သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရားမဝင္နယ္စပ္ျဖတ္ေက်ာ္သူ ႐ိုဟင္ဂ်ာ ၂၃ဦး မဲေဆာက္ၿမိဳ႕မွာ ဖမ္းဆီးခံရ


မဲေဆာက္မွာဖမ္းမိတဲ့ ရိုဟင္ဂ်ာမ်ား(ဓာတ္ပံု- ထိုင္းရဲတပ္ဖြဲ ့)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံနဲ႔နယ္စပ္ ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕ မယ္ေတာင္ရပ္ကြက္မွာ အမ်ိဳးသမီးနဲ႔ ကေလးငယ္အမ်ားစုပါတဲ့ ႐ိုဟင္ဂ်ာ ၂၃ ေယာက္နဲ႔ လူကုန္ကူး ပြဲစားတေယာက္ကို ထိုင္းရဲေတြက ဖမ္းဆီးခဲ့ပါတယ္။ ေသာ့ခတ္ထားတဲ့ ေနအိမ္တလုံးကို ထိုင္းႏိုင္ငံ လူကုန္ကူးမႈတိုက္ဖ်က္ေရး ရဲတပ္ဖြဲ႕နဲ႔ နယ္ေျမခံအာဏာပိုင္ေတြက စက္တင္ဘာလ ၁၂ ရက္ေန႔မနက္ပိုင္းမွာ ဝင္ေရာက္ရွာေဖြရာၿပီး ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ ထိုင္းႏိုင္ငံကေနတဆင့္ မေလးရွားႏိုင္ငံကို တရားမဝင္ သြားေရာက္ဖို႔ ႀကိဳးစားသူေတြ ဖမ္းဆီးခံရတဲ့သတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံနဲ႔နယ္စပ္ ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕ မယ္ေတာင္ရပ္ကြက္မွာ အမ်ိဳးသမီးနဲ႔ ကေလးငယ္အမ်ားစုပါတဲ့ ႐ိုဟင္ဂ်ာ ၂၃ ေယာက္နဲ႔ လူကုန္ကူး ပြဲစားတေယာက္ကို ထိုင္းရဲေတြက ဖမ္းဆီးခဲ့ပါတယ္။ ေသာ့ခတ္ထားတဲ့ ေနအိမ္တလုံးကို ထိုင္းႏိုင္ငံ လူကုန္ကူးမႈတိုက္ဖ်က္ေရး ရဲတပ္ဖြဲ႕နဲ႔ နယ္ေျမခံအာဏာပိုင္ေတြက စက္တင္ဘာလ ၁၂ ရက္ေန႔မနက္ပိုင္းမွာ ဝင္ေရာက္ရွာေဖြရာၿပီး ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ ထိုင္းႏိုင္ငံကေနတဆင့္ မေလးရွားႏိုင္ငံကို တရားမဝင္ သြားေရာက္ဖို႔ ႀကိဳးစားသူေတြ ဖမ္းဆီးခံရတဲ့သတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္ ။

ထိုင္းျမန္မာနယ္စပ္မဲေဆာက္ၿမိဳ႕မယ္ေတာင္ရပ္ကြက္က ေနအိမ္တလုံးမွာ လူကုန္ကူးသမားေတြ ဖြက္ထားတဲ့ ႐ိုဟင္ဂ်ာ၂၃ ဦးကို ထိုင္းအာဏာပိုင္ေတြ ဖမ္းဆီးခဲ့ပါတယ္။ မသကၤာတဲ့ အိမ္တလုံးထဲမွာ အမ်ိဳးသမီးေတြ ကေလးေတြပါတဲ့ ႐ိုဟင္ဂ်ာေတြကို ဖမ္းမိတာနဲ႔ပါတ္သက္လို႔ ေရာင္ျခည္ဦး အလုပ္သမားအဖြဲ႕ရဲ႕ မဲေဆာက္႐ုံးတာဝန္ခံဦးမိုးေက်ာ္က အခုလိုေျပာပါတယ္။

"ရဲေတြကေနၿပီးေတာ့မယ္ေတာင္အနီးတဝိုက္မွာ မယ္ေတာင္လမ္းဆုံမွာ မယ္ေတာင္႐ြာေတြထဲမွာ ကားေတြနဲ႔ပတ္ေနတာ တခုခုကိုရွာေနတာကို စက္တင္ဘာလ ၁၁ ရက္ေန႔ကတည္းကေတြ႕ရတယ္။ မိုး႐ြာတဲ့အခ်ိန္မွာကိုေတြ႕ရတယ္၁၂ ရက္ေန႔မွာေတာ့ မဲေတာင္ဘက္မွာရွိတဲ့ ေသ့ာခတ္ထားတဲ့အိမ္တအိမ္မွာ လူကုန္ကူးမူ႔တားဆီးေရးအဖြဲ႕ေတြနဲ႔ နယ္ေျမခံတာဝန္ရွိတဲ့ရဲေတြကမသကၤာလို႔ေစာင့္ၾကည့္ေနရာကေန တရားမဝင္ဝင္လာတဲ့႐ိုဟင္ဂ်ာေတြ အမ်ိဳးသမီးေတြ ကေလးေတြပါတဲ့ ၂၃ ဦးကိုဖမ္ဆီးရမိတယ္။"

ျမန္မာႏိုင္ငံသားတဦးျဖစ္သူ အသက္ ၆၁ ႏွစ္အ႐ြယ္ မိုဟာမက္ဆာလင္းက ႐ိုဟင္ဂ်ာအမ်ိဳးသမီးနဲ႔ ကေလးေတြကို ထိုင္းႏိုင္ငံေတာင္ပိုင္းကတဆင့္ မေလးရွားပို႔ဖို႔အတြက္ အိမ္ထဲမွာ ပိတ္ေလွာင္ဖြက္ထားတာျဖစ္တယ္လို႔ မဲေဆာက္ရဲစခန္းကထုတ္ျပန္ထားတာကို ဦးမိုးေက်ာ္က ေျပာျပပါတယ္။

မိုဟာမက္ဆာလင္းဆိုတဲ့အမ်ိဳးသားတေယာက္ကေနထိုင္းႏိုင္ငံအတြင္းပိုင္းကေန ျဖတ္ၿပီး႐ိုဟင္ဂ်ာအမ်ိဳးသမီးနဲ႔ကေလးေတြအပါအဝင္ ၂၃ ဦးကိုမေလးရွား ပို႔ဖို႔ဆိုၿပီးသတင္းရထားတယ္ဆိုၿပီးရဲစခန္းကေဖာ္ျပတယ္။

ထိုင္းႏိုင္ငံမွာ ဖမ္းမိတဲ့ ႐ိုဟင္ဂ်ာေတြထဲမွာ အမ်ိဳးသမီး ၁၆ ဦးအမ်ိဳးသား ၄ ဦး ကေလး ၃ ဦးပါဝင္ပါတယ္။ ပိတ္ေလွာင္ထားတဲ့ လူေမွာင္ခိုကူးေနသူျမန္မာႏိုင္ငံသား မိုဟာမက္ဟာ ထိုင္းႏိုင္ငံအတြင္းမွာ လူေမွာင္ခိုလုပ္ငန္းေတြ လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါတယ္။ သူဟာ ထိုင္းေတာင္ပိုင္း စူရတ္ဌာနီတရား႐ုံးမွာ ဖမ္းဝရမ္းထုတ္ခံထားရသူျဖစ္တယ္လို႔ ထိုင္းအာဏာပိုင္ေတြက ေျပာပါတယ္။

နယ္ေျမခံမယ္ေတာင္ရဲတပ္ဖြဲ႕ ကေတာ့ မိုဟာမက္ဆာလင္းရဲ႕အိမ္ကို ရက္အတန္ၾကာကတည္းက ေစာင့္ၾကည့္ေနတာျဖစ္ၿပီး အိမ္တခါးေသာခတ္ထားေပမယ့္ အတြင္းမွာ တရားမဝင္ျမန္မာေတြ ရွိေနတာကိုသတိထားမိခဲ့တယ္လို႔ ေျပာပါတယ္။ အျပင္ကအစားအေသာက္ေတြလာပို႔လို႔ တံခါးဖြင့္ခ်ိန္မွာ ရဲေတြ ဝင္ေရာက္ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ လူကုန္ကူးသူမိုဟာမက္ဟာ ႐ိုဟင္ဂ်ာေတြကို မဲေဆာက္ကတဆင့္ ထိုင္းေတာင္ပိုင္း နယ္စပ္အထိပို႔ၿပီး မေလးရွားႏိုင္ငံဆီေရာက္ေအာင္ ပို႔ေပးေနတာ အႀကိမ္ႀကိမ္ရွိၿပီဆိုတဲ့အေၾကာင္း အာဏာပိုင္ေတြကိုကိုးကားၿပီး ထိုင္းသတင္းေတြမွာေဖာ္ျပၾကပါတယ္။

ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္မွာ လူမ်ိဳးေရး ဘာသာေရးအေျခခံတဲ့ ပဋိပကၡေတြျဖစ္ခဲ့တဲ့ ၂၀၁၂ ခုႏွစ္ေနာက္ပိုင္းထဲက ႐ိုဟင္ဂ်ာေတြဟာ မေလးရွားႏိုင္ငံဘက္ကို တရားမဝင္နည္းလမ္းေတြနဲ႔ သြားဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။ တခ်ိဳ႕က စက္ေလွေတြနဲ႔ သြားဖို႔ႀကိဳးစားရင္း သီတင္းပါတ္နဲ႔ခ်ီ ပင္လယ္ထဲမွာ ဒုကၡေရာက္ခဲ့ၾကတဲ့ ျဖစ္ရပ္ေတြရွိခဲ့သလို၊ ၂၀၁၅ ခုႏွစ္ကလည္း မေလးရွားကို တရားမဝင္ သြားဖို႔ႀကိဳးစားတဲ့ ႐ိုဟင္ဂ်ာ ၈၀ ေက်ာ္ထဲက တခ်ိဳ႕ကို လူကုန္ကူးသူေတြက သတ္ျဖတ္ၿပီးအေလာင္းေတြ ေျမျမႇဳပ္ခဲ့တဲ့ ျဖစ္ရပ္ျဖစ္ခဲ့ပါတယ္။ အဲဒီလူကုန္ကူးမႈမွာ ပါတ္သက္ေနတဲ့ ထိုင္းစစ္တပ္အရာရွိေတြနဲ႔ အစိုးရအရာရွိေတြကို ေနာက္ပိုင္းမွာ ထိုင္းအစိုးရက အေရးယူခဲ့ပါတယ္။

.......................................................................................

တိုက္႐ိုက္ လင့္ခ္


တရားမဝင်နယ်စပ်ဖြတ်ကျော်သူ ရိုဟင်ဂျာ ၂၃ဦး မဲဆောက်မြို့မှာ ဖမ်းဆီးခံရ

(Unicode)

မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တောင်ရပ်ကွက်မှာ အမျိုးသမီးနဲ့ ကလေးငယ်အများစုပါတဲ့ ရိုဟင်ဂျာ ၂၃ ယောက်နဲ့ လူကုန်ကူး ပွဲစားတယောက်ကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ သော့ခတ်ထားတဲ့ နေအိမ်တလုံးကို ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နဲ့ နယ်မြေခံအာဏာပိုင်တွေက စက်တင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်းမှာ ဝင်ရောက်ရှာဖွေရာပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံကို တရားမဝင် သွားရောက်ဖို့ ကြိုးစားသူတွေ ဖမ်းဆီးခံရတဲ့သတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တောင်ရပ်ကွက်မှာ အမျိုးသမီးနဲ့ ကလေးငယ်အများစုပါတဲ့ ရိုဟင်ဂျာ ၂၃ ယောက်နဲ့ လူကုန်ကူး ပွဲစားတယောက်ကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ သော့ခတ်ထားတဲ့ နေအိမ်တလုံးကို ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နဲ့ နယ်မြေခံအာဏာပိုင်တွေက စက်တင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်းမှာ ဝင်ရောက်ရှာဖွေရာပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံကို တရားမဝင် သွားရောက်ဖို့ ကြိုးစားသူတွေ ဖမ်းဆီးခံရတဲ့သတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မယ်တောင်ရပ်ကွက်က နေအိမ်တလုံးမှာ လူကုန်ကူးသမားတွေ ဖွက်ထားတဲ့ ရိုဟင်ဂျာ၂၃ ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ပါတယ်။ မသင်္ကာတဲ့ အိမ်တလုံးထဲမှာ အမျိုးသမီးတွေ ကလေးတွေပါတဲ့ ရိုဟင်ဂျာတွေကို ဖမ်းမိတာနဲ့ပါတ်သက်လို့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ရဲ့ မဲဆောက်ရုံးတာဝန်ခံဦးမိုးကျော်က အခုလိုပြောပါတယ်။

"ရဲတွေကနေပြီးတော့မယ်တောင်အနီးတဝိုက်မှာ မယ်တောင်လမ်းဆုံမှာ မယ်တောင်ရွာတွေထဲမှာ ကားတွေနဲ့ပတ်နေတာ တခုခုကိုရှာနေတာကို စက်တင်ဘာလ ၁၁ ရက်နေ့ကတည်းကတွေ့ရတယ်။ မိုးရွာတဲ့အချိန်မှာကိုတွေ့ရတယ်၁၂ ရက်နေ့မှာတော့ မဲတောင်ဘက်မှာရှိတဲ့ သေ့ာခတ်ထားတဲ့အိမ်တအိမ်မှာ လူကုန်ကူးမူ့တားဆီးရေးအဖွဲ့တွေနဲ့ နယ်မြေခံတာဝန်ရှိတဲ့ရဲတွေကမသင်္ကာလို့စောင့်ကြည့်နေရာကနေ တရားမဝင်ဝင်လာတဲ့ရိုဟင်ဂျာတွေ အမျိုးသမီးတွေ ကလေးတွေပါတဲ့ ၂၃ ဦးကိုဖမ်ဆီးရမိတယ်။"

မြန်မာနိုင်ငံသားတဦးဖြစ်သူ အသက် ၆၁ နှစ်အရွယ် မိုဟာမက်ဆာလင်းက ရိုဟင်ဂျာအမျိုးသမီးနဲ့ ကလေးတွေကို ထိုင်းနိုင်ငံတောင်ပိုင်းကတဆင့် မလေးရှားပို့ဖို့အတွက် အိမ်ထဲမှာ ပိတ်လှောင်ဖွက်ထားတာဖြစ်တယ်လို့ မဲဆောက်ရဲစခန်းကထုတ်ပြန်ထားတာကို ဦးမိုးကျော်က ပြောပြပါတယ်။

မိုဟာမက်ဆာလင်းဆိုတဲ့အမျိုးသားတယောက်ကနေထိုင်းနိုင်ငံအတွင်းပိုင်းကနေ ဖြတ်ပြီးရိုဟင်ဂျာအမျိုးသမီးနဲ့ကလေးတွေအပါအဝင် ၂၃ ဦးကိုမလေးရှား ပို့ဖို့ဆိုပြီးသတင်းရထားတယ်ဆိုပြီးရဲစခန်းကဖော်ပြတယ်။

ထိုင်းနိုင်ငံမှာ ဖမ်းမိတဲ့ ရိုဟင်ဂျာတွေထဲမှာ အမျိုးသမီး ၁၆ ဦးအမျိုးသား ၄ ဦး ကလေး ၃ ဦးပါဝင်ပါတယ်။ ပိတ်လှောင်ထားတဲ့ လူမှောင်ခိုကူးနေသူမြန်မာနိုင်ငံသား မိုဟာမက်ဟာ ထိုင်းနိုင်ငံအတွင်းမှာ လူမှောင်ခိုလုပ်ငန်းတွေ လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ သူဟာ ထိုင်းတောင်ပိုင်း စူရတ်ဌာနီတရားရုံးမှာ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

နယ်မြေခံမယ်တောင်ရဲတပ်ဖွဲ့ ကတော့ မိုဟာမက်ဆာလင်းရဲ့အိမ်ကို ရက်အတန်ကြာကတည်းက စောင့်ကြည့်နေတာဖြစ်ပြီး အိမ်တခါးသောခတ်ထားပေမယ့် အတွင်းမှာ တရားမဝင်မြန်မာတွေ ရှိနေတာကိုသတိထားမိခဲ့တယ်လို့ ပြောပါတယ်။ အပြင်ကအစားအသောက်တွေလာပို့လို့ တံခါးဖွင့်ချိန်မှာ ရဲတွေ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ လူကုန်ကူးသူမိုဟာမက်ဟာ ရိုဟင်ဂျာတွေကို မဲဆောက်ကတဆင့် ထိုင်းတောင်ပိုင်း နယ်စပ်အထိပို့ပြီး မလေးရှားနိုင်ငံဆီရောက်အောင် ပို့ပေးနေတာ အကြိမ်ကြိမ်ရှိပြီဆိုတဲ့အကြောင်း အာဏာပိုင်တွေကိုကိုးကားပြီး ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်းထဲက ရိုဟင်ဂျာတွေဟာ မလေးရှားနိုင်ငံဘက်ကို တရားမဝင်နည်းလမ်းတွေနဲ့ သွားဖို့ ကြိုးစားခဲ့ကြပါတယ်။ တချို့က စက်လှေတွေနဲ့ သွားဖို့ကြိုးစားရင်း သီတင်းပါတ်နဲ့ချီ ပင်လယ်ထဲမှာ ဒုက္ခရောက်ခဲ့ကြတဲ့ ဖြစ်ရပ်တွေရှိခဲ့သလို၊ ၂၀၁၅ ခုနှစ်ကလည်း မလေးရှားကို တရားမဝင် သွားဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ၈၀ ကျော်ထဲက တချို့ကို လူကုန်ကူးသူတွေက သတ်ဖြတ်ပြီးအလောင်းတွေ မြေမြှုပ်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ အဲဒီလူကုန်ကူးမှုမှာ ပါတ်သက်နေတဲ့ ထိုင်းစစ်တပ်အရာရှိတွေနဲ့ အစိုးရအရာရှိတွေကို နောက်ပိုင်းမှာ ထိုင်းအစိုးရက အရေးယူခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG