သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲေဆာက္မွာ အေထာက္အထားရွိသူတိုင္းကို ကိုဗစ္ကာကြယ္ေဆး အခမဲ့ထိုးေပး


20-10-21 ရက်နေ့ကမဲဆောက်မြိ့ပိုင်ရုံးအတွင်းမှာကာကွယ်ဆေးထိုးနှံနေတဲမြန်မာနိုင်ငံသားများ (VOA)

{Zawgyi/Unicode}}

ထိုင္းျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ မဲေဆာက္ကၿမိဳ႕ပုိင္မွာ႐ံုးမွာ ေအာက္တုိဘာလ ၂၀ ရက္ေန့က အေထာက္အထားရွိတဲ့ မည္သူမဆုိ ကုိဗစ္ကာကြယ္ေဆး အခမဲ့ ထုိးႏွံေပးတဲ့အတြက္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ေထာင္ဂဏန္းေလာက္ ကာကြယ္ေဆးထိုးခြင့္ရခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ မေအးေအးမာက စံုစမ္းတင္ျပထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ မဲေဆာက္ျမိဳ႕ကျမိဳ ့ပုိင္ရံုးထဲမွာ ကိုဗစ္ကာကြယ္ေဆး ထိုးႏွံေပးမႈကို မနက္ပို္င္းကတည္းကစတင္ခဲ့ျပီး မည္သူမဆုိ အသက္အရြယ္မေရြး ကိုဗစ္ကာကြယ္ေဆး မထိုးရေသးသူမွန္သမ်ွကို ထိုးႏွံေပးခ့ဲေၾကာင္း၊ သက္ႀကီးရြယ္အို ေတြ၊ နာတာရွည္သမားေတြကို ေဆးထိုးႏွံႏုိင္ဖို့ ကုိယ္တိုင္သြားေရာက္ပုိ့ေဆာင္ေပးတဲ့ ပရဟိတလုပ္ေဆာင္ေနသူ ကုိမန္းမ်ိဳးျမင့္ကေျပာျပပါတယ္။

“အရင္ကဆိုရင္ေတာ့ ရပ္ကြက္ထဲမွာ လိုက္ထုိးေပးတာက အသက္ ၅၀ ေက်ာ္၊ ၆၀ ေက်ာ္ေတြနဲ့ နာတာရွည္ေရာဂါရွိတဲ့သူေတြကို ဦးစားေပးတာ။ ဒီကေန့ ၿမိဳ႕ပုိင္ရံုးမွာထုိးေပးတာက အေတာ္ထူးျခားတယ္။ ေဝေနယ်ပဲ။ လာသမ်ွ အသက္အရြယ္မေရြးအကုန္ထုိးရတယ္။ လာသမ်ွအကုန္ထုိးရတယ္။ ေနာက္ဆို အကုန္ထိုးရမယ္။ အေထာက္အထား တစံုတရာရွိတဲ့သူေတြေပါ့။ က်ေနာ္ကေတာ့ အသိမိတ္ေဆြေတြ၊ ဒုကၡိတေတြ၊ ေဆးမထုိးရေသးတဲ့သူေတြကို အကုန္ႏွိုးေဆာ္ၿပီး ေခၚသြားတာ။ က်ေနာ္ေခၚေပးသြားတဲ့သူ နံပါတ္က ၉၉၉ ေနာ္။ ေန႔လည္တနာရီ သူထုိးျပီးတဲ့အထိေနာ္ ဒီေန့လူက ၁,၅၀၀ နဲ့ ၂,၀၀၀ ၾကားေလာက္ထုိးရတယ္။”

ကာကြယ္ေဆးကိုေတာ့ ပထမတႀကိမ္မွာ တရုတ္ႏိုင္ငံထုတ္ Sinovac အမ်ိဳးအစားကို ထိုးေပးတာျဖစ္ျပီး ေနာက္တႀကိမ္ထပ္တိုးဖို့ကိုေတာ့ Astra Zenecaအမ်ဳိးအစားကိုိုထုိးေပးဖို့ ရက္ခ်ိန္းေပးခဲ့တယ္လို့လည္း သူကေျပာျပပါတယ္။

“ဒီေန့ထိုးေပးတာက Sinovac ေ နာက္ ၃ ပတ္ျပည့္လို ့သံုးပတ္ျပည့္ရင္ Astra Zenecaအမ်ိဳးအစား ထုိးရမယ္။ သူတို့ကထုိးေပးတာ မၾကာမၾကာထုိးေပးတယ္။ ရက္အတိအက်ေတာ့မသိရဘူး။ ျမန္မာျပည္သားေတြက ထုိးခ်င္ရင္ေတာ့ နားစြင့္ထားသင့္တယ္။ ဥပမာ ဒီေန့လိုမ်ိဳးဆုိ ေဆးထိုးေပးမွန္းမသိဘူး။ တဆင့္စကား တဆင့္နားနဲ့ ေျပာလိုက္ၾကေတာ့မွ ေထာင္နဲ့ခ်ီျပီးလာထုိးၾကတာ ျဖစ္လာတယ္။ ျမန္မာျပည္ သားေတြအေနနဲ့ ေဆးထုိးခ်င္တယ္ဆုိရင္ေတာ့ နားစြင့္ထားႀကဖို့ေတာ့လိုမယ္။”

ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ျမိဳ႕နယ္ အပါအဝင္ ျမိဳ႕နယ္အသီးသီးက ရပ္ကြက္ တခုျပီးတခုမွာ ကာကြယ္ေဆးထိုးေပးေနတာေတြကို ခပ္စိတ္စိတ္လုပ္လာပါတယ္။ မည္သူမဆုိ ကာကြယ္ေဆးထိုးခ်င္တယ္ဆုိရင္ စာရင္းေပးသြင္းျပီး ထုိးႏွံႏိုင္တာ ျဖစ္ပါတယ္။

အခု မဲေဆာက္ျမိဳ႕ပုိင္ရံုးမွာ ကာကြယ္ေဆးထုိးေပးတာကေတာ့ ႀကိဳတင္ စာရင္းေပးသြင္းထားစရာမလိုဘဲ အေထာက္အထား လက္မွတ္ တစံုတရာျပႏုိင္ရင္၊ ကာကြယ္ေဆးမထုိးရေသးဘူးဆိုရင္ ထုိင္းက်န္းမာေရးဝန္ႀကီးဌာနရဲ ့အစီစဥ္နဲ့ ကိုဗစ္ကာကြယ္ေဆး ထိုးႏွံေပးခဲ့တာျဖစ္ပါတယ္။

အခုအခါမွေတာ့ အေထာက္အထားေတြရွိတဲ့သူေတြကို ထိုးေပးခဲ့ျပီး တခ်ိဳ့ အေထာက္ အထားမဲ့ေတြအတြက္ ကာကြယ္ေဆးေတြကိုေတာ့ ကမၻာ့ၾကက္ေျခနီအဖဲြ႔က အကူညီရတဲ့အခါမွာ ထုိးႏွံေပးမွာျဖစ္တယ္လို့လည္း မယ္ေတာ္ေဆးခန္းနဲ့ လူထုအေျချပဳအဖြဲ႔အစည္းေတြက ေျပာျပၾကပါတယ္။ ကုိဗစ္တတိယလိွဳင္းမွာ တာ့ခရိုင္မဲေဆာက္ျမိဳ႕က ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြ အစုလိုက္အျပံဳလိုက္ ကူးစက္ခံခဲ့ရပါတယ္။

ထိုင္းႏို္င္ငံမွာေတာ့ ကုိဗစ္အတည္ျပဳလူနာ တသန္း ရွစ္သိန္းေက်ာ္ရွိျပီး ေအာက္တိုဘာလ ၂၀ ရက္ေန့ ကူးစက္သူက ၈ ေထာင္ေက်ာ္ရွိေနပါတယ္။ ကူးစက္သူတခ်ဳိ႕ ေလ်ာ့က်လာတာေၾကာင့္ ထုိင္းအစုိးရက ကန့္သတ္ခ်က္တခ်ဳိ႕ ေျဖေလ်ာ့ေပးေနျပီး ကာကြယ္ေဆးေတြကိုလည္း စက္တင္ဘာလကစျပီး ၄ လအတြင္းတႏိုင္ငံလံုးအႏွံ့ ထိုးႏွံႏုိင္ဖုိ့ စီစဥ္ထားပါတယ္။ ဒီအတြက္လာမယ့္ႏွစ္၂၀၂၂ ခုႏွစ္ကစျပီးျမန္မာအပါအဝင္ နယ္စပ္ေတြကိုျပန္ဖြင့္ဖို့အတြက္ ထိုင္းအစိုးရက ေမ်ွာ္မွန္းထားပါတယ္ရွင္။

================

{Unicode}}

မဲဆောက်မှာ အထောက်အထားရှိသူတိုင်းကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးပေး

ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်ကမြို့ပိုင်ရုံးမှာ အောက်တိုဘာလ ၂၀ ရက်နေ့က အထောက်အထားရှိတဲ့ မည်သူမဆို ကိုဗစ်ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးတဲ့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမား ထောင်ဂဏန်းလောက် ကာကွယ်ဆေးထိုးခွင့်ရခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက စုံစမ်းတင်ပြထားပါတယ်။

ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်မြို့ကမြို့ပိုင်ရုံးထဲမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမှုကို မနက်ပိုင်းကတည်းကစတင်ခဲ့ပြီး မည်သူမဆို အသက်အရွယ်မရွေး ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသူမှန်သမျှကို ထိုးနှံပေးခဲ့ကြောင်း၊ သက်ကြီးရွယ်အို တွေ၊ နာတာရှည်သမားတွေကို ဆေးထိုးနှံနိုင်ဖို့ ကိုယ်တိုင်သွားရောက်ပို့ဆောင်ပေးတဲ့ ပရဟိတလုပ်ဆောင်နေသူ ကိုမန်းမျိုးမြင့်ကပြောပြပါတယ်။

“အရင်ကဆိုရင်တော့ ရပ်ကွက်ထဲမှာ လိုက်ထိုးပေးတာက အသက် ၅၀ ကျော်၊ ၆၀ ကျော်တွေနဲ့ နာတာရှည်ရောဂါရှိတဲ့သူတွေကို ဦးစားပေးတာ။ ဒီကနေ့ မြို့ပိုင်ရုံးမှာထိုးပေးတာက အတော်ထူးခြားတယ်။ ဝေနေယျပဲ။ လာသမျှ အသက်အရွယ်မရွေးအကုန်ထိုးရတယ်။ လာသမျှအကုန်ထိုးရတယ်။ နောက်ဆို အကုန်ထိုးရမယ်။ အထောက်အထား တစုံတရာရှိတဲ့သူတွေပေါ့။ ကျနော်ကတော့ အသိမိတ်ဆွေတွေ၊ ဒုက္ခိတတွေ၊ ဆေးမထိုးရသေးတဲ့သူတွေကို အကုန်နှိုးဆော်ပြီး ခေါ်သွားတာ။ ကျနော်ခေါ်ပေးသွားတဲ့သူ နံပါတ်က ၉၉၉ နော်။ နေ့လည်တနာရီ သူထိုးပြီးတဲ့အထိနော် ဒီနေ့လူက ၁,၅၀၀ နဲ့ ၂,၀၀၀ ကြားလောက်ထိုးရတယ်။”

ကာကွယ်ဆေးကိုတော့ ပထမတကြိမ်မှာ တရုတ်နိုင်ငံထုတ် Sinovac အမျိုးအစားကို ထိုးပေးတာဖြစ်ပြီး နောက်တကြိမ်ထပ်တိုးဖို့ကိုတော့ Astra Zenecaအမျိုးအစားကိုထိုးပေးဖို့ ရက်ချိန်းပေးခဲ့တယ်လို့လည်း သူကပြောပြပါတယ်။

“ဒီနေ့ထိုးပေးတာက Sinovac ေ နာက် ၃ ပတ်ပြည့်လို့သုံးပတ်ပြည့်ရင် Astra Zenecaအမျိုးအစား ထိုးရမယ်။ သူတို့ကထိုးပေးတာ မကြာမကြာထိုးပေးတယ်။ ရက်အတိအကျတော့မသိရဘူး။ မြန်မာပြည်သားတွေက ထိုးချင်ရင်တော့ နားစွင့်ထားသင့်တယ်။ ဥပမာ ဒီနေ့လိုမျိုးဆို ဆေးထိုးပေးမှန်းမသိဘူး။ တဆင့်စကား တဆင့်နားနဲ့ ပြောလိုက်ကြတော့မှ ထောင်နဲ့ချီပြီးလာထိုးကြတာ ဖြစ်လာတယ်။ မြန်မာပြည် သားတွေအနေနဲ့ ဆေးထိုးချင်တယ်ဆိုရင်တော့ နားစွင့်ထားကြဖို့တော့လိုမယ်။”

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နယ် အပါအဝင် မြို့နယ်အသီးသီးက ရပ်ကွက် တခုပြီးတခုမှာ ကာကွယ်ဆေးထိုးပေးနေတာတွေကို ခပ်စိတ်စိတ်လုပ်လာပါတယ်။ မည်သူမဆို ကာကွယ်ဆေးထိုးချင်တယ်ဆိုရင် စာရင်းပေးသွင်းပြီး ထိုးနှံနိုင်တာ ဖြစ်ပါတယ်။

အခု မဲဆောက်မြို့ပိုင်ရုံးမှာ ကာကွယ်ဆေးထိုးပေးတာကတော့ ကြိုတင် စာရင်းပေးသွင်းထားစရာမလိုဘဲ အထောက်အထား လက်မှတ် တစုံတရာပြနိုင်ရင်၊ ကာကွယ်ဆေးမထိုးရသေးဘူးဆိုရင် ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့အစီစဉ်နဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့တာဖြစ်ပါတယ်။

အခုအခါမှတော့ အထောက်အထားတွေရှိတဲ့သူတွေကို ထိုးပေးခဲ့ပြီး တချို့ အထောက် အထားမဲ့တွေအတွက် ကာကွယ်ဆေးတွေကိုတော့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့က အကူညီရတဲ့အခါမှာ ထိုးနှံပေးမှာဖြစ်တယ်လို့လည်း မယ်တော်ဆေးခန်းနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေက ပြောပြကြပါတယ်။ ကိုဗစ်တတိယလှိုင်းမှာ တာ့ခရိုင်မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အစုလိုက်အပြုံလိုက် ကူးစက်ခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံမှာတော့ ကိုဗစ်အတည်ပြုလူနာ တသန်း ရှစ်သိန်းကျော်ရှိပြီး အောက်တိုဘာလ ၂၀ ရက်နေ့ ကူးစက်သူက ၈ ထောင်ကျော်ရှိနေပါတယ်။ ကူးစက်သူတချို့ လျော့ကျလာတာကြောင့် ထိုင်းအစိုးရက ကန့်သတ်ချက်တချို့ ဖြေလျော့ပေးနေပြီး ကာကွယ်ဆေးတွေကိုလည်း စက်တင်ဘာလကစပြီး ၄ လအတွင်းတနိုင်ငံလုံးအနှံ့ ထိုးနှံနိုင်ဖို့ စီစဉ်ထားပါတယ်။ ဒီအတွက်လာမယ့်နှစ်၂၀၂၂ ခုနှစ်ကစပြီးမြန်မာအပါအဝင် နယ်စပ်တွေကိုပြန်ဖွင့်ဖို့အတွက် ထိုင်းအစိုးရက မျှော်မှန်းထားပါတယ်ရှင်။


#CovidVaccine #MyanmarMigrants #VOABurmese

================

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG