သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူကုန္ကူးမႈအမ်ားဆုံး နယ္စပ္မ်ား ထိုင္း လုံၿခဳံေရးတင္းက်ပ္


ထုိင္းႏုိင္ငံအတြင္း တရားမဝင္ ဝင္ေရာက္လို႔ ဖမ္းမိတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (ေအာက္တိုဘာ ၂၂၊ ၂၀၂၁။ ဓာတ္ပုံ - ထုိင္းရဲတပ္ဖြဲ႔)

(Zawgyi / Unicode)

အေထာက္အထားမဲ့ ျမန္မာမ်ား၊ လူကုန္ကူးသူမ်ား အမ်ားဆံုး ဝင္ေရာက္လာေနတဲ့ ထို္င္း-ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္၊ ကန္ခ်ဘူရီျပည္နယ္နဲ႔ ထုိင္း-မေလးနယ္စပ္က ဆံုခလာျပည္နယ္ အပါအဝင္ ျပည္နယ္ ၁၀ ခုကုိ ၂၄ နာရီလံုး လံုၿခံဳေရး တင္းက်ပ္စြာခ်ထားဖို႔ ထုိင္းအစုိးရက မေန႔က ညႊန္ၾကားလိုက္ပါတယ္။ အျပည့္အစုံကုိ ဗြီအိုေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ေတြမွာ လူကုန္ကူးသူေတြကတဆင့္ ျမန္မာႏုိင္ငံသား အေထာက္အထားမဲ့ေတြ ေန႔စဥ္ ဝင္ေရာက္လာေနတဲ့အတြက္ ျပည္နယ္ ၁၀ ခုက နယ္စပ္ေတြကို ၂၄ နာရီလံုး လံုၿခံဳေရး တင္းက်ပ္စြာခ်ထားဖို႔ ထိုင္းအစိုးရက ညႊန္ၾကားလိုက္ေၾကာင္း ထုိင္းေတာင္ပို္င္းအေျခစိုက္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရးအဖဲြ႔က အလုပ္သမားေရးရာ တာဝန္ခံ ဦးမင္းဦးက အခုလိုေျပာပါတယ္။

“၁၀ ျပည္နယ္ဆိုတာ မဲေဆာက္ပါတယ္၊ ကန္ခ်နဘူရီတို႔ ဟိုအေပၚက မယ္ေဟာင္ေဆာင္၊ ခ်င္း႐ုိင္ပါတယ္၊ ေအာက္ပုိင္းမွာဆိုရင္ ပကၽြတ္ခီရီကန္ ပါတယ္၊ ရေနာင္း၊ ခ်ံဳဖြန္း၊ ဒီဘက္က ကေမၻာဒီးယားနယ္စပ္ အေရွ႕ဘက္အျခမ္းေတြ ပါတယ္၊ ေတာင္ဘက္ဆုိရင္ ဆံုခလာ၊ ပတ္ထနီတို႔ပါမယ္၊ နယ္စပ္ေတြေပါ့၊ ျပည္နယ္ ၁၀ ခုပါတယ္။”

ကန္ခ်နဘူရီျပည္နယ္ကေန နယ္စပ္ျဖတ္ေက်ာ္ တရားမဝင္ ဝင္လာတဲ့ ျမန္မာႏုိင္ငံသားအုပ္စု ၂ စုက လူ ၃၃ ဦးကို ဒီရက္ပုိင္းမွာပဲ ဖမ္းဆီးမိခဲ့ပါတယ္။ သူတို႔ေတြဟာ ဘန္ေကာက္နဲ႔ စမြတ္ဆာခြန္ခ႐ုိင္နဲ႔ ဆာမြတ္ပရာကန္ခ႐ုိင္ ဘန္႔ပံုၿမိဳ႕ကို သြားၾကမယ့္သူေတြလို႔ ထြက္ဆိုပါတယ္။ မေန႔ကလည္း ရေနာင္းျပည္နယ္ ကရာဘူရီၿမိဳ႕နယ္ထဲမွာ အေထာက္အထားမဲ့ ျမန္မာ ၈ ဦး ဖမ္းမိခဲ့ပါတယ္။ ခ်ံဳဖြန္းျပည္နယ္ထဲမွာေတာ့ လူပဲြစား မြန္လူမ်ဳိးတဦး အပါအဝင္ ျမန္မာႏုိင္ငံသား ၈ ဦးကို ေအာက္တိုဘာလ ၂၂ ရက္ေန႔မွာ ဖမ္းမိခဲ့ပါတယ္။ ကန္ခ်နဘူရီျပည္နယ္ထဲမွာပဲ ထုိင္းနယ္ျခားေစာင့္တပ္က ျမန္မာႏုိင္ငံသား ၁၁ ဦးကုိ မေန႔က ဖမ္းမိခဲ့ပါတယ္။ ကန္ခ်နဘူရီျပည္နယ္ထဲမွာ ေအာက္တိုဘာလ ၂၀ ရက္ေန႔က ဆုိင္ယို႔နယ္စပ္မွာ ျမန္မာႏုိင္ငံသား ၁၀ ဦးနဲ႔ တေန႔တည္းမွာပဲ ၂၈ ဦး ဖမ္းမိခဲ့တာပါ။ ဒီရက္ပုိင္းမွာပဲ ကန္ခ်နဘူရီျပည္နယ္၊ ပကၽြတ္ျပည္နယ္၊ ရေနာင္းျပည္နယ္ေတြမွာ ဖမ္းမိသူ ၂၀၀ ေက်ာ္သြားၿပီျဖစ္ေၾကာင္း ဦးမင္းဦးက အခုလိုေျပာပါတယ္။

“ပကၽြတ္တို႔ ဘာတို႔ ဘာတို႔ ေပါင္းရင္ ၂၀၀ ေက်ာ္ ၂၀၀၊ ၃၀၀ ျဖစ္ေနၿပီ။ ကန္ခ်နဘူရီက အႀကိမ္မ်ားလို႔ ေန႔စဥ္ပဲမိတာ။ လူဦးေရ အေရအတြက္လည္း မ်ားတယ္။ ရေနာင္းမွာဆုိရင္ မေန႔ကလည္း မိတယ္၊ ဒီေန႔လည္း မိတယ္။ ရေနာင္းမွာက ၂၀ ေက်ာ္၊ လြန္ခဲ့တဲ့ ၃ ရက္က ၁၆ ေယာက္မိတယ္၊ ရေနာင္းအပုိ္င္မွာခ်ည္းပဲ။”

ရေနာင္းဘက္ကို ဝင္လာသူေတြကေတာ့ ျမန္မာႏုိင္ငံဘက္ကေန စက္ေလွနဲ႔ ခိုးဝင္လာၾကၿပီး စက္ေလွထဲမွာ လူပါမွန္းမသိေအာင္ သူတို႔ကုိ အေပၚကေန မုိးကာစအုပ္ၿပီး စက္ေလွထဲ လဲွေလ်ာင္းၿပီး လိုက္ပါလာခဲ့ေၾကာင္း ထိုင္းအာဏာပိုင္ေတြက စစ္ေဆးေမးျမန္းစဥ္မွာ ေျပာျပခဲ့တယ္လို႔ ဆိုပါတယ္။ ဒီေနာက္ ရေနာင္းေရာက္ၿပီးမွ ကားငယ္တစီးနဲ႔ တင္သြားတုန္း ဖမ္းမိခဲ့ၾကတာ ျဖစ္ပါတယ္။

ထုိင္းႏုိင္ငံတြင္းကို နယ္စပ္ေတြကေန ဝင္ေရာက္လာသူေတြဟာ တႏွစ္အတြင္း ေသာင္းနဲ႔ခ်ီ ရွိလာၿပီျဖစ္တာမို႔ ထုိင္းအစုိးရက လံုၿခံဳေရး တိုးၿပီး ခ်ထားေနပါတယ္။

နယ္စပ္ေတြကေန အခုလို ဝင္ေရာက္လာလို႔ ဖမ္းမိတဲ့အခါမွာ ထိုင္းအစိုးရအေနနဲ႔ ကိုဗစ္စစ္ေဆးရတာေတြ၊ ထိန္းသိမ္းထားရတဲ့ ေနရာေတြ၊ ကိုဗစ္ေစာင့္ၾကည့္စင္တာ မလံုေလာက္တာေတြ၊ ဖမ္းမိသူေတြရဲ႕ စားေသာက္ေရး ကိစၥေတြပါ အခက္အခဲေေတြ ရွိေနတာပါ။

အခုအခါမွာေတာ့ အိမ္နီးခ်င္း နယ္စပ္ေတြကေန အေထာက္အထားမဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြ မဝင္ေရာက္ႏုိင္ဖုိ႔ ထိုင္းအစုိးရက ၁၀ ျပည္နယ္ကို အထူး လံုၿခံဳေရး တင္းက်ပ္စြာခ်ထားၿပီး ဖမ္းဆီးမႈေတြလုပ္ဖုိ႔အတြက္ ညႊန္ၾကားထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

လူကုန်ကူးမှုအများဆုံး နယ်စပ်များ ထိုင်း လုံခြုံရေးတင်းကျပ်

အထောက်အထားမဲ့ မြန်မာများ၊ လူကုန်ကူးသူများ အများဆုံး ဝင်ရောက်လာနေတဲ့ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ်၊ ကန်ချဘူရီပြည်နယ်နဲ့ ထိုင်း-မလေးနယ်စပ်က ဆုံခလာပြည်နယ် အပါအဝင် ပြည်နယ် ၁၀ ခုကို ၂၄ နာရီလုံး လုံခြုံရေး တင်းကျပ်စွာချထားဖို့ ထိုင်းအစိုးရက မနေ့က ညွှန်ကြားလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်တွေမှာ လူကုန်ကူးသူတွေကတဆင့် မြန်မာနိုင်ငံသား အထောက်အထားမဲ့တွေ နေ့စဉ် ဝင်ရောက်လာနေတဲ့အတွက် ပြည်နယ် ၁၀ ခုက နယ်စပ်တွေကို ၂၄ နာရီလုံး လုံခြုံရေး တင်းကျပ်စွာချထားဖို့ ထိုင်းအစိုးရက ညွှန်ကြားလိုက်ကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

“၁၀ ပြည်နယ်ဆိုတာ မဲဆောက်ပါတယ်၊ ကန်ချနဘူရီတို့ ဟိုအပေါ်က မယ်ဟောင်ဆောင်၊ ချင်းရိုင်ပါတယ်၊ အောက်ပိုင်းမှာဆိုရင် ပကျွတ်ခီရီကန် ပါတယ်၊ ရနောင်း၊ ချုံဖွန်း၊ ဒီဘက်က ကမ္ဘောဒီးယားနယ်စပ် အရှေ့ဘက်အခြမ်းတွေ ပါတယ်၊ တောင်ဘက်ဆိုရင် ဆုံခလာ၊ ပတ်ထနီတို့ပါမယ်၊ နယ်စပ်တွေပေါ့၊ ပြည်နယ် ၁၀ ခုပါတယ်။”

ကန်ချနဘူရီပြည်နယ်ကနေ နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားအုပ်စု ၂ စုက လူ ၃၃ ဦးကို ဒီရက်ပိုင်းမှာပဲ ဖမ်းဆီးမိခဲ့ပါတယ်။ သူတို့တွေဟာ ဘန်ကောက်နဲ့ စမွတ်ဆာခွန်ခရိုင်နဲ့ ဆာမွတ်ပရာကန်ခရိုင် ဘန့်ပုံမြို့ကို သွားကြမယ့်သူတွေလို့ ထွက်ဆိုပါတယ်။

မနေ့ကလည်း ရနောင်းပြည်နယ် ကရာဘူရီမြို့နယ်ထဲမှာ အထောက်အထားမဲ့ မြန်မာ ၈ ဦး ဖမ်းမိခဲ့ပါတယ်။ ချုံဖွန်းပြည်နယ်ထဲမှာတော့ လူပွဲစား မွန်လူမျိုးတဦး အပါအဝင် မြန်မာနိုင်ငံသား ၈ ဦးကို အောက်တိုဘာလ ၂၂ ရက်နေ့မှာ ဖမ်းမိခဲ့ပါတယ်။ ကန်ချနဘူရီပြည်နယ်ထဲမှာပဲ ထိုင်းနယ်ခြားစောင့်တပ်က မြန်မာနိုင်ငံသား ၁၁ ဦးကို မနေ့က ဖမ်းမိခဲ့ပါတယ်။

ကန်ချနဘူရီပြည်နယ်ထဲမှာ အောက်တိုဘာလ ၂၀ ရက်နေ့က ဆိုင်ယို့နယ်စပ်မှာ မြန်မာနိုင်ငံသား ၁၀ ဦးနဲ့ တနေ့တည်းမှာပဲ ၂၈ ဦး ဖမ်းမိခဲ့တာပါ။ ဒီရက်ပိုင်းမှာပဲ ကန်ချနဘူရီပြည်နယ်၊ ပကျွတ်ပြည်နယ်၊ ရနောင်းပြည်နယ်တွေမှာ ဖမ်းမိသူ ၂၀၀ ကျော်သွားပြီဖြစ်ကြောင်း ဦးမင်းဦးက အခုလိုပြောပါတယ်။

“ပကျွတ်တို့ ဘာတို့ ဘာတို့ ပေါင်းရင် ၂၀၀ ကျော် ၂၀၀၊ ၃၀၀ ဖြစ်နေပြီ။ ကန်ချနဘူရီက အကြိမ်များလို့ နေ့စဉ်ပဲမိတာ။ လူဦးရေ အရေအတွက်လည်း များတယ်။ ရနောင်းမှာဆိုရင် မနေ့ကလည်း မိတယ်၊ ဒီနေ့လည်း မိတယ်။ ရနောင်းမှာက ၂၀ ကျော်၊ လွန်ခဲ့တဲ့ ၃ ရက်က ၁၆ ယောက်မိတယ်၊ ရနောင်းအပိုင်မှာချည်းပဲ။”

ရနောင်းဘက်ကို ဝင်လာသူတွေကတော့ မြန်မာနိုင်ငံဘက်ကနေ စက်လှေနဲ့ ခိုးဝင်လာကြပြီး စက်လှေထဲမှာ လူပါမှန်းမသိအောင် သူတို့ကို အပေါ်ကနေ မိုးကာစအုပ်ပြီး စက်လှေထဲ လဲှလျောင်းပြီး လိုက်ပါလာခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက စစ်ဆေးမေးမြန်းစဉ်မှာ ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် ရနောင်းရောက်ပြီးမှ ကားငယ်တစီးနဲ့ တင်သွားတုန်း ဖမ်းမိခဲ့ကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင်းကို နယ်စပ်တွေကနေ ဝင်ရောက်လာသူတွေဟာ တနှစ်အတွင်း သောင်းနဲ့ချီ ရှိလာပြီဖြစ်တာမို့ ထိုင်းအစိုးရက လုံခြုံရေး တိုးပြီး ချထားနေပါတယ်။

နယ်စပ်တွေကနေ အခုလို ဝင်ရောက်လာလို့ ဖမ်းမိတဲ့အခါမှာ ထိုင်းအစိုးရအနေနဲ့ ကိုဗစ်စစ်ဆေးရတာတွေ၊ ထိန်းသိမ်းထားရတဲ့ နေရာတွေ၊ ကိုဗစ်စောင့်ကြည့်စင်တာ မလုံလောက်တာတွေ၊ ဖမ်းမိသူတွေရဲ့ စားသောက်ရေး ကိစ္စတွေပါ အခက်အခဲေတွေ ရှိနေတာပါ။

အခုအခါမှာတော့ အိမ်နီးချင်း နယ်စပ်တွေကနေ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ မဝင်ရောက်နိုင်ဖို့ ထိုင်းအစိုးရက ၁၀ ပြည်နယ်ကို အထူး လုံခြုံရေး တင်းကျပ်စွာချထားပြီး ဖမ်းဆီးမှုတွေလုပ်ဖို့အတွက် ညွှန်ကြားထားတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG