သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏုိင္ငံ ေဆာက္လက္စတံတား ၿပိဳက်လို႔ ျမန္မာအလုပ္သမားတခ်ိဳ႕ ဒဏ္ရာရ


ကုန္းေက်ာ္တံတား ၿပိဳက်မႈေၾကာင့္ ထိခုိက္ဒဏ္ရာရသူေတြကို ျပဳစုေပးေနတဲ့ျမင္ကြင္း။ (ဇန္နဝါရီ ၂၃၊ ၂၀၂၁။ ဓာတ္ပုံ - ထိုင္းကယ္ဆယ္ေရးဝန္ထမ္း)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံအလယ္ပုိ္င္း Nakhon Ratchasima ခ႐ုိင္မွာ ေဆာက္လက္စ ကုန္းေက်ာ္တံတားႀကီး ၿပိဳက်ခဲ့တာေၾကာင့္ ျမန္မာႏုိင္ငံသား ေဆာက္လုပ္ေရး အလုပ္သမား တဒါဇင္ေလာက္ ဒဏ္ရာရသြားပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏုိင္ငံအလယ္ပုိင္း Nakhon Ratchasima ခ႐ုိင္ Khok Sung ၿမိဳ႕အဝင္က ေဆာက္လုပ္ေနဆဲ ၿမိဳ႕ဝင္တံတားဟာ စေနေန႔ ေန႔လယ္ပိုင္းက အဂၤေတပံုေလာင္းေနတဲ့အခ်ိန္ ေအာက္ေျခအေလးခ်ိန္ မႏုိင္ျဖစ္ၿပီး ၿပိဳက်သြားခဲ့တာပါ။

ဒီျဖစ္ရပ္ေၾကာင့္ စေနေန႔ အခ်ိန္ပိုအလုပ္ဆင္းေနၾကတဲ့ ျမန္မာႏုိင္ငံသား အလုပ္သမား ၁၂ ဦးထက္မနည္း ဒဏ္ရာရသြားခဲ့ၿပီး တဦးဟာ ဒဏ္ရာျပင္းထန္တယ္လို႔ အခင္းျဖစ္ပြားတဲ့ေနရာကို သြားေရာက္ကူညီခဲ့တဲ့ အမွတ္ ၃၁ ကယ္ဆယ္ေရးအဖြဲ႔က ကယ္ဆယ္ေရးဝန္ထမ္းတဦးက ေျပာပါတယ္။

“ေဆာက္လက္စတံတားႀကီး အခုလိုျဖစ္ရတာဟာ တံတားကို ဆင္ထားတဲ့ ျငမ္းလုပ္ထားတဲ့တိုင္ေတြ မခိုင္လို႔ ၿပိဳက်ခဲ့တာဆိုၿပီး စံုစမ္းစစ္ေဆးေနတဲ့ ရဲတပ္ဖြဲ႔ဝင္ေတြရဲ႕ ကနဦး စစ္ေဆးေတြ႔ရွိခ်က္ေတြကို ကုိးကားၿပီး ထိုင္းႏုိင္ငံ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။”

ျမန္မာအလုပ္သမား ၁၀ ဦးေက်ာ္ ထိခိုက္ဒဏ္ရာ ရရွိတာနဲ႔ပတ္သက္လို႔ ထုိင္းေတာင္ပုိင္းအေျခစိုက္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးလႈပ္ရွားသူ ဦးမင္းဦးကေတာ့ ဒါဟာ လုပ္ငန္းခြင္ ေဘးကင္းလံုၿခံဳမႈ အားနည္းခ်က္ေၾကာင့္ ျဖစ္သြားရတာလို႔ ေျပာျပပါတယ္။

“အလုပ္သမား ၁၀ ေယာက္ေက်ာ္ ထိခိုက္ဒဏ္ရာရတယ္။ ျငမ္းေတြရဲ႕ ခံႏုိင္ရည္အားေပါ့၊ ျငမ္းေတြက သုံးတာေတြက ၾကာၿပီ။ ျငမ္းေတြက အေဟာင္းေတြ ျပန္သံုးတဲ့အခါ အေပၚက ဘိလပ္ေျမေလာင္းတဲ့အခါမွာ အေပၚကဝိတ္ကုိ မခံႏုိင္ျဖစ္ၿပီး ျဖစ္တတ္တာေပါ့ေနာ္။ အဓိက လုပ္ငန္းခြင္လံုၿခံံဳေရးစနစ္ပုိင္း အဲဒီအပိုင္းမွာ အားနည္းသြားတာေပါ့ေနာ္။”

အလားတူျဖစ္ရပ္မ်ိဳး ၂၀၁၈ ခုႏွစ္ကလည္း ထုိင္းေတာင္ပုိင္းမွာ ၂ ႀကိမ္ျဖစ္ပြားခဲ့ၿပီး ျမန္မာအလုပ္သမားေတြ ေသဆံုး ဒဏ္ရာရမႈေတြလည္း ရွိခဲ့ပါတယ္။

ႀကီးမားတဲ့ အေဆာက္အဦးႀကီး ၿပိဳက်တဲ့အခ်ိန္မွာ တခ်ိဳ႕အလုပ္သမားေတြ အလုပ္နားရက္ျဖစ္တာေၾကာင့္ အခ်ိန္ပို အလုပ္ဆင္းၾကသူေတြသာ ဒဏ္ရာရရွိခဲ့ေၾကာင္း၊ တျခားေန႔ေတြဆို အလုပ္သမားဦးေရ ပုိမ်ားတယ္လို႔လည္း အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာဆိုပါတယ္။

ျမန္မာအမ်ိဳးသမီး ၄ ဦး အပါအဝင္ ဒဏ္ရာရ အလုပ္သမားေတြကို Nakhon Ratchasima ခ႐ုိင္ ေဆး႐ုံႀကီးကို ပို႔ေဆာင္ကုသေပးေနတယ္လို႔လည္း နယ္ေျမအာဏာပိုင္ေတြက ထုတ္ေဖာ္ေျပာဆိုသြားပါတယ္။

ထုိင္းႏုိင္ငံမွာ ျမန္မာအလုပ္သမား ၃ သန္းထက္မနည္း အလုပ္လုပ္ကိုင္ေနၾကၿပီး တရားမဝင္ အလုပ္လုပ္ကုိင္ေနၾကသူေတြက မ်ားပါတယ္။ အခုလို အေဆာက္အဦးေတြ ေဆာက္တဲ့အခါမွာေတာ့ တရားဝင္အလုပ္သမားေတြကိုသာ အသံုးမ်ားေၾကာင္း၊ ထိခုိက္ဒဏ္ရာရမႈေတြ အတြက္ေတာ့ နစ္နာေၾကး ရရွိႏုိင္ေအာင္ ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း အလုပ္သမားေရး လႈပ္ရွားသူေတြက ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ထိုင်းနိုင်ငံ ဆောက်လက်စတံတား ပြိုကျလို့ မြန်မာအလုပ်သမားတချို့ ဒဏ်ရာရ

ထိုင်းနိုင်ငံအလယ်ပိုင်း Nakhon Ratchasima ခရိုင်မှာ ဆောက်လက်စ ကုန်းကျော်တံတားကြီး ပြိုကျခဲ့တာကြောင့် မြန်မာနိုင်ငံသား ဆောက်လုပ်ရေး အလုပ်သမား တဒါဇင်လောက် ဒဏ်ရာရသွားပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံအလယ်ပိုင်း Nakhon Ratchasima ခရိုင် Khok Sung မြို့အဝင်က ဆောက်လုပ်နေဆဲ မြို့ဝင်တံတားဟာ စနေနေ့ နေ့လယ်ပိုင်းက အင်္ဂတေပုံလောင်းနေတဲ့အချိန် အောက်ခြေအလေးချိန် မနိုင်ဖြစ်ပြီး ပြိုကျသွားခဲ့တာပါ။

ဒီဖြစ်ရပ်ကြောင့် စနေနေ့ အချိန်ပိုအလုပ်ဆင်းနေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၁၂ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပြီး တဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ အခင်းဖြစ်ပွားတဲ့နေရာကို သွားရောက်ကူညီခဲ့တဲ့ အမှတ် ၃၁ ကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ရေးဝန်ထမ်းတဦးက ပြောပါတယ်။

“ဆောက်လက်စတံတားကြီး အခုလိုဖြစ်ရတာဟာ တံတားကို ဆင်ထားတဲ့ ငြမ်းလုပ်ထားတဲ့တိုင်တွေ မခိုင်လို့ ပြိုကျခဲ့တာဆိုပြီး စုံစမ်းစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကနဦး စစ်ဆေးတွေ့ရှိချက်တွေကို ကိုးကားပြီး ထိုင်းနိုင်ငံ သတင်းတွေမှာ ဖော်ပြထားပါတယ်။”

မြန်မာအလုပ်သမား ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိတာနဲ့ပတ်သက်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးကတော့ ဒါဟာ လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု အားနည်းချက်ကြောင့် ဖြစ်သွားရတာလို့ ပြောပြပါတယ်။

“အလုပ်သမား ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရတယ်။ ငြမ်းတွေရဲ့ ခံနိုင်ရည်အားပေါ့၊ ငြမ်းတွေက သုံးတာတွေက ကြာပြီ။ ငြမ်းတွေက အဟောင်းတွေ ပြန်သုံးတဲ့အခါ အပေါ်က ဘိလပ်မြေလောင်းတဲ့အခါမှာ အပေါ်ကဝိတ်ကို မခံနိုင်ဖြစ်ပြီး ဖြစ်တတ်တာပေါ့နော်။ အဓိက လုပ်ငန်းခွင်လုံခြံုံရေးစနစ်ပိုင်း အဲဒီအပိုင်းမှာ အားနည်းသွားတာပေါ့နော်။”

အလားတူဖြစ်ရပ်မျိုး ၂၀၁၈ ခုနှစ်ကလည်း ထိုင်းတောင်ပိုင်းမှာ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး မြန်မာအလုပ်သမားတွေ သေဆုံး ဒဏ်ရာရမှုတွေလည်း ရှိခဲ့ပါတယ်။

ကြီးမားတဲ့ အဆောက်အဦးကြီး ပြိုကျတဲ့အချိန်မှာ တချို့အလုပ်သမားတွေ အလုပ်နားရက်ဖြစ်တာကြောင့် အချိန်ပို အလုပ်ဆင်းကြသူတွေသာ ဒဏ်ရာရရှိခဲ့ကြောင်း၊ တခြားနေ့တွေဆို အလုပ်သမားဦးရေ ပိုများတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောဆိုပါတယ်။

မြန်မာအမျိုးသမီး ၄ ဦး အပါအဝင် ဒဏ်ရာရ အလုပ်သမားတွေကို Nakhon Ratchasima ခရိုင် ဆေးရုံကြီးကို ပို့ဆောင်ကုသပေးနေတယ်လို့လည်း နယ်မြေအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုသွားပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြပြီး တရားမဝင် အလုပ်လုပ်ကိုင်နေကြသူတွေက များပါတယ်။ အခုလို အဆောက်အဦးတွေ ဆောက်တဲ့အခါမှာတော့ တရားဝင်အလုပ်သမားတွေကိုသာ အသုံးများကြောင်း၊ ထိခိုက်ဒဏ်ရာရမှုတွေ အတွက်တော့ နစ်နာကြေး ရရှိနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း အလုပ်သမားရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG