သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံထဲ ခိုးဝင္ျမန္မာ ၅၀၀၀ ခန္႔ ၂လ အတြင္းဖမ္းဆီးခံရ


ထိုင္းႏိုင္ငံထဲ ခိုးဝင္ျမန္မာ ၅၀၀၀ ခန္႔ ၂လ အတြင္းဖမ္းဆီးခံရ

ထိုင္းႏိုင္ငံထဲ ခိုးဝင္ျမန္မာ ၅၀၀၀ ခန္႔ ၂လ အတြင္းဖမ္းဆီးခံရ

{{Zawgyi/Unicode}}

ထိုင္းႏိုင္ငံ ဆုန္ခလာျပည္နယ္နဲ့ ကမ္ခ်နဘူရီျပည္နယ္ထဲမွာ၂လအတြင္းဖမ္းမိတဲ့ေရႊေျပာင္းအလုပ္သမားစာရင္းထုတ္ျပန္ထားရာမွာ ျမန္မာႏုိင္ငံသား ၅၀၀၀ ထက္မနည္းဖမ္းဆီးခံထားရတယ္လို့ဆုိပါတယ္။ ထင္းေတာင္ပုိင္းဒါေနာ့အခ်ဳပ္မွာလဲလြတ္ရက္ေစ့တဲ့ျမန္မာႏိုင္ငံသား ၆၀၀ ေလာက္ဟာေနရပ္ျပန္ခြင့္မရႀကေသးလို့ဆုိပါတယ္ ။ ဒီသတင္းကိုဗီြအိုေအသတင္းေထာက္မေအးေအးမာကေျပာျပေပးပါမယ္

ထိုင္းႏိုင္ငံ ဆုန္ခလာျပည္နယ္နဲ့ ကမ္ခ်နဘူရီျပည္နယ္ထဲမွာႀသဂုတ္လနဲ့စက္တင္ဘာလအတြင္းမွာ ျမန္မာႏို္္င္ငံကေန ခုိး၀င္သူေတြနဲ့ ထိုင္းမေလးနယ္စပ္ကေန မေလးရွားႏုိင္ငံထဲကိုခိုး၀င္ဖို့ႀကိဳးစားတဲ့ျမန္မာေတြစုစုေပါင္း ၅၀၀၀၀န္းက်င္ေလာက္ ဖမ္းဆီးခံထားရတယ္လို့ ထုိင္းေတာင္ပုိင္းအျခစိုက္ပညာေရးနဲ့ဖြံျဖိဳးတိုးတက္ေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးရာတာ၀န္ခံဦးမင္းဦးကအခုလိုေျပာျပပါတယ္။

"က်န္ခဲ့တဲ့ကေန ဒီလအေတာအတြင္းဆိုရင္ ၄၆၀၀ေလာက္ရွိတယ္။ ဒါက စက္တင္ဘာ၂၂ ရက္ေနာက္ပုိင္းမပါဘူးေနာ္ ။ အခုရက္ကပိုင္းမွာဖမ္းမိတဲ့သူေတြေပါင္း ၂၀၀၀န္းက်င္ရွိတယ္ ။အားလံုးေပါင္းဆုိရင္ လူ၅၀၀၀နီးပါးေလာက္ရွိျပီ ။ ဒါက ဆုန္ခလာနဲ့ ကမ္ခ်နဘူရီျပည္နယ္ဘက္မွာဖမ္းမိသူေတြပဲ "

ေနစဥ္ခိုး၀င္ေနႀကတဲ့ျမန္မာေတြဟာရာနဲ့ခ်ီျပီးအစုလိုက္အျပံုလိုက္ခုိး၀င္ေနႀကတဲ့အတြက္လူေမွာင္ခုိမူ လူကုန္ကူးမူ ့တရားမ၀င္နယ္စပ္ျဖတ္ေက်ာ္မူ ကိုဗစ္အေရးေပၚဥပေဒေတြနဲ့ အေရးယူခံေနရပါတယ္။

ထိုင္းေတာင္ပုိင္း ဆုန္ခလာျပည္နယ္ထဲက လ၀ကအက်ဥ္းေထာင္ေတြက လြတ္ရက္ေစ့ေပမယ့္ေနရပ္ကိုျပန္လို့မရေသးတ့ဲ့ ျမန္မာ၆၀၀ေလာက္လည္း ထုိင္းေတာင္ပုိင္း ဆုန္ခလာျပည္နယ္ ဒန္ေနာ့အခ်ဳပ္ႀကီးထဲမွာ ရွိေနတယ္လို့ ဆုန္ခလာခရိုင္ဟတ္ရိုင္ျမိဳ ့က ေရႊ႔ေျပာင္းအလုပ္သမားအခြင့္ေရးကြန္ယက္ရဲ ့တာ၀န္ခံဦးဘရီကလည္းေျပာပါတယ္။

"ဒန္ေနာ့အခ်ဳပ္ႀကီးမွာအကုန္လံုးအခ်ဳပ္သား ၆၀၀နီးပါးရိွတယ္။ ျပန္လြတ္ဖို့လုပ္ထားတာ ျမန္မာႏိုင္ငံသားဖမ္းခံထိတဲ့သူေတြမေလးရွားကအသြားတာရယ္မေလးရွားကအျပန္ေတြရယ္အကုန္လံဳးက ၆၀၀နီးပါးရွိတယ္။ ကိုဗစ္ျဖစ္ျပီးတဲ့ေနာက္ ျမန္မာႏိုင္ငံနယ္စပ္ကိုမပုိ့ျဖစ္ဘူးနယ္စပ္ဂိတ္ေတြပိတ္ထားတာေတြလည္းပါတာေပါ့။ ဆံုခလာခရိုင္ ဟတ္ရိုင္အခ်ဳပ္ကလူေတြ ထံုးလြန္အခ်ဳပ္ စေဒါင္အုိအခ်ဳပ္ကလူေတြ ျမန္မာႏိုင္ငံကုိျပန္ပုိ့မယ့္သူသမ်ွ ရက္ေတြလေတြႀကာလာျပီးဆိုရင္ ဒန္ေန့ာအခ်ဳပ္မွာပုိ့တယ္ "

ဖမ္းဆီးခံရသူေတြက တခိ်ဳ ့ဆိုရင္၂ႀကိမ္ထက္မနည္း လူကုန္ကူးမူကို ခံရသူေတြပါ၀င္တယ္လို့ဆုိပါတယ္ ။ ျမန္မာႏိုင္ငံမွာ အလုပ္အကိုင္အခက္အခဲေတြ စား၀တ္ေနေရးအႀကပ္အတည္းေတြ ႏို္င္ငံေရးမတည္ျငိမ္မူေတြေႀကာင့္ ထိုင္းျမန္မာနယ္စပ္ေတြမွာ ေနစဥ္ျမန္မာအလုပ္သမားရာဂဏန္း ေလာက္ ခိုး၀င္ေနႀကျပီး ဖမ္းဆီးမူေတြဆက္တုိက္ျဖစ္ေနပါတာပါ ထုိင္းႏိုင္ငံမွာ တရား၀င္ေကာ၊ တရားမ၀င္ပါ ေရြေျပာင္းျမန္မာအလုပ္သမား ၃သန္းထက္မနည္း အလုပ္လုပ္ကုိင္ေနတာျဖစ္ပါတယ္ရွင္။

.............................................

ထိုင်းနိုင်ငံထဲ ခိုးဝင်မြန်မာ ၅၀၀၀ ခန့် ၂လ အတွင်းဖမ်းဆီးခံရ

{{Unicode}}

ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ်နဲ့ ကမ်ချနဘူရီပြည်နယ်ထဲမှာ၂လအတွင်းဖမ်းမိတဲ့ရွှေပြောင်းအလုပ်သမားစာရင်းထုတ်ပြန်ထားရာမှာ မြန်မာနိုင်ငံသား ၅၀၀၀ ထက်မနည်းဖမ်းဆီးခံထားရတယ်လို့ဆိုပါတယ် ထင်းတောင်ပိုင်းဒါနော့အချုပ်မှာလဲလွတ်ရက်စေ့တဲ့မြန်မာနိုင်ငံသား ၆၀၀ လောက်ဟာနေရပ်ပြန်ခွင့်မရကြသေးလို့ဆိုပါတယ် ။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်

ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ်နဲ့ ကမ်ချနဘူရီပြည်နယ်ထဲမှာသြဂုတ်လနဲ့စက်တင်ဘာလအတွင်းမှာ မြန်မာနို်င်ငံကနေ ခိုးဝင်သူတွေနဲ့ ထိုင်းမလေးနယ်စပ်ကနေ မလေးရှားနိုင်ငံထဲကိုခိုးဝင်ဖို့ကြိုးစားတဲ့မြန်မာတွေစုစုပေါင်း ၅၀၀၀၀န်းကျင်လောက် ဖမ်းဆီးခံထားရတယ်လို့ ထိုင်းတောင်ပိုင်းအခြစိုက်ပညာရေးနဲ့ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာတာဝန်ခံဦးမင်းဦးကအခုလိုပြောပြပါတယ်။

"ကျန်ခဲ့တဲ့ကနေ ဒီလအတောအတွင်းဆိုရင် ၄၆၀၀လောက်ရှိတယ်။ ဒါက စက်တင်ဘာ၂၂ ရက်နောက်ပိုင်းမပါဘူးနော် ။ အခုရက်ကပိုင်းမှာဖမ်းမိတဲ့သူတွေပေါင်း ၂၀၀၀န်းကျင်ရှိတယ် ။အားလုံးပေါင်းဆိုရင် လူ၅၀၀၀နီးပါးလောက်ရှိပြီ ။ ဒါက ဆုန်ခလာနဲ့ ကမ်ချနဘူရီပြည်နယ်ဘက်မှာဖမ်းမိသူတွေပဲ "

နေစဉ်ခိုးဝင်နေကြတဲ့မြန်မာတွေဟာရာနဲ့ချီပြီးအစုလိုက်အပြုံလိုက်ခိုးဝင်နေကြတဲ့အတွက်လူမှောင်ခိုမူ လူကုန်ကူးမူ့တရားမဝင်နယ်စပ်ဖြတ်ကျော်မူ ကိုဗစ်အရေးပေါ်ဥပဒေတွေနဲ့ အရေးယူခံနေရပါတယ်။

ထိုင်းတောင်ပိုင်း ဆုန်ခလာပြည်နယ်ထဲက လဝကအကျဉ်းထောင်တွေက လွတ်ရက်စေ့ပေမယ့်နေရပ်ကိုပြန်လို့မရသေးတဲ့ မြန်မာ၆၀၀လောက်လည်း ထိုင်းတောင်ပိုင်း ဆုန်ခလာပြည်နယ် ဒန်နော့အချုပ်ကြီးထဲမှာ ရှိနေတယ်လို့ ဆုန်ခလာခရိုင်ဟတ်ရိုင်မြို့က ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့တာဝန်ခံဦးဘရီကလည်းပြောပါတယ်။

"ဒန်နော့အချုပ်ကြီးမှာအကုန်လုံးအချုပ်သား ၆၀၀နီးပါးရှိတယ်။ ပြန်လွတ်ဖို့လုပ်ထားတာ မြန်မာနိုင်ငံသားဖမ်းခံထိတဲ့သူတွေမလေးရှားကအသွားတာရယ်မလေးရှားကအပြန်တွေရယ်အကုန်လုံးက ၆၀၀နီးပါးရှိတယ်။ ကိုဗစ်ဖြစ်ပြီးတဲ့နောက် မြန်မာနိုင်ငံနယ်စပ်ကိုမပို့ဖြစ်ဘူးနယ်စပ်ဂိတ်တွေပိတ်ထားတာတွေလည်းပါတာပေါ့။ ဆုံခလာခရိုင် ဟတ်ရိုင်အချုပ်ကလူတွေ ထုံးလွန်အချုပ် စဒေါင်အိုအချုပ်ကလူတွေ မြန်မာနိုင်ငံကိုပြန်ပို့မယ့်သူသမျှ ရက်တွေလတွေကြာလာပြီးဆိုရင် ဒန်နေ့ာအချုပ်မှာပို့တယ် "

ဖမ်းဆီးခံရသူတွေက တချို့ဆိုရင်၂ကြိမ်ထက်မနည်း လူကုန်ကူးမူကို ခံရသူတွေပါဝင်တယ်လို့ဆိုပါတယ် ။ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခက်အခဲတွေ စားဝတ်နေရေးအကြပ်အတည်းတွေ နိုင်ငံရေးမတည်ငြိမ်မူတွေကြောင့် ထိုင်းမြန်မာနယ်စပ်တွေမှာ နေစဉ်မြန်မာအလုပ်သမားရာဂဏန်း လောက် ခိုးဝင်နေကြပြီး ဖမ်းဆီးမူတွေဆက်တိုက်ဖြစ်နေပါတာပါ ထိုင်းနိုင်ငံမှာ တရားဝင်ကော၊ တရားမဝင်ပါ ရွေပြောင်းမြန်မာအလုပ်သမား ၃သန်းထက်မနည်း အလုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG