သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံတြင္း တရားမဝင္လုပ္သား ဝင္ေရာက္မႈတိုးလာ


ထိုင္းနယ္စပ္ျပည္နယ္ေတြမွာ ဖမ္းဆိးရမိေနတဲ့ ျမန္မာအလုပ္သမားမ်ား။ (ထုိင္းရဲတပ္ဖြဲ႔)

{Zawgyi/Unicode}

ထိုင္းႏိုင္ငံ kanchanaburiျပည္နယ္၊ ပရကြၽတ္ခီရီကန္ျပည္နယ္၊ တာ့ခ္ျပည္နယ္နဲ႔ ခ်င္းမိုင္ျပည္နယ္ေတြမွာ ေအာက္ တိုဘာလ ၄ ရက္နဲ႔ ၅ ရက္အတြင္း ဖမ္းမိတဲ့ျမန္မာႏိုင္ငံသား ၂၀၀ ထက္မနည္း ရွိေနပါတယ္။ ထိုင္းအစိုးရက အလုပ္သမားေတြအတြက္ အလုပ္လုပ္ခြင့္လက္မွတ္ေတြ လုပ္ေပးမယ္ဆိုတဲ့သတင္းေၾကာင့္ ေန႔စဥ္လိုလို တရားမဝင္ ဝင္ေရာက္သူေတြ ပိုမ်ားလာတာလို႔ အလုပ္သမားေရးလုပ္ေဆာင္ေနသူေတြက သုံးသပ္ပါတယ္။ ထုိင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံ kanchanaburiျပည္နယ္၊ ပရကြၽတ္ခီရီကန္ျပည္နယ္၊ တာ့ခ္ျပည္နယ္နဲ႔ ခ်င္းမိုင္ျပည္နယ္ေတြမွာ ၂ ရက္အတြင္းမွာ တရားမဝင္ ဝင္ေရာက္လို႔ ဖမ္းမိတဲ့ျမန္မာႏိုင္ငံသားေတြ ၂၀၀ မနည္းရွိေနတာပါ။ အခုဆိုရင္ ထိုင္းႏိုင္ငံတလႊား ၂ လအတြင္းမွာ တရားမဝင္လုပ္သား ၅,၀၀၀ ထက္မနည္း ထိုင္းအက်ဥ္းေထာင္ေတြမွာဖမ္းဆီးခံထားရတယ္လို႔ အလုပ္ သမားေရးလႈပ္ရွားေနတဲ့ AAC မဟာမိတ္အဖြဲ႔က ေျပာေရးဆိုခြင့္ရွိသူ ကိုရဲမင္းက အခုလိုေျပာျပပါတယ္။

“အခုလက္ရွိ ဖမ္းဆီးခံရသူေတြက မေန႔ကဆိုရင္ ပရကြၽတ္ခ႐ိုင္မွာ ၅၈ ဦးဖမ္းဆီးခံရတာရွိတယ္။ ခ်င္းမိုင္ခ႐ိုင္မွာဆိုရင္လည္း ထိုင္းျမန္မာနယ္စပ္နဲ႔နီးတဲ့ ကမ္ခ်နဘူရီခ႐ိုင္ထဲမွာ တေနရာမွာ ၃၅ ဦး၊ ေနာက္တေနရာမွာ ၃၄ ဦး ဖမ္းခံထိတယ္။ မဲေဆာက္ၿမိဳ႕နယ္ မယ္လမဆိုတဲ့ ေက်း႐ြာအနီးမွာ ေသာင္ရင္းျမစ္ကိုေက်ာ္ၿပီးလာတဲ့ တရားမဝင္ ဝင္ေရာက္တာတဲ့ျမန္မာႏိုင္ငံသား ၁၄ ဦး ဖမ္းခံထိတယ္။ အခု ဒီ ၂ ရက္အတြင္း ျမန္မာႏိုင္ငံသား ၁၅၀ ေလာက္ဖမ္းခံထိတယ္။ ဒီရက္ပိုင္းမွာ ထုတ္ျပန္ထားတာက ၂ လအတြင္း တရားမဝင္ ဝင္ေရာက္လို႔ ဖမ္းခံထိတာ ၅,၀၀၀ ေက်ာ္ေလာက္ရွိေနၿပီ။”

ေအာက္တိုဘာလ ၄ ရက္ေန႔မွာပဲ ကမ္ခ်နဘူရီျပည္နယ္၊ ေနာင္လုံနယ္စပ္ကေန တရားမဝင္ ျဖတ္ေက်ာ္လာတဲ့ ျမန္မာႏိုင္ ငံသား ၄၈ ဦးကိုလည္း နယ္စပ္အာဏာပိုင္ေတြက ဖမ္းဆီးလိုက္ပါတယ္။

အခုရက္ပိုင္းမွာ အလုပ္အကိုင္ရွာေဖြလိုတဲ့ျမန္မာေတြ ဝင္ေရာက္လာတာကေတာ့ ထိုင္းႏိုင္ငံအတြင္း အေထာက္အထားလက္မွတ္ေတြ လုပ္ေပးမယ့္အစီစဥ္ေတြေၾကာင့္ျဖစ္တယ္လို႔လည္း ကိုရဲမင္းက ယူဆပါတယ္။

“လူသစ္ေတြကို ႐ိုက္ေပးမယ့္ပန္းေရာင္ကဒ္ (အေထာက္အထားလက္မွတ္) လုပ္ေပးမယ္ဆိုတာေၾကာင့္ သတင္းေၾကာင့္ တရားမဝင္ဝင္မယ့္ျမန္မာႏိုင္ငံသားေတြက ျမန္မာႏိုင္ငံထဲမွာ ၾကပ္တည္းေနလို႔ ပြဲစားေတြ စကားယုံၿပီး ထြက္လာၾကတာ။ အရင္တုန္းက ပန္းေရာင္ကဒ္မထုတ္ေပးခင္ ထုတ္ေပးမယ္သတင္းမၾကားခင္က လူပြဲစားေတြကိုေပးရတဲ့ ေဈးႏႈံးက တေသာင္းခြဲ၊ တေသာင္းရွစ္ေထာင္၊ ႏွစ္ေသာင္းေလာက္ထိ ကယ္ရီခ(ပြဲစားခ) ေပးရတာရွိတယ္။ ခိုးဝင္လာသူေတြ အခုဖမ္းမိသူေတြကို ထိုင္းအာဏာပိုင္ေတြက ေမးေတာ့ ေပးရတဲ့ေဈးက ႏွစ္ေသာင္းရွစ္ေထာင္၊ ႏွစ္ေသာင္း ကိုးေထာင္၊ သုံးေသာင္းေလာက္ထိ ေဈးကျမင့္တက္သြားတာေတြ႔ရတယ္။”

ထိုင္းႏိုင္ငံထဲမွာျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၃ သန္းထက္မနည္း အလုပ္လုပ္ကိုင္ေနၾကတာျဖစ္ၿပီး တရားမဝင္ ေနထိုင္သူေတြလည္း အမ်ားအျပားရွိေနတာပါ။

ကိုဗစ္ဒုတိယလႈိင္းနဲ႔တတိယလႈိင္းေတြမွာ ကပ္ေရာဂါကို ပိုမိုထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ တရားမဝင္ အေထာက္အထားမရွိသူေတြကို ထိုင္းအစိုးရက ပန္းေရာင္ကဒ္လို႔ေခၚၾကတဲ့ အလုပ္လုပ္ခြင့္ အေထာက္အထားလက္မွတ္ေတြ လုပ္ေပးဖို႔ခြင့္ျပဳခဲ့ပါတယ္။ အခု ေအာက္တိုဘာလကစၿပီး အေထာက္အထား လက္မွတ္ေတြလုပ္ေပးမယ္လို႔ ထုတ္ျပန္ထားတဲ့အတြက္ အလုပ္အကိုင္အခက္အခဲရွိေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြဟာ နယ္စပ္ေတြကတဆင့္ တရားမဝင္ ဝင္ေရာက္တာေတြ တေန႔တျခား မ်ားျပားလာေနတာလို႔ အလုပ္သမားေရးလႈပ္ရွားသူေတြက ခန႔္မွန္းၾကပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္


======

{Unicode}

ထိုင်းနိုင်ငံတွင်း တရားမဝင်လုပ်သား ဝင်ရောက်မှုတိုးလာ

ထိုင်းနိုင်ငံ kanchanaburiပြည်နယ်၊ ပရကျွတ်ခီရီကန်ပြည်နယ်၊ တာ့ခ်ပြည်နယ်နဲ့ ချင်းမိုင်ပြည်နယ်တွေမှာ အောက် တိုဘာလ ၄ ရက်နဲ့ ၅ ရက်အတွင်း ဖမ်းမိတဲ့မြန်မာနိုင်ငံသား ၂၀၀ ထက်မနည်း ရှိနေပါတယ်။ ထိုင်းအစိုးရက အလုပ်သမားတွေအတွက် အလုပ်လုပ်ခွင့်လက်မှတ်တွေ လုပ်ပေးမယ်ဆိုတဲ့သတင်းကြောင့် နေ့စဉ်လိုလို တရားမဝင် ဝင်ရောက်သူတွေ ပိုများလာတာလို့ အလုပ်သမားရေးလုပ်ဆောင်နေသူတွေက သုံးသပ်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ kanchanaburiပြည်နယ်၊ ပရကျွတ်ခီရီကန်ပြည်နယ်၊ တာ့ခ်ပြည်နယ်နဲ့ ချင်းမိုင်ပြည်နယ်တွေမှာ ၂ ရက်အတွင်းမှာ တရားမဝင် ဝင်ရောက်လို့ ဖမ်းမိတဲ့မြန်မာနိုင်ငံသားတွေ ၂၀၀ မနည်းရှိနေတာပါ။ အခုဆိုရင် ထိုင်းနိုင်ငံတလွှား ၂ လအတွင်းမှာ တရားမဝင်လုပ်သား ၅,၀၀၀ ထက်မနည်း ထိုင်းအကျဉ်းထောင်တွေမှာဖမ်းဆီးခံထားရတယ်လို့ အလုပ် သမားရေးလှုပ်ရှားနေတဲ့ AAC မဟာမိတ်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပြပါတယ်။

“အခုလက်ရှိ ဖမ်းဆီးခံရသူတွေက မနေ့ကဆိုရင် ပရကျွတ်ခရိုင်မှာ ၅၈ ဦးဖမ်းဆီးခံရတာရှိတယ်။ ချင်းမိုင်ခရိုင်မှာဆိုရင်လည်း ထိုင်းမြန်မာနယ်စပ်နဲ့နီးတဲ့ ကမ်ချနဘူရီခရိုင်ထဲမှာ တနေရာမှာ ၃၅ ဦး၊ နောက်တနေရာမှာ ၃၄ ဦး ဖမ်းခံထိတယ်။ မဲဆောက်မြို့နယ် မယ်လမဆိုတဲ့ ကျေးရွာအနီးမှာ သောင်ရင်းမြစ်ကိုကျော်ပြီးလာတဲ့ တရားမဝင် ဝင်ရောက်တာတဲ့မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းခံထိတယ်။ အခု ဒီ ၂ ရက်အတွင်း မြန်မာနိုင်ငံသား ၁၅၀ လောက်ဖမ်းခံထိတယ်။ ဒီရက်ပိုင်းမှာ ထုတ်ပြန်ထားတာက ၂ လအတွင်း တရားမဝင် ဝင်ရောက်လို့ ဖမ်းခံထိတာ ၅,၀၀၀ ကျော်လောက်ရှိနေပြီ။”

အောက်တိုဘာလ ၄ ရက်နေ့မှာပဲ ကမ်ချနဘူရီပြည်နယ်၊ နောင်လုံနယ်စပ်ကနေ တရားမဝင် ဖြတ်ကျော်လာတဲ့ မြန်မာနိုင် ငံသား ၄၈ ဦးကိုလည်း နယ်စပ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

အခုရက်ပိုင်းမှာ အလုပ်အကိုင်ရှာဖွေလိုတဲ့မြန်မာတွေ ဝင်ရောက်လာတာကတော့ ထိုင်းနိုင်ငံအတွင်း အထောက်အထားလက်မှတ်တွေ လုပ်ပေးမယ့်အစီစဉ်တွေကြောင့်ဖြစ်တယ်လို့လည်း ကိုရဲမင်းက ယူဆပါတယ်။

“လူသစ်တွေကို ရိုက်ပေးမယ့်ပန်းရောင်ကဒ် (အထောက်အထားလက်မှတ်) လုပ်ပေးမယ်ဆိုတာကြောင့် သတင်းကြောင့် တရားမဝင်ဝင်မယ့်မြန်မာနိုင်ငံသားတွေက မြန်မာနိုင်ငံထဲမှာ ကြပ်တည်းနေလို့ ပွဲစားတွေ စကားယုံပြီး ထွက်လာကြတာ။ အရင်တုန်းက ပန်းရောင်ကဒ်မထုတ်ပေးခင် ထုတ်ပေးမယ်သတင်းမကြားခင်က လူပွဲစားတွေကိုပေးရတဲ့ ဈေးနှုံးက တသောင်းခွဲ၊ တသောင်းရှစ်ထောင်၊ နှစ်သောင်းလောက်ထိ ကယ်ရီခ(ပွဲစားခ) ပေးရတာရှိတယ်။ ခိုးဝင်လာသူတွေ အခုဖမ်းမိသူတွေကို ထိုင်းအာဏာပိုင်တွေက မေးတော့ ပေးရတဲ့ဈေးက နှစ်သောင်းရှစ်ထောင်၊ နှစ်သောင်း ကိုးထောင်၊ သုံးသောင်းလောက်ထိ ဈေးကမြင့်တက်သွားတာတွေ့ရတယ်။”

ထိုင်းနိုင်ငံထဲမှာမြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး တရားမဝင် နေထိုင်သူတွေလည်း အများအပြားရှိနေတာပါ။

ကိုဗစ်ဒုတိယလှိုင်းနဲ့တတိယလှိုင်းတွေမှာ ကပ်ရောဂါကို ပိုမိုထိန်းချုပ်နိုင်ဖို့အတွက် တရားမဝင် အထောက်အထားမရှိသူတွေကို ထိုင်းအစိုးရက ပန်းရောင်ကဒ်လို့ခေါ်ကြတဲ့ အလုပ်လုပ်ခွင့် အထောက်အထားလက်မှတ်တွေ လုပ်ပေးဖို့ခွင့်ပြုခဲ့ပါတယ်။ အခု အောက်တိုဘာလကစပြီး အထောက်အထား လက်မှတ်တွေလုပ်ပေးမယ်လို့ ထုတ်ပြန်ထားတဲ့အတွက် အလုပ်အကိုင်အခက်အခဲရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ နယ်စပ်တွေကတဆင့် တရားမဝင် ဝင်ရောက်တာတွေ တနေ့တခြား များပြားလာနေတာလို့ အလုပ်သမားရေးလှုပ်ရှားသူတွေက ခန့်မှန်းကြပါတယ်ရှင်။


#MyanmarMigrants #MyanmarThailand #VOABurmese#ထိုင်း#မြန်မာရွှေ့ပြောင်းအလုပ်သမား#ပန်းရောင်ကဒ်#နောင်လုံနယ်စပ်

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG