သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအပါအဝင္ ငါးဖမ္းအလုပ္သမား အစုလိုက္အျပံဳလိုက္ ကိုဗစ္ ကူးစက္ခံရမႈ ထိုင္းအတည္ျပဳ


ျမန္မာငါးဖမ္းလုပ္သားမ်ား
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

ထိုင္းနိုင္ငံ ေတာင္ပိုင္း ဆုန္ခလာျပည္နယ္အတြင္း ျမန္မာေတြအပါအဝင္ ငါးဖမ္းစက္ေလွလုပ္သား ၁၀၀ ေက်ာ္ ကုိဗစ္ေရာဂါ ကူးစက္ေနၾကပါတယ္။ အလားတူ ဖူးခက္မွာလည္း ေလွလုပ္သား ၁၀၀ ေက်ာ္ ကုိဗစ္ကူးစက္ေနတဲ့အတြက္ ပင္လယ္ျပင္ထဲ စက္ေလွထြက္ခြင့္ေတြကို ပိတ္ထားပါတယ္။ ထိုင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက ဆက္ေျပာျပေပးမွာပါ။

ထိုင္းႏိုင္ငံ ေတာင္ပုိင္းဆံုခလာျပည္နယ္ထဲမွာ ပင္လယ္ျပင္ထဲငါးဖမ္းတဲ့ စက္ေလွလုပ္သားတဦး ဖ်ားနာတာကစလို႔၊ ကိုဗစ္စစ္ေဆးရာမွာ ေလွလုပ္သား ရာဂဏန္းေလာက္ ကိုဗစ္ေရာဂါပိုး ကူးစက္ေနတယ္လို႔ ျပည္နယ္က်န္းမာေရးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဆံုခလာျပည္နယ္ထဲက စက္ေလွလုပ္ငန္းေတြမွာ ျမန္မာေ႐ႊ႔ေျပာင္းလုပ္သားအမ်ားအျပား အလုပ္လုပ္ေနၾကတာပါ။

အခုလည္း ျမန္မာ ကေမၻာဒီးယား လာအို စတဲ့ေရႊေျပာင္းအလုပ္သမားေတြ ကိုဗစ္ေရာဂါ ကူးစက္ေနၾကၿပီး အမ်ားဆံုးက ျမန္မာလုပ္သားေတြျဖစ္ႀကပါတယ္။ အလားတူ ဖူးခက္မွာလည္း စက္ေလွလုပ္သား ၁၀၀ ေက်ာ္ ကိုဗစ္ျဖစ္ေနၾကပါတယ္။

ဆုံခလာျပည္နယ္နဲ႕ ဖူးခက္ပင္လယ္ျပင္က ေလွလုပ္သားရာနဲ႔ခ်ီမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္ေနတဲ့အတြက္ စက္ေလွထြက္ခြင့္ေတြကို ယာယီပိတ္ထားေႀကာင္းေရြေျပာင္းအလုပ္သမားအခြင့္ေရးကြန္ယက္ရဲ ့ဥကၠဌ ဦးေအာင္ေက်ာ္က အခုလိုေျပာပါတယ္။

" ေလွလုပ္သားတဦးက အႀကီးအက်ယ္ မက်န္းမမာျဖစ္ရာကေန က်န္းမာေရးအရ စစ္ေဆးတဲ့အခါမွာ အေျဖထြက္သြားတယ္။ တျခားေလွလုပ္သားေတြကုိလည္းထပ္မံစစ္ေဆးရာကေန ကူးစက္ေနတဲအတြက္ ဒီေန့အထိ ေလွေတြကိုကမ္းမွာကပ္ထားျပီးမွ ပင္လယ္ျပင္မွာေလွထြက္ခြင့္ေတြကို က်န္းမာေရး၀န္ႀကီးဌာနက ယာယီပိတ္ထားတယ္။ က်ေနာ္ရတဲ့အခ်က္အလက္အရ လူ ၃၀ျဖစ္ေနတယ္။ ကမ္းေပၚက ပုဇြန္ဒုိင္ေတြ ငါးဒုိင္နဲ့ဆက္စပ္ေနလို့ စစ္ေဆးလိုက္ေတာ့ ဒီထက္မကတိုးလာတယ္လုိ့က်ေနာ္သိရပါတယ္။ ဖူးခက္မွာေတာ့ေလွ လုပ္သား ၁၀၇ ဦးေလာက ္ ေပါ့စတစ္ျဖစ္သြားတယ္"

ပင္လယ္ျပင္မွာ ကူးစက္မူျဖစ္တာဟာ စိုးရိမ္စရာအေျခအေနရွိတယ္လို့ ဦးေအာင္ေက်ာ္က

" ေလွလုပ္သားေတြျဖစ္ေတာ့အေတာ္စိုရိမ္ရတယ္ေလွေပၚမွာက အတူတူေနရတယ္ ပင္လယ္ျပင္မွာက တေယာက္ကုိကူးစက္တာနဲ့တေလွလံုးျဖစ္ႏိုင္တဲ့အေနအထားမ်ိဳးရွိတာေပါ့"

ဖူးခက္ပင္လယ္ျပင္မွာလည္း ျပည္နယ္က်န္းမာေရးအဖြဲ ့ေတြက ေလွလုပ္သား ၃၆၇ ဦး ကို ကုိဗစ္စစ္ေဆးစစ္ေဆးခဲ့ရာမွာ ၁၀၇ ဦးက ကိုဗစ္ေရာဂါ ပိုးေတြခ့ဲလို ့ ကမ္းေျခက ပင္လယ္စာ ျဖန္႔ခ်ီေနတဲ့ ဂိုေဒါင္ေတြက အလုုပ္သမားေတြကိုပါ ဆက္လက္ေဆးစစ္ေနပါတယ္။

ထုိင္းႏိုင္ငံမွာ တႏို္င္ငံလံုး ကိုဗစ္အတည္ျပဳလူနာ တသန္းေျခာက္ေသာင္းေက်ာ္ ရွိၿပီး ၾသဂုတ္လ ၂၃ ရက္ေန႔ တေန့တည္း ကူးစက္သူ ၁ ေသာင္း ရ ေထာင္ေက်ာ္ရွိပါတယ္။

ဒီထဲမွာ ေနရာစံုက ေ႐ႊ႕ေျပာင္းအလုပ္သမားေတြလည္းပါဝင္ပါတယ္။ အခုဆိုရင္ ထို္င္းတနို္င္ငံလံုးမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆံုးသူစုစုေပါင္း ၉ ေထာင့္ ၅ ရာေက်ာ္႐ွိေနၿပီလို႔ ထုိင္းအစုိးရက တရား၀င္သတင္းထုတ္ျပန္ထားပါတယ္ ။

.........................................................

{{Unicode}}

ထိုင်းနိုင်ငံ တောင်ပိုင်း ဆုန်ခလာပြည်နယ်အတွင်း မြန်မာတွေအပါအဝင် ငါးဖမ်းစက်လှေလုပ်သား ၁၀၀ ကျော် ကိုဗစ်ရောဂါ ကူးစက်နေကြပါတယ်။ အလားတူ ဖူးခက်မှာလည်း လှေလုပ်သား ၁၀၀ ကျော် ကိုဗစ်ကူးစက်နေတဲ့အတွက် ပင်လယ်ပြင်ထဲ စက်လှေထွက်ခွင့်တွေကို ပိတ်ထားပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက ဆက်ပြောပြပေးမှာပါ။

ထိုင်းနိုင်ငံ တောင်ပိုင်းဆုံခလာပြည်နယ်ထဲမှာ ပင်လယ်ပြင်ထဲငါးဖမ်းတဲ့ စက်လှေလုပ်သားတဦး ဖျားနာတာကစလို့၊ ကိုဗစ်စစ်ဆေးရာမှာ လှေလုပ်သား ရာဂဏန်းလောက် ကိုဗစ်ရောဂါပိုး ကူးစက်နေတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆုံခလာပြည်နယ်ထဲက စက်လှေလုပ်ငန်းတွေမှာ မြန်မာရွှေ့ပြောင်းလုပ်သားအများအပြား အလုပ်လုပ်နေကြတာပါ။

အခုလည်း မြန်မာ ကမ္ဘောဒီးယား လာအို စတဲ့ရွှေပြောင်းအလုပ်သမားတွေ ကိုဗစ်ရောဂါ ကူးစက်နေကြပြီး အများဆုံးက မြန်မာလုပ်သားတွေဖြစ်ကြပါတယ်။ အလားတူ ဖူးခက်မှာလည်း စက်လှေလုပ်သား ၁၀၀ ကျော် ကိုဗစ်ဖြစ်နေကြပါတယ်။

ဆုံခလာပြည်နယ်နဲ့ ဖူးခက်ပင်လယ်ပြင်က လှေလုပ်သားရာနဲ့ချီမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်နေတဲ့အတွက် စက်လှေထွက်ခွင့်တွေကို ယာယီပိတ်ထားကြောင်းရွေပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ဥက္ကဌ ဦးအောင်ကျော်က အခုလိုပြောပါတယ်။

" လှေလုပ်သားတဦးက အကြီးအကျယ် မကျန်းမမာဖြစ်ရာကနေ ကျန်းမာရေးအရ စစ်ဆေးတဲ့အခါမှာ အဖြေထွက်သွားတယ်။ တခြားလှေလုပ်သားတွေကိုလည်းထပ်မံစစ်ဆေးရာကနေ ကူးစက်နေတဲအတွက် ဒီနေ့အထိ လှေတွေကိုကမ်းမှာကပ်ထားပြီးမှ ပင်လယ်ပြင်မှာလှေထွက်ခွင့်တွေကို ကျန်းမာရေးဝန်ကြီးဌာနက ယာယီပိတ်ထားတယ်။ ကျနော်ရတဲ့အချက်အလက်အရ လူ ၃၀ဖြစ်နေတယ်။ ကမ်းပေါ်က ပုဇွန်ဒိုင်တွေ ငါးဒိုင်နဲ့ဆက်စပ်နေလို့ စစ်ဆေးလိုက်တော့ ဒီထက်မကတိုးလာတယ်လို့ကျနော်သိရပါတယ်။ ဖူးခက်မှာတော့လှေ လုပ်သား ၁၀၇ ဦးလောက ် ပေါ့စတစ်ဖြစ်သွားတယ်"
ပင်လယ်ပြင်မှာ ကူးစက်မူဖြစ်တာဟာ စိုးရိမ်စရာအခြေအနေရှိတယ်လို့ ဦးအောင်ကျော်က

" လှေလုပ်သားတွေဖြစ်တော့အတော်စိုရိမ်ရတယ်လှေပေါ်မှာက အတူတူနေရတယ် ပင်လယ်ပြင်မှာက တယောက်ကိုကူးစက်တာနဲ့တလှေလုံးဖြစ်နိုင်တဲ့အနေအထားမျိုးရှိတာပေါ့"

ဖူးခက်ပင်လယ်ပြင်မှာလည်း ပြည်နယ်ကျန်းမာရေးအဖွဲ့တွေက လှေလုပ်သား ၃၆၇ ဦး ကို ကိုဗစ်စစ်ဆေးစစ်ဆေးခဲ့ရာမှာ ၁၀၇ ဦးက ကိုဗစ်ရောဂါ ပိုးတွေခဲ့လို့ ကမ်းခြေက ပင်လယ်စာ ဖြန့်ချီနေတဲ့ ဂိုဒေါင်တွေက အလုပ်သမားတွေကိုပါ ဆက်လက်ဆေးစစ်နေပါတယ်။

ထိုင်းနိုင်ငံမှာ တနိုင်ငံလုံး ကိုဗစ်အတည်ပြုလူနာ တသန်းခြောက်သောင်းကျော် ရှိပြီး သြဂုတ်လ ၂၃ ရက်နေ့ တနေ့တည်း ကူးစက်သူ ၁ သောင်း ရ ထောင်ကျော်ရှိပါတယ်။

ဒီထဲမှာ နေရာစုံက ရွှေ့ပြောင်းအလုပ်သမားတွေလည်းပါဝင်ပါတယ်။ အခုဆိုရင် ထိုင်းတနိုင်ငံလုံးမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၉ ထောင့် ၅ ရာကျော်ရှိနေပြီလို့ ထိုင်းအစိုးရက တရားဝင်သတင်းထုတ်ပြန်ထားပါတယ် ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG