သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံသားလူပြဲစားနဲ႔ လူကုန္ကူးခံရသူ ၄၇ ဦး ထိုင္းဖမ္းဆီးရမိ


၂၀၊ ၂၀၂၁ ရက္ေန႔ကဖမ္းမိတဲ့ ျမန္မာႏို္ငံသားမ်ား photo- (ထုိင္းနယ္ျခားေစာင့္တပ္)

Zawgyi/Unicode

ထိုုင္းႏိုင္ငံ အေနာက္ဘက္ ထိုုင္း-ျမန္မာနယ္စပ္ ကန္ခ်န ဘူရီ ျပည္နယ္၊ စိုုင္႐ို႕နယ္ျခားမွာ ျမန္မာႏုိင္ငံသား ၄၇ ေယာက္နဲ႔အတူ၊ ျမန္မာႏုိင္ငံသား လူေမွာင္ခိုပြဲစား ေလးဦးကို နယ္ျခားေစာင့္တပ္က စက္တင္ဘာလ ၂၀ ရက္ေန႔၊ ဒီကေန႔မွာ ဖမ္းဆီးခဲ့ပါတယ္။ ဒီသတင္းကို ထုိင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

ထုိင္း-ျမန္မာနယ္စပ္၊ ကန္ခ်နဘူရီျပည္နယ္က Lat Ya Task Force လို႔အမည္ရတဲ့ နယ္ျခားေစာင့္တပ္ဖြဲ႔ဝင္ေတြဟာ ဘြန္သီေက်းရြာအနီး သစ္ေတာထဲမွာ လူေမွာင္ခိုပြဲစားေတြ လာအေခၚကို ေစာင့္ေနၾကတဲ့ ျမန္မာႏုိင္ငံသား ၄၇ ဦးနဲ႔ လူေမွာင္ခိုပြဲစား ေလးဦးတို႔ကို ဖမ္းဆီးခဲ့ေၾကာင္း AAC အလုပ္သမားကူညီေရးအဖြဲ႔က ေျပာေရးဆိုခြင့္ရွိသူ ကိုရဲမင္းက အခုလို ေျပာျပပါတယ္။

“ဖမ္းဆီးခံထားရတာ ျမန္မာႏုိင္ငံသား ၄၇ ဦးပါ။ အမ်ဳိးသား ၂၈ ဦး၊ အမ်ဳိးသမီး ၁၉ဦးပါ။ ဒါ့အျပင္ လူေမွာင္ခုိကူးသူ ေလးဦးကိုပါ ဖမ္းဆီးႏုိင္ခဲ့တာပါ။ ဖမ္းဆီးရမိတဲ့ေနရာက စိုင္႐ို႕ နယ္ျခားမွာပါ။ စိုင္႐ို႕ ဘြန္သီလို႔ေခၚတဲ့ ထိုင္းရြာနားက သစ္ေတာအုပ္ထဲမွာ ပြဲစားေတြက ကားေတြနဲ႔လာေခၚဖို႔ ေစာင့္ေနခ်ိန္မွာ ထိုင္းအာဏာပိုင္ေတြက ဖမ္းဆီးလိုက္ႏုိင္တာပါ။ ဒီတခါေတာ့ ထူးထူးျခားျခား လူေမွာင္ခိုသူေတြကိုပါ အစုလိုက္၊ အၿပံဳလိုက္ ဖမ္းဆီးမိတာျဖစ္လို႔ ေနာက္ဆက္တြဲေတြပါ ကြင္းဆက္ေတြနဲ႔ လိုက္ၿပီးဖမ္းမွာျဖစ္တဲ့အတြက္ လူေမွာင္ခိုသမား၊ လူကယ္ရီေတြကို ေငြႀကိဳေပးထားသူေတြလာဖို႔ ခ်ိတ္ထားသူေတြအကုန္လံုး ေငြေတြ ဆံုး႐ံႈးၿပီး ဒုကၡေရာက္ေတာ့မွာျဖစ္ပါတယ္။”

ျမန္မာႏုိင္ငံမွာ ႏုိင္ငံေရးမတည္ၿငိမ္မႈနဲ႔ စီးပြါးေရးအရ လုပ္ကိုင္စားေသာက္ဖို႔ကလည္း အဆင္မေျပတာေၾကာင့္ ေန႔စဥ္ ရာဂဏန္းေလာက္ဟာ အိမ္နီးခ်င္း ထိုင္းႏုိင္ငံထဲကို ခုိးဝင္လာေနၾကပါတယ္။ ဒါေၾကာင့္ ဖမ္းဆီးခံရတာ၊ ေနာက္ ကိုဗစ္ အေရးေပၚဥပေဒနဲ႔ အေရးယူေနတာေတြ ျဖစ္ေနတဲ့အတြက္ တရားမဝင္နည္းလမ္းေတြနဲ႔ မလာသင့္ဘူးလို႔လည္း ကိုရဲမင္းက ေျပာပါတယ္။

“အခုလိုလာတဲ့သူေတြကို အျပစ္မတင္ရက္ပါဘူး။ ကိုယ္ခ်င္းစာပါတယ္။ ျမန္မာႏိုင္ငံထဲမွာလည္း စစ္အာဏာသိမ္းၿပီးေနာက္ အလုပ္အကိုင္ေတြမရွိ၊ ဒုကၡေတြေရာက္ၿပီး စားစရာမရွိတဲ့ အေနအထားေတြ ျဖစ္လာၿပီးတဲ့ေနာက္ ဖမ္းဆီးမႈေတြကို သိလ်က္နဲ႔ စြန္႔စားၿပီးလာေနၾကတာေပါ့။ ဘဝေတြစြန္႔၊ အသက္ေတြစြန္႔ၿပီး လာေနၾကတာကိုလည္း နားလည္ပါတယ္။ လာတုိင္း ဖမ္းဆီးခံေနရတာျဖစ္လို႔ တရားမဝင္လမ္းေတြကေန မလာၾကဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္။”

ဖမ္းမိသူေတြဟာ ေနအိမ္ေတြကေန စြန္႔ခြါလာၿပီး အလုပ္အကုိင္ရဖို႔ တေယာက္ကို ဘတ္ေငြ ၁၄,၀၀၀ ကေန ၂၅,၀၀၀ ေလာက္အထိ ပြဲစားေတြကိုေပးရပါတယ္။ အမ်ားစုက တနသၤာရီတုိင္း၊ ထားဝယ္ၿမိဳ႕နဲ႔ ပဲခူးတုိင္းဘက္က ျဖစ္ၾကတယ္လို႔ ဆိုပါတယ္။ ဒီလပိုင္းအတြင္း နယ္စပ္ေတြကေန ခုိးဝင္လာသူ ၄,၀၀၀ ထက္မနည္းကို ထုိင္းအာဏာပိုင္ေတြက ဖမ္းဆီးရမိခဲ့ပါတယ္။

ကိုဗစ္အေရးေပၚကာ တရားမဝင္ခုိးဝင္လာသူေတြ တႏွစ္အတြင္း ၄၀,၀၀၀ ေက်ာ္ရွိၿပီး ၃၅,၀၀၀ ေက်ာ္ကေတာ့ နယ္စပ္ေတြကေန ခုိးဝင္လာရင္း ဖမ္းမိတာျဖစ္ေၾကာင္းလည္း ထိုင္းႏိုင္ငံ၊ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးအဖြဲ႔က ထုတ္ျပန္ထားပါတယ္ရွင္။
=======

တိုက္႐ိုက္ လင့္ခ္


Unicode

မြန်မာနိုင်ငံသားလူပွဲစားနဲ့ လူကုန်ကူးခံရသူ ၄၇ ဦး ထိုင်းဖမ်းဆီးရမိ

ထိုင်းနိုင်ငံ အနောက်ဘက် ထိုင်း-မြန်မာနယ်စပ် ကန်ချန ဘူရီ ပြည်နယ်၊ စိုင်ရို့နယ်ခြားမှာ မြန်မာနိုင်ငံသား ၄၇ ယောက်နဲ့အတူ၊ မြန်မာနိုင်ငံသား လူမှောင်ခိုပွဲစား လေးဦးကို နယ်ခြားစောင့်တပ်က စက်တင်ဘာလ ၂၀ ရက်နေ့၊ ဒီကနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီပြည်နယ်က Lat Ya Task Force လို့အမည်ရတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ ဘွန်သီကျေးရွာအနီး သစ်တောထဲမှာ လူမှောင်ခိုပွဲစားတွေ လာအခေါ်ကို စောင့်နေကြတဲ့ မြန်မာနိုင်ငံသား ၄၇ ဦးနဲ့ လူမှောင်ခိုပွဲစား လေးဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း AAC အလုပ်သမားကူညီရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလို ပြောပြပါတယ်။

“ဖမ်းဆီးခံထားရတာ မြန်မာနိုင်ငံသား ၄၇ ဦးပါ။ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၁၉ဦးပါ။ ဒါ့အပြင် လူမှောင်ခိုကူးသူ လေးဦးကိုပါ ဖမ်းဆီးနိုင်ခဲ့တာပါ။ ဖမ်းဆီးရမိတဲ့နေရာက စိုင်ရို့ နယ်ခြားမှာပါ။ စိုင်ရို့ ဘွန်သီလို့ခေါ်တဲ့ ထိုင်းရွာနားက သစ်တောအုပ်ထဲမှာ ပွဲစားတွေက ကားတွေနဲ့လာခေါ်ဖို့ စောင့်နေချိန်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်နိုင်တာပါ။ ဒီတခါတော့ ထူးထူးခြားခြား လူမှောင်ခိုသူတွေကိုပါ အစုလိုက်၊ အပြုံလိုက် ဖမ်းဆီးမိတာဖြစ်လို့ နောက်ဆက်တွဲတွေပါ ကွင်းဆက်တွေနဲ့ လိုက်ပြီးဖမ်းမှာဖြစ်တဲ့အတွက် လူမှောင်ခိုသမား၊ လူကယ်ရီတွေကို ငွေကြိုပေးထားသူတွေလာဖို့ ချိတ်ထားသူတွေအကုန်လုံး ငွေတွေ ဆုံးရှုံးပြီး ဒုက္ခရောက်တော့မှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စီးပွါးရေးအရ လုပ်ကိုင်စားသောက်ဖို့ကလည်း အဆင်မပြေတာကြောင့် နေ့စဉ် ရာဂဏန်းလောက်ဟာ အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို ခိုးဝင်လာနေကြပါတယ်။ ဒါကြောင့် ဖမ်းဆီးခံရတာ၊ နောက် ကိုဗစ် အရေးပေါ်ဥပဒေနဲ့ အရေးယူနေတာတွေ ဖြစ်နေတဲ့အတွက် တရားမဝင်နည်းလမ်းတွေနဲ့ မလာသင့်ဘူးလို့လည်း ကိုရဲမင်းက ပြောပါတယ်။

“အခုလိုလာတဲ့သူတွေကို အပြစ်မတင်ရက်ပါဘူး။ ကိုယ်ချင်းစာပါတယ်။ မြန်မာနိုင်ငံထဲမှာလည်း စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်တွေမရှိ၊ ဒုက္ခတွေရောက်ပြီး စားစရာမရှိတဲ့ အနေအထားတွေ ဖြစ်လာပြီးတဲ့နောက် ဖမ်းဆီးမှုတွေကို သိလျက်နဲ့ စွန့်စားပြီးလာနေကြတာပေါ့။ ဘဝတွေစွန့်၊ အသက်တွေစွန့်ပြီး လာနေကြတာကိုလည်း နားလည်ပါတယ်။ လာတိုင်း ဖမ်းဆီးခံနေရတာဖြစ်လို့ တရားမဝင်လမ်းတွေကနေ မလာကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။”

ဖမ်းမိသူတွေဟာ နေအိမ်တွေကနေ စွန့်ခွါလာပြီး အလုပ်အကိုင်ရဖို့ တယောက်ကို ဘတ်ငွေ ၁၄,၀၀၀ ကနေ ၂၅,၀၀၀ လောက်အထိ ပွဲစားတွေကိုပေးရပါတယ်။ အများစုက တနင်္သာရီတိုင်း၊ ထားဝယ်မြို့နဲ့ ပဲခူးတိုင်းဘက်က ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဒီလပိုင်းအတွင်း နယ်စပ်တွေကနေ ခိုးဝင်လာသူ ၄,၀၀၀ ထက်မနည်းကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

ကိုဗစ်အရေးပေါ်ကာ တရားမဝင်ခိုးဝင်လာသူတွေ တနှစ်အတွင်း ၄၀,၀၀၀ ကျော်ရှိပြီး ၃၅,၀၀၀ ကျော်ကတော့ နယ်စပ်တွေကနေ ခိုးဝင်လာရင်း ဖမ်းမိတာဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံ၊ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်ရှင်။


#MyanmarMigrants #HumanTrafficking #MyanmarThailand #VOABurmese
စက္တင္ဘာ

XS
SM
MD
LG