သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားမွာ ကိုဗစ္ကာကြယ္ေဆးထိုးၿပီးသူမ်ားထဲ ေသဆုံးမႈ အေၾကာင္းရင္းတိတိက်က်မသိရ


Photo- ျမန္မာလူမူကူညီေရးအသင္း (မေလးရွား)

(Zawgyi/Unicode)

မေလးရွားႏိုင္ငံမွာ ကိုဗစ္ကာကြယ္ေဆး ပထမတလုံး ထိုးၿပီးတဲ့ ႏိုင္ငံျခားသား ေ႐ႊ႕ေျပာင္းအလုပ္သမားေတြထဲမွာ ေသဆုံးသြားသူေတြရွိေနၿပီး အဲဒီထဲမွာ ျမန္မာႏိုင္ငံသားေတြလည္း ပါပါတယ္။ ေသဆုံးရတဲ့ အေၾကာင္းရင္းအတိအက်ကို မသိရဘဲ ေသဆုံးသူေတြထဲမွာ က်န္းမာေရးအခံရွိသူ၊ ကိုဗစ္ေရာဂါခံစားရၿပီး သိပ္မၾကာခင္မွာ ကာကြယ္ေဆးသြားထိုးသူ စသည္အားျဖင့္ပါတယ္လို႔ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြကို အကူအညီေပးေနသူတဦးက ဗြီအိုေအကိုေျပာပါတယ္။ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကိုဗစ္ကူးစက္မူေတြျမင့္တက္တဲ့မေလးရွားႏိုင္ငံေတာ့ ႏိုင္ငံျခားသားေ႐ႊေျပာင္းအလုပ္သမားေတြနဲ႔ပတ္သက္ၿပီး CONVENTION CENTRE ေတြကိုေနရာအႏွံ ့ဒီလဆန္းကစၿပီး ကာကြယ္ေဆးကိုထိုးနွံေပးေနပါတယ္။
ပထမကာကြယ္ေဆးထိုးနံွ မႈအၿပီးမွလူ႔တခ်ိဳ႕ဟာအေၾကာင္းရင္းမသိပဲ လူ ၃၀ ထက္မနည္း ေသဆုံးသူေတြ ရွိလာေၾကာင္း မေလးရွားမွာ အလုပ္သမားေတြကို အကူညီေပးေနတဲ့ ဦးသီဟေမာင္ေမာင္ကေျပာပါတယ္။

"ပထမ ေဆးထိုးၾကည့္တဲ့အခ်ိန္မွာ ဆီးခ်ိဳသမားေတြဆုံးတာေတြ ေတြရတယ္။ တခ်ိဳ႕ က က်န္းမာေရးအခံရွိလို႔ဆုံးပါးတာေတြ႕ရတယ္။ အရက္ေသာက္ၿပီးဆုံးတာလည္းေတြ႕ေနရေတာ့ ဒီရက္ထဲမွာအေယာက္ ၃၀ ေလာက္ေတာင္ျဖစ္ေနတယ္။ ကိုဗစ္ျဖစ္ၿပီး ေနာက္ထပ္ သြားစစ္လိုက္ေတာ့ Negative ျဖစ္ၿပီးၿပီဆိုၿပီး ထိုးလို႔ရၿပီဆိုၿပီး သြားထိုးလိုက္တာလည္းရွိတယ္။ သူတို႔က ေတာ့ေမးခြန္းေတြေမးပါတယ္ ။ဘာသာစကားနားမလည္လို႔ အားနည္းတာလည္းပါမယ ္။ေမးခြန္းေတြက ကိုဗစ္ျဖစ္ဘူးလား ဘယ္ေနရာကိုသြားဘူးလဲ အဲဒါေတြေမးတယ္ က်ေနာ္တို႔ သိရသေလာက္က ကိုဗစ္ျဖစ္ၿပီး ရက္ ၃၀ ေလာက္ၾကာမွ ထိုးခြင့္ရွိတယ္လို႔သိရတယ္။တခ်ိဳ႕ကေတာ့ ကိုဗစ္ျဖစ္ၿပီး Negative ျဖစ္ၿပီဆိုၿပီး သြားထိုးလိုက္တာပဲ ျမန္မာအမ်ားစုပါတယ ္သုံးေလးဆယ္ဝန္းက်င္ေလာက္ေသၾကတာ က်ေနာ္တို႔ကေတာ့ ခန႔္မွန္းေခ် ၃၀ ေလာက္လို႔ သတ္မွတ္ထားတာေပါ့။"

ကိုဗစ္ကာကြယ္ေဆးထိုးေပးေနရာမွာဒီလဆန္းကစၿပီး ၂၂ ရက္ေန႔ေနာက္ဆုံးထားၿပီ းCONVENTION CENTER ေတြမွ ာကာကြယ္ေဆးထိုးနံွဖို႔ အေၾကာင္းၾကားထားတယ္လိုဦးသီဟေမာင္ေမာင္ကေျပာပါတယ္
"သြားထိုးလို႔ရေနတယ္ေပါ့ ရက္ခ်ိန္းမရတဲ့သူေတြ အဲဒါက ၂၂ ရက္ေန႔ထိ ဖြင့္ေပးထားတယ္။ ၂၂ ရက္ေန႔ေက်ာ္ရင္ေတာ့ ထပ္ဖြင့္ဖို႔က ေဆးမထိုးရ ေသးတဲ့သူေတြအပၚမူတည္ၿပီး ထပ္ဖြင့္ေပးမလား သြားထိုးႏိုင္တယ္ဆိုၿပီး တရားဝင္ ထုတ္ေၾကျငာခ်က္ေတာ့ထုတ္တယ္ၿပီးခဲ့တဲ့ ၉ ရက္ေန႔ကေန ၂၂ ရက္ေန႔ထိေတာ့ တရားဝင္လာထိုးဖို႔ ေျပာထားတယ္။"

ၿမိဳ့ေတာ္ကြာလာလမ္ပူနဲ႔ အနီးတဝိုက္မွာ CONVENTION CENTER ႀကီ း၃ ခုဖြင့္ထားသလို Kajang ဘက္မွာတခု Shah Alam၊ Sepang စတဲ့ေနရာ ၉ ခုမွာ လူအေျမာက္အမ်ား ကာကြယ္ေဆးအခမဲ့ထိုးႏိုင္ဖို႔ CONVENTION CENTER ေတြဖြင့္လွစ္ထားပါတယ္။ ျမန္မာေတြလည္းအေတာ္မ်ားမ်ားကာကြယ္ေဆးကိုသြားထိုးေနၾကတာပါ။

မေလးရွားႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ ၁,၄၆၆,၀၀၀ ေက်ာ္ရွိၿပီး ၾသဂုတ္လ ၁၈ ရက္ေန႔ တေန႔တည္းကူးစက္သူက၂၂၀၀၀ ေက်ာ္ရွိၿပီးေသဆုံးသူ ကလည္း ၂၀၀ေက်ာ္ရွိေနပါတယ ္စုစုေပါင္းေသဆုံးသူက ၁၃၃၀၀ေက်ာ္ထိျမင့္တက္လာေနေၾကာင္း မေလးရွားက်န္းမာေရးဝန္ႀကီးဌာနက တရားဝင္သတင္းထုတ္ျပန္ထားပါတယ္။

.................................................................................................

တိုက္႐ိုက္ လင့္ခ္


မလေးရှားမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများထဲ သေဆုံးမှု အကြောင်းရင်းတိတိကျကျမသိရ

(Unicode)

မလေးရှားနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ပထမတလုံး ထိုးပြီးတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ သေဆုံးသွားသူတွေရှိနေပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းအတိအကျကို မသိရဘဲ သေဆုံးသူတွေထဲမှာ ကျန်းမာရေးအခံရှိသူ၊ ကိုဗစ်ရောဂါခံစားရပြီး သိပ်မကြာခင်မှာ ကာကွယ်ဆေးသွားထိုးသူ စသည်အားဖြင့်ပါတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အကူအညီပေးနေသူတဦးက ဗွီအိုအေကိုပြောပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ကူးစက်မူတွေမြင့်တက်တဲ့မလေးရှားနိုင်ငံတော့ နိုင်ငံခြားသားရွှေပြောင်းအလုပ်သမားတွေနဲ့ပတ်သက်ပြီး CONVENTION CENTRE တွေကိုနေရာအနှံ့ဒီလဆန်းကစပြီး ကာကွယ်ဆေးကိုထိုးနှံပေးနေပါတယ်။
ပထမကာကွယ်ဆေးထိုးနံှ မှုအပြီးမှလူ့တချို့ဟာအကြောင်းရင်းမသိပဲ လူ ၃၀ ထက်မနည်း သေဆုံးသူတွေ ရှိလာကြောင်း မလေးရှားမှာ အလုပ်သမားတွေကို အကူညီပေးနေတဲ့ ဦးသီဟမောင်မောင်ကပြောပါတယ်။

"ပထမ ဆေးထိုးကြည့်တဲ့အချိန်မှာ ဆီးချိုသမားတွေဆုံးတာတွေ တွေရတယ်။ တချို့ က ကျန်းမာရေးအခံရှိလို့ဆုံးပါးတာတွေ့ရတယ်။ အရက်သောက်ပြီးဆုံးတာလည်းတွေ့နေရတော့ ဒီရက်ထဲမှာအယောက် ၃၀ လောက်တောင်ဖြစ်နေတယ်။ ကိုဗစ်ဖြစ်ပြီး နောက်ထပ် သွားစစ်လိုက်တော့ Negative ဖြစ်ပြီးပြီဆိုပြီး ထိုးလို့ရပြီဆိုပြီး သွားထိုးလိုက်တာလည်းရှိတယ်။ သူတို့က တော့မေးခွန်းတွေမေးပါတယ် ။ဘာသာစကားနားမလည်လို့ အားနည်းတာလည်းပါမယ ်။မေးခွန်းတွေက ကိုဗစ်ဖြစ်ဘူးလား ဘယ်နေရာကိုသွားဘူးလဲ အဲဒါတွေမေးတယ် ကျနော်တို့ သိရသလောက်က ကိုဗစ်ဖြစ်ပြီး ရက် ၃၀ လောက်ကြာမှ ထိုးခွင့်ရှိတယ်လို့သိရတယ်။တချို့ကတော့ ကိုဗစ်ဖြစ်ပြီး Negative ဖြစ်ပြီဆိုပြီး သွားထိုးလိုက်တာပဲ မြန်မာအများစုပါတယ ်သုံးလေးဆယ်ဝန်းကျင်လောက်သေကြတာ ကျနော်တို့ကတော့ ခန့်မှန်းချေ ၃၀ လောက်လို့ သတ်မှတ်ထားတာပေါ့။"

ကိုဗစ်ကာကွယ်ဆေးထိုးပေးနေရာမှာဒီလဆန်းကစပြီး ၂၂ ရက်နေ့နောက်ဆုံးထားပြီ းCONVENTION CENTER တွေမှ ာကာကွယ်ဆေးထိုးနံှဖို့ အကြောင်းကြားထားတယ်လိုဦးသီဟမောင်မောင်ကပြောပါတယ်
"သွားထိုးလို့ရနေတယ်ပေါ့ ရက်ချိန်းမရတဲ့သူတွေ အဲဒါက ၂၂ ရက်နေ့ထိ ဖွင့်ပေးထားတယ်။ ၂၂ ရက်နေ့ကျော်ရင်တော့ ထပ်ဖွင့်ဖို့က ဆေးမထိုးရ သေးတဲ့သူတွေအပါ်မူတည်ပြီး ထပ်ဖွင့်ပေးမလား သွားထိုးနိုင်တယ်ဆိုပြီး တရားဝင် ထုတ်ကြေငြာချက်တော့ထုတ်တယ်ပြီးခဲ့တဲ့ ၉ ရက်နေ့ကနေ ၂၂ ရက်နေ့ထိတော့ တရားဝင်လာထိုးဖို့ ပြောထားတယ်။"

မြို့တော်ကွာလာလမ်ပူနဲ့ အနီးတဝိုက်မှာ CONVENTION CENTER ကြီ း၃ ခုဖွင့်ထားသလို Kajang ဘက်မှာတခု Shah Alam၊ Sepang စတဲ့နေရာ ၉ ခုမှာ လူအမြောက်အများ ကာကွယ်ဆေးအခမဲ့ထိုးနိုင်ဖို့ CONVENTION CENTER တွေဖွင့်လှစ်ထားပါတယ်။ မြန်မာတွေလည်းအတော်များများကာကွယ်ဆေးကိုသွားထိုးနေကြတာပါ။

မလေးရှားနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၁,၄၆၆,၀၀၀ ကျော်ရှိပြီး သြဂုတ်လ ၁၈ ရက်နေ့ တနေ့တည်းကူးစက်သူက၂၂၀၀၀ ကျော်ရှိပြီးသေဆုံးသူ ကလည်း ၂၀၀ကျော်ရှိနေပါတယ ်စုစုပေါင်းသေဆုံးသူက ၁၃၃၀၀ကျော်ထိမြင့်တက်လာနေကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG