သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမြောက်ပိုင်း မယ်လအူး ဒုက္ခသည်စခန်းမှာ ကိုဗစ်ကူးစက်သူ တိုးလာနေ


မယ်လအူး ဒုက္ခသည်စခန်းတွင်း မြင်ကွင်း။ Photo- မယ်လအူးဒုက္ခသည်စခန်း (Salween Press)
မယ်လအူး ဒုက္ခသည်စခန်းတွင်း မြင်ကွင်း။ Photo- မယ်လအူးဒုက္ခသည်စခန်း (Salween Press)

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ပြည်နယ်မှာရှိတဲ့ မယ်လအူး ကရင်ဒုက္ခသည်စခန်းမှာ ဒီရက်ပိုင်းအတွင်း မိသားစုအများအပြား အစုလိုက် ကိုဗစ်ကပ်ရောဂါ ကူးစက်နေကြပါတယ်။ ကိုဗစ်ကန့်သတ်ချက်တွေကြားက ဒုက္ခသည်တွေ ကပ်ရောဂါ ကူးစက်နေကြတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံက ကရင်ဒုက္ခသည်အများစုရှိနေကြတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ပြည်နယ်ထဲက မယ်လအူး ဒုက္ခသည်စခန်းမှာ ကိုဗစ်ကပ်ရောဂါကူးစက်ခံရသူ ၅၀ နီးပါးလောက်ရှိနေပါတယ်။ မိသားစုလိုက် ကိုဗစ်ကူးနေကြတာလို့ မယ်လအူးဒုက္ခသည်စခန်းက စခန်းကော်မတီနဲ့ နီးစပ်သူ ဒုက္ခသည်တဦးက ပြောပြပါတယ်။

"အစုလိုက်အပြုံလိုက်ဖြစ်တယ်လို့ပဲပြောရမှာပေါ့။ ဖြစ်တာကတော့ မိသားစုလိုက်ဖြစ်နေတယ်။ ၄၂ ယောက်ကတော့ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်က စဖြစ်တယ်။ မနေ့ကလည်း သုံးလေးယောက်ထက်မနည်း ထပ်တက်သွားတယ်။ ဒီနေ့လည်း ကိုဗစ်ဖြစ်သူတွေ ထပ်တက်သွားတယ်။ အခုဟာက ၅၀ ဝန်းကျင်လောက်ဖြစ်သွားပြီ။ ၅၀ ထက်ကျော်ရင်ကျော်မယ်။ ၅၀ ထက်မနည်းဘူး။"

ရက်ပိုင်းအတွင်းမှာ ကူးစက်မူတွေ များလာတဲ့အတွက် သီးသန့်နေရာမှာထားပြီး ဒုက္ခသည်စခန်းက ကျန်းမာရေးဝန်ထမ်းတွေက စောင့်ကြည့်ကုသပေးနေတယ်လို့ သူကပြောပါတယ်။

"စခန်းခွဲထားတာက သိပ်ဖြစ်တဲ့သူနဲ့ သိပ်မဖြစ်သေးတဲ့သူတွေကို သီးခြားခွဲထားတယ်။ IOM ရုံး တတိယနိုင်ငံထွက်တဲ့ကိစ္စတွေ လုပ်တဲ့ရုံးနဲ့ စာသင်ကျောင်းတွေမှာ ခွဲထားရတယ်။"

ဒုက္ခသည်စခန်းတခုလုံးမှာတော့ အများစုက ကာကွယ်ဆေး မထိုးကြရသေးပါဘူး။ ဒုက္ခသည်တွေ ကာကွယ်ဆေးထိုးနိုင်ဖို့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ကြိုးစား နေကြပေမယ့် ၂၀၂၂ ခုနှစ်လောက်မှသာ ရနိုင်မယ်လို့ ပြောကြပါတယ်။ အခုလောလောဆယ်တော့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ဒုက္ခသည် တွေထဲက သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူအနည်းငယ်လောက်ပဲ ကိုဗစ် ကာကွယ်ဆေးထိုးနှံခွင့်ရခဲ့တယ်လို့လည်း သူကပြောပါတယ်။

"ဟိုတလောကတော့သက်ကြီးရွယ်အိုတွေနဲ့မသန်စွမ်းတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေကတော့ကာကွယ်ဆေးထိုးပေးကြတယ်။"

လူဦးရေ ၉,၀၀၀ လောက်ရှိတဲ့ မယ်လအူးဒုက္ခသည်စခန်းထဲမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှု သြဂုတ်လမှာ ပထမဆုံးစဖြစ်ခဲ့တာပါ။ အခုတခေါက်ကတော့ မိသားစုလိုက် အများအပြား ကူးစက်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်ထဲက ပြည်တွင်းစစ်နဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေဟာ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုမှာ ခိုလှုံနေကြရပါတယ်။

အဲဒီထဲက အုန်းဖျန်ဒုက္ခသည်စခန်းမှာ ကိုဗစ်ကပ်ရောဂါပိုး ပထမဆုံး စပြီးကူးစက်ခဲ့တာပါ။ အဲဒီနောက်ထမ်ဟင် ဒုက္ခသည်စခန်း၊ မယ်လ ဒုက္ခသည်စခန်း၊ အခု မယ်လအူးနဲ့ မယ်ရာမူစခန်းတွေမှာ ကိုဗစ်ကပ်ရောဂါကူးစက်ဖြစ်ပွားနေကြတာပါ။ ဒုက္ခသည်စခန်း တခုနဲ့တခုဟာ နီးကပ်လှတာမဟုတ်ဘဲ အလှမ်းဝေးပါတယ်။

တိုက်ရိုက် လင့်ခ်


==========

{{Unicode}}













=========

XS
SM
MD
LG