ထိုင်းနိုင်ငံတောင်ပိုင်း Nakhon Si Thammarat ပြည်နယ်၊ ပါဖနမ် မြို့နယ်အတွင်းက ဘန်ဝမ်ဈေးကြီးမှာ လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားနဲ့ ထိုင်း ဈေးသည်တွေ ၈၀၀ကျော် ကိုဗစ်ရောဂါပိုးကူးဆက်နေတာ စစ်ဆေးတွေရှိရတာကြောင့် ဈေးနဲ့ အနီးတဝိုက်က လူနေရပ်ကွက်တွေကိုပါ မနေ့ကစပြီး လော့ဒေါင်း ကန့်သတ်ပိတ်ဆို့မူတွေ လုပ်ခဲ့ရပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးမှာပါ။
ထိုင်းအစိုးရက နိုင်ငံတွင်းမှာကိုဗစ်နဲ့ပတ်သတ်တဲ့ကန့်သတ်ချက်တွေဖြေလျော့ပေးပြီး စီးပွားရေးလုပ်ငန်းတွေကို ပြန်စနိုင်ဖို့ပြင်ဆင်နေချိန်မှာပဲ Nakhon Si Thammarat ပြည်နယ်ထဲက ဘန့်ဝမ်ဈေးကြီးမှာတော့ ဒီရက်ပိုင်းအတွင်း ကိုဗစ်စစ်ဆေးချက်အရ ထိုင်းနဲ့မြန်မာလူ၈၀၀လောက်ထိ ကူးစက်မူတွေ များလာတဲ့အတွက် ဈေးနဲ့အနီးတဝိုက်နေရာတွေကို ကန်သတ်ပိတ်ဆို့မူတွေ လုပ်လိုက်ရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ ပါဖနမ် မြို့တော်ဝန် နိုင် ခွမ်ချိုင်း ရိုမနီ Mr. Kwanchai Rodmanee က - "အခုလိုအစုလိုက် အပြုံလိုက် ကူးဆက်လာနေတာကတော့ ဈေးဝယ်သူတွေ ဆိုင်ရှင်တွေနဲ့ အလုပ်သမားတွေ ပြည့်နေတဲ့ ဈေးကြီအတွင်း ကူးဆက်ပြန့်ပွားနေတာပါ။ အများစုက ရောဂါလက္ခဏာမပြတော့ ပိုးကူးဆက်နေသူတွေဟာ သတိမထားမိပဲ အိမ်တွင်းက မိသားစုဝင်တွေကိုပါ ဆက်ပြီ းကူးစက်လာတာဖြစ်ပါတယ်။ အခုတော့ ဈေးနဲ့အနီးတဝိုက်ရပ်ကွက်တွေကိုပါ ပိတ်ဆို့ထားပြီး အဲဒီ ပြည်သူတွေကိုအစားအသောက်တွေကူညီပေးနေပါတယ်"- ဆိုပြီးပြောသွားပါတယ်။
ဒီရက်ပိုင်မှာတော့ ကူးစက်မူတွေလျော့ကျလာတာကိုတော့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန သတင်းတွေမှာတွေ့ရပေမယ့် ဆေးရုံဆေးခန်းမသွားပဲ ကိုယ့်ဖာသာကုသနေကြတဲ့ သာမန်ပြည်သူတွေကြားမှာ စစ်လေတွေ့လေဆိုတာမျိုးတွေဖြစ်နေသလို ထိုင်းကျန်းမာရေးဌာနကဖော်ပြတဲ့ စာရင်းထဲမပါပဲ ကူးစက်နေသူတွေလည် းရှိနေတယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံဖြိုးရေး အဖွဲ့က အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက ပြောပြပါတယ်။
"အခုဆိုရင် ၁၀၀ကျော်ပဲရှိတော့တယ်။ နေစဉ်သေဆုံးနှုံးက နေစဉ်ကူးစက်နှုံးက ၁၅,၀၀၀ ဝန်းကျင်လောက်ပဲရှိတော့တယ်။ နှစ်ရက်သုံးရက်အတွင်းပေါ့။ ဒါပေမယ့် အပြင်မှာကူးစက်နှုံးက ဒီထက်များနိုင်တယ်။ ဒီဟာတွေက ကူးစက်မူးနှုံးစာရင်းတွေ ထုတ်ပြန်တယ်ဆိုတာက သူတို့အစိုးရဆေးရုံတွေက ကျန်းမာရေးဌာနတွေက စစ်ဆေးပြီးတော့တွေတာလေ အမြန်နှုံးနဲ့စစ်တာတွေ Rapid Test က ကိုယ့်ဖာသာအပြင်မှ ာစစ်တာတွေက ဒီထဲမှာ အကျုံးဝင်တာမဟုတ်ဘူး။ အဲဒါတွေက ဒီထဲမှာမပါဘူ။း တကယ့်တကယ်စစ်ရင်အများကြီးပဲ။ ကျနော်တို့ဘက်မှာ ဟိုနေ့စစ်တာတွေက အကုန်လုံးတွေ့လို့ အခု စောင့်ကြည့်စင်တာတွေ ဝင်နေရတယ်။ အခုက စစ်လေတွေ့လေပဲ။"
အခုကိုဗစ်ပိုးတွေရှိမူတွေ ရှိနေပေမယ့် မြန်မာနိုင်ငံအပါအဝင် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသွားတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ပြန်လည်လက်ခံဖို့ ထိုင်းအစိုးရက စတင်လုပ်နေပြီလို့ ဆိုပါတယ် ။ အလုပ်သမားလက်ခံရေး နိုင်ငံအလိုက် နားလည်မှုစာချွန်လွှာ MoU အရ သဘောတူထားတဲ့ အလုပ်သမားတွေကို အုပ်စု ၃ စုခွဲခေါ်ယူရေး စလုပ်နေပြီလို့ ထိုင်းအလုပ်သမားရေးရာဝန်ကြီးက ဒီရက်ပိုင်းမှာပဲ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာတော့ကိုဗစ်အတည်ပြုလူနာ ၁,၄၂၀,၀၀၀ ကျော်ရှိလာသလို နေ့စဉ် သောင်းချီတိုးနေဆဲပါ။ စက်တင်ဘာလ ၁၅ရက်နေ့ တနေ့တည်းကူးစက်သူက ၁၅,၀၀၀ ဝန်းကျင်ရှိပြီး အခုချိန်ထိ သေဆုံးသူစုစုပေါင်းက ၁၄,၇၀၀ ကျော် ထိရှိလာပါတယ်။ ဒီထဲမှာ မြန်မာရွှေပြောင်းအလုပ်သမားတွေလည်း သောင်းချီကူးစက်မူတွေ ဖြစ်ခဲ့ပါတယ်။
-----------------------------