သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူကုန္ကူးခံရသူ ျမန္မာေတြ ထိုင္းနယ္ျခားေစာင့္ စစ္ေဆးေတြ႔ရွိ


လူကုန္ကူးသူေတြ စြန္႔ပစ္သြားလို႔ အဖမ္းခံရတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (စက္တင္ဘာ ၂၄၊ ၂၀၂၁။ ဓာတ္ပုံ - ထုိင္းနယ္ျခားေစာင့္တပ္)

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ ကန္ခ်နဘူရီျပည္နယ္ထဲမွာ ၄ ရက္တာ အစာေရစာ ျပတ္လတ္ေနတဲ့ လူကုန္ကူးခံရသူ ျမန္မာ ၁၀ ဦးကို ထိုင္းနယ္ျခားေစာင့္တပ္က စက္တင္ဘာလ ၂၄ ရက္ေန႔မွာ ဖမ္းမိခဲ့ၿပီး အဲဒီေနရာတဝုိက္မွာပဲ ေနာက္ထပ္ ၁၄ ဦးကို စက္တင္ဘာလ ၂၅ ရက္ေန႔က ဖမ္းမိခဲ့ပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုိင္း-ျမန္္မာနယ္စပ္ ကန္ခ်နဘူရီျပည္နယ္ထဲမွာ လူကုန္ကူးသမားေတြ စြန္႔ပစ္ထားခဲ့တဲ့ ျမန္မာႏုိင္ငံသား ၁၀ ဦးကို ထုိင္းနယ္ျခားေစာင့္တပ္က ဖမ္းမိခဲ့သလို ေနာက္ထပ္ ၁၄ ဦးကိုပါ ဖမ္းမိတာေၾကာင့္ ၂ ရက္အတြင္း စုစုေပါင္း ျမန္မာႏုိင္ငံသား ၂၄ ဦးကို ဖမ္းမိခဲ့တယ္လို႔ AAC အလုပ္သမားကူညီေရးအဖဲြ႔ ေျပာေရးဆိုခြင့္ရိွသူ ကိုရဲမင္းက အခုလိုေျပာျပပါတယ္။

“ဖမ္းဆီးခံထိတဲ့ အလုပ္သမားေတြကေတာ့ စက္တင္ဘာလ ၂၄ ရက္ေန႔က ကန္ခ်နဘူရီျပည္နယ္ Ban Kao ၿမိဳ႕နယ္ ေက်းရြာအုုပ္စုု ၁၅ သစ္ေတာထဲမွာ ဖမ္းမိတာပါ။ သူတုိ႔က ၄ ရက္တာ အစာေရစာေတြ ျပတ္လတ္ေနတာေပါ့ေနာ္။ ျမန္မာႏုိင္ငံသား ၁၀ ဦးပါ။ ပဲြစားေတြက လာေခၚမွာကို ေတာထဲကေန ေစာင့္ေနတုန္း ထိုင္း-ျမန္မာနယ္စပ္က အမွတ္ ၄ ထုိင္းနယ္ျခားေစာင့္တပ္က သတင္းေပးတဲ့သူရွိလို႔ သိရိွၿပီး သြားေရာက္ဖမ္းဆီးခဲ့တာပါ။ အလုပ္သမားေတြက ၄ ရက္ေလာက္ အစာေရစာ ျပတ္လတ္ၿပီး အားအင္ေတြ ခ်ည့္နဲ႔ေနၾကတယ္။ ဖမ္းဆီးၿပိီးေတာ့ ထုိင္းအာဏာပုိင္ေတြက အစားအေသာက္နဲ႔ ေရကို အေရးေပၚ စီစဥ္ေပးခဲ့တယ္၊ ျပဳစုေစာင့္ေရွာက္ေပးခဲ့တယ္။ တဆက္တည္းမွာပဲ ေနာက္ဆက္တဲြပဲ ျမန္မာအလုပ္သမား ၁၄ ဦးကိုလည္း ထုိင္အာဏာပိုင္ေတြက ဖမ္းမိတယ္လို႔ သိရပါတယ္။”

သူတိုု႔ကိုုေတာ့ လူကုန္ကူးပြဲစားေတြက တဦးကိုု ဘတ္ေငြ ၁၈,၀၀၀ ေတာင္းခဲ့ၿပီး ဘန္ေကာက္မွာ အလုုပ္ရမယ္ဆိုၿပီး ေခၚေဆာင္လာၾကတာလို႔ ဆုိပါတယ္။

ျမန္မာႏုိင္ငံဘက္ ေတာလမ္းကေန ေျခလ်င္ခရီးနဲ႔ ထိုင္းႏုိင္ငံအတြင္း ေခၚလာၿပီး ေတာထဲမွာ ပစ္ထားခဲ့ၾကတာဆိုၿပီး ထုိင္းအာဏာပိုင္ေတြရဲ႕ စစ္ေဆးေမးျမန္းခ်က္ေတြကို ကိုးကားၿပီး ထိုုင္းသတင္းေတြမွာ ေဖာ္ျပထားပါတယ္။

အလုပ္သမားေတြအေနနနဲ႔ အခုလို ဖမ္းဆီးခံရတဲ့အတြက္ ထုိင္းႏုိင္ငံရဲ႕ အေရးေပၚဥပေဒနဲ႔ အေရးယူခံရမွာျဖစ္သလို လူပဲြစားေတြကို ျမန္မာက်ပ္ေငြနဲ႔ဆုိ က်ပ္ ၁၀ သိန္းေက်ာ္ ထုိင္းဘတ္ေငြနဲ႔ဆို ဘတ္ေငြ ၁၈,၀၀၀ ထက္မနည္း အခေၾကးေငြ ေပးခဲ့ရတာေတြလည္း ဆံုး႐ႈံးခဲ့ရတယ္လို႔ ကိုရဲမင္းက ေျပာပါတယ္။

“ဒီအလုပ္သမားေတြကေတာ့ တဖက္မွာလည္း လာတဲ့လမ္းစရိတ္ေတြ ဆံုး႐ႈံးသလို တဖက္မွာလည္း ထုိင္းႏုိင္္ငံရဲ႕ အေရးေပၚစီမံခ်က္ ဥပေဒေတြနဲ႔လည္း အေရးယူခံရမွာ ျဖစ္ပါတယ္။ ျပစ္ဒဏ္ေတြဆုိရင္လည္း အနည္းဆံုး တႏွစ္ေက်ာ္ေလာက္ ျဖတ္သန္းရမယ့္ အေနအထားပါ။”

ျမန္မာႏုိင္ငံမွာ ႏို္င္ငံေရးမတည္ၿငိမ္မႈနဲ႔ အလုပ္အကုိင္ ရွားပါးမႈေတြ၊ လူငယ္ေတြကို ဖမ္းဆီးမႈေတြ မ်ားေနတဲ့အတြက္ေၾကာင့္ လူငယ္လူရြယ္ေတြဟာ ျမန္မာျပည္ထဲမွာ ေနထုိင္ရ ခက္ခဲလာေနၾကတာပါ။ တခ်ိဳ႕ဆုိရင္ ရြာေတြမွာ မေနရဲေတာ့ဘဲ ထြက္ေျပးတိမ္းေရွာင္လာသူေတြ အပါအဝင္ စားဝတ္ေနေရး အခက္အခဲေၾကာင့္ အလုပ္လုပ္ဖို႔ လာၾကသူေတြလည္း ထုိင္းနယ္စပ္ ဝင္ေပါက္အသီးသီးကေန ေန႔စဥ္ ခုိးဝင္လာေနၾကပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လကစလို႔ တႏွစ္အတြင္း ထိုင္းႏုိင္ငံထဲကုိ ခိုးဝင္လို႔ ဖမ္းမိတဲ့ ႏုိင္ငံျခားသား အလုပ္သမား ၄၀,၀၀၀ ေက်ာ္ရွိၿပီး အမ်ားစုကေတာ့ ျမန္မာႏုိင္ငံသားေတြ ျဖစ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

လူကုန်ကူးခံရသူ မြန်မာတွေ ထိုင်းနယ်ခြားစောင့် စစ်ဆေးတွေ့ရှိ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်ထဲမှာ ၄ ရက်တာ အစာရေစာ ပြတ်လတ်နေတဲ့ လူကုန်ကူးခံရသူ မြန်မာ ၁၀ ဦးကို ထိုင်းနယ်ခြားစောင့်တပ်က စက်တင်ဘာလ ၂၄ ရက်နေ့မှာ ဖမ်းမိခဲ့ပြီး အဲဒီနေရာတဝိုက်မှာပဲ နောက်ထပ် ၁၄ ဦးကို စက်တင်ဘာလ ၂၅ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်ထဲမှာ လူကုန်ကူးသမားတွေ စွန့်ပစ်ထားခဲ့တဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိခဲ့သလို နောက်ထပ် ၁၄ ဦးကိုပါ ဖမ်းမိတာကြောင့် ၂ ရက်အတွင်း စုစုပေါင်း မြန်မာနိုင်ငံသား ၂၄ ဦးကို ဖမ်းမိခဲ့တယ်လို့ AAC အလုပ်သမားကူညီရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပြပါတယ်။

“ဖမ်းဆီးခံထိတဲ့ အလုပ်သမားတွေကတော့ စက်တင်ဘာလ ၂၄ ရက်နေ့က ကန်ချနဘူရီပြည်နယ် Ban Kao မြို့နယ် ကျေးရွာအုပ်စု ၁၅ သစ်တောထဲမှာ ဖမ်းမိတာပါ။ သူတို့က ၄ ရက်တာ အစာရေစာတွေ ပြတ်လတ်နေတာပေါ့နော်။ မြန်မာနိုင်ငံသား ၁၀ ဦးပါ။ ပွဲစားတွေက လာခေါ်မှာကို တောထဲကနေ စောင့်နေတုန်း ထိုင်း-မြန်မာနယ်စပ်က အမှတ် ၄ ထိုင်းနယ်ခြားစောင့်တပ်က သတင်းပေးတဲ့သူရှိလို့ သိရှိပြီး သွားရောက်ဖမ်းဆီးခဲ့တာပါ။ အလုပ်သမားတွေက ၄ ရက်လောက် အစာရေစာ ပြတ်လတ်ပြီး အားအင်တွေ ချည့်နဲ့နေကြတယ်။ ဖမ်းဆီးပြီးတော့ ထိုင်းအာဏာပိုင်တွေက အစားအသောက်နဲ့ ရေကို အရေးပေါ် စီစဉ်ပေးခဲ့တယ်၊ ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ တဆက်တည်းမှာပဲ နောက်ဆက်တွဲပဲ မြန်မာအလုပ်သမား ၁၄ ဦးကိုလည်း ထိုင်အာဏာပိုင်တွေက ဖမ်းမိတယ်လို့ သိရပါတယ်။”

သူတို့ကိုတော့ လူကုန်ကူးပွဲစားတွေက တဦးကို ဘတ်ငွေ ၁၈,၀၀၀ တောင်းခဲ့ပြီး ဘန်ကောက်မှာ အလုပ်ရမယ်ဆိုပြီး ခေါ်ဆောင်လာကြတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဘက် တောလမ်းကနေ ခြေလျင်ခရီးနဲ့ ထိုင်းနိုင်ငံအတွင်း ခေါ်လာပြီး တောထဲမှာ ပစ်ထားခဲ့ကြတာဆိုပြီး ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းချက်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

အလုပ်သမားတွေအနေနနဲ့ အခုလို ဖမ်းဆီးခံရတဲ့အတွက် ထိုင်းနိုင်ငံရဲ့ အရေးပေါ်ဥပဒေနဲ့ အရေးယူခံရမှာဖြစ်သလို လူပွဲစားတွေကို မြန်မာကျပ်ငွေနဲ့ဆို ကျပ် ၁၀ သိန်းကျော် ထိုင်းဘတ်ငွေနဲ့ဆို ဘတ်ငွေ ၁၈,၀၀၀ ထက်မနည်း အခကြေးငွေ ပေးခဲ့ရတာတွေလည်း ဆုံးရှုံးခဲ့ရတယ်လို့ ကိုရဲမင်းက ပြောပါတယ်။

“ဒီအလုပ်သမားတွေကတော့ တဖက်မှာလည်း လာတဲ့လမ်းစရိတ်တွေ ဆုံးရှုံးသလို တဖက်မှာလည်း ထိုင်းနိုင်ငံရဲ့ အရေးပေါ်စီမံချက် ဥပဒေတွေနဲ့လည်း အရေးယူခံရမှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်တွေဆိုရင်လည်း အနည်းဆုံး တနှစ်ကျော်လောက် ဖြတ်သန်းရမယ့် အနေအထားပါ။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ အလုပ်အကိုင် ရှားပါးမှုတွေ၊ လူငယ်တွေကို ဖမ်းဆီးမှုတွေ များနေတဲ့အတွက်ကြောင့် လူငယ်လူရွယ်တွေဟာ မြန်မာပြည်ထဲမှာ နေထိုင်ရ ခက်ခဲလာနေကြတာပါ။ တချို့ဆိုရင် ရွာတွေမှာ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်လာသူတွေ အပါအဝင် စားဝတ်နေရေး အခက်အခဲကြောင့် အလုပ်လုပ်ဖို့ လာကြသူတွေလည်း ထိုင်းနယ်စပ် ဝင်ပေါက်အသီးသီးကနေ နေ့စဉ် ခိုးဝင်လာနေကြပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကစလို့ တနှစ်အတွင်း ထိုင်းနိုင်ငံထဲကို ခိုးဝင်လို့ ဖမ်းမိတဲ့ နိုင်ငံခြားသား အလုပ်သမား ၄၀,၀၀၀ ကျော်ရှိပြီး အများစုကတော့ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပါတယ်။

XS
SM
MD
LG