်နဲ့ချီဖမ်းမိနေတယ်လို့လည်းကိုရဲမင်းကပြောပါတယ်။

"အခု လွန်ခဲ့တဲ့ ၂လအတွင်းမှာကို ကျနော်တို့မြန်မာနိုင်ငံသား ၇ထောင်လောက်ကိုဖမ်းဆီးခံထားရပြီလို့သိထားရပါတယ် ။အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာ ကျနော်တို့မြန်မာနိုင်ငံရဲ့အကြပ်အတည်း အလုပ်အကိုင်အခက်အခဲတွေကြားက ဖမ်းနေမှန်းသိလျက်နဲ့ စွန့်စွန့်စားစားဝင်ရောက်လာကြသူတွေဖြစ်ပါတယ်"

ထိုင်းနိုင်ငံမှာမြန်မာရွှေပြောင်းအလုပ်သမား ၃သန်းထက်မနည်းအလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး တရားမဝင်အထောက်အထားမရှိသူတွေလည်းအများအပြားရှိနေပါတယ် ။နေစဉ်လည်းမြန်မာနိုင်ငံသားအထောက်အထားမဲ့တွေ ရာနဲ့ချီပြီးဝင်လာနေတာပါ ။ ဒီအတွက် ထိုင်းအစိုးရ က ထိုင်းမြန်မာနယ်စပ်တွေအပါအဝင်နယ်စပ်တွေကို ၂၄နာရီလုံးလုံခြုံရေးတင်းကြပ်စွာချထားဖို့ ပြည်နယ် ၁၀ခုကအာဏာပိုင်တွေကို ညွှန်ကြားထားပါတယ်ရှင်။

XS
SM
MD
LG