{{Zawgyi/Unicode}}
ႏုိင္ငံေပါင္း ၄၆ ႏုိင္ငံက ကာကြယ္ေဆးထိုးထားၿပီးသား ကမာၻလွည့္ခရီးသည္ေတြ ထိုင္းႏုိင္ငံကိုလာတဲ့အခါ ေနာက္လကစၿပီး COVID-19 ကာကြယ္ေရး သီးျခားခြဲေနဖို႔ မလိုေတာ့ဘူးလို႔ ဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha က ၾကာသပေတးေန႔မွာ ေၾကညာပါတယ္။
အရင္က ႏုိင္ငံ ၁၀ ႏုိင္ငံက ခရီးသည္ေတြကိုပဲ ကင္းလြတ္ခြင့္ေပးထားတာကေန အခု ၃၆ ႏုိင္ငံ ထပ္တိုးလာတာပါ။
အဲဒီႏုိင္ငံေတြထဲမွာ ၿဗိတိန္၊ အေမရိကန္၊ တ႐ုတ္၊ စကၤာပူ၊ ဂ်ာမနီနဲ႔ ၾသစေၾတးလ်တို႔ပါဝင္ပါတယ္။ ဧည့္သည္ေတြအေနနဲ႔ ေလေၾကာင္းကတဆင့္ ေရာက္လာမယ္၊ ကာကြယ္ေဆး အျပည့္ထိုးထားၿပီးသားျဖစ္မယ္၊ ဗိုင္းရပ္စ္မရွိဘူးဆိုတဲ့ အေထာက္အထား ျပႏုိင္မယ္ဆုိရင္ မျဖစ္မေန သီးျခားခြဲေနရမယ့္ သတ္မွတ္ခ်က္ကို လုပ္ဖို႔မလိုဘူးလို႔ ဝန္ႀကီးခ်ဳပ္ Prayuth ကေျပာပါတယ္။
ဘန္ေကာက္ၿမိဳ႕ေတာ္နဲ႔ ဟြာဟင္းနဲ႔ ပတၱယားလို ကမာၻလွည့္ခရီးသည္ အလာမ်ားတဲ့ေနရာေတြမွာ အသြားအလာ ကန္႔သတ္ထားတာကို ဒီလကုန္ ျပန္႐ုပ္သိမ္းၿပီး လည္ပတ္သြားလာခြင့္ျပဳမယ္လုိ႔ ၾကာသပေတးေန႔ထုတ္ ထုိင္း ေတာ္ဝင္ျပန္တမ္းမွာ ေဖာ္ျပထားပါတယ္။
ထိုင္းက်န္းမာေရးဌာနရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္အရ COVID-19 ေရာဂါကူးစက္သူေပါင္း ၁.၈ သန္းေက်ာ္၊ ေသဆံုးသူ ၁၈,၀၀၀ ေက်ာ္ရွိပါတယ္။ ေအာက္တိုဘာလ ၁၄ ရက္ေန႔အထိဆိုရင္ ကာကြယ္ေဆးအလံုးေရေပါင္း ၆၃ သန္းေက်ာ္ ထိုးၿပီးၿပီလို႔လည္း ထိုင္းက်န္းမာေရးဌာန ထုတ္ျပန္ခ်က္မွာ ေတြ႔ရပါတယ္။ တြက္ခ်က္မႈအသီးသီးအရဆိုရင္ ထိုင္းလူဦးေရ သန္း ၇၀ နီးပါးမွာ ကာကြယ္ေဆးထိုးၿပီးသူ ၄၀% ေက်ာ္ပဲ ရွိပါေသးတယ္။
နယူးဇီလန္ႏုိင္ငံမွာေတာ့ ကာကြယ္ေဆးထိုးရမယ့္ လူအေရအတြက္ရဲ႕ ၉၀% ထိ ကာကြယ္ေဆး အျပည့္ထိုးၿပီးမွသာ လက္ရွိခ်မွတ္ထားတဲ့ ပိတ္ပင္ကန္႔သတ္ခ်က္ေတြကို ျပန္႐ုပ္သိမ္းၿပီး ပိုၿပီး လြတ္လြတ္လပ္လပ္ သြားလာလုပ္ကိုင္ခြင့္ျပဳမယ္လုိ႔ ဝန္ႀကီးခ်ဳပ္ Jacinda Ardern က ေျပာပါတယ္။ နယူးဇီလန္ႏုိင္ငံရဲ႕ လူဦးေရက ၅ သန္းေက်ာ္ရွိပါတယ္။
===========
{{Unicode}}
ထိုင်းနိုင်ငံလာမယ့် ၄၆ နိုင်ငံက ခရီးသွားတွေ သတ်မှတ်ချက်ပြည့်မီရင် ကွာရန်တင်းဝင်ဖို့မလိုတော့
နိုင်ငံပေါင်း ၄၆ နိုင်ငံက ကာကွယ်ဆေးထိုးထားပြီးသား ကမ္ဘာလှည့်ခရီးသည်တွေ ထိုင်းနိုင်ငံကိုလာတဲ့အခါ နောက်လကစပြီး COVID-19 ကာကွယ်ရေး သီးခြားခွဲနေဖို့ မလိုတော့ဘူးလို့ ဝန်ကြီးချုပ် Prayuth Chan-ocha က ကြာသပတေးနေ့မှာ ကြေညာပါတယ်။
အရင်က နိုင်ငံ ၁၀ နိုင်ငံက ခရီးသည်တွေကိုပဲ ကင်းလွတ်ခွင့်ပေးထားတာကနေ အခု ၃၆ နိုင်ငံ ထပ်တိုးလာတာပါ။
အဲဒီနိုင်ငံတွေထဲမှာ ဗြိတိန်၊ အမေရိကန်၊ တရုတ်၊ စင်္ကာပူ၊ ဂျာမနီနဲ့ သြစတြေးလျတို့ပါဝင်ပါတယ်။ ဧည့်သည်တွေအနေနဲ့ လေကြောင်းကတဆင့် ရောက်လာမယ်၊ ကာကွယ်ဆေး အပြည့်ထိုးထားပြီးသားဖြစ်မယ်၊ ဗိုင်းရပ်စ်မရှိဘူးဆိုတဲ့ အထောက်အထား ပြနိုင်မယ်ဆိုရင် မဖြစ်မနေ သီးခြားခွဲနေရမယ့် သတ်မှတ်ချက်ကို လုပ်ဖို့မလိုဘူးလို့ ဝန်ကြီးချုပ် Prayuth ကပြောပါတယ်။
ဘန်ကောက်မြို့တော်နဲ့ ဟွာဟင်းနဲ့ ပတ္တယားလို ကမ္ဘာလှည့်ခရီးသည် အလာများတဲ့နေရာတွေမှာ အသွားအလာ ကန့်သတ်ထားတာကို ဒီလကုန် ပြန်ရုပ်သိမ်းပြီး လည်ပတ်သွားလာခွင့်ပြုမယ်လို့ ကြာသပတေးနေ့ထုတ် ထိုင်း တော်ဝင်ပြန်တမ်းမှာ ဖော်ပြထားပါတယ်။
ထိုင်းကျန်းမာရေးဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါကူးစက်သူပေါင်း ၁.၈ သန်းကျော်၊ သေဆုံးသူ ၁၈,၀၀၀ ကျော်ရှိပါတယ်။ အောက်တိုဘာလ ၁၄ ရက်နေ့အထိဆိုရင် ကာကွယ်ဆေးအလုံးရေပေါင်း ၆၃ သန်းကျော် ထိုးပြီးပြီလို့လည်း ထိုင်းကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ တွက်ချက်မှုအသီးသီးအရဆိုရင် ထိုင်းလူဦးရေ သန်း ၇၀ နီးပါးမှာ ကာကွယ်ဆေးထိုးပြီးသူ ၄၀% ကျော်ပဲ ရှိပါသေးတယ်။
နယူးဇီလန်နိုင်ငံမှာတော့ ကာကွယ်ဆေးထိုးရမယ့် လူအရေအတွက်ရဲ့ ၉၀% ထိ ကာကွယ်ဆေး အပြည့်ထိုးပြီးမှသာ လက်ရှိချမှတ်ထားတဲ့ ပိတ်ပင်ကန့်သတ်ချက်တွေကို ပြန်ရုပ်သိမ်းပြီး ပိုပြီး လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင်ခွင့်ပြုမယ်လို့ ဝန်ကြီးချုပ် Jacinda Ardern က ပြောပါတယ်။ နယူးဇီလန်နိုင်ငံရဲ့ လူဦးရေက ၅ သန်းကျော်ရှိပါတယ်။
#COVID #ThailandTourism #voaburmese #ကိုဗစ် #ထိုင်းခရီးသွားလုပ်ငန်း #ဗွီအိုအေမြန်မာပိုင်း
===========