သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူကုန္ကူးခံ ျမန္မာ ၈၀ နီးပါး ထိုင္းမွာဖမ္းဆီးခံရ


ခ်င္းမိုင္ျပည္နယ္ဖန္ၿမိဳနယ္ သစ္ေတာထဲမွာ ၁၀ လပိုင္း၊ ၁၂ရက္ညက ဖမ္းဆီးခံရတဲ့ျမန္မာႏိုင္ငံသားမ်ား (ထိုင္းနယ္ျခားေစာင့္တပ္)

{Zawgyi/Unicode}

ထိုင္းနယ္စပ္ ခ်င္းမိုင္ျပည္နယ္ ဖန္ၿမိဳ႕နယ္နဲ႔ တာခ့္ျပည္နယ္ မဲေဆာက္ၿမိဳ႕နယ္ထဲမွာ ကေလးငယ္ေတြပါတဲ့ျမန္မာႏိုင္ငံသား လူကုန္ကူးခံရသူ ၈၀ နီးပါးေလာက္ ဖမ္းဆီးခံခဲ့ရပါတယ္။ ဒီသတင္းကို ထိုင္းအေျခစိုက္၊ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ ခ်င္းမိုင္ျပည္နယ္ ဖန္ၿမိဳ႕နယ္ထဲက သစ္ေတာထဲမွာ ကေလးငယ္ေတြပါတဲ့ လူကုန္ကူးခံရသူျမန္မာႏို္င္ငံသား ၄၈ ဦးကို ေအာက္တုိဘာလ ၁၂ ရက္ေန့ညက ထုိင္းနယ္ျခားေစာင့္တပ္က ဖမ္းမိခဲ့ေၾကာင္း ေရႊ႕ေျပာင္းအလုပ္သမားေရးလုပ္ေနတဲ့ AAC မဟာမိတ္အဖဲြ႔က ေျပာေရးဆုိခြင့္ရွိသူ ကိုရဲမင္းက အခုလိုေျပာပါတယ္။

“ခ်င္းမုိင္ျပည္နယ္ ဖန္ၿမိဳ့နယ္သစ္ေတာထဲမွာ ေအာက္တိုဘာလ ၁၂ ရက္ညက ဖမ္းဆီးမိတာကေတာ့ ျမန္မာႏိုင္ငံသား ၄၈ ဦးကုိဖမ္းမိတယ္။ ဖမ္းမိတဲ့အထဲမွာ ကေလး ၁၂ ဦးပါတယ္။ ေယာက္က်ားေလး ၁၆ မိန္းကေလး ၂၀ နဲ့ ကေလး ၁၂ ဦးပါလာတယ္။ သူတို႔က ခ်င္းမုိင္ျပည္နယ္ထဲမွာ ဖမ္းမိပါတယ္။ မူးယစ္ႏွိမ္နင္းေရးနဲ႔ ကိုဗစ္ကာကြယ္ေရးအတြက္ အထူးႀကပ္မတ္ ေစာင့္ၾကည့္ေနတဲ့အာဏာပုိင္ေတြက ဖမ္းတာပါ။ သူတို႔ကရွမ္းျပည္နယ္ေတာင္ႀကီးက ရြာသားေတြလို႔သိရပါတယ္။ ခ်င္းမုိင္မွာ ရရာအလုပ္လုပ္ဖို႔ မိသားစုလိုက္ထြက္လာၾကတဲ့ရြာသားေတြပါ။ မေန႔ညက ဖမ္းဆီးလိုက္တာပါ။အားလံုးကိုေတာ့ ကိုဗစ္စင္တာပို႔ထားတယ္လို႔သိရတယ္။ ဦးေဆာင္ေခၚလာတဲ့ လူကုန္ကူးဂိုဏ္းကိုေတာ့ ဆက္လက္ေဖာ္ထုတ္အေရးယူႏိုင္ဖို႔ စစ္ေဆးေနတယ္လို႔ သိရပါတယ္။”

ထိုုင္းျမန္မာနယ္စပ္ မဲေဆာက္ျမိဳ့ ေသာင္းရင္းျမစ္အနီးက ျမန္မာနိုုင္ငံသားေတြ ရွိေနတဲ့ေနရာေတြကိုေတာ့ ေအာက္တိုဘာလ ၁၃ ရက္ေန႔က ထိုုင္းစစ္တပ္နဲ႔ရဲတပ္ဖြဲဝင္ေတြက လိုုက္လံ စစ္ေဆးရွာေဖြခဲ့ရာမွာ ႏွစ္ထပ္တိုုက္ခန္းတခုုအတြင္း ျမန္မာႏိုင္ငံသား ၂၉ ဦး တရားမဝင္ လာေရာက္ ေနထိုုင္ေနတဲ့အတြက္ စစ္ေဆးၿပီး ဖမ္းဆီးသြားခဲ့ပါတယ္။

အခုဖမ္းဆီးခံရတဲ့ျမန္မာႏိုင္ငံသားေတြဟာ ျမန္မာႏို္င္ငံမွာအလုပ္အကုိင္အခက္အခဲေတြေၾကာင့္ ထုိင္းႏိုင္ငံထဲမွာ အလုပ္ရွာေဖြဖို႔ လာၾကသူေတြျဖစ္တယ္လို႔လည္း ကိုရဲမင္းကဆုိပါတယ္။

“ျမန္မာႏိုင္ငံမွာ လက္ရွိ ေနထုိင္စားေသာက္ဖို႔အခက္အခဲေတြေၾကာင့္ စြန္႔စားၿပီး ေရႊ႕ေျပာင္းသြားလာတယ္လို႔ ေျပာရမွာေပါ့။ လက္ရွိမွာ ထိုင္းႏို္င္ငံထဲ ခုိးဝင္မႈေတြကို အေရးေပၚ ကိုဗစ္ဥပေဒေတြနဲ့ အေရးယူခံရမွာပါ။ အက်ဥ္းေထာင္ေတြထဲလည္းေရာက္ၾကေတာ့မွာပါ။ အက်ဥ္းေထာင္ေတြထဲ အၾကာႀကီးေနထုိင္ၿပီးမွ ျမန္မာျပည္ကုိျပန္ေရာက္ၾကမွာပါ။”

ထိုင္းႏိုင္ငံမွာျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၃ သန္းထက္မနည္းရွိေနျပီး ေန႔စဥ္လည္း ထုိင္းျမန္မာနယ္စပ္ေတြကေန ရာဂဏန္းနဲ႔ ဝင္ေရာက္ေနၾကဆဲျဖစ္ပါတယ္။ တခ်ဳိ႕လည္း နယ္စပ္ေတြမွာ ဖမ္းဆီးမိၿပီး တခ်ဳိ႕လည္း ေနအိမ္ေတြမွာ တည္းခိုေနထုိင္ေနတုန္း ဖမ္းမိၾကသူေတြလည္းရွိပါတယ္။

ထုိင္းႏိုင္ငံကေတာ့ ဒီကာလမွာ လူကုန္ကူးမႈေတြမ်ားတဲ့အတြက္ နယ္စပ္ေတြကို တင္းတင္းၾကပ္ၾကပ္ ေစာင့္ၾကည့္ေနပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္


=========

{Unicode}

လူကုန်ကူးခံ မြန်မာ ၈၀ နီးပါး ထိုင်းမှာဖမ်းဆီးခံရ

ထိုင်းနယ်စပ် ချင်းမိုင်ပြည်နယ် ဖန်မြို့နယ်နဲ့ တာခ့်ပြည်နယ် မဲဆောက်မြို့နယ်ထဲမှာ ကလေးငယ်တွေပါတဲ့မြန်မာနိုင်ငံသား လူကုန်ကူးခံရသူ ၈၀ နီးပါးလောက် ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက်၊ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ပြည်နယ် ဖန်မြို့နယ်ထဲက သစ်တောထဲမှာ ကလေးငယ်တွေပါတဲ့ လူကုန်ကူးခံရသူမြန်မာနိုင်ငံသား ၄၈ ဦးကို အောက်တိုဘာလ ၁၂ ရက်နေ့ညက ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမားရေးလုပ်နေတဲ့ AAC မဟာမိတ်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပါတယ်။

“ချင်းမိုင်ပြည်နယ် ဖန်မြို့နယ်သစ်တောထဲမှာ အောက်တိုဘာလ ၁၂ ရက်ညက ဖမ်းဆီးမိတာကတော့ မြန်မာနိုင်ငံသား ၄၈ ဦးကိုဖမ်းမိတယ်။ ဖမ်းမိတဲ့အထဲမှာ ကလေး ၁၂ ဦးပါတယ်။ ယောက်ကျားလေး ၁၆ မိန်းကလေး ၂၀ နဲ့ ကလေး ၁၂ ဦးပါလာတယ်။ သူတို့က ချင်းမိုင်ပြည်နယ်ထဲမှာ ဖမ်းမိပါတယ်။ မူးယစ်နှိမ်နင်းရေးနဲ့ကိုဗစ်ကာကွယ်ရေးအတွက် အထူးကြပ်မတ် စောင့်ကြည့်နေတဲ့အာဏာပိုင်တွေက ဖမ်းတာပါ။ သူတို့ကရှမ်းပြည်နယ်တောင်ကြီးက ရွာသားတွေလို့သိရပါတယ်။ ချင်းမိုင်မှာ ရရာအလုပ်လုပ်ဖို့ မိသားစုလိုက်ထွက်လာကြတဲ့ရွာသားတွေပါ။ မနေ့ညက ဖမ်းဆီးလိုက်တာပါ။အားလုံးကိုတော့ ကိုဗစ်စင်တာပို့ထားတယ်လို့သိရတယ်။ ဦးဆောင်ခေါ်လာတဲ့ လူကုန်ကူးဂိုဏ်းကိုတော့ ဆက်လက်ဖော်ထုတ်အရေးယူနိုင်ဖို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။”

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ သောင်းရင်းမြစ်အနီးက မြန်မာနိုင်ငံသားတွေ ရှိနေတဲ့နေရာတွေကိုတော့ အောက်တိုဘာလ ၁၃ ရက်နေ့က ထိုင်းစစ်တပ်နဲ့ရဲတပ်ဖွဲဝင်တွေက လိုက်လံ စစ်ဆေးရှာဖွေခဲ့ရာမှာ နှစ်ထပ်တိုက်ခန်းတခုအတွင်း မြန်မာနိုင်ငံသား ၂၉ဦး တရားမဝင် လာရောက် နေထိုင်နေတဲ့အတွက် စစ်ဆေးပြီး ဖမ်းဆီးသွားခဲ့ပါတယ်။

အခုဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံမှာအလုပ်အကိုင်အခက်အခဲတွေကြောင့် ထိုင်းနိုင်ငံထဲမှာ အလုပ်ရှာဖွေဖို့လာကြသူတွေဖြစ်တယ်လို့လည်း ကိုရဲမင်းကဆိုပါတယ်။

“မြန်မာနိုင်ငံမှာ လက်ရှိ နေထိုင်စားသောက်ဖို့အခက်အခဲတွေကြောင့် စွန့်စားပြီး ရွှေ့ပြောင်းသွားလာတယ်လို့ ပြောရမှာပေါ့။ လက်ရှိမှာ ထိုင်းနိုင်ငံထဲ ခိုးဝင်မှုတွေကို အရေးပေါ် ကိုဗစ်ဥပဒေတွေနဲ့ အရေးယူခံရမှာပါ။ အကျဉ်းထောင်တွေထဲလည်းရောက်ကြတော့မှာပါ။ အကျဉ်းထောင်တွေထဲ အကြာကြီးနေထိုင်ပြီးမှ မြန်မာပြည်ကိုပြန်ရောက်ကြမှာပါ။”

ထိုင်းနိုင်ငံမှာမြန်မာရွှေပြောင်းအလုပ်သမား ၃ သန်းထက်မနည်းရှိနေပြီး နေစဉ်လည်း ထိုင်းမြန်မာနယ်စပ်တွေကနေ ရာဂဏန်းနဲ့ ဝင်ရောက်နေကြဆဲဖြစ်ပါတယ်။ တချို့လည်း နယ်စပ်တွေမှာ ဖမ်းဆီးမိပြီး တချို့လည်း နေအိမ်တွေမှာ တည်းခိုနေထိုင်နေတုန်း ဖမ်းမိကြသူတွေလည်းရှိပါတယ်။

ထိုင်းနိုင်ငံကတော့ ဒီကာလမှာလူကုန်ကူးမှုတွေများတဲ့အတွက် နယ်စပ်တွေကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေပါတယ်ရှင်။

#HumanTrafficking #MyanmarMigrants #MyanmarThailand #VOABurmese
#ထိုင်းမြန်မာနယ်စပ်#လူကုန်ကူး#တာ့ခ်၊မဲဆောက်၊သောင်းရင်းမြစ်#မူးယစ်၊ကိုဗစ်

XS
SM
MD
LG