သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပတ်အတွင်း အထောက်အထားမဲ့ မြန်မာ တထောင်ခန့် ထိုင်းဖက်မှာ ဖမ်းမိ


ကန်ချနဘူရီပြည်နယ်ထဲမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားများ ( police )
ကန်ချနဘူရီပြည်နယ်ထဲမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားများ ( police )

ထိုင်းမြန်မာနယ်စပ်ကမ်ချနဘူရီပြည်နယ် ထဲကို အထောက်အထားမဲ့ဝင်ရောက်လာတဲ့မြန်မာတွေဟာ ၂ရက်အတွင်း ၃၀၀နီးပါးဖမ်းမိပြီးအစုလိုက်အပြုံလိုက်ဖမ်းမိနေတဲ့အတွက် တပတ်အတွင်းမှာ ထောင်ဂဏန်းလောက်ရှိလာပါပြီ ။ဒီအတွက်လူမှောင်ခိုမူတွေနဲ့ပတ်သက်တဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေကိုလည်းစုံစမ်းဖော်ထုတ်နေတယ်လို့ထိုင်းအစိုးရကပြောပါတယ် ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။


ထိုင်းမြန်မာနယ်စပ်ကန်ချနဘူရီပြည်နယ်ထဲမှာအထောက်အထားမဲ့ ဝင်ရောက်လာတဲ့မြန်မာတွေ နေစဉ်ရာနဲ့ချီရှိနေပြီး ထိုင်းတောင်ပိုင်းတခုတည်းကိုပဲ ဝင်လာကြတဲ့မြန်မာတွေကို တပတ်အတွင်းမှာဖမ်းမိတာ ထောင်ဂဏန်းလောက်ရှိနေတယ်လို့ ရွှေပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ထိုင်းတောင်ပိုင်းတာဝန်ခံတဦးဖြစ်တဲ့ဦးဘရီကအခုလိုပြောပြပါတယ်။

"ဒီနေ့ကတော့ကျနော်တို့သိသလောက်ဆိုရင် ၁၀၂ ယောက်ပေါ့နော် ကမ်ချနဘူရီခရိုင်ထဲမှာဖမ်းခံထိတယ် ပွဲစားခက တဦးကိုဘတ်၂သောင်းလောက်ပေးရတာပေါ့နော် ၁၀၂ယောက်အကုန်ဖမ်းခံထိတယ်ရှိတာက ထောင်ဂဏန်းလောက်ရှိတယ် သတင်းမှာမတင်ကြတာမသိတာပဲရှိတယ်ဒီတပတ်အတွင်းမှာကိုထောင်ဂဏန်းလာက်ရှိတယ်။"

အောက်တိုဘာလ ၃၁ရက်နေ့ကလည်းကန်ချနဘူရီပြည်နယ်က စန်ခလဘူရီနဲ့ မူဝ်မ် မြို့နယ်တွေမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၁၀ ဦးကို သုံးအုပ်စုခွဲပြီးဖမ်းမိခဲ့ပါတယ်၊ အလုပ်အကိုင်တွေရရှိဖို့ တဦးကိုပွဲစားခ ထိုင်းဘတ်ငွေ၁၅၀၀၀ခန့်ပေးပြီးမြန်မာနိုင်ငံ ပဲခူး မန္တလေး မော်လမြိုင်ကနေလာခဲ့ကြတာလို့ဆိုပါတယ် ဒီရက်ထဲမှာပဲ Prachuap Khiri Khan နယ်စပ်မှာရှိတဲ့ တောအုပ်ထဲမှာ လက်နက်တချိုပါတဲ့ မြန်မာလူမှောင်ခိုသမားတွေနဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၅ဦးဖမ်းဆီးခဲ့ပါတယ် ။ အောက်တိုဘာလ၃၁ရက်နေ့ကပဲတာ့ခ်ပြည်နယ်မယ်လမမြိုနယ်အတွင်းမှာမြန်မာနိုင်ငံသား၇၀နီးပါးကိုလည်းဖမ်းမိခဲ့ပါတယ်။ အခုလိုမျိုး မြန်မာနိုင်ငံဘက်ကအစုလိုက်အပြုံလိုက် ခိုးဝင်လာနေမူတွေကြောင့် လူမှောင်ခိုမူတွေနဲ့ပတ်သက်တဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေကိုလည်းစုံစမ်းဖော်ထုတ်နေတယ်လို့ထိုင်းအစိုးရကပြောကြောင်းထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကအလုပ်သမားရေးရာတာဝန်ခံဦးမင်းဦးကလည်းအခုလိုပြောပါတယ်။

"အခုဟာက တရားမဝင်လူမှောင်ခိုဂိုဏ်းတွေနဲ့ဆက်စပ်ပြီးလုပ်ငန်းစဉ်မှာပါဝင်နေတဲ့ထိုင်းအစိုးရ အာဏာပိုင်တွေလည်းပါတယ်ဆိုတာသူတို့သိတယ်ပေါ့နော်အဲဒီ တော့အာဏာပိုင်တွေကိုလည်းအရေးယူဖို့အတွက်စုံစမ်းဖော်ထုတ်နေတယ်ပေါ့နော် အများစုက မိရင်မေးလိုက်ရင်သိနေပြီ စောင့်ဖမ်းရုံပဲ မေးလိုက်ရင် နယ်စပ်မှာ နောက်ထပ်ဝင်လာမယ့်သူတွေက ရာနဲ့ထောင်နဲ့ချီရှိနေတယ်ဆိုတာကို ဖမ်းမိတဲ့သူတွေက ပြောတာကိုး။"

မြန်မာနိုင်ငံသားတွေအနေနဲ့ တရားမဝင်လမ်းတွေကနေမလာကြဖို့ ထိုင်းစစ်တပ်ကနယ်စပ်မှာလုံခြုံရေးချပြီးနေစဉ်ဖမ်းဆီးနေတဲ့အကြောင်းကိုလည်း ရွှေပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်က ဦးဘရီကပြောပြပါတယ်။

"အခု နေ့စဉ်နဲ့ရက်ဆက်ကြား အမြဲတမ်းကျနော်တို့ တွေရတဲ့အခါစိတ်မကောင်းဖြစ်ရတယ်မြန်မာနိုင်ငံကအခြေခံအလုပ်သမားတွေကိုလည်းအောက်လမ်းကနေမလာဖို့တိုက်တွန်းချင်တယ် အခု ကန်ချနဘူရီခရိုင်တို့မဲဆောက်တို့ မြဝတီနယ်စပ်တွေမှာအတာ်ကိုနေစဉ်နဲ့အမျှဖမ်းနေတာတွေ့ရတယ်။ထိုင်းစစ်တပ်ကလည်းအကုန်လုံးကိုထိမ်းချုပ်ထားတာတွေ့ရတယ် လာသမျှကလည်းအစုလိုက်အပြုံလိုက်လာကြတယ်။ အလာများတဲ့လမ်းကိုထိုင်းနယ်ခြားစောင့်တဲ့စစ်တပ်ကသူတို့ကသိသွားပြီ ဘယ်လမ်းကပဲလာလာအဆင်မပြေဘူး။ ရနောင်းဘက်ကလာလည်း ဖမ်းတာပဲ ။နေတိုင်းဖမ်းနေတာကို ကျနော်တို့ကတွေ့ရတယ်။"

အခုရက်ပိုင်းအတွင်း ထောင်နဲ့ ချီရှိတဲ့ မြန်မာ နိုင်ငံသားတွေ ထိုင်းနယ်စပ်တွေထဲဝင်ရောက်လာမှုနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီး ချုပ်Mr. Prayut Chan-o-cha ကနှစ်နိုင်ငံကြားက နယ်စပ်လမ်းတွေကို လုံခြုံရေးပိုမိုတင်းကြပ်ဖို့ ထိုင်းလုံခြုံရေးကောင်စီကို ညွှန်ကြားခဲ့ပါတယ်။ အိမ်နီးချင်းနယ်စပ်တွေကနေ အထောက်အထားမဲ့ရွှေပြောင်းအလုပ်သမားတွေ မဝင်ရောက်နိုင်ဖို့ ထိုင်းအစိုးရက ၁၀ပြည်နယ်ကို အထူးလုံခြုံရေးတင်းကြပ်စွာချထားပြီ ဖမ်းဆီးမူတွေဆက်တိုက်လုပ်နေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

---------------------










XS
SM
MD
LG