သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္တဲ့ ဖူးခက္ဆိပ္ကမ္း ျပန္ဖြင့္လွစ္


ထိုင္းႏိုင္ငံက ျမန္မာေရြ႕ေျပာင္းအလုပ္သမားမ်ား လုပ္ကိုင္ေနၾကသည့္ ငါးဖမ္းလုပ္ငန္း

{{Zawgyi/Unicode}}

ထိုင္းႏိုင္ငံ ဖူးခက္ျပည္နယ္အတြင္း အႀကီးဆံုးငါးဖမ္းေလွဆိပ္ျဖစ္တဲ့ ဖူးခက္ေကာ့စီးေလ ငါးဖမ္းဆိပ္ကမ္းကို ၾသဂုတ္လ ၃ ရက္ ေသာၾကာေန႔က ျပန္ဖြင့္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံကအမ်ားစုျဖစ္တဲ့ ငါးဖမ္းလုပ္သားေတြၾကား ကိုဗစ္ကူးစက္မႈေတြေၾကာင့္ သီတင္း ၂ ပါတ္ ပိတ္ထားရာက ျပန္ဖြင့္ခ့ဲတာပါ။ ကပ္ေရာဂါ ကူးစက္မူေတြ ရွိေသးေပမယ့္ ထိမ္းခ်ဳပ္ႏိုင္တဲ့အတြက္ တဆင့္ခ်င္း ျပန္ဖြင့္လွစ္ေပးတာျဖစ္တယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမူးက ေျပာပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာကေျပာျပေပးပါမယ္ ။

ထိုင္းႏိုင္ငံဖူးခက္ျပည္နယ္အတြင္း ျမန္မာႏိုင္ငံက အပါအဝင္ ေလွလုပ္သား ၁၂၀ ေလာက္ ကုိဗစ္ ကပ္ေရာဂါ ကူးစက္ေနတာ ေတြရျပီးတဲ့ေနာက္ ထုိင္းႏိုင္ငံက ၀င္ေငြအရဆံုး ငါးဖမ္းဆိပ္ကမ္းကို ၂ ပတ္ၾကာပိတ္ထားခဲ့ၿပီး ေသာၾကာေန႔က ျပန္ဖြင့္လိုက္ပါၿပီ။ ဖူးခက္ေကာ့စီးေလ ငါးဖမ္းဆိပ္ကမ္းဟာ ဖူးခက္ျပည္နယ္အတြင္း အၾကီးဆံုး ဆိပ္ကမ္းျဖစ္ျပီး ေလွဆိပ္ကမ္း ၁၇ ခုထဲက၀င္ေငြအမ်ားဆံုုး ရရွိေနတဲ့ ဆိပ္ကမ္းျဖစ္ပါတယ္။

ေရလုပ္သား ရာနဲ႔ခ်ီ ကိုဗစ္ကပ္ေရာဂါ ကူးစက္တဲ့အတြက္ ငါးဖမ္းဆိပ္ကမ္းေတြ ငါးအတင္အခ်လုပ္ေနတဲ့ဂိုေဒါင္ေတြကို ၂ ပတ္ႀကာပိတ္ထားေပမယ့္ ကူးစက္မူ့ေတြ ထိမ္းခ်ဳပ္ႏိုင္လို႔ စက္တင္ဘာလ ၃ ရက္ေန႔မွာ ျပန္ဖြင့္တာျဖစ္တယ္လို႔ ဖူးခက္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Mr. Narong Woonciew ကသတင္းစာရွင္းလင္းပဲြမွာအခုလိုေျပာသြားပါတယ္

"ဖူးခက္ျပည္နယ္အတြင္းမွာ ကိုဗစ္ 19 ကပ္ေရာဂါပိုး ကူးဆက္ပ်ံ႔ပြားေနတာေတြ႐ွိေနေပမယ့္ ေရာဂါကို ထိမ္းခ်ဳပ္နိုင္တဲ့အေၾကာင္း နဲ့ စီးပြားေရးလုပ္ငန္းေတြနဲ ့ ခရီးသြားလာခြင့္ေတြကို တဆင့္ခ်င္း ဖြင့္လွစ္ေပးမွ ာျဖစ္တယ္လို ့ဖူးခက္ ျပည္နယ္အုုပ္ခ်ဳပ္ေရးမူး Mr. Narong Woonciew ကသတင္းစာရွင္းလင္းပြဲမွာ ထိုင္းဘာသာနဲ႔ေျပာသြားတာပါ။

ဖူးခက္ျပည္နယ္ထဲမွာ အလုပ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံက ငါးဖမ္းလုပ္သားေတြအပါအဝင္ ေ႐ႊ႕ေျပာင္းလုပ္သားေတြၾကား ကိုဗစ္ကူးစက္ပ်ံ႕ႏွံ႔ခဲ့တဲ့အတြက္၊ ေဆာက္လုပ္ေရးနဲ႔ လုပ္ငန္းခြင္တခ်ဳိ႕ကုိ ယာယီပိတ္ၿပီး ထိန္းခ်ဳပ္မႈေတြ လုပ္ခဲ့ပါတယ္။

ထုိင္းႏို္င္ငံအေနနဲ႔ ကမၻာလွည့္ခရီးသြားေတြကို ပထမဦးဆံုးဖိတ္ေခၚခဲ့တာက ဖူးခက္ျပည္နယ္ျဖစ္ပါတယ္။ ဇူလိုင္လ ၁ ရက္ေန႔က စလို႔ လာလည္ဖုိ႔ ဖိတ္ေခၚၿပီးမၾကာခင္မွာပဲ ဖူးခက္ကုိလာလည္တဲ့ ျမန္မာအပါအ၀င္ ႏို္င္ငံျခားသား ကမၻာလွည့္ခရီးသြားေတြၾကား မ်ိဳးဗီဇေျပာင္း ကုိဗစ္ဗိုင္းရပ္ Delta ပိုးကူးစက္မူေတြ ေတြ ့ရိွခ့ဲတာပါ။

အဲဒီေဒသမွာ အလုပ္လုပ္ေနတဲ့သူေတြကိုလည္းကိုဗစ္ကာကြယ္ေဆးေတြထုိးေပးျပီး ၀န္ေဆာင္မူလုပ္ငန္းေတြျပန္စခဲ့ေပမယ့္ မၾကာေသးခင္ကပဲ ရာနဲ႔ခ်ီရွိတဲ့ ေလွလုပ္သားေတြ ကုိဗစ္ကူးစက္မူေတြ ထပ္ျဖစ္ျပီး ေလွဆိပ္ေတြပိတ္ခဲ့ရပါတယ္ ။ ခရီးသြားဧည့္သည္ေတြရဲ႕ ဖူးခက္ခရီးစဥ္တခ်ဳိ႕ ဖ်က္သိမ္းခဲ့ၾကပါတယ္။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ စီးပြာေရးထိခိုက္ေနတဲ့ ထိုင္းနိုင္ငံက ခရီးသြားလုပ္ငန္း ျမွင့္တင္ဖုိ႔ေရာ စီးပြားေရးျပန္လည္နာလန္ထူႏိုင္ုဖို႔အတြက္ အခုလို ငါးဖမ္းေလွဆိပ္ကို ခပ္ျမန္ျမန္ ျပန္ဖြင့္တာလို႔ ထုိင္းေတာင္ပုိင္းေျခစုိက္ပညာေရးနဲ့ဖြံျဖိဳးေရးအဖဲြ ့က အလုပ္သမာေရးတာ၀န္ခံဦးမင္းဦးကအခုလိုေျပာျပပါတယ္။

"အခုေလာေလာဆည္သူတို့က local တိုးရစ္ေပါ့ ။ ျပည္တြင္းခရီးသြားေတြကိုပဲ စျပီး ခရီးသြားျမွင့္တင္ေရးလုပ္ငန္းလုပ္ျပီး ခရီးသြားခိုင္းမယ္အခုရက္ပုိင္းကစျပီးကာကြယ္ေဆးထိုးျပီးတဲ့သူေတြဆိုလို့ရွိရင္ ဖူးခက္ထဲကိုေပး၀င္မယ္ေရလုပ္ငန္းကလည္း၀င္ေငြကတဖက္က ရေနေတာ့မျဖစ္မေန ျပည္နယ္မွဴးက လုပ္ေနတယ္လို႔ေျပာလို႔ရတယ္။ အဓိက ခရီးသြားလုပ္ငန္းေရလုပ္ငန္းကေန ၀င္ေငြ အမ်ားဆံုးရတဲ့ ၀င္ေငြစာရင္းထဲမွာပါတယ္ ။ ကိုဗစ္ျဖစ္ျပီး ေနာက္ပိုင္းအကုန္လံုးပိတ္ရတယ္စားေသာက္ဆုိင္ေတြပိတ္တယ္ဆုိေတာ့ စားေသာက္ဆုိင္ေတြဖြင့္မွ ေရလုပ္ငန္းကထြက္တာေတြကိုသြင္းလို့ရမယ္တျခားႏို္င္ငံေတြကိုလည္းတင္သြင္းတာဆုိေတာ့ ကိုဗစ္ေႀကာင့္ ၀ယ္တဲ့အားေတြက်သြားတယ္"

အခုလို ငါးဖမ္းဆိပ္ကမ္းေတြ ပိတ္ထားတဲ့အခ်ိန္မတိုင္ခင္ကတည္းက ေရလုပ္သားေတြၾကားကုိဗစ္ကူးစက္မူေတြရိွေနတာပါ။ ဒီကာလေတြအတြင္းမွာ ေရလုပ္သားေတြရဲ႕ က်န္းမာေရးအတြက္ေကာ လုပ္အားခအတြက္ပါနစ္နာမူေတြရွိတာေႀကာင့္ အလုပ္သမားေရးလုပ္ေဆာင္ေနသူေတြက ႀကိဳးစားေဆာင္ရြက္ေပးခဲ့ရတယ္လို့လည္ းဦးမင္းဦးက ေျပာပါတယ္ ။

ဖူးခက္က ေရလုပ္သားနဲ့ပတ္သက္ျပီးျပသနာတက္ထားတယ္ နားထားခ်ိန္မွာ သတ္မွတ္ထားတဲ့က်န္းမာေရးဆိုင္ရာေစာင့္ေရွာက္မူ့တို့ လုပ္အားခနစ္နာမူေတြေပးဖို့အလုပ္သမားေရးနဲ့ပတ္သက္တဲ့အဖဲြ ့ေတြက ျပည္နယ္မူ့းကုိစာတင္ခဲ့ရေသးတယ္။

"အဲဓီကက ေကာ့စီးေလလို့ေခၚတဲ့ငါးဖမ္းေလွဆိပ္ေပါ့ အာလံးုေပါင္းအလုပ္သမားက ၃၀၀၀ ေက်ာ္ေလာက္ရွိတယ္ အဲဒီထဲမွာျမန္မာကအမ်ားဆံုး ျမန္မာက ၁၇၀၀ ေက်ာ္ရွိတယ္"

ျမန္မာအလုပ္သမားေတြ အလုပ္လုပ္ေနၾကတဲ့ ဖူးခက္ ေရလုပ္ငန္းေတြက ရ႐ွိတဲ့ ဝင္ေငြက ႏွစ္စဥ္
ထိုင္းဘတ္ေငြဘီလ်ံနဲ႔ရွိတယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမူးက ေျပာဆုိခဲ့ေႀကာင္းဦးမင္းဦးကေတာ့ေျပာပါတယ္။

" ေျပာရမယ္ဆိုရင္ ႏွစ္စဥ္ငါးထုတ္တာက တန္ခ်ိန္တေသာင္း၀န္းက်င္ရွိတယ္ ငါးရတာေပါ့ ၀င္ေငြႏွစ္စဥ္၀င္ေငြက 4.5 billion baht ေလာက္ရွိတယ္ပ်မ္းမ်ွေပါ့ "

ထုိင္း၀န္ႀကီးခ်ဳပ္ကေတာ့ကိုဗစ္ကပ္ေရာဂါကို ကာကြယ္ကုသေနရင္းနဲ့ ကုိဗစ္နဲ့အတူယွဥ္တဲြေနထုိင္သြားဖို့ ေျပာႀကားခဲ့ျပီးစက္တင္ဘာလ ၁ ရက္ေန့ကစလို့ျပည္တြင္းခရီးသြားလာေရးေတြကိုျပန္လည္ခြင့္ျပဳခဲ့သလို့ စားေသာက္ဆိုင္လုပ္ငန္းေတြနဲ့ တျခားလုပ္ငန္းေတြကိုလည္း ေျဖေလ်ာ့ေပးခဲ့ပါတယ္ ။

ဒါေပမယ့္လည္း ထို္င္းႏိုင္ငံတြင္းကိုဗစ္ကူးစက္မူေတြကေနစဥ္ေသာင္းခ်ီတိုးေနဆဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ထုိင္းႏို္င္ငံတြင္း ကိုဗစ္အတည္ျပဳလူနာ ၁၂၅၄၀၀၀ ေက်ာ္ရိွျပီး စက္တင္ဘာလ ၃ ရက္ေန႔ တေန႔တည္း ကူးစက္သူ ၁၅၀၀၀ နီးပါးရွိျပီး ေသဆံုးသူစုစုေပါင္းကေတာ့ ၁၂၃၇၄ ဦးရွိျပီးျဖစ္ေႀကာင္းထုိင္းက်န္းမာေရး၀န္ႀကီးဌာနက တရား၀င္သတင္းထုတ္ျပန္ထားပါတယ္ရွင္။

.....................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ထိုင်းနိုင်ငံ ဖူးခက်ပြည်နယ်အတွင်း အကြီးဆုံးငါးဖမ်းလှေဆိပ်ဖြစ်တဲ့ ဖူးခက်ကော့စီးလေ ငါးဖမ်းဆိပ်ကမ်းကို သြဂုတ်လ ၃ ရက် သောကြာနေ့က ပြန်ဖွင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံကအများစုဖြစ်တဲ့ ငါးဖမ်းလုပ်သားတွေကြား ကိုဗစ်ကူးစက်မှုတွေကြောင့် သီတင်း ၂ ပါတ် ပိတ်ထားရာက ပြန်ဖွင့်ခဲ့တာပါ။ ကပ်ရောဂါ ကူးစက်မူတွေ ရှိသေးပေမယ့် ထိမ်းချုပ်နိုင်တဲ့အတွက် တဆင့်ချင်း ပြန်ဖွင့်လှစ်ပေးတာဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမူးက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကပြောပြပေးပါမယ် ။

ထိုင်းနိုင်ငံဖူးခက်ပြည်နယ်အတွင်း မြန်မာနိုင်ငံက အပါအဝင် လှေလုပ်သား ၁၂၀ လောက် ကိုဗစ် ကပ်ရောဂါ ကူးစက်နေတာ တွေရပြီးတဲ့နောက် ထိုင်းနိုင်ငံက ဝင်ငွေအရဆုံး ငါးဖမ်းဆိပ်ကမ်းကို ၂ ပတ်ကြာပိတ်ထားခဲ့ပြီး သောကြာနေ့က ပြန်ဖွင့်လိုက်ပါပြီ။ ဖူးခက်ကော့စီးလေ ငါးဖမ်းဆိပ်ကမ်းဟာ ဖူးခက်ပြည်နယ်အတွင်း အကြီးဆုံး ဆိပ်ကမ်းဖြစ်ပြီး လှေဆိပ်ကမ်း ၁၇ ခုထဲကဝင်ငွေအများဆုံး ရရှိနေတဲ့ ဆိပ်ကမ်းဖြစ်ပါတယ်။

ရေလုပ်သား ရာနဲ့ချီ ကိုဗစ်ကပ်ရောဂါ ကူးစက်တဲ့အတွက် ငါးဖမ်းဆိပ်ကမ်းတွေ ငါးအတင်အချလုပ်နေတဲ့ဂိုဒေါင်တွေကို ၂ ပတ်ကြာပိတ်ထားပေမယ့် ကူးစက်မူ့တွေ ထိမ်းချုပ်နိုင်လို့ စက်တင်ဘာလ ၃ ရက်နေ့မှာ ပြန်ဖွင့်တာဖြစ်တယ်လို့ ဖူးခက်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Narong Woonciew ကသတင်းစာရှင်းလင်းပွဲမှာအခုလိုပြောသွားပါတယ်

"ဖူးခက်ပြည်နယ်အတွင်းမှာ ကိုဗစ် 19 ကပ်ရောဂါပိုး ကူးဆက်ပျံ့ပွားနေတာတွေရှိနေပေမယ့် ရောဂါကို ထိမ်းချုပ်နိုင်တဲ့အကြောင်း နဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ခရီးသွားလာခွင့်တွေကို တဆင့်ချင်း ဖွင့်လှစ်ပေးမှ ာဖြစ်တယ်လို့ဖူးခက် ပြည်နယ်အုပ်ချုပ်ရေးမူး Mr. Narong Woonciew ကသတင်းစာရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့ပြောသွားတာပါ။

ဖူးခက်ပြည်နယ်ထဲမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံက ငါးဖမ်းလုပ်သားတွေအပါအဝင် ရွှေ့ပြောင်းလုပ်သားတွေကြား ကိုဗစ်ကူးစက်ပျံ့နှံ့ခဲ့တဲ့အတွက်၊ ဆောက်လုပ်ရေးနဲ့ လုပ်ငန်းခွင်တချို့ကို ယာယီပိတ်ပြီး ထိန်းချုပ်မှုတွေ လုပ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ပထမဦးဆုံးဖိတ်ခေါ်ခဲ့တာက ဖူးခက်ပြည်နယ်ဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်နေ့က စလို့ လာလည်ဖို့ ဖိတ်ခေါ်ပြီးမကြာခင်မှာပဲ ဖူးခက်ကိုလာလည်တဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေကြား မျိုးဗီဇပြောင်း ကိုဗစ်ဗိုင်းရပ် Delta ပိုးကူးစက်မူတွေ တွေ့ရှိခဲ့တာပါ။

အဲဒီဒေသမှာ အလုပ်လုပ်နေတဲ့သူတွေကိုလည်းကိုဗစ်ကာကွယ်ဆေးတွေထိုးပေးပြီး ဝန်ဆောင်မူလုပ်ငန်းတွေပြန်စခဲ့ပေမယ့် မကြာသေးခင်ကပဲ ရာနဲ့ချီရှိတဲ့ လှေလုပ်သားတွေ ကိုဗစ်ကူးစက်မူတွေ ထပ်ဖြစ်ပြီး လှေဆိပ်တွေပိတ်ခဲ့ရပါတယ် ။ ခရီးသွားဧည့်သည်တွေရဲ့ ဖူးခက်ခရီးစဉ်တချို့ ဖျက်သိမ်းခဲ့ကြပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် စီးပွာရေးထိခိုက်နေတဲ့ ထိုင်းနိုင်ငံက ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့ရော စီးပွားရေးပြန်လည်နာလန်ထူနိုင်ုဖို့အတွက် အခုလို ငါးဖမ်းလှေဆိပ်ကို ခပ်မြန်မြန် ပြန်ဖွင့်တာလို့ ထိုင်းတောင်ပိုင်းခြေစိုက်ပညာရေးနဲ့ဖွံဖြိုးရေးအဖွဲ့က အလုပ်သမာရေးတာဝန်ခံဦးမင်းဦးကအခုလိုပြောပြပါတယ်။

"အခုလောလောဆည်သူတို့က local တိုးရစ်ပေါ့ ။ ပြည်တွင်းခရီးသွားတွေကိုပဲ စပြီး ခရီးသွားမြှင့်တင်ရေးလုပ်ငန်းလုပ်ပြီး ခရီးသွားခိုင်းမယ်အခုရက်ပိုင်းကစပြီးကာကွယ်ဆေးထိုးပြီးတဲ့သူတွေဆိုလို့ရှိရင် ဖူးခက်ထဲကိုပေးဝင်မယ်ရေလုပ်ငန်းကလည်းဝင်ငွေကတဖက်က ရနေတော့မဖြစ်မနေ ပြည်နယ်မှူးက လုပ်နေတယ်လို့ပြောလို့ရတယ်။ အဓိက ခရီးသွားလုပ်ငန်းရေလုပ်ငန်းကနေ ဝင်ငွေ အများဆုံးရတဲ့ ဝင်ငွေစာရင်းထဲမှာပါတယ် ။ ကိုဗစ်ဖြစ်ပြီး နောက်ပိုင်းအကုန်လုံးပိတ်ရတယ်စားသောက်ဆိုင်တွေပိတ်တယ်ဆိုတော့ စားသောက်ဆိုင်တွေဖွင့်မှ ရေလုပ်ငန်းကထွက်တာတွေကိုသွင်းလို့ရမယ်တခြားနိုင်ငံတွေကိုလည်းတင်သွင်းတာဆိုတော့ ကိုဗစ်ကြောင့် ဝယ်တဲ့အားတွေကျသွားတယ်"

အခုလို ငါးဖမ်းဆိပ်ကမ်းတွေ ပိတ်ထားတဲ့အချိန်မတိုင်ခင်ကတည်းက ရေလုပ်သားတွေကြားကိုဗစ်ကူးစက်မူတွေရှိနေတာပါ။ ဒီကာလတွေအတွင်းမှာ ရေလုပ်သားတွေရဲ့ ကျန်းမာရေးအတွက်ကော လုပ်အားခအတွက်ပါနစ်နာမူတွေရှိတာကြောင့် အလုပ်သမားရေးလုပ်ဆောင်နေသူတွေက ကြိုးစားဆောင်ရွက်ပေးခဲ့ရတယ်လို့လည် းဦးမင်းဦးက ပြောပါတယ် ။

ဖူးခက်က ရေလုပ်သားနဲ့ပတ်သက်ပြီးပြသနာတက်ထားတယ် နားထားချိန်မှာ သတ်မှတ်ထားတဲ့ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မူ့တို့ လုပ်အားခနစ်နာမူတွေပေးဖို့အလုပ်သမားရေးနဲ့ပတ်သက်တဲ့အဖွဲ့တွေက ပြည်နယ်မူ့းကိုစာတင်ခဲ့ရသေးတယ်။

"အဲဓီကက ကော့စီးလေလို့ခေါ်တဲ့ငါးဖမ်းလှေဆိပ်ပေါ့ အာလံးုပေါင်းအလုပ်သမားက ၃၀၀၀ ကျော်လောက်ရှိတယ် အဲဒီထဲမှာမြန်မာကအများဆုံး မြန်မာက ၁၇၀၀ ကျော်ရှိတယ်"

မြန်မာအလုပ်သမားတွေ အလုပ်လုပ်နေကြတဲ့ ဖူးခက် ရေလုပ်ငန်းတွေက ရရှိတဲ့ ဝင်ငွေက နှစ်စဉ်
ထိုင်းဘတ်ငွေဘီလျံနဲ့ရှိတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမူးက ပြောဆိုခဲ့ကြောင်းဦးမင်းဦးကတော့ပြောပါတယ်။

" ပြောရမယ်ဆိုရင် နှစ်စဉ်ငါးထုတ်တာက တန်ချိန်တသောင်းဝန်းကျင်ရှိတယ် ငါးရတာပေါ့ ဝင်ငွေနှစ်စဉ်ဝင်ငွေက 4.5 billion baht လောက်ရှိတယ်ပျမ်းမျှပေါ့ "

ထိုင်းဝန်ကြီးချုပ်ကတော့ကိုဗစ်ကပ်ရောဂါကို ကာကွယ်ကုသနေရင်းနဲ့ ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်သွားဖို့ ပြောကြားခဲ့ပြီးစက်တင်ဘာလ ၁ ရက်နေ့ကစလို့ပြည်တွင်းခရီးသွားလာရေးတွေကိုပြန်လည်ခွင့်ပြုခဲ့သလို့ စားသောက်ဆိုင်လုပ်ငန်းတွေနဲ့ တခြားလုပ်ငန်းတွေကိုလည်း ဖြေလျော့ပေးခဲ့ပါတယ် ။

ဒါပေမယ့်လည်း ထိုင်းနိုင်ငံတွင်းကိုဗစ်ကူးစက်မူတွေကနေစဉ်သောင်းချီတိုးနေဆဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံတွင်း ကိုဗစ်အတည်ပြုလူနာ ၁၂၅၄၀၀၀ ကျော်ရှိပြီး စက်တင်ဘာလ ၃ ရက်နေ့ တနေ့တည်း ကူးစက်သူ ၁၅၀၀၀ နီးပါးရှိပြီး သေဆုံးသူစုစုပေါင်းကတော့ ၁၂၃၇၄ ဦးရှိပြီးဖြစ်ကြောင်းထိုင်းကျန်းမာရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG