သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း၊ ျမန္မာ နယ္စပ္မွာ စိတ္ႂကြေဆး အေျမာက္အမ်ား ဖမ္းဆီးမိ


စင္ဘူရီျပည္နယ္မွာ မူးယစ္ေဆး၀ါးသယ္ေဆာင္လာတဲ့ကားကုိ ပစ္ခတ္ဖမ္းဆီးပံု

ထိုင္း၊ ျမန္မာ နယ္စပ္မွာ စိတ္ႂကြေဆး အေျမာက္အမ်ား ဖမ္းဆီးမိ

{{Zawgyi/Unicode}}

ထိုင္း ၊ ျမန္မာနယ္စပ္ ခ်င္းမုိင္ျပည္နယ္ မဲ့အိုင္းေဒသမွာ မူးယစ္ေမွာင္ခိုသမားေတြနဲ့ ထုိင္းနယ္ျခားရဲတပ္ဖဲြ႔တို့ . ပစ္ခတ္မွုျဖစ္ပြားခဲ့ျပီး ေရႊႀတိဂံေဒသထုတ္ စိတ္ၾကြေဆးအမ်ားအျပားကုိ ဖမ္းမိခဲ့ပါတယ္။ ဒီရက္ပုိင္းအတြင္းမွာေတာ့ ထိုင္းျမန္မာနယ္စပ္က၀င္လာတဲ့ စိတ္ႀကြေဆး ၁၁သန္းေက်ာ္ဖမ္းမိခဲ့တာပါ။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္မေအးေအးမာ ကေျပာျပေပးမွာပါ။

ထိုင္း၊ ျမန္မာ၊ လာအို ဆံုရာ ေရႊၾတိဂံေဒသကလာတဲ့ သန္းနဲ့ခ်ီရွိတဲ့ စိတ္ၾကြေဆးျပားေတြဟာ ထုိင္းႏို္င္ငံထဲကုိ ဆက္တိုက္၀င္ေရာက္လာေနျပီး ထိုင္းရဲတပ္ဖြဲ ့ကလည္း လိုက္လံပိတ္ဆို႔ ဖမ္းဆီးခဲ့ရာမွာ စက္တင္ဘာလ ၁၆ရက္ မနက္(၂)နာရီခန့္က မူးယစ္ေမွာင္ခိုသမားေတြနဲ့ ထုိင္းရဲတပ္ဖဲြတို့ ပစ္ခတ္မူျဖစ္ခဲ့ပါတယ္။

ထိုင္း၊ ျမန္မာနယ္စပ္ ခ်င္းမိုင္ ျပည္နယ္ မဲအိုင့္နယ္စပ္ကေန ၀င္လာတဲ့ ကားငယ္နွစ္စီးေနာက္ကို ရဲတပ္ဖြဲ ့ စစ္ေဆးဖို ့လုပ္ရာကေန မယ္အိုင့္ အေ၀းေျပးလမ္းမေပၚမွာ ႏွစ္ဖက္အၾကား ပစ္ခတ္မွုုေတြျဖစ္ပြားခဲ့ေၾကာင္း မဲအိုင္း နယ္ျခားေစာင့္ရဲတပ္ဖြဲ က စက္တင္ဘာလ ၁၆ရက္ေန့က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ရဲတပ္ဖြဲြ့ရဲ ့ အစစ္ေဆးမခံပဲ စတင္ပစ္ခတ္ခဲ့တဲ့ ကားတစ္စီးကိုေတာ့ ရဲတပ္ဖြဲ ့က ျပန္ပစ္ခတ္ခဲ့လို့ ကားဟာလမ္းေဘးထိုးက်သြားျပီး ကားေမာင္းသူဟာ ေသနတ္ဒဏ္ရာနဲ ့ေသဆံုးခဲ့တာပါ ။ ေနာက္တဦးကုိေတာ့ အရွင္ဖမ္းမိခဲ့တယ္လို့ ထိုင္းရဲေတြကဆုိပါတယ္။

ဒီျဖစ္စဥ္မွာေတာ့ ကားေပၚမွာသယ္ေဆာင္လာတဲ့ WY 999 တံဆိပ္ စိတ္ႀကြေဆး ၅သန္းကို ဖမ္းဆီးခဲ့ပါတယ္ ။

အလားတူ စက္တင္ဘာလ ၁၃ရက္ေန ့ကလည္း စင္ဘူရီျပည္နယ္မွာ စိတ္ၾကြေဆးျပား ၅သန္း ေလးသိန္း တင္ေဆာင္လာတဲ့ကားကို မူးယစ္ႏွိမ္္နင္းေရး ရဲတပ္ဖြဲ ့က ေနာက္ကလိုက္ဖမ္းတုန္း ကားေမာင္းေျပးခဲ့လို ့ ျမိဳ့လည္ေခါင္းမွာပဲ မူးယစ္ေမွာင္ခိုသမားေတြ ေမာင္းလာတဲ့ကားကို ေသနတ္နဲ့ပစ္ျပီးဖမ္းခဲ့ရတယ္လို့ ဆိုပါတယ္ ။ ထိုင္းရဲခ်ဳပ္ Mr.Pakkapong Pongpetra ကေတာ့ သတင္းစာရွင္းလင္းပဲြမွာ ထိုင္းဘာသာနဲ့ အခုလိုေျပာသြားပါတယ္ ။

"အခုလို ႏိုင္ငံတြင္းမွာ မူးယစ္ေဆး၀ါးသန္းေပါင္းမ်ားစြာျဖန့္ခ်ီေနတဲ့ ေနာက္ကြယ္က အဓိက မူယစ္ဂိုဏ္းေတြကုိ လိုက္လံဖမ္းဆီးသြားမွာျဖစ္ပါတယ္။ မူးယစ္ေဆးေတြ အေျမာက္အျမား ဖမ္းဆီးနိုင္ဖို ့သတင္းေပးတဲ့ တာ၀န္သိျပည္သူေတြကို ဆုေငြနဲ ့ဂုဏ္ျပဳသြားမွာျဖစ္တယ္လို" ့ ေျပာသြားပါတယ္။

ထိုင္းေတာင္ပိုင္းမွာလည္း အခုရက္ပိုင္းအတြင္း မူးယစ္ဂိုဏ္း၀င္ေတြနဲ့အတူ စိတ္ႀကြေဆး တသန္းေက်ာ္ ဖမ္းဆီးနိုင္ခဲ့ပါတယ္။ အခုရက္ပုိင္းအတြင္းမွာေတာ့ ကာလတန္ဖိုးဘတ္ေငြ သန္းေပါင္းႏွစ္ေထာင္ေက်ာ္ တန္ဖိုးရွိတဲ့စိတ္ႀကြေဆး ၁၁သန္းေက်ာ္ကုိ ဖမ္းမိခဲ့တာပါ ။

ေရႊၾကိဂံေဒသက မူးယစ္ေမွာင္ဂိုဏ္းေတြဟာ မူးယစ္ေဆးေတြကို အရင္ကထက္ ပိုထုတ္လုပ္ေနျပီး ကိုဗစ္ကပ္ေဘးကာလမွာ ထိုင္းဘက္ကိုအလံုးအရင္း သယ္ေဆ ာင္တင္သြင္းေနတယ္လို ့လည္း ထိုင္းနိုင္ငံရဲ့ေဒသဆိုင္ရာသတင္းေတြမွာ ေဖၚျပႀကပါတယ္။

ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈဆိုင္ရာ႐ုံး (UNODC) ရဲ႕ ဒီႏွစ္ဆန္းမွာ ထုတ္ျပန္တဲ့ ျမန္မာႏိုင္ငံ ဘိန္းထုတ္လုပ္မႈ ႏွစ္စဥ္ အစီရင္ခံစာမွာေတာ့ ေဒသတြင္းမွာ ဓာတုပစၥည္းေတြကို အေျခခံထုတ္လုပ္တဲ့ မူးယစ္ေဆးဝါးေတြ တြင္က်ယ္လာတယ္လို့လည္း ေရးသားထားပါတယ္။

....................................................

တိုက္႐ိုက္ လင့္ခ္

ထိုင်း၊ မြန်မာ နယ်စပ်မှာ စိတ်ကြွဆေး အမြောက်အများ ဖမ်းဆီးမိ

{{Unicode}}

ထိုင်း ၊ မြန်မာနယ်စပ် ချင်းမိုင်ပြည်နယ် မဲ့အိုင်းဒေသမှာ မူးယစ်မှောင်ခိုသမားတွေနဲ့ ထိုင်းနယ်ခြားရဲတပ်ဖွဲ့တို့ . ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေးအများအပြားကို ဖမ်းမိခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ ထိုင်းမြန်မာနယ်စပ်ကဝင်လာတဲ့ စိတ်ကြွဆေး ၁၁သန်းကျော်ဖမ်းမိခဲ့တာပါ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မအေးအေးမာ ကပြောပြပေးမှာပါ။

ထိုင်း၊ မြန်မာ၊ လာအို ဆုံရာ ရွှေတြိဂံဒေသကလာတဲ့ သန်းနဲ့ချီရှိတဲ့ စိတ်ကြွဆေးပြားတွေဟာ ထိုင်းနိုင်ငံထဲကို ဆက်တိုက်ဝင်ရောက်လာနေပြီး ထိုင်းရဲတပ်ဖွဲ့ကလည်း လိုက်လံပိတ်ဆို့ ဖမ်းဆီးခဲ့ရာမှာ စက်တင်ဘာလ ၁၆ရက် မနက်(၂)နာရီခန့်က မူးယစ်မှောင်ခိုသမားတွေနဲ့ ထိုင်းရဲတပ်ဖွဲတို့ ပစ်ခတ်မူဖြစ်ခဲ့ပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် ချင်းမိုင် ပြည်နယ် မဲအိုင့်နယ်စပ်ကနေ ဝင်လာတဲ့ ကားငယ်နှစ်စီးနောက်ကို ရဲတပ်ဖွဲ့ စစ်ဆေးဖို့လုပ်ရာကနေ မယ်အိုင့် အဝေးပြေးလမ်းမပေါ်မှာ နှစ်ဖက်အကြား ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြောင်း မဲအိုင်း နယ်ခြားစောင့်ရဲတပ်ဖွဲ က စက်တင်ဘာလ ၁၆ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အစစ်ဆေးမခံပဲ စတင်ပစ်ခတ်ခဲ့တဲ့ ကားတစ်စီးကိုတော့ ရဲတပ်ဖွဲ့က ပြန်ပစ်ခတ်ခဲ့လို့ ကားဟာလမ်းဘေးထိုးကျသွားပြီး ကားမောင်းသူဟာ သေနတ်ဒဏ်ရာနဲ့သေဆုံးခဲ့တာပါ ။ နောက်တဦးကိုတော့ အရှင်ဖမ်းမိခဲ့တယ်လို့ ထိုင်းရဲတွေကဆိုပါတယ်။

ဒီဖြစ်စဉ်မှာတော့ ကားပေါ်မှာသယ်ဆောင်လာတဲ့ WY 999 တံဆိပ် စိတ်ကြွဆေး ၅သန်းကို ဖမ်းဆီးခဲ့ပါတယ် ။

အလားတူ စက်တင်ဘာလ ၁၃ရက်နေ့ကလည်း စင်ဘူရီပြည်နယ်မှာ စိတ်ကြွဆေးပြား ၅သန်း လေးသိန်း တင်ဆောင်လာတဲ့ကားကို မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့က နောက်ကလိုက်ဖမ်းတုန်း ကားမောင်းပြေးခဲ့လို့ မြို့လည်ခေါင်းမှာပဲ မူးယစ်မှောင်ခိုသမားတွေ မောင်းလာတဲ့ကားကို သေနတ်နဲ့ပစ်ပြီးဖမ်းခဲ့ရတယ်လို့ ဆိုပါတယ် ။ ထိုင်းရဲချုပ် Mr.Pakkapong Pongpetra ကတော့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ် ။

"အခုလို နိုင်ငံတွင်းမှာ မူးယစ်ဆေးဝါးသန်းပေါင်းများစွာဖြန့်ချီနေတဲ့ နောက်ကွယ်က အဓိက မူယစ်ဂိုဏ်းတွေကို လိုက်လံဖမ်းဆီးသွားမှာဖြစ်ပါတယ်။ မူးယစ်ဆေးတွေ အမြောက်အမြား ဖမ်းဆီးနိုင်ဖို့သတင်းပေးတဲ့ တာဝန်သိပြည်သူတွေကို ဆုငွေနဲ့ဂုဏ်ပြုသွားမှာဖြစ်တယ်လို"့ ပြောသွားပါတယ်။

ထိုင်းတောင်ပိုင်းမှာလည်း အခုရက်ပိုင်းအတွင်း မူးယစ်ဂိုဏ်းဝင်တွေနဲ့အတူ စိတ်ကြွဆေး တသန်းကျော် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အခုရက်ပိုင်းအတွင်းမှာတော့ ကာလတန်ဖိုးဘတ်ငွေ သန်းပေါင်းနှစ်ထောင်ကျော် တန်ဖိုးရှိတဲ့စိတ်ကြွဆေး ၁၁သန်းကျော်ကို ဖမ်းမိခဲ့တာပါ ။

ရွှေကြိဂံဒေသက မူးယစ်မှောင်ဂိုဏ်းတွေဟာ မူးယစ်ဆေးတွေကို အရင်ကထက် ပိုထုတ်လုပ်နေပြီး ကိုဗစ်ကပ်ဘေးကာလမှာ ထိုင်းဘက်ကိုအလုံးအရင်း သယ်ဆေ ာင်တင်သွင်းနေတယ်လို့လည်း ထိုင်းနိုင်ငံရဲ့ဒေသဆိုင်ရာသတင်းတွေမှာ ဖေါ်ပြကြပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ဒီနှစ်ဆန်းမှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှု နှစ်စဉ် အစီရင်ခံစာမှာတော့ ဒေသတွင်းမှာ ဓာတုပစ္စည်းတွေကို အခြေခံထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ တွင်ကျယ်လာတယ်လို့လည်း ရေးသားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG