သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အလံုပိတ္ ကုန္တင္ကားထဲ လိုက္ပါလာတဲ႔ ခိုးဝင္ျမန္မာ ၄၀ ခန္႔ ထိုင္းဘက္မွာမိ


ေအာက္တုိဘာလ ၁၀ရက္ေန့က အလံုပိတ္ကားနဲ့လူကုန္ကူးခံရတဲ့ျမန္မာႏို္ငံသားမ်ား (ဓာတ္ပံု -ထိုင္းရဲတပ္ဖြဲ႔)

(Zawgyi / Unicode)

ထိုင္းႏိုင္ငံ တာ့ခ္ျပည္နယ္ကတဆင့္ ဘန္ေကာက္ကို သြားမယ့္ ကား တစီးထဲမွာ ပိတ္ေလွာင္ေခၚလာတဲ့ ျမန္မာ ၃၇ ေယာက္ကို ဖမ္းမိခဲ့ပါတယ္။ လူကုန္ကူးသူ ထိုင္းႏိုင္ငံသား တေယာက္ကိုလည္း ဖမ္းမိပါတယ္။ အမ်ဳိးသမီးေတြ အပါအဝင္ အလံုပိတ္ ကုန္တင္ကားနဲ႔ လူေမွာင္ခိုကူးလာတဲ့ သတင္းကို ထိုင္းအေျခစိုက္ ဗီြအိုေအ သတင္းေထာက္ မေအးေအးမာကေျပာျပေပးမွာပါ။

ထုိင္းႏိုင္ငံထဲကို အလုပ္အကုိင္ရွာေဖြဖို႔ နယ္စပ္ေတြကေန တရားမဝင္ လာၾကသူေတြကို လူကုန္ကူးတဲ့ ပဲြစားေတြက နည္းအမ်ိဳးမ်ိဳးနဲ႔ ထုိင္းႏုိင္ငံအတြင္းပိုင္းကို ပုိ႔ေဆာင္ေနရာမွာ ေအာက္တိုဘာလ ၁၀ ရက္ေန႔ကေတာ့ ျမန္မာႏိုင္ငံသား ၃၇ ေယာက္ကို ေနာက္ခန္း အလံုပိတ္ကားနဲ႔ ေခၚလာစဥ္ ထုိင္းအာဏာပိုင္ေတြ ဖမ္းမိခဲ့တယ္လို႔ တာ့ခ္ျပည္နယ္ မဲေဆာက္ျမိဳ႕အေျခစုိက္ ေရာင္ျခည္ဦးအလုပ္သမားအဖြဲြ႔ တာ၀န္ခံ ဦးမိုးေက်ာ္က အခုလိုေျပာပါတယ္။

" ေအာက္တုိဘာလ ၁၀ရက္ေန့မွာ တာ့ခ္ခရိုင္၊ ၀မ္ေက်ာက္ျမိဳ႔နယ္ ဘန္ေကာက္ကို ျဖတ္တဲ့လမ္းေပၚမွာ ဟုိင္းလတ္ လူစီးကား အလံုပိတ္ကားေပၚမွာ ပစၥည္းတင္သလိုမ်ိဳ းလူေတြကို အလံုပိတ္ျပီး တင္သြားတာကိုဖမ္းမိပါတယ္။ အဲဒီမွာျမန္မာလူမ်ိုဳး ၃၇ ေယာက္ပါတယ္။ အမ်ိဳးသားက၂၆ ေယာက္၊ အမ်ိဳးသမီးက ၁၁ ေယာက္ပါပါတယ္။ ကားငယ္ေလးမွာ ပိတ္ေလွာင္ျပီး လမ္းေႀကာင္းမွာေတာ့ ထုိင္းႏို္င္ငံသားတဦးက ကားေမာင္းလာတယ္လို့ သိရပါတယ္။ အဲဒါကိုဖမ္းမိတယ္လို့သိရပါတယ္။"

ဟိုင္းလတ္ကားကို အေနာက္မွာ အလံုပိတ္ ကုန္တင္ကားလို ပံုစံလုပ္ၿပီး လူကုန္ကူးဖုိ႔ ႀကိဳးစားတာျဖစ္ပါတယ္။ အခုလိုမ်ိဳး ကားေတြထဲမွာ လူေတြကို ပိတ္ေလွာင္ သယ္ေဆာင္ခဲ့တဲ့ လူကုန္ကူးမႈမ်ိဳးေတြဟာ ၂၀၀၈ ခုႏွစ္ ဧျပီလ ၉ ရက္ေန႔က ရေနာင္းျပည္နယ္ထဲမွာျဖစ္ခဲ့ဘူးပါတယ္။ အဲဒီတုန္းကလည္း ျမန္မာနိုင္ငံသား ၁၂၀ေက်ာ္ကုိ ပင္လယ္စာေတြ သယ္ေဆာင္တဲ့ အေအးခန္းကားထဲမွာထည့္ျပီး သယ္ေဆာင္ခဲ့တဲ့အတြက္ ေတာ္ေတာ္မ်ားမ်ား ေသဆံုးခဲ့ဖူးပါတယ္။

ရေနာင္းကေန ဖူးခက္ကို လူကုန္ကူးလားတဲ့ အေအခန္းကား အေအးစက္ပ်က္တဲ့အတြက္ အထဲမွာပါလာသူေတြ အသက္႐ွဴၾကပ္လို႔ ကားကိုထုျပီး ေအာ္ဟစ္ေတာ့မွ လူကုန္ကူးသူ ကားေမာင္းသမားက ကားကိုရပ္ေပးခဲ့တာပါ။ အဲဒီလူကုန္ကူးမႈ အျဖစ္အပ်က္တုန္းကေတာ့ အမ်ိဳသမီး ၃၆ေယာက္၊ အမ်ိဳးသား ၁၇ ေယာက္၊ အသက္ ၈ႏွစ္အရြယ္ ကေလးတဦးတို႔ အပါအဝင္ လူ ၅၀ ေက်ာ္ အသက္႐ွဴၾကပ္ေသဆံုးခဲ့ပါတယ္။ အသက္အႏၱရာယ္စိုးရိမ္ရတဲ့အထိ ေဆး႐ံုတက္ခဲ့ရသူေတြလည္း႐ွိပါတယ္။

ေနာက္ပိုင္းမွာလည္း ဓါတ္ဆီနဲ႔ ေလာင္စာသယ္ ကားအလြတ္ထဲ ျမန္မာႏိုင္ငံသားေတြကို ဖြက္ၿပီး လူကုန္ကူးတာ အပါအဝင္ အလံုပိတ္ကားေတြနဲ႔ မဲေဆာက္ၿမိဳ႕ကေန ဘန္ေကာက္အပါအဝင္ တျခားၿမိဳ႕ေတြဆီ လူကုန္ကုန္းလို႔ အသက္႐ွဴၾကပ္ေသဆံုးသူေတြလည္း ႐ွိခဲ့ပါေသးတယ္။ ဒါေၾကာင့္ အလံုပိတ္ကားေတြနဲ႔ လူကုန္ကူးခံရရင္ အသက္အႏၱရာယ္ စိုးရိမ္ရတာေႀကာင့္ ျမန္မာႏိုင္ငံသားေတြ သတိျပဳသင့္တယ္လို႔ ဦးမုိးေက်ာ္က သတိေပးပါတယ္။

" ဒီလိုမ်ိဳးတရားမ၀င္ေတြကို ကုန္ကူးတဲ့ပံုစံက ပိတ္ေလွာင္ျပီး သယ္သြားတဲ့ ပံုစံက အသက္အႏၱရာယ္ စိုးရိမ္ရပါတယ္။ လမ္းေႀကာင္းမွာ စစ္ေဆးသူမရွိလို့ ၆နာရီေလာက္ နာရီေပါင္းမ်ားစြာ ပိတ္ေလွာင္ခံရမယ္ဆုိရင္ အရင္တုန္းကျဖစ္ပ်က္ခဲ့တဲ့ Case ေတြလည္းရွိခဲ့ဘူးပါတယ္။ အသက္အႏၱရာယ္ အမ်ားႀကီးရွိတယ္လို့ ေျပာခ်င္ပါတယ္။ "

တဆက္တည္း တရားမဝင္ ထိုင္းႏုိင္ငံထဲ ဝင္ေရာက္တဲ့သတင္းေျပာရရင္၊ ထိုင္းႏုိင္ငံ ကမ္ခ်နဘူရီျပည္နယ္ စံခဘူရီ နယ္စပ္ျဖတ္ေက်ာ္ျပီးတရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာႏိုင္ငံသား ၈ ဦးကို ထိုင္းစစ္တပ္နဲ႔ ရဲ ပူးေပါင္းတပ္ဖြဲ႔က တနဂၤေႏြေန႔မွာ ဖမ္းဆီးလိုက္ပါတယ္။ေအာက္တိုဘာလ ၉၊ စေနေန႔ကလည္း ခ်င္းမိုင္သစ္ေတာအတြင္းမွာ လူကုန္ကူးသူေတြ စြန္႔ပစ္ထားခဲ့တဲ့ ျမန္မာနိ္င္ငံသား ၆ ဦးကိုလည္း ဖမ္းမိခဲ့ပါတယ္။

အခုဆိုရင္ ျမန္မာႏိုင္ငံမွာ အလုပ္အကုိင္ အခက္အခဲေတြနဲ႔ ႏိုင္ငံေရး မတည္ျငိမ္မူေတြေႀကာင့္ အိမ္နီးခ်င္း ထိုင္းႏိုင္ငံမွာ အလုပ္အကိုင္ရွာဖို႔ လာႀကသူေတြမ်ားလာပါတယ္။ အဲဒီလူေတြကိုေတာ့ လူကုန္ကူးသူေတြက တဦးကုိ ဘတ္ေငြ ၂ေသာင္းကေန ၃ေသာင္းေလာက္ထိ ယူျပီး အဆင့္ဆင့္ လူကုန္ကူးမူေတြလုပ္ေနႀကတာပါ။ ဒီလပိုင္းထဲမွာပဲ နယ္စပ္ေတြကေန ဖမ္းမိတဲ့ တရားမဝင္ ဝင္လာသူ ၅၀၀၀ ထက္မနည္း ရွိတယ္လို႔ ထုိင္းအာဏာပိုင္ေတြက ထုတ္ေဖာ္ေျပာဆုိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အလုံပိတ်ကုန်တင်ကားထဲ လိုက်ပါလာတဲ့ ခိုးဝင်မြန်မာ ၄၀ ခန့် ထိုင်းဘက်မှာမိ

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်ကတဆင့် ဘန်ကောက်ကို သွားမယ့် ကား တစီးထဲမှာ ပိတ်လှောင်ခေါ်လာတဲ့ မြန်မာ ၃၇ ယောက်ကို ဖမ်းမိခဲ့ပါတယ်။ လူကုန်ကူးသူ ထိုင်းနိုင်ငံသား တယောက်ကိုလည်း ဖမ်းမိပါတယ်။ အမျိုးသမီးတွေ အပါအဝင် အလုံပိတ် ကုန်တင်ကားနဲ့ လူမှောင်ခိုကူးလာတဲ့ သတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာကပြောပြပေးမှာပါ။

ထိုင်းနိုင်ငံထဲကို အလုပ်အကိုင်ရှာဖွေဖို့ နယ်စပ်တွေကနေ တရားမဝင် လာကြသူတွေကို လူကုန်ကူးတဲ့ ပွဲစားတွေက နည်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းကို ပို့ဆောင်နေရာမှာ အောက်တိုဘာလ ၁၀ ရက်နေ့ကတော့ မြန်မာနိုင်ငံသား ၃၇ ယောက်ကို နောက်ခန်း အလုံပိတ်ကားနဲ့ ခေါ်လာစဉ် ထိုင်းအာဏာပိုင်တွေ ဖမ်းမိခဲ့တယ်လို့ တာ့ခ်ပြည်နယ် မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ တာဝန်ခံ ဦးမိုးကျော်က အခုလိုပြောပါတယ်။

" အောက်တိုဘာလ ၁၀ရက်နေ့မှာ တာ့ခ်ခရိုင်၊ ဝမ်ကျောက်မြို့နယ် ဘန်ကောက်ကို ဖြတ်တဲ့လမ်းပေါ်မှာ ဟိုင်းလတ် လူစီးကား အလုံပိတ်ကားပေါ်မှာ ပစ္စည်းတင်သလိုမျို းလူတွေကို အလုံပိတ်ပြီး တင်သွားတာကိုဖမ်းမိပါတယ်။ အဲဒီမှာမြန်မာလူမျိုုး ၃၇ ယောက်ပါတယ်။ အမျိုးသားက၂၆ ယောက်၊ အမျိုးသမီးက ၁၁ ယောက်ပါပါတယ်။ ကားငယ်လေးမှာ ပိတ်လှောင်ပြီး လမ်းကြောင်းမှာတော့ ထိုင်းနိုင်ငံသားတဦးက ကားမောင်းလာတယ်လို့ သိရပါတယ်။ အဲဒါကိုဖမ်းမိတယ်လို့သိရပါတယ်။"

ဟိုင်းလတ်ကားကို အနောက်မှာ အလုံပိတ် ကုန်တင်ကားလို ပုံစံလုပ်ပြီး လူကုန်ကူးဖို့ ကြိုးစားတာဖြစ်ပါတယ်။ အခုလိုမျိုး ကားတွေထဲမှာ လူတွေကို ပိတ်လှောင် သယ်ဆောင်ခဲ့တဲ့ လူကုန်ကူးမှုမျိုးတွေဟာ ၂၀၀၈ ခုနှစ် ဧပြီလ ၉ ရက်နေ့က ရနောင်းပြည်နယ်ထဲမှာဖြစ်ခဲ့ဘူးပါတယ်။ အဲဒီတုန်းကလည်း မြန်မာနိုင်ငံသား ၁၂၀ကျော်ကို ပင်လယ်စာတွေ သယ်ဆောင်တဲ့ အအေးခန်းကားထဲမှာထည့်ပြီး သယ်ဆောင်ခဲ့တဲ့အတွက် တော်တော်များများ သေဆုံးခဲ့ဖူးပါတယ်။

ရနောင်းကနေ ဖူးခက်ကို လူကုန်ကူးလားတဲ့ အအေခန်းကား အအေးစက်ပျက်တဲ့အတွက် အထဲမှာပါလာသူတွေ အသက်ရှူကြပ်လို့ ကားကိုထုပြီး အော်ဟစ်တော့မှ လူကုန်ကူးသူ ကားမောင်းသမားက ကားကိုရပ်ပေးခဲ့တာပါ။ အဲဒီလူကုန်ကူးမှု အဖြစ်အပျက်တုန်းကတော့ အမျိုသမီး ၃၆ယောက်၊ အမျိုးသား ၁၇ ယောက်၊ အသက် ၈နှစ်အရွယ် ကလေးတဦးတို့ အပါအဝင် လူ ၅၀ ကျော် အသက်ရှူကြပ်သေဆုံးခဲ့ပါတယ်။ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဆေးရုံတက်ခဲ့ရသူတွေလည်းရှိပါတယ်။

နောက်ပိုင်းမှာလည်း ဓါတ်ဆီနဲ့ လောင်စာသယ် ကားအလွတ်ထဲ မြန်မာနိုင်ငံသားတွေကို ဖွက်ပြီး လူကုန်ကူးတာ အပါအဝင် အလုံပိတ်ကားတွေနဲ့ မဲဆောက်မြို့ကနေ ဘန်ကောက်အပါအဝင် တခြားမြို့တွေဆီ လူကုန်ကုန်းလို့ အသက်ရှူကြပ်သေဆုံးသူတွေလည်း ရှိခဲ့ပါသေးတယ်။ ဒါကြောင့် အလုံပိတ်ကားတွေနဲ့ လူကုန်ကူးခံရရင် အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် မြန်မာနိုင်ငံသားတွေ သတိပြုသင့်တယ်လို့ ဦးမိုးကျော်က သတိပေးပါတယ်။

" ဒီလိုမျိုးတရားမဝင်တွေကို ကုန်ကူးတဲ့ပုံစံက ပိတ်လှောင်ပြီး သယ်သွားတဲ့ ပုံစံက အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ လမ်းကြောင်းမှာ စစ်ဆေးသူမရှိလို့ ၆နာရီလောက် နာရီပေါင်းများစွာ ပိတ်လှောင်ခံရမယ်ဆိုရင် အရင်တုန်းကဖြစ်ပျက်ခဲ့တဲ့ Case တွေလည်းရှိခဲ့ဘူးပါတယ်။ အသက်အန္တရာယ် အများကြီးရှိတယ်လို့ ပြောချင်ပါတယ်။ "

တဆက်တည်း တရားမဝင် ထိုင်းနိုင်ငံထဲ ဝင်ရောက်တဲ့သတင်းပြောရရင်၊ ထိုင်းနိုင်ငံ ကမ်ချနဘူရီပြည်နယ် စံခဘူရီ နယ်စပ်ဖြတ်ကျော်ပြီးတရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ထိုင်းစစ်တပ်နဲ့ ရဲ ပူးပေါင်းတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။အောက်တိုဘာလ ၉၊ စနေနေ့ကလည်း ချင်းမိုင်သစ်တောအတွင်းမှာ လူကုန်ကူးသူတွေ စွန့်ပစ်ထားခဲ့တဲ့ မြန်မာနိင်ငံသား ၆ ဦးကိုလည်း ဖမ်းမိခဲ့ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခက်အခဲတွေနဲ့ နိုင်ငံရေး မတည်ငြိမ်မူတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အလုပ်အကိုင်ရှာဖို့ လာကြသူတွေများလာပါတယ်။ အဲဒီလူတွေကိုတော့ လူကုန်ကူးသူတွေက တဦးကို ဘတ်ငွေ ၂သောင်းကနေ ၃သောင်းလောက်ထိ ယူပြီး အဆင့်ဆင့် လူကုန်ကူးမူတွေလုပ်နေကြတာပါ။ ဒီလပိုင်းထဲမှာပဲ နယ်စပ်တွေကနေ ဖမ်းမိတဲ့ တရားမဝင် ဝင်လာသူ ၅၀၀၀ ထက်မနည်း ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG