သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံမွာ လူကုန္ကူးခံရသူေတြထဲ ျမန္မာအမ်ားအျပားပါ၀င္


ထိုင္းႏိုင္ငံမွာ လူကုန္ကူးခံရသူေတြထဲ ျမန္မာအမ်ားအျပားပါ၀င္

ထိုင္းႏိုင္ငံမွာ လူကုန္ကူးခံရသူေတြထဲ ျမန္မာအမ်ားအျပားပါ၀င္

{{Zawgyi/Unicode}}

ထိုင္းနိုင္ငံ Phitsanulok ျပည္နယ္၊ အမွတ္(၃) စစ္ေဒသရဲ ့ ၂၀၂၁ ခုႏွစ္ လူကုန္ကူးမႈ တိုက္ဖ်က္ေရးထုတ္ျပန္ခ်က္အရ ဇန္န၀ါရီလကေန စက္တင္ဘာလအထိ လူကုန္ကူးခံရသူ ၃၀၀၀ နီးပါးရွိပါတယ္။ လူကုန္ကူးခ့ဲတဲ့ ပြဲစား ၁၀၀ ေက်ာ္ကိုလည္း ဖမ္းမိတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အဲဒီထဲမွာ ျမန္မာႏိုင္ငံက ဘယ္ေလာက္ပါပါသလဲ။ ထုိင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာ သတင္းပို႔ထားပါတယ္။

ထိုင္းနိုင္ငံ Phitsanulok ျပည္နယ္၊ အမွတ္(၃) စစ္ေဒသ လူကုန္ကူးမူတိုက္ဖ်က္ေရးအဖဲြ႔က ၂၀၂၁ ခုႏွစ္အတြင္း လူကုန္ကူးမႈနဲ႔ ဖမ္းဆီးအေရးယူခဲ့တဲ့ စာရင္းထုတ္ျပန္ခဲ့ပါတယ္။ အဲဒီျပည္နယ္ကေတာ့ ထိုင္း ျမန္မာနယ္စပ္ဘက္ေတြကေန ဘန္ေကာက္ၿမိဳ႕ဘက္ကို သြားရင္ ျဖတ္သြားရတဲ့ ေနရာတခုျဖစ္ပါတယ္။ စာရင္းအရ တာ့ခ္ျပည္နယ္ မဲေဆာက္ၿမိဳ႕၊ ခ်င္းရိုင္ျပည္နယ္နဲ႔ ခ်င္းမိုင္ျပည္နယ္ေတြကေန လူကုန္ကူးခံရသူေတြ Phitsanulok ျပည္နယ္ထဲကို ေရာက္လာခ်ိန္ ဖမ္းမိတဲ့ စာရင္းျဖစ္တယ္။ ထုတ္ျပန္တဲ့ စာရင္းမွာ ဘယ္ႏိုင္ငံသားေတြလဲဆိုတာ ခဲြမေျပာထားေပမဲ့ အမ်ားစုက ျမန္မာေတြျဖစ္တယ္လို႔ မဲေဆာက္အျခစိုက္ ေရာင္ျခည္ဦးအလုပ္သမားအဖဲြ႔ရဲ႕ တာ၀န္ခံဦးမိုးေက်ာ္ကအခုလိုေျပာျပပါတယ္။

"ထိုင္းႏိုင္ငံ Phitsanulok ျပည္နယ္ကေန ထုတ္ျပန္တဲ့ ေႀကျငာခ်က္ထဲမွာ ျမန္မာႏိုင္ငံသား ၂၇၆၄ ဦးရွိတယ္လို႔ ထုတ္ျပန္ထားတယ္။ လူကုန္ကူးခံရတဲ့နယ္ေျမေတြက မဲေဆာက္ ခ်င္းရုိင္ ခ်င္းမိုင္ဘက္ကေန လူကုန္ကူးခံရတာလုိ့ထုတ္ျပန္ထားပါတယ္။ အဲဒီထဲမွာ က်ဴးလြန္တဲ့လူကုန္ကူးသူ ၁၁၂ ေယာက္ ဖမ္းမိတယ္လို႔ သိရပါတယ္"

Phitsanulok ျပည္နယ္၊ အမွတ္(၃) စစ္ေဒသရဲ ့လူကုန္ကူးမႈ တိုက္ဖ်က္ေရးထုတ္ျပန္ခ်က္အရ လူကုန္ကူးပြဲစား ၁၁၂ ေယာက္ကိုလည္း မိတယ္လုိ႔ ေဖာ္ျပထားပါတယ္။
ကိုဗစ္ကပ္ေရာဂါေၾကာင့္ ထိုင္း ျမန္မာနယ္စပ္ဂိတ္ေတြ ပိတ္ထားခ်ိန္ ျမန္မာႏိုင္ငံဘက္ကေန တရားမဝင္ ထုိင္းႏုိင္ငံထဲ ဝင္လာသူေတြ ပိုပိုၿပီး မ်ားလာေနပါတယ္။ မဲေဆာက္ျမိဳ႔နယ္တခုတည္းမွာပဲ စက္တင္ဘာလနဲ႔ ေအာက္တိုဘာလလဆန္းအတြင္း ဖမ္းမိတဲ့အႀကိမ္အေရအတြက္ ၁၅ ႀကိမ္ထက္မနည္းရွိေနတယ္လို႔ ဦးမိုးေက်ာ္က ေျပာပါတယ္။

"နယ္စပ္ေတြမွာ ဖမ္းမိတဲ့အႀကိမ္က ၁၂ ႀကိမ္ကေန ၁၅ႀကိမ္ မနည္းအဖမ္းခံရတာေတြရွိေနတယ္။ တရားမ၀င္နယ္စပ္ျဖတ္ေက်ာ္ သယ္ေဆာင္လာတာရွိသလို တခ်ဳိ႕ လူကုန္ကူးတဲ့ပဲြစားေတြက ထုိင္းႏိုင္ငံအတြင္းပိုင္းကိုေခၚေဆာင္လာခံရတဲ့ျမန္မာႏိုင္ငံသားေတြ သြားႀကမယ့္ ထို္င္းႏိုင္ငံအတြင္းပုိင္းကေန မေလးရွားႏိုင္ငံထဲမွာ သြားဖို့အတြက္ လူကုန္ကူးသူေတြက လမ္းေႀကာင္းေဖာက္ျပီး သြားႀကမယ့္သူေတြရွိတယ္ဆုိတာလည္းသိရပါတယ္"

ထိုင္းႏိုင္ငံဘက္က သတင္းထုတ္ျပန္ခ်က္အရဆိုရင္ ေအာက္တိုဘာလအတြင္း ျမန္မာဘက္လာသူ ဖမ္းမိသူေတြကေတာ့ တာ့ခ့္ျပည္နယ္ မဲေဆာက္ ဧရိယာအတြင္း ကေလးငယ္တစ္ဦးအပါအဝင္ အမ်ိဳးသားအမ်ိဳးသမီး ၃၉ ဦး၊ ေအာက္တိုဘာလ (၃) ရက္ေန႔မွာ မဲေဆာက္ျမိဳနယ္ထဲမွာပဲ အမ်ိဳးသား၊ အမ်ိဳးသမီး၂၀ ဖမ္းဆီးခံထားရပါတယ္ ။ ခ်င္းမိုင္ဖန္ျမိဳနယ္ထဲမွာလည္း ၁၀ဦးေက်ာ္ဖမ္းခံရပါတယ္ ။

ထိုင္းႏို္င္ငံ ကမ္ခ်နဘူရီျပည္နယ္ထဲမွာပဲ ဒီလပိုင္းအတြင္းဖမ္းမိတဲ့ ျမန္မာႏို္င္ငံသား ၅၀၀ ေလာက္ရွိေနပါတယ္။ ထုိင္းအစုိးရထုတ္ေပးတဲ့ ပန္းေရာက္ကဒ္လို႔ ေခၚတဲ့ အလုပ္လုပ္ခြင့္လက္မွတ္ေတြ ရမယ္လို႔ အေၾကာင္းျပျပီး လူကုန္ကူးသူေတြက တဦးကုိ ဘတ္ေငြ ၂၀၀၀၀ေလာက္က ၃၀၀၀၀ နီးပါးအထိ ေတာင္းခံပါတယ္။ ေငြပမာဏမ်ားေပမဲ့ လူပြဲစားေတြနဲ႔ ထိုင္းႏိုင္ငံထဲ တရားမဝင္ ဝင္လာေနသူေတြလည္း မ်ားေနပါတယ္။ ထိုင္းအစိုးရကေတာ့ အစုလိုက္အျပဳံလိုက္ တရားမ၀င္ ၀င္ေရာက္လာသူေတြကုိေတြ ေတြ ့ရွိပါက ထုိင္းျပည္သူေတြက သတင္းေပးႀကဖို့ကုိလည္းထုိင္းအစိုးရက ထုတ္ျပန္ထားပါတယ္။

...............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ထိုင်းနိုင်ငံ Phitsanulok ပြည်နယ်၊ အမှတ်(၃) စစ်ဒေသရဲ့ ၂၀၂၁ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးထုတ်ပြန်ချက်အရ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ လူကုန်ကူးခံရသူ ၃၀၀၀ နီးပါးရှိပါတယ်။ လူကုန်ကူးခဲ့တဲ့ ပွဲစား ၁၀၀ ကျော်ကိုလည်း ဖမ်းမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံက ဘယ်လောက်ပါပါသလဲ။ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ သတင်းပို့ထားပါတယ်။

ထိုင်းနိုင်ငံ Phitsanulok ပြည်နယ်၊ အမှတ်(၃) စစ်ဒေသ လူကုန်ကူးမူတိုက်ဖျက်ရေးအဖွဲ့က ၂၀၂၁ ခုနှစ်အတွင်း လူကုန်ကူးမှုနဲ့ ဖမ်းဆီးအရေးယူခဲ့တဲ့ စာရင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီပြည်နယ်ကတော့ ထိုင်း မြန်မာနယ်စပ်ဘက်တွေကနေ ဘန်ကောက်မြို့ဘက်ကို သွားရင် ဖြတ်သွားရတဲ့ နေရာတခုဖြစ်ပါတယ်။ စာရင်းအရ တာ့ခ်ပြည်နယ် မဲဆောက်မြို့၊ ချင်းရိုင်ပြည်နယ်နဲ့ ချင်းမိုင်ပြည်နယ်တွေကနေ လူကုန်ကူးခံရသူတွေ Phitsanulok ပြည်နယ်ထဲကို ရောက်လာချိန် ဖမ်းမိတဲ့ စာရင်းဖြစ်တယ်။ ထုတ်ပြန်တဲ့ စာရင်းမှာ ဘယ်နိုင်ငံသားတွေလဲဆိုတာ ခွဲမပြောထားပေမဲ့ အများစုက မြန်မာတွေဖြစ်တယ်လို့ မဲဆောက်အခြစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ရဲ့ တာဝန်ခံဦးမိုးကျော်ကအခုလိုပြောပြပါတယ်။

"ထိုင်းနိုင်ငံ Phitsanulok ပြည်နယ်ကနေ ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ မြန်မာနိုင်ငံသား ၂၇၆၄ ဦးရှိတယ်လို့ ထုတ်ပြန်ထားတယ်။ လူကုန်ကူးခံရတဲ့နယ်မြေတွေက မဲဆောက် ချင်းရိုင် ချင်းမိုင်ဘက်ကနေ လူကုန်ကူးခံရတာလို့ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ ကျူးလွန်တဲ့လူကုန်ကူးသူ ၁၁၂ ယောက် ဖမ်းမိတယ်လို့ သိရပါတယ်"

Phitsanulok ပြည်နယ်၊ အမှတ်(၃) စစ်ဒေသရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးထုတ်ပြန်ချက်အရ လူကုန်ကူးပွဲစား ၁၁၂ ယောက်ကိုလည်း မိတယ်လို့ ဖော်ပြထားပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ထိုင်း မြန်မာနယ်စပ်ဂိတ်တွေ ပိတ်ထားချိန် မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ထိုင်းနိုင်ငံထဲ ဝင်လာသူတွေ ပိုပိုပြီး များလာနေပါတယ်။ မဲဆောက်မြို့နယ်တခုတည်းမှာပဲ စက်တင်ဘာလနဲ့ အောက်တိုဘာလလဆန်းအတွင်း ဖမ်းမိတဲ့အကြိမ်အရေအတွက် ၁၅ ကြိမ်ထက်မနည်းရှိနေတယ်လို့ ဦးမိုးကျော်က ပြောပါတယ်။

"နယ်စပ်တွေမှာ ဖမ်းမိတဲ့အကြိမ်က ၁၂ ကြိမ်ကနေ ၁၅ကြိမ် မနည်းအဖမ်းခံရတာတွေရှိနေတယ်။ တရားမဝင်နယ်စပ်ဖြတ်ကျော် သယ်ဆောင်လာတာရှိသလို တချို့ လူကုန်ကူးတဲ့ပွဲစားတွေက ထိုင်းနိုင်ငံအတွင်းပိုင်းကိုခေါ်ဆောင်လာခံရတဲ့မြန်မာနိုင်ငံသားတွေ သွားကြမယ့် ထိုင်းနိုင်ငံအတွင်းပိုင်းကနေ မလေးရှားနိုင်ငံထဲမှာ သွားဖို့အတွက် လူကုန်ကူးသူတွေက လမ်းကြောင်းဖောက်ပြီး သွားကြမယ့်သူတွေရှိတယ်ဆိုတာလည်းသိရပါတယ်"

ထိုင်းနိုင်ငံဘက်က သတင်းထုတ်ပြန်ချက်အရဆိုရင် အောက်တိုဘာလအတွင်း မြန်မာဘက်လာသူ ဖမ်းမိသူတွေကတော့ တာ့ခ့်ပြည်နယ် မဲဆောက် ဧရိယာအတွင်း ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသားအမျိုးသမီး ၃၉ ဦး၊ အောက်တိုဘာလ (၃) ရက်နေ့မှာ မဲဆောက်မြိုနယ်ထဲမှာပဲ အမျိုးသား၊ အမျိုးသမီး၂၀ ဖမ်းဆီးခံထားရပါတယ် ။ ချင်းမိုင်ဖန်မြိုနယ်ထဲမှာလည်း ၁၀ဦးကျော်ဖမ်းခံရပါတယ် ။

ထိုင်းနိုင်ငံ ကမ်ချနဘူရီပြည်နယ်ထဲမှာပဲ ဒီလပိုင်းအတွင်းဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၅၀၀ လောက်ရှိနေပါတယ်။ ထိုင်းအစိုးရထုတ်ပေးတဲ့ ပန်းရောက်ကဒ်လို့ ခေါ်တဲ့ အလုပ်လုပ်ခွင့်လက်မှတ်တွေ ရမယ်လို့ အကြောင်းပြပြီး လူကုန်ကူးသူတွေက တဦးကို ဘတ်ငွေ ၂၀၀၀၀လောက်က ၃၀၀၀၀ နီးပါးအထိ တောင်းခံပါတယ်။ ငွေပမာဏများပေမဲ့ လူပွဲစားတွေနဲ့ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာနေသူတွေလည်း များနေပါတယ်။ ထိုင်းအစိုးရကတော့ အစုလိုက်အပြုံလိုက် တရားမဝင် ဝင်ရောက်လာသူတွေကိုတွေ တွေ့ရှိပါက ထိုင်းပြည်သူတွေက သတင်းပေးကြဖို့ကိုလည်းထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG