သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူကုန္ကူးခံရသူ ျမန္မာ ၁၆ ဦးကို ထိုင္းဖမ္းဆီးမိ


ရေနာင္းရဲစခန္းမွာ ဖမ္းဆီးခံထားရတဲ့ ျမန္မာႏုိင္ငံသား ၁၆ ေယာက္။ (ဓာတ္ပုံ - ထုိင္းရဲတပ္ဖြဲ႔)

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ ရေနာင္းျပည္နယ္ ပါနမ္းၿမိဳ႕က ကုုန္ေလွာင္႐ုံတလုံးမွာ ျမန္မာႏုိင္ငံသား ၁၆ ဦးကို လူကုန္ကူးသူေတြက သံုုးရက္တာ ပိတ္ေလွာင္ထားတဲ့အတြက္ ပတ္ဝန္းက်င္က သတင္းေပးတာေၾကာင့္ အာဏာပုိင္ေတြက ေအာက္တိုဘာလ ၁၆ ရက္ေန႔မွာ ဖမ္းဆီးခဲ့ပါတယ္။ ဒီရက္ပုိင္းမွာပဲ ထုိင္းေတာင္ပုိင္းမွာ ဖမ္းမိသူေတြက ၁၀၀ ေက်ာ္ ရွိေနပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစိုက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ၿမိဳ႕ျဖစ္တဲ့ ေကာ့ေသာင္းၿမိဳ႕ကေန လူကုန္ကူးသူေတြက ေလွနဲ႔ ေခၚေဆာင္လာၿပီး ရေနာင္းဘက္ျခမ္းက ကုန္ေလွာင္႐ုံေဟာင္းတခုမွာ ျမန္မာႏုိင္ငံသား ၁၆ ဦးကို ပိတ္ေလွာင္ထားခဲ့တာပါ။ ျမန္မာႏုိင္ငံသားေတြဟာ ၃ ရက္ၾကာ ကုန္ေလွာင္႐ုံမွာ ပိတ္ေလွာင္ခံထားရၿပီး အစာေရစာ ရွာေဖြဖို႔အတြက္ အနိီးနားကိုထြက္ဖို႔ ႀကိဳးစားရင္းနဲ႔ အနီးနားကလူေတြက ေတြ့ရွိသြားတာေၾကာင့္ အာဏာပုိင္ေတြကုိ သတင္းေပးပို႔ခဲ့တာ ျဖစ္ပါတယ္။

ေသာ့ခတ္ၿပီး ပိတ္ေလွာင္ထားတဲ့ ကုန္ေလွာင္႐ုံေဟာင္းထဲကုိ ခ်ိဳးဖ်က္ၿပီး အာဏာပိုင္ေတြက ရွာေဖြရာမွာ ျမန္မာႏုိင္ငံသား ၁၆ ဦး ေတြ႔ရွိခဲ့တာျဖစ္ေၾကာင္း ထုိင္းေတာင္ပိုင္းအေျခစုိက္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရးအဖဲြ႔က အလုပ္သမားေရးရာ တာဝန္ခံ ဦးမင္းဦးက အခုလိုေျပာျပပါတယ္။

“သူတို႔ကုိ ပဲြစားက ေလွနဲ႔ခိုးဝင္လာတာ။ ပါနမ္းဆုိတာက ရေနာင္းအပုိင္းထဲမွာပဲ ရွိတယ္။ အဲဒါက ရာဘာအစီးေတြကို ဝယ္တဲ့ဒိုင္ေပါ့၊ ဂိုေဒါင္ေပါ့၊ ဂိုေဒါင္အပ်က္ႀကီးထဲမွာ ထားတာ။ သူတို႔ အခ်ိတ္အဆက္ေတာ့ ရွိမွာေတာ့။ အဆင္မေျပလို႔လားမသိဘူး၊ သူတို႔က အဲဒီထဲမွာ ၃ ရက္ၾကာသြားတာကို ပဲြစားက ထားခဲ့တာ။ အဲဒီထဲက လူေတြထဲက အျပင္ကုိ အစားအစာ ထြက္ဝယ္တုန္း ေဘးကလူေတြက ေတြ႔တယ္။ ေဘးကလူေတြက မသကၤာလို႔ သက္ဆုိင္ရာကို အေၾကာင္းၾကားေတာ့ အာဏာပိုင္ေတြက ဝင္စစ္ရင္း တေယာက္ခ်င္းမိတာ၊ အားလံုးေပါင္း ၁၆ ေယာက္ေပါ့့။”

ေမာေတာင္နယ္စပ္မွာေတာ့ တရားမဝင္ ဝင္ေရာက္လာတဲ့ အေထာက္အထားမဲ့ ျမန္မာႏုိင္ငံသား ၃၄ ေယာက္ကိုလည္း ေအာက္တုိဘာလ ၁၄ ရက္ေန႔က ထိုင္းအာဏာပိုင္ေတြက ဖမ္းဆီးခဲ့သလို Prachuap Khiri Khan ျပည္နယ္ထဲမွာပဲ ေအာက္တုိဘာလ ၁၅ ရက္ေန႔က လူ ၂၀ ေက်ာ္ ထပ္ၿပီး ဖမ္းမိခဲ့ပါတယ္။ ေန႔စဥ္နီးပါးလို ထုိင္း-ျမန္မာနယ္စပ္ေတြက လူကုန္ကူးသမားေတြက ေခၚလာတဲ့ ျမန္မာႏုိင္ငံသားေတြ ဖမ္းမိေနတဲ့အတြက္ ဒီလေတြအတြင္း ဖမ္းဆီးခံရသူ ၅,၀၀၀ ထက္မနည္း ရွိေနတယ္လို႔ ထုိင္းအာဏာပိုင္ေတြက ဆုိပါတယ္။

ထုိင္းေတာင္ပုိင္း နယ္စပ္တေလွ်ာက္မွာ ကီလုိမီတာ ရွည္လ်ားတာေၾကာင့္ လံုၿခံဳေရးေတြ အားနည္းတဲ့ ေတာလမ္းေတြ ဝင္ေပါက္ေတြ ရိွတာပါ။ ထုိင္းအာဏာပိုင္ေတြအေနနဲ႔ လံုၿခံဳေရးေတြ ခ်ထားတဲ့ၾကားကပဲ ေန႔စဥ္ အေထာက္အထားမဲ့ ျမန္မာေတြ ဝင္လာေနၾကပါတယ္။ တခ်ိဳ႕လည္း နယ္စပ္မွာပဲ ဖမ္းမိသလို တခ်ိဳ႕လည္း နယ္စပ္ေတြကို ျဖတ္ေက်ာ္ၿပီးမွ ထိုင္းႏုိင္ငံရဲ႕ အတြင္းပိုင္းမွာ ဖမ္းမိေနတာေတြလည္း ရွိေနပါတယ္။

-------------------------

(Unicode)

လူကုန်ကူးခံရသူ မြန်မာ ၁၆ ဦးကို ထိုင်းဖမ်းဆီးမိ

ထိုင်း-မြန်မာနယ်စပ် ရနောင်းပြည်နယ် ပါနမ်းမြို့က ကုန်လှောင်ရုံတလုံးမှာ မြန်မာနိုင်ငံသား ၁၆ ဦးကို လူကုန်ကူးသူတွေက သုံးရက်တာ ပိတ်လှောင်ထားတဲ့အတွက် ပတ်ဝန်းကျင်က သတင်းပေးတာကြောင့် အာဏာပိုင်တွေက အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ ဒီရက်ပိုင်းမှာပဲ ထိုင်းတောင်ပိုင်းမှာ ဖမ်းမိသူတွေက ၁၀၀ ကျော် ရှိနေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကော့သောင်းမြို့ကနေ လူကုန်ကူးသူတွေက လှေနဲ့ ခေါ်ဆောင်လာပြီး ရနောင်းဘက်ခြမ်းက ကုန်လှောင်ရုံဟောင်းတခုမှာ မြန်မာနိုင်ငံသား ၁၆ ဦးကို ပိတ်လှောင်ထားခဲ့တာပါ။ မြန်မာနိုင်ငံသားတွေဟာ ၃ ရက်ကြာ ကုန်လှောင်ရုံမှာ ပိတ်လှောင်ခံထားရပြီး အစာရေစာ ရှာဖွေဖို့အတွက် အနီးနားကိုထွက်ဖို့ ကြိုးစားရင်းနဲ့ အနီးနားကလူတွေက တွေ့ရှိသွားတာကြောင့် အာဏာပိုင်တွေကို သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။

သော့ခတ်ပြီး ပိတ်လှောင်ထားတဲ့ ကုန်လှောင်ရုံဟောင်းထဲကို ချိုးဖျက်ပြီး အာဏာပိုင်တွေက ရှာဖွေရာမှာ မြန်မာနိုင်ငံသား ၁၆ ဦး တွေ့ရှိခဲ့တာဖြစ်ကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက အခုလိုပြောပြပါတယ်။

“သူတို့ကို ပွဲစားက လှေနဲ့ခိုးဝင်လာတာ။ ပါနမ်းဆိုတာက ရနောင်းအပိုင်းထဲမှာပဲ ရှိတယ်။ အဲဒါက ရာဘာအစီးတွေကို ဝယ်တဲ့ဒိုင်ပေါ့၊ ဂိုဒေါင်ပေါ့၊ ဂိုဒေါင်အပျက်ကြီးထဲမှာ ထားတာ။ သူတို့ အချိတ်အဆက်တော့ ရှိမှာတော့။ အဆင်မပြေလို့လားမသိဘူး၊ သူတို့က အဲဒီထဲမှာ ၃ ရက်ကြာသွားတာကို ပွဲစားက ထားခဲ့တာ။ အဲဒီထဲက လူတွေထဲက အပြင်ကို အစားအစာ ထွက်ဝယ်တုန်း ဘေးကလူတွေက တွေ့တယ်။ ဘေးကလူတွေက မသင်္ကာလို့ သက်ဆိုင်ရာကို အကြောင်းကြားတော့ အာဏာပိုင်တွေက ဝင်စစ်ရင်း တယောက်ချင်းမိတာ၊ အားလုံးပေါင်း ၁၆ ယောက်ပေါ့။”

မောတောင်နယ်စပ်မှာတော့ တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၄ ယောက်ကိုလည်း အောက်တိုဘာလ ၁၄ ရက်နေ့က ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့သလို Prachuap Khiri Khan ပြည်နယ်ထဲမှာပဲ အောက်တိုဘာလ ၁၅ ရက်နေ့က လူ ၂၀ ကျော် ထပ်ပြီး ဖမ်းမိခဲ့ပါတယ်။ နေ့စဉ်နီးပါးလို ထိုင်း-မြန်မာနယ်စပ်တွေက လူကုန်ကူးသမားတွေက ခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းမိနေတဲ့အတွက် ဒီလတွေအတွင်း ဖမ်းဆီးခံရသူ ၅,၀၀၀ ထက်မနည်း ရှိနေတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ထိုင်းတောင်ပိုင်း နယ်စပ်တလျှောက်မှာ ကီလိုမီတာ ရှည်လျားတာကြောင့် လုံခြုံရေးတွေ အားနည်းတဲ့ တောလမ်းတွေ ဝင်ပေါက်တွေ ရှိတာပါ။ ထိုင်းအာဏာပိုင်တွေအနေနဲ့ လုံခြုံရေးတွေ ချထားတဲ့ကြားကပဲ နေ့စဉ် အထောက်အထားမဲ့ မြန်မာတွေ ဝင်လာနေကြပါတယ်။ တချို့လည်း နယ်စပ်မှာပဲ ဖမ်းမိသလို တချို့လည်း နယ်စပ်တွေကို ဖြတ်ကျော်ပြီးမှ ထိုင်းနိုင်ငံရဲ့ အတွင်းပိုင်းမှာ ဖမ်းမိနေတာတွေလည်း ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG