သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းဝန္ႀကီးခ်ဳပ္ႏုတ္ထြက္တဲ့ထိ ဆႏၵျပဖို႔ ထိုင္းလႈပ္ရွားသူေတြစီစဥ္ထား


ဘန္ေကာက္ျမိဳ့က ထိုင္း၀န္ၾကီးခ်ဳပ္နွုတ္ထြက္ေရး ဆႏၵျပပြဲ (ဓာတ္ပံု - Reuters)

(Zawgyi/Unicode)

ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယုသ္ ခ်န္-အိုခ်ာ ႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုေနသူေတြဟာ ေနာက္ထပ္ဆႏၵျပပြဲေတြ ဆက္လုပ္သြားဖို႔ စီစဥ္ထားၾကပါတယ္။ ကိုဗစ္ကပ္ေရာဂါအေရး ထိုင္းအစိုးရရဲ႕ ကိုင္တြယ္ေဆာင္ရြက္ပံုနဲ႔ ပတ္သက္လို႔ လႊတ္ေတာ္တြင္း ေဆြးေႏြးေျပာဆိုေနၾကတဲ့ ေနာက္ဆံုးေန႔မွာ ဝန္ႀကီးခ်ဳပ္ ပရာယုသ္နဲ႔ ဝန္ႀကီးငါးဦးအေပၚ အယံုအၾကည္မရွိအဆိုကို မဲခြဲဆံုးျဖတ္ဖို႔ရွိေနခ်ိန္မွာပဲ ဆႏၵျပပြဲေတြ ဆက္လုပ္သြားမယ္လို႔ ေျပာၾကတာပါ။

ဝန္ႀကီးခ်ုပ္ ပရာယုသ္ ႏုတ္ထြက္တဲ့အထိ ေန႔စဥ္ဆႏၵျပပြဲေတြလုပ္သြားမယ္လုိ႔ တက္ႂကြလႈပ္ရွားသူေတြက အခိုင္အမာေျပာထားပါတယ္။ ၾကာသပေတးေန႔တုံးကလည္း ဘန္ေကာက္ၿမိဳ႕လည္ေခါင္က လူစည္ကားတဲ့ Asoke လမ္းဆံုမွာ ဒီႏွစ္အတြင္း အႀကီးမားဆံုး စုေဝးဆႏၵျပပြဲတခု လုပ္ခဲ့ၾကပါတယ္။ COVID-19 ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ လူစုလူေဝးမလုပ္ဖို႔ ပိတ္ပင္ထားတာကို အန္တုၿပီး ဆႏၵျပခဲ့ၾကတာလည္းျဖစ္ပါတယ္။

အယံုအၾကည္မရွိအဆိုကုိ လႊတ္ေတာ္မွာမဲခြဲဖို႔ စီစဥ္ထားတဲ့ စေနေန႔မွာလည္း ဆႏၵျပပြဲႀကီးတခုလုပ္ဖို႔ ျပင္ထားၾကပါတယ္။ ဝန္ႀကီးခ်ဳပ္ ပရာယုသ္ရဲ႕ ၫြန္႔ေပါင္းအဖြဲ႔က လႊတ္ေတာ္မွာ လူမ်ားစုရထားတာမို႔ မဲခြဲတဲ့ရလဒ္ကေတာ့ သူ႔ဘက္ကုိပဲပါမယ္လုိ႔ ခန္႔မွန္းထားၾကပါတယ္။
အက်င့္ပ်က္ျခစားမႈ၊ စီးပြားေရးဆိုင္ရာ လြဲမွားတဲ့ စီမံခန္႔ခြဲမႈ၊ ကိုဗစ္ကပ္ေရာဂါအေရး ကိုင္တြယ္ပံု ညံ့ဖ်င္းမႈ စတာေတြနဲ႔ပတ္သက္လို႔ အတိုက္အခံေတြက စြပ္စြဲထားတာကို ဝန္ႀကီးခ်ုပ္နဲ႔ သူ႔ဝန္ႀကီးေတြက ပယ္ခ်ထားပါတယ္။

သူ ဘယ္ေတာ့မွ ႏုတ္ထြက္မွာမဟုတ္သလို ေရြးေကာက္ပြဲ ေစာၿပီးက်င္းပဖို႔လည္း လုပ္မွာမဟုတ္ဘူးလို႔ ဝန္ႀကီးခ်ဳပ္ ပရာယုသ္က ဒီကေန႔ေျပာပါတယ္။ "ႏုိင္ငံက ေရွ႕ဆက္သြားရမွာပဲ၊ လူထုက က်ေနာ့္ကို လိုလားေနသေရြ႕ က်ေနာ္ ေရွ႕ဆက္သြားရမွာပဲ" လို႔ ဝန္ႀကီးခ်ဳပ္ ပရာယုသ္က သတင္းေထာက္ေတြကို ေျပာပါတယ္။

.........................................................................

တိုက္႐ိုက္ လင့္ခ္


ထိုင်းဝန်ကြီးချုပ်နုတ်ထွက်တဲ့ထိ ဆန္ဒပြဖို့ ထိုင်းလှုပ်ရှားသူတွေစီစဉ်ထား

(Unicode)

ထိုင်းဝန်ကြီးချုပ် ပရာယုသ် ချန်-အိုချာ နုတ်ထွက်ပေးဖို့ တောင်းဆိုနေသူတွေဟာ နောက်ထပ်ဆန္ဒပြပွဲတွေ ဆက်လုပ်သွားဖို့ စီစဉ်ထားကြပါတယ်။ ကိုဗစ်ကပ်ရောဂါအရေး ထိုင်းအစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ ပတ်သက်လို့ လွှတ်တော်တွင်း ဆွေးနွေးပြောဆိုနေကြတဲ့ နောက်ဆုံးနေ့မှာ ဝန်ကြီးချုပ် ပရာယုသ်နဲ့ ဝန်ကြီးငါးဦးအပေါ် အယုံအကြည်မရှိအဆိုကို မဲခွဲဆုံးဖြတ်ဖို့ရှိနေချိန်မှာပဲ ဆန္ဒပြပွဲတွေ ဆက်လုပ်သွားမယ်လို့ ပြောကြတာပါ။

ဝန်ကြီးချုပ် ပရာယုသ် နုတ်ထွက်တဲ့အထိ နေ့စဉ်ဆန္ဒပြပွဲတွေလုပ်သွားမယ်လို့ တက်ကြွလှုပ်ရှားသူတွေက အခိုင်အမာပြောထားပါတယ်။ ကြာသပတေးနေ့တုံးကလည်း ဘန်ကောက်မြို့လည်ခေါင်က လူစည်ကားတဲ့ Asoke လမ်းဆုံမှာ ဒီနှစ်အတွင်း အကြီးမားဆုံး စုဝေးဆန္ဒပြပွဲတခု လုပ်ခဲ့ကြပါတယ်။ COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် လူစုလူဝေးမလုပ်ဖို့ ပိတ်ပင်ထားတာကို အန်တုပြီး ဆန္ဒပြခဲ့ကြတာလည်းဖြစ်ပါတယ်။

အယုံအကြည်မရှိအဆိုကို လွှတ်တော်မှာမဲခွဲဖို့ စီစဉ်ထားတဲ့ စနေနေ့မှာလည်း ဆန္ဒပြပွဲကြီးတခုလုပ်ဖို့ ပြင်ထားကြပါတယ်။ ဝန်ကြီးချုပ် ပရာယုသ်ရဲ့ ညွန့်ပေါင်းအဖွဲ့က လွှတ်တော်မှာ လူများစုရထားတာမို့ မဲခွဲတဲ့ရလဒ်ကတော့ သူ့ဘက်ကိုပဲပါမယ်လို့ ခန့်မှန်းထားကြပါတယ်။
အကျင့်ပျက်ခြစားမှု၊ စီးပွားရေးဆိုင်ရာ လွဲမှားတဲ့ စီမံခန့်ခွဲမှု၊ ကိုဗစ်ကပ်ရောဂါအရေး ကိုင်တွယ်ပုံ ညံ့ဖျင်းမှု စတာတွေနဲ့ပတ်သက်လို့ အတိုက်အခံတွေက စွပ်စွဲထားတာကို ဝန်ကြီးချုပ်နဲ့ သူ့ဝန်ကြီးတွေက ပယ်ချထားပါတယ်။

သူ ဘယ်တော့မှ နုတ်ထွက်မှာမဟုတ်သလို ရွေးကောက်ပွဲ စောပြီးကျင်းပဖို့လည်း လုပ်မှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် ပရာယုသ်က ဒီကနေ့ပြောပါတယ်။ "နိုင်ငံက ရှေ့ဆက်သွားရမှာပဲ၊ လူထုက ကျနော့်ကို လိုလားနေသရွေ့ ကျနော် ရှေ့ဆက်သွားရမှာပဲ" လို့ ဝန်ကြီးချုပ် ပရာယုသ်က သတင်းထောက်တွေကို ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG