သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း ႏြန္ထဘူရီျပည္နယ္တြင္း ေ႐ႊ႕ေျပာင္းလုပ္သားေတြကို ကိုဗစ္ကာကြယ္ေဆးထိုးေပး


ႏြန္ထဘူရီျပည္နယ္မွာ စက္တင္ဘာလ၂၀ရက္ေန့က ျမန္မာအပါအ၀င္ႏို္င္ငံျခားသားအလုပ္သမားေတြကာကြယ္ေဆးထိုးႏွံဖို့ လာေရာက္တန္းစီေနႀကပံု (ဓာတ္ပံု-CJ)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံႏြန္ထဘူရီျပည္နယ္ Nonthaburi Province မွာ စက္တင္ဘာ လ ၂၀ ကေန၂၂ ရက္ေန႔အထိ ျမန္မာအပါအဝင္ႏိုင္ငံေပါင္း၃ႏိုင္ငံက ေ႐ႊေျပာင္းအလုပ္သမား ၉၀၀၀ကို ကိုဗစ္ကာကြယ္ေဆးထိုးေပးေနၿပီလို႔ ျပည္နယ္အာဏာပိုင္တေတြကေျပာပါတယ္။ဒီသတင္းကိုဗြီအိုေအသတင္းေထာက္မေအးေအးမာကေျပာျပေပးပါမယ္။

ထိုင္းႏိုင္ငံႏြန္ထဘူရီျပည္နယ္ Nonthaburi Province အတြင္းမွာ အလုပ္လုပ္ကိုင္ေနၾကတဲ့ ႏိုင္ငံျခားသားေ႐ြေျပာင္းအလုပ္သမား ၉၀၀၀ ကို စက္တင္ဘာလ ၂၀ရက္ေန႔က ၂၂ရက္ေန႔ထိ ၃ရက္ၾကာကိုဗစ္ကာကြယ္ေဆးထိုးေပးေနတာပါ။ကိုဗစ္ကာကြယ္ေဆးစထိုးေပးတဲ့ပထမေန႔မွာေတာ့ လာေရာက္ထိုးႏွံသူ ၃၀၀၀ေက်ာ္ရွိပါတယ္။

အမ်ားစုကေတာ့ျမန္မာႏိုင္ငံသားေတြျဖစ္ၾကပါတယ္။ အလုပ္သမားေတြနဲ႔အတူ အလုပ္ရွင္ေတြကိုယ္တိုင္စာ႐ြက္စာတမ္းအေထာက္အထားေတြနဲ႔အတူၿမိဳ႕နယ္အတြင္းက ကိုဗစ္ကာကြယ္ေရးစခန္းေတြမွာ အလုပ္သမားေတြကိုေဆးထိုးနံွေစခဲ့တာျဖစ္ပါတယ္။

ျမန္မာ ကေမာၻဒီးယား လာအိုဝ့္စတဲ့ ႏိုင္ငံ ၃ႏို္င္ငံက စုစုေပါင္းေ႐ႊေျပာင္းအလုပ္သမား ၉ ၀၀၀ေက်ာ္ကို ကာကြယ္ေဆးထိုးေပးေနၿပီျဖစ္ပါတယ္။

အလုပ္သမားေတြနဲ႔အတူအလုပ္ရွင္ေတြကိုယ္တိုင္လိုက္ပါလာၾကပါတယ္။အလုပ္သမားေတြဟာစာ႐ြက္စာတမ္းေတြနဲ႔ ၿမိဳ႕နယ္ကိုဗစ္ကာကြယ္ေရးစခန္းေတြမွာ ကာကြယ္ေဆးထိုးၾကရာမွာ ပထမဦးဆုံးေန႔မွာေတာ့ ကာကြယ္ေဆးထိုးႏွံသူ အလုပ္သမားစုစုေပါင္း ၃၀၀၀ေက်ာ္ရွိေနတယ္လို႔ ၿမိဳ႕နယ္အာဏာပိုင္ေတြကထုတ္ျပန္ခဲ့ပါတယ္။

ကာကြယ္ေဆးထိုးဖို႔အတြက္ အသက္၁၈ေျပည့္ၿပီးသား ျဖစ္ရမွာျဖစ္ၿပီး နံြံထဘူရီျပည္နယ္အတြင္းမွာေနထိုင္အလုပ္လုပ္ေနသူေတြသာ ထိုးႏွံရမွာျဖစ္ပါတယ္။

ႏိုင္ငံျခားသားအလုပ္သမားေတြအတြက္ ကိုဗစ္ကာကြယ္ေဆးျဖစ္တဲ့ Sinovac vaccine နဲ႔ Astrazeneca vaccine စတဲ့ကာကြယ္ေဆး ၂မ်ိဳးကို ထိုးေပးခဲ့ၿပီး ဒီ ၂မ်ိဳးထဲက မိမိႏွစ္သက္ရာကိုေတာ့ေ႐ြးခ်ယ္ခြင့္မရွိပါဘူး ေဆးထိုးၿပီးသားသူေတြအေနနဲ႔ဒုတိယအႀကိမ္ထပ္ထိုးဖို႔ကိုလည္း အာဏာပိုင္ေတြဘက္ကႏႈိးေဆာ္ထားပါတယ္ ကိုဗစ္ကာကြယ္ေဆးထိုးၿပီးသူေတြမွသာ မူလအလုပ္ေတြမွာအလုပ္ရွင္ေတြကျပန္လည္ခြင့္ျပဳရမယ္လို႔လည္းဆိုပါတယ္။

စက္တင္ဘာ၂၀ရက္ေန႔စတင္ထိုးေပးတဲ့ေန႔မွာေတာ့ ျမန္မာအပါအဝင္ႏိုင္ငံျခားသားအလုပ္သမားေတြအမ်ားအျပားေရာက္ရွိလာၿပီး ဝန္ထမ္းမလုံေလာက္ျဖစ္တာေတြလည္းႀကဳံရသလို႔ လာေရာက္တန္းစီသူေတြမ်ားတဲ့အတြက္ လူစုခြဲတာေတြပါလုပ္ခဲ့ရတယ္လို႔အာဏာပိုင္ေတြကဆိုပါတယ္။

ႏြန္ထဘူရီ ၿမိဳ႕ေတာ္ဝန္ ႏိုင္ ဆူက်င္ ခ်ိဳင္ခြၽန္စပ္ Mr. Sujin Chaichumsak ကေတာ့ထိုင္းဘာသာနဲ႔အခုလိုေျပာသြားပါတယ္။
"ကာကြယ္ေဆးထိုးေပးတဲ့ ပထမေန႔မွာ လာေရာက္တန္းစီတဲ့သူေတြအလြန္မ်ားေနၿပီး အရာရွိေတြမလုံေလာက္ျဖစ္သြားလို႔ အဆင္မေျပမႈေတြ ျဖစ္ခဲ့ပမယ့္အေျခအေနကို ထိမ္းႏိုင္ၿပီး ဝန္ထမ္းဦးေရပိုတိုးျမင့္လုပ္ေဆာင္ေပးသြားမွာျဖစ္တယ္လို႔ လည္းေျပာသြားပါတယ္ ။"

ထိုင္းႏိုင္ငံမွာ ေတာ့ ၂၀၂၁ ႏွစ္ကုန္ထိ တႏိုင္ငံလုံးက လူဦးေရ ရ၀ ရာခိုင္ႏႈန္းေလာက္ကိုၿပီးေျမာက္ေအာင္ကာကြယ္ေဆးထိုးႏိုင္ဖို႔ထိုင္းအစိုးရကရည္မွန္းထားပါတယ္။ ဒီအတြက္ ႏိုင္ငံျခားသားေ႐ႊေျပာင္းအလုပ္သမားေတြကိုလည္း ထပ္ၿပီးေခၚယူဖို႔ရွိသလို႔ ၂၀၂၁ ႏွစ္ကုန္မွာေတာ့ ႏိုင္ငံတြင္းက်ဆင္းေနတဲ့ စီးပြားေရးလုပ္ငန္းေတြျပန္စႏိုင္ဖို႔ ႏိုင္ငံျခားသားခရီးသြားေတြလည္း ျပန္လာႏိုင္ဖို႔ နယ္စပ္ကုန္သြယ္ေရးေတြလည္းထိထိေရာက္ေရာက္ျပန္လုပ္ႏိုင္ဖို႔အတြက္ ကိုဗစ္ကန႔္သတ္ခ်က္ေတြ ကိုလည္း ေျဖေလ်ာ့မူေတြ ဆက္လုပ္သြားဖို႔ရည္မွန္းထားပါတယ္။

ထိုင္းႏိုင္ငံမွာေတာ့ကိုဗစ္အတည္ျပဳလူနာ အခုခ်ိန္ထိ တသန္းခြဲေက်ာ္ရွိသြားၿပီျဖစ္သလို စက္တင္ဘာလ ၂၁ရက္ေန႔ တေန႔တည္းကူးစက္သူကေတာ့တေသာင္းေက်ာ္ရွိေနပါေသးတယ္ ။ အရင္လေတြထက္စာရင္ေတာ့ ကူးစက္မႈႏွုန္းတျဖည္းျဖည္းေလ်ာ့က်သြားတာေတြေတာ့ရွိလာပါတယ္ ကာကြယ္ေဆးေတြကိုေတာ့မျဖစ္မေနထိုးၾကဖို႔ကိုလည္းထိုင္းအစိုးရက တိုက္တြန္းႏႈိးေဆာ္ေနပါတယ္။

................................................................................................

တိုက္႐ိုက္ လင့္ခ္


ထိုင်း နွန်ထဘူရီပြည်နယ်တွင်း ရွှေ့ပြောင်းလုပ်သားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေး

ထိုင်းနိုင်ငံနွန်ထဘူရီပြည်နယ် Nonthaburi Province မှာ စက်တင်ဘာ လ ၂၀ ကနေ၂၂ ရက်နေ့အထိ မြန်မာအပါအဝင်နိုင်ငံပေါင်း၃နိုင်ငံက ရွှေပြောင်းအလုပ်သမား ၉၀၀၀ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးနေပြီလို့ ပြည်နယ်အာဏာပိုင်တတွေကပြောပါတယ်။ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။

ထိုင်းနိုင်ငံနွန်ထဘူရီပြည်နယ် Nonthaburi Province အတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားရွေပြောင်းအလုပ်သမား ၉၀၀၀ ကို စက်တင်ဘာလ ၂၀ရက်နေ့က ၂၂ရက်နေ့ထိ ၃ရက်ကြာကိုဗစ်ကာကွယ်ဆေးထိုးပေးနေတာပါ။ကိုဗစ်ကာကွယ်ဆေးစထိုးပေးတဲ့ပထမနေ့မှာတော့ လာရောက်ထိုးနှံသူ ၃၀၀၀ကျော်ရှိပါတယ်။

အများစုကတော့မြန်မာနိုင်ငံသားတွေဖြစ်ကြပါတယ်။ အလုပ်သမားတွေနဲ့အတူ အလုပ်ရှင်တွေကိုယ်တိုင်စာရွက်စာတမ်းအထောက်အထားတွေနဲ့အတူမြို့နယ်အတွင်းက ကိုဗစ်ကာကွယ်ရေးစခန်းတွေမှာ အလုပ်သမားတွေကိုဆေးထိုးနံှစေခဲ့တာဖြစ်ပါတယ်။

မြန်မာ ကမ္ဘောဒီးယား လာအိုဝ့်စတဲ့ နိုင်ငံ ၃နိုင်ငံက စုစုပေါင်းရွှေပြောင်းအလုပ်သမား ၉ ၀၀၀ကျော်ကို ကာကွယ်ဆေးထိုးပေးနေပြီဖြစ်ပါတယ်။

အလုပ်သမားတွေနဲ့အတူအလုပ်ရှင်တွေကိုယ်တိုင်လိုက်ပါလာကြပါတယ်။အလုပ်သမားတွေဟာစာရွက်စာတမ်းတွေနဲ့ မြို့နယ်ကိုဗစ်ကာကွယ်ရေးစခန်းတွေမှာ ကာကွယ်ဆေးထိုးကြရာမှာ ပထမဦးဆုံးနေ့မှာတော့ ကာကွယ်ဆေးထိုးနှံသူ အလုပ်သမားစုစုပေါင်း ၃၀၀၀ကျော်ရှိနေတယ်လို့ မြို့နယ်အာဏာပိုင်တွေကထုတ်ပြန်ခဲ့ပါတယ်။

ကာကွယ်ဆေးထိုးဖို့အတွက် အသက်၁၈ပြေည့်ပြီးသား ဖြစ်ရမှာဖြစ်ပြီး နွံံထဘူရီပြည်နယ်အတွင်းမှာနေထိုင်အလုပ်လုပ်နေသူတွေသာ ထိုးနှံရမှာဖြစ်ပါတယ်။

နိုင်ငံခြားသားအလုပ်သမားတွေအတွက် ကိုဗစ်ကာကွယ်ဆေးဖြစ်တဲ့ Sinovac vaccine နဲ့ Astrazeneca vaccine စတဲ့ကာကွယ်ဆေး ၂မျိုးကို ထိုးပေးခဲ့ပြီး ဒီ ၂မျိုးထဲက မိမိနှစ်သက်ရာကိုတော့ရွေးချယ်ခွင့်မရှိပါဘူး ဆေးထိုးပြီးသားသူတွေအနေနဲ့ဒုတိယအကြိမ်ထပ်ထိုးဖို့ကိုလည်း အာဏာပိုင်တွေဘက်ကနှိုးဆော်ထားပါတယ် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူတွေမှသာ မူလအလုပ်တွေမှာအလုပ်ရှင်တွေကပြန်လည်ခွင့်ပြုရမယ်လို့လည်းဆိုပါတယ်။

စက်တင်ဘာ၂၀ရက်နေ့စတင်ထိုးပေးတဲ့နေ့မှာတော့ မြန်မာအပါအဝင်နိုင်ငံခြားသားအလုပ်သမားတွေအများအပြားရောက်ရှိလာပြီး ဝန်ထမ်းမလုံလောက်ဖြစ်တာတွေလည်းကြုံရသလို့ လာရောက်တန်းစီသူတွေများတဲ့အတွက် လူစုခွဲတာတွေပါလုပ်ခဲ့ရတယ်လို့အာဏာပိုင်တွေကဆိုပါတယ်။

နွန်ထဘူရီ မြို့တော်ဝန် နိုင် ဆူကျင် ချိုင်ချွန်စပ် Mr. Sujin Chaichumsak ကတော့ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။
"ကာကွယ်ဆေးထိုးပေးတဲ့ ပထမနေ့မှာ လာရောက်တန်းစီတဲ့သူတွေအလွန်များနေပြီး အရာရှိတွေမလုံလောက်ဖြစ်သွားလို့ အဆင်မပြေမှုတွေ ဖြစ်ခဲ့ပမယ့်အခြေအနေကို ထိမ်းနိုင်ပြီး ဝန်ထမ်းဦးရေပိုတိုးမြင့်လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ လည်းပြောသွားပါတယ် ။"

ထိုင်းနိုင်ငံမှာ တော့ ၂၀၂၁ နှစ်ကုန်ထိ တနိုင်ငံလုံးက လူဦးရေ ရ၀ ရာခိုင်နှုန်းလောက်ကိုပြီးမြောက်အောင်ကာကွယ်ဆေးထိုးနိုင်ဖို့ထိုင်းအစိုးရကရည်မှန်းထားပါတယ်။ ဒီအတွက် နိုင်ငံခြားသားရွှေပြောင်းအလုပ်သမားတွေကိုလည်း ထပ်ပြီးခေါ်ယူဖို့ရှိသလို့ ၂၀၂၁ နှစ်ကုန်မှာတော့ နိုင်ငံတွင်းကျဆင်းနေတဲ့ စီးပွားရေးလုပ်ငန်းတွေပြန်စနိုင်ဖို့ နိုင်ငံခြားသားခရီးသွားတွေလည်း ပြန်လာနိုင်ဖို့ နယ်စပ်ကုန်သွယ်ရေးတွေလည်းထိထိရောက်ရောက်ပြန်လုပ်နိုင်ဖို့အတွက် ကိုဗစ်ကန့်သတ်ချက်တွေ ကိုလည်း ဖြေလျော့မူတွေ ဆက်လုပ်သွားဖို့ရည်မှန်းထားပါတယ်။

ထိုင်းနိုင်ငံမှာတော့ကိုဗစ်အတည်ပြုလူနာ အခုချိန်ထိ တသန်းခွဲကျော်ရှိသွားပြီဖြစ်သလို စက်တင်ဘာလ ၂၁ရက်နေ့ တနေ့တည်းကူးစက်သူကတော့တသောင်းကျော်ရှိနေပါသေးတယ် ။ အရင်လတွေထက်စာရင်တော့ ကူးစက်မှုနှုန်းတဖြည်းဖြည်းလျော့ကျသွားတာတွေတော့ရှိလာပါတယ်။ ကာကွယ်ဆေးတွေကိုတော့မဖြစ်မနေထိုးကြဖို့ကိုလည်း ထိုင်းအစိုးရက တိုက်တွန်းနှိုးဆော်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG