သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲေဆာက္ မယ္ေတာ္ေဆးခန္းရဲ႕ ကိုဗစ္ကာကြယ္ကုသေရး ေဆာင္ရြက္ခ်က္


ထိုင္းႏုိင္ငံတြင္ ကိုဗစ္ေရာဂါစစ္ေဆးခံရန္ တန္းစီေစာင့္ဆိုင္းေနသည့္ ျမန္မာလုပ္သားမ်ား။ ၂၀ ဒီဇင္ဘာ ၂၀၂၀။

{{Zawgyi/Unicode}}

ထို္င္း ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ မဲေဆာက္ျမိဳ့က ေရႊ႔ေျပာင္းအလုပ္သမားအမ်ားစုကို က်န္းမာေရးေစာင့္ေရွာက္မူေပးေနတဲ့ မယ္ေတာ္ေဆးခန္းမွာ ကိုဗစ္ကာကြယ္ေဆးကို လူ၈၀၀ေလာက္ထိုးေပးႏိုင္ခဲ့ျပီး လူ၆၀၀ေလာက္ကို မယ္ေတာ္ေဆးခန္းကဖြင့္ထားတဲ့ ကုိဗစ္ကုသေရးစင္တာမွာကုသေပးခဲ့တယ္လို့ မယ္ေတာ္ေဆးခန္းတည္ေထာင္သူ ေဒါက္တာစင္သီယာေမာင္ ကေျပာပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္မေအးေအးမာကေျပာျပေပးပါမယ္။

ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ျမိဳ ့မွာ ေရႊေျပာင္းအလုပ္သမားေတြအတြက္ ပညာေရး က်န္းမာေရးလုပ္ငန္းေတြ လုပ္ကိုင္ေနတ့ဲ မယ္ေတာ္ေဆးခန္းဟာ ျပီးခဲ့တဲ့ ၃လတာကာလအတြင္းမွာ က်န္းမာေရး၀န္ထမ္းေတြနဲ့ ေရႊေျပာင္းအလုပ္သမား အားလံုးေပါင္း လူ၈၀၀ေလာက္ကို မဲေဆာက္ေဆးရံုႀကီးရဲ ့အကူညီနဲ့ ကိုဗစ္ ကာကြယ္ေဆးေတြ ထိုးေပးႏိုင္ခဲ့ေႀကာင္း မယ္ေတာ္ေဆးခန္းကို တည္ေထာင္သူ ေဒါက္တာစင္သီယာေမာင္ကေျပာပါတယ္။

"ကာကြယ္ေဆးကေတာ့ မဲေဆာက္ေဆးရံုက ထုတ္ေပးတာအားလံုးေပါင္း ၈၀၀နီးပါးေလာက္ရွိတယ္။ ပထမေတာ့ က်န္းမာေရး၀န္ထမ္းေတြကိုေတာ့ မဲေဆာက္ေဆးရံုႀကီးက လာထုိးေပးတယ္။ ေနာက္ပိုင္းမွာေတာ့က်န္းမာေရးနဲ့ ပတ္သက္လို့ လူနာနဲ့တိုက္ရိုက္ထိေတြ ့တဲ့ က်န္းမာေရး၀န္ထမ္းေတြေပါ့ေနာ္။ ေနာက္ပုိင္းမွာက်ေတာ့ေဆးခန္းကိုပဲ ေဆးေပးလိုက္ျပိီးသတ္မွတ္ထားတဲ့ ပမာနနဲ့အညီ စည္းကမ္းနဲ့အညီ တာ၀န္ယူျပီးထိုးေပးတာေပါ့ ။ ကိုယ္၀န္ေဆာင္သူေတြ၀န္ထမ္းေတြ လူထုနဲ့မ်ားမ်ားထိေတြ့ရတဲ့၀န္ထမ္းေတြ ေသြးတိုးႏွလံုးဆီးခ်ိဳ ေရာဂါ ရွိသူေတြ HIV လူနာေတြကိုလက္လွမ္းမီွသေလာက္ေပါ့ "

မယ္ေတာ္ေဆးခန္းမွာ သာမန္ေရာဂါေတြ ကုသမူ့ေပးေနရတဲ့လူနာေတြအတြက္ က်န္းမာေရး၀န္ေဆာင္မူေခတၱရပ္နားျပီး ကုိဗစ္ျဖစ္ေနတဲ့ ေရႊေျပာင္းအလုပ္သမားေတြကို ကုသေပးဖို့ မယ္ေတာ္ေဆးခန္းဟာ ကုိဗစ္ကုသေရးစင္တာအျဖစ္ ေျပာင္းလဲဖြင့္လွစ္ခဲ့ပါတယ္ ။အခုအခါမွာေတာ့ မီးဖြားတဲ့လူနာေတြ နာတာရွည္ေရာဂါေတြ ေဆးကုသမႈအဆက္ျပတ္ေနတဲ့ HIV/AIDS လူနာေတြအတြက္ေတာ့ေဆးခန္းကို ျပန္လည္ဖြင့္ေပးေနပါတယ္။

မယ္ေတာ္ေဆးခန္းအေနနဲ့ ကိုဗစ္လူနာ၆၀၀ေလာက္ကုိ ကုသမူ ့ေပးႏုိင္ခဲ့ျပီး လက္ရွိေတာ့ေဆးခန္းမွ ာလူ၄၀၀န္းက်င္ေလာက္ကေတာ့ ကုသမူခံယူေနဆဲပဲလို့ ေဒါက္တာစင္သီယာေမာင္ကေျပာပါတယ္။

"၆၀၀နီးပါးေလာက္ရွိျပီ ကုိဗစ္ေႀကာင့္ေဆးရံုတင္တဲ့ လူနာအေရအတြက္ ေဆးရံုတင္တယ္ဆုိတာကေတာ့သူတို့ကုသဖို့လိုတာေပါ့ေနာ္"

ေရႊေျပာင္းအလုပ္သမားေတြႀကား ကိုဗစ္ျဖစ္ေနတဲ့သူေတြ ေန့စဥ္ရာနဲ့ခ်ီ တိုးလာတဲ့ ဇြန္လေလာက္ကစျပီး မယ္ေဆာက္ေဆးရံုႀကီး မယ္ေတာ္ေဆးခန္းနဲ့ တျခား ေစာင့္ႀကည့္ေရးစင္တာေတြမွာထားရတဲ့ လူနာေပါင္းေထာင္နဲ့ခ်ီရွိေပမယ့္ အခုအခါမွာေတာ့ ကုသဆဲလူနာ ၁၅၀၀ေလာက္ပဲ က်န္ေတာ့တယ္လို့ဆိုပါတယ္။ ဒါေပမယ့္ ကာကြယ္ေဆးထိုးတာေတြ ကုိဗစ္စည္းကမ္းနဲ့ အညီမလုိက္နာေသးရင္ေတာ့လည္း ကူးစက္မူေတြ ထပ္ျဖစ္လာႏိုင္တယ္လို့ ေဒါက္တာစင္သီယာေမာင္က သတိေပးေျပာႀကားပါတယ္။

" ေရာဂါကုသေနတဲ့လူနာေပါင္းေပါ့ေနာ္ ေန့စဥ္လူနာ ၄ေထာင္ ၅ေထာင္ေလာက္ကေန တျဖည္းျဖည္း ၃ေထာင္ ၂ ေထာင္ေလာက္ကေန အခုဆုိ ၁၅၀၀ ပဲရွိတယ္ ။ လံုး၀ေလ်ာ့က်သြားတာမ်ိဳးေတာ့မဟုတ္ဘူး။ တ၀က္ေလာက္ေတာ့ေလ်ာ့က်လာျပီ ။ ဒါေပမယ့္တျဖည္းျဖည္းေတ့ာ ေလ်ာ့က်လာျပီ။ တ၀က္ေလာက္ကလည္း ကာကြယ္ေဆးထုိးမူစည္းကမ္းေတြမလိုက္နာေသးရင္လည္း အဲဒီ ၁၅၀၀ ေလာက္ေန့လဲအမ်ားႀကီးကူးစက္မူေတြထပ္ျဖစ္ႏိုင္ေသးတာပဲ။ မဲေဆာက္နယ္ထဲမွာပဲ မဲေဆာက္ေဆးရံုတုိ့ ေစာင့္ႀကည့္ေရးစင္တာတို့ ကုသမူခံယူေနတဲ့အားလံုးစုလုိက္ရင္ ၁၅၀၀ေလာက္ေတာ့က်န္ေသးတယ္ "

မယ္ေတာ္ေဆးခန္းဟာ ထိုင္းႏိုင္ငံကာကြယ္ေဆးထိုးႏွံျခင္း အစီအစဥ္ရဲ ့တစ္စိတ္တစ္ပိုင္းအျဖစ္ပူးေပါင္းပါဝင္လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ မယ္ေတာ္ေဆးခန္းဟာ မဲေဆာက္ရွိေ႐ြ႕ေျပာင္းလူထုေတြအတြက္ ကာကြယ္ေဆးထိုးဌာနအျဖစ္ သတ္မွတ္အသိမွတ္ျပဳျပီးသားျဖစ္တာပါ။ ထိုင္းအစုိးရ က ခ်မွတ္ေပးတဲ့ကာကြယ္ေဆးေတြေရာက္ရွိလာရင္လည္း ေနာက္ထပ္ကာကြယ္ေဆးထိုးႏွံေပးမူေတြကို ဆက္လုပ္ေပးသြားမွာျဖစ္တဲ့အတြက္ ေရႊေျပာင္းလုပ္သားေတြအေနနဲ့ ကိုဗစ္ကာကြယ္ေဆးထုိးႏိုင္ဖုိ့ မယ္ေတာ္ေဆးခန္းမွ ာစာရင္းေပးသြင္းႏိုင္တယ္လို့လည္းေျပာႀကားခဲ့ပါတယ္ရွင္။

.............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ထိုင်း မြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်မြို့က ရွှေ့ပြောင်းအလုပ်သမားအများစုကို ကျန်းမာရေးစောင့်ရှောက်မူပေးနေတဲ့ မယ်တော်ဆေးခန်းမှာ ကိုဗစ်ကာကွယ်ဆေးကို လူ၈၀၀လောက်ထိုးပေးနိုင်ခဲ့ပြီး လူ၆၀၀လောက်ကို မယ်တော်ဆေးခန်းကဖွင့်ထားတဲ့ ကိုဗစ်ကုသရေးစင်တာမှ ာကုသပေးခဲ့တယ်လို့ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင် ကပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ရွှေပြောင်းအလုပ်သမားတွေအတွက် ပညာရေး ကျန်းမာရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မယ်တော်ဆေးခန်းဟာ ပြီးခဲ့တဲ့ ၃လတာကာလအတွင်းမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရွှေပြောင်းအလုပ်သမား အားလုံးပေါင်း လူ၈၀၀လောက်ကို မဲဆောက်ဆေးရုံကြီးရဲ့အကူညီနဲ့ ကိုဗစ် ကာကွယ်ဆေးတွေ ထိုးပေးနိုင်ခဲ့ကြောင်း မယ်တော်ဆေးခန်းကို တည်ထောင်သူ ဒေါက်တာစင်သီယာမောင်ကပြောပါတယ်။

"ကာကွယ်ဆေးကတော့ မဲဆောက်ဆေးရုံက ထုတ်ပေးတာအားလုံးပေါင်း ၈၀၀နီးပါးလောက်ရှိတယ်။ ပထမတော့ ကျန်းမာရေးဝန်ထမ်းတွေကိုတော့ မဲဆောက်ဆေးရုံကြီးက လာထိုးပေးတယ်။ နောက်ပိုင်းမှာတော့ကျန်းမာရေးနဲ့ ပတ်သက်လို့ လူနာနဲ့တိုက်ရိုက်ထိတွေ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေပေါ့နော်။ နောက်ပိုင်းမှာကျတော့ဆေးခန်းကိုပဲ ဆေးပေးလိုက်ပြီးသတ်မှတ်ထားတဲ့ ပမာနနဲ့အညီ စည်းကမ်းနဲ့အညီ တာဝန်ယူပြီးထိုးပေးတာပေါ့ ။ ကိုယ်ဝန်ဆောင်သူတွေဝန်ထမ်းတွေ လူထုနဲ့များများထိတွေ့ရတဲ့ဝန်ထမ်းတွေ သွေးတိုးနှလုံးဆီးချို ရောဂါ ရှိသူတွေ HIV လူနာတွေကိုလက်လှမ်းမှီသလောက်ပေါ့ "

မယ်တော်ဆေးခန်းမှာ သာမန်ရောဂါတွေ ကုသမူ့ပေးနေရတဲ့လူနာတွေအတွက် ကျန်းမာရေးဝန်ဆောင်မူခေတ္တရပ်နားပြီး ကိုဗစ်ဖြစ်နေတဲ့ ရွှေပြောင်းအလုပ်သမားတွေကို ကုသပေးဖို့ မယ်တော်ဆေးခန်းဟာ ကိုဗစ်ကုသရေးစင်တာအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ် ။အခုအခါမှာတော့ မီးဖွားတဲ့လူနာတွေ နာတာရှည်ရောဂါတွေ ဆေးကုသမှုအဆက်ပြတ်နေတဲ့ HIV/AIDS လူနာတွေအတွက်တော့ဆေးခန်းကို ပြန်လည်ဖွင့်ပေးနေပါတယ်။

မယ်တော်ဆေးခန်းအနေနဲ့ ကိုဗစ်လူနာ၆၀၀လောက်ကို ကုသမူ့ပေးနိုင်ခဲ့ပြီး လက်ရှိတော့ဆေးခန်းမှ ာလူ၄၀၀န်းကျင်လောက်ကတော့ ကုသမူခံယူနေဆဲပဲလို့ ဒေါက်တာစင်သီယာမောင်ကပြောပါတယ်။

"၆၀၀နီးပါးလောက်ရှိပြီ ကိုဗစ်ကြောင့်ဆေးရုံတင်တဲ့ လူနာအရေအတွက် ဆေးရုံတင်တယ်ဆိုတာကတော့သူတို့ကုသဖို့လိုတာပေါ့နော်"

ရွှေပြောင်းအလုပ်သမားတွေကြား ကိုဗစ်ဖြစ်နေတဲ့သူတွေ နေ့စဉ်ရာနဲ့ချီ တိုးလာတဲ့ ဇွန်လလောက်ကစပြီး မယ်ဆောက်ဆေးရုံကြီး မယ်တော်ဆေးခန်းနဲ့ တခြား စောင့်ကြည့်ရေးစင်တာတွေမှာထားရတဲ့ လူနာပေါင်းထောင်နဲ့ချီရှိပေမယ့် အခုအခါမှာတော့ ကုသဆဲလူနာ ၁၅၀၀လောက်ပဲ ကျန်တော့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးထိုးတာတွေ ကိုဗစ်စည်းကမ်းနဲ့ အညီမလိုက်နာသေးရင်တော့လည်း ကူးစက်မူတွေ ထပ်ဖြစ်လာနိုင်တယ်လို့ ဒေါက်တာစင်သီယာမောင်က သတိပေးပြောကြားပါတယ်။

" ရောဂါကုသနေတဲ့လူနာပေါင်းပေါ့နော် နေ့စဉ်လူနာ ၄ထောင် ၅ထောင်လောက်ကနေ တဖြည်းဖြည်း ၃ထောင် ၂ ထောင်လောက်ကနေ အခုဆို ၁၅၀၀ ပဲရှိတယ် ။ လုံးဝလျော့ကျသွားတာမျိုးတော့မဟုတ်ဘူး။ တဝက်လောက်တော့လျော့ကျလာပြီ ။ ဒါပေမယ့်တဖြည်းဖြည်းတေ့ာ လျော့ကျလာပြီ။ တဝက်လောက်ကလည်း ကာကွယ်ဆေးထိုးမူစည်းကမ်းတွေမလိုက်နာသေးရင်လည်း အဲဒီ ၁၅၀၀ လောက်နေ့လဲအများကြီးကူးစက်မူတွေထပ်ဖြစ်နိုင်သေးတာပဲ။ မဲဆောက်နယ်ထဲမှာပဲ မဲဆောက်ဆေးရုံတို့ စောင့်ကြည့်ရေးစင်တာတို့ ကုသမူခံယူနေတဲ့အားလုံးစုလိုက်ရင် ၁၅၀၀လောက်တော့ကျန်သေးတယ် "

မယ်တော်ဆေးခန်းဟာ ထိုင်းနိုင်ငံကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ပူးပေါင်းပါဝင်လုပ်ဆောင်နေတာဖြစ်ပါတယ်။ မယ်တော်ဆေးခန်းဟာ မဲဆောက်ရှိရွေ့ပြောင်းလူထုတွေအတွက် ကာကွယ်ဆေးထိုးဌာနအဖြစ် သတ်မှတ်အသိမှတ်ပြုပြီးသားဖြစ်တာပါ။ ထိုင်းအစိုးရ က ချမှတ်ပေးတဲ့ကာကွယ်ဆေးတွေရောက်ရှိလာရင်လည်း နောက်ထပ်ကာကွယ်ဆေးထိုးနှံပေးမူတွေကို ဆက်လုပ်ပေးသွားမှာဖြစ်တဲ့အတွက် ရွှေပြောင်းလုပ်သားတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ဖို့ မယ်တော်ဆေးခန်းမှ ာစာရင်းပေးသွင်းနိုင်တယ်လို့လည်းပြောကြားခဲ့ပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG