သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္တြင္းႏိုင္ငံေရးေၾကာင့္ ျမန္မာႏိုင္ငံသားမ်ား ထိုင္းနယ္စပ္ျဖတ္ေက်ာ္မႈရွိေန


ေအာက္တိုဘာလ ၂၇ ရက္ေန႔မွာ ထုိင္းႏုိင္ငံထဲမွာ ဖမ္းမိတဲ့ျမန္မာႏိုင္ငံသားမ်ား (Photo: Police)

{{Zawgyi/Unicode}}

ထိုုင္းနိုုင္ငံအတြင္း ျမန္မာနိုုင္ငံသားေတြ အလံုုးအရင္း ဝင္ေရာက္လာတာဟာ ျမန္မာနိုုင္ငံအတြင္း ဆိုုးဝါးတဲ့နိုုင္ငံေရးအေျခေနေတြေၾကာင့္လိုု႔ ထိုုင္းနိုုင္ငံ လံုုၿခံဳေရးေကာင္စီက ေျပာဆိုေနခ်ိန္မွာပဲ ကန္ခ်ဘူရီ ျပည္နယ္ စုိင္ရို႕နယ္စပ္ဝင္လမ္းကေန ေအာက္တိုဘာလ ၂၆ ရက္ေန့ တေန႔တည္း အေထာက္အထားမဲ့ ျမန္မာနိုုုုင္ငံသား ၄၀၀ ေက်ာ္ ဝင္ေရာက္လာေၾကာင္း နယ္စပ္လံုၿခံုေရးရဲတပ္ဖဲြ႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

အခုုရက္ပိုုင္းအတြင္း ေထာင္နဲ႔ခ်ီရွိတဲ့ ျမန္မာႏိုင္ငံသားေတြ ထိုုင္းနယ္ေျမေတြထဲ ဝင္ေရာက္လာတာနဲ႔ပတ္သက္ျပီး ထိုုင္းဝန္ၾကီး ခ်ဳပ္Mr. Prayut Chan-o-cha က ႏွစ္နိုုင္ငံႀကားက နယ္စပ္လမ္းေတြကိုု လံုုၿခံဳေရး ပိုုမိုုတင္းၾကပ္ဖုိ႔ လံုုၿခံဳေရးေကာင္စီကိုု ညႊန္ႀကားခဲ့ပါတယ္။ အခုုလိုု အလံုုးအရင္းနဲ႔ ဝင္ေရာက္လာေနတာဟာ ျမန္မာနိုုင္ငံအတြင္းမွာ နိုုင္ငံေရးအေျခအေနဆိုုးဝါးလာမွုုနဲ ့ နယ္စပ္ေက်းရြာ တိုုင္းရင္းသားနယ္ေျမေတြမွာ စစ္ပြဲေတြ ဆက္တိုုက္ျဖစ္လာေနတဲ့အက်ိဳးဆက္ေတြေၾကာင့္ျဖစ္ေႀကာင္း ထိုုင္း လံုၿခံဳေရးေကာင္စီက ေအာက္တိုုဘာလ ၂၆ ရက္ေန႔ကေျပာဆုိခဲ့ပါတယ္။

ထိုင္းႏိုင္ငံအတြင္းမွာ တရက္တည္းနဲ့ျမန္မာႏိုင္ငံသား ၄၀၀ ေက်ာ္ ဝင္ေရာက္လာတဲ့အေၾကာင္း AAC မဟာမိတ္အဖဲြ႔က အလုပ္သမားေရးတက္ႂကြလွဳပ္ရွားသူ ကိုရဲမင္းကလည္း အခုလိုေျပာပါတယ္။

“တရားမဝင္ လမ္းေၾကာင္းေတြ လူေမွာင္ခိုေတြ လူကယ္ရီေတြကတဆင့္ ဝင္ေနၾကတာအေတာ္မ်ားတယ္။ မေန့ကတေန့တည္းမွာပဲ ထိုင္းျမန္မာနယ္စပ္ ကမ္ခ်နဘူရီ စိုင္ရို့နယ္စပ္တခုတည္းကပဲ ျမန္မာႏိုင္ငံသား ၄၀၀ ေက်ာ္ ဝင္လာတယ္။ ထိုင္းနယ္စပ္ ရဲတပ္ဖဲြ႔က ေျပာပါတယ္။ ေအာက္တိုဘာလ ၂၅ ရက္ေန့တုန္းကလည္း ျမန္မာႏိုင္ငံသားတရက္တည္းကို ၂၆၀ ထိဖမ္းမိတယ္။ ရဲတပ္ဖဲြ႔ရဲ႕သတင္းေတြအရ ၂ လအတြင္း ျမန္မာႏို္င္ငံသားေတြ တရားမဝင္ ဝင္ေရာက္လာတာ ၇၀,၀၀၀ ေက်ာ္ထိေလာက္ရွိေနျပီလို့ ေျပာတယ္။ ထုိင္းလံုၿခံဳေရးေကာင္စီကလည္း ျမန္မာနိုင္ငံသားေတြ ဒီေလာက္ထိ အလံုးအရင္းနဲ့ ဝင္ေရာက္လာတာကလည္း ျမန္မာႏုိင္ငံရဲ႕ဆုိးဝါးတဲ့ အေျခအေနေၾကာင့္လို့ ေျပာေနၾကျပီ။”

ေအာက္တိုဘာလ၂၇ရက္ေန့ မနက္ပိုင္းမွာလည္း ထိုုင္းျမန္မာနယ္စပ္ ရေနာင္းျမိဳ႕ က ေန ခ်ံဳေဖာ္ျပည္နယ္ကိုု ေမာင္းႏွင္လာတဲ့ လူနာတင္ယဥ္ကားနဲ ့ သယ္ေဆာင္လာတဲ့ ျမန္မာနိုုင္ငံသား ၁၀ ဦးကိုုလည္း ထိုင္းလံုၿခံဳေရးစစ္ေဆးေရးဂိတ္က ဖမ္းဆီးလိုုက္ပါတယ္။ ေအာက္တိုုဘာ ၂၇ ရက္ ေန႔တေန့တည္းမွာပဲ ထိုုင္းျမန္မာနယ္စပ္ ခ်င္းမိုုင္ ျပည္နယ္ ဖန္ျမိဳ႕နယ္အတြင္း ဝင္ေရာက္လာတဲ့ျမန္မာနိုုင္ငံသား ၅၂ ဦး နယ္ျခားေစာင့္ တပ္က ဖမ္းဆီးခဲ့ပါတယ္။

အခုေနစဥ္ ထုိင္းႏိုင္ငံထဲ အလံုးအရင္းနဲ့ဝင္ေရာက္လာေနတာေတြဟာ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းျပီးတဲ့ေနာက္ ျပည္တြင္းမွာလည္ပတ္ေနတဲ့ စက္ရံုအလုပ္ရံုေတြ ရပ္နားတာေတြ ျမန္မာျပည္က ေနထြက္ခြါသြားတာေတြေႀကာင့္ ျမန္မာႏိုင္ငံသားေတြဟာ အလုပ္အကုိင္အခက္အခဲေတြျဖစ္ရတယ္လို့ ကိုရဲမင္းက သံုးသပ္ပါတယ္။

“စစ္အာဏာသိမ္းျပီးတဲ့ေနာက္ ႏိုင္ငံဟာ ပိုျပီးဆင္းရဲႀကပ္တည္းလာတယ္အလုပ္အကုိင္အခြင့္အလန္းေတြလည္းေပ်ာက္ဆံုးကုန္တယ္ ။ ရွိျပီးသားကုမဏီေတြစက္ရံုေတြ လည္း ျပန္လည္ျပီး ထြက္ခါြသြားႀကတာမ်ားလာတယ္ ထိုင္းႏိုင္ငံထဲကိုျမန္မာႏိုင္ငံသားေတြ အလံုးအရင္းနဲ့ဖမ္းဆီးေနမွန္းသိရက္နဲ့ ေန႔တိုင္းဖမ္းခံရမွန္းသိလ်က္နဲ့စြန့္စားျပီး ဝင္ေရာက္လာေနတာပါ။”

ထို္င္းႏိုင္ငံထဲမွာလည္းကုိဗစ္ကပ္ေဘးေၾကာင့္စက္ရံုအလုပ္ရံုေတြလည္းရပ္နားထားျပီးအလုပ္အကုိင္အခြင့္အလမ္းေတြရဖို့ကလည္း ခက္ခဲေနတာပါ။ ဒီအခ်ိန္မွာျမန္မာႏိုင္ငံသားေတြ ေန႔စဥ္ ဝင္လာေနေပမယ့္အလုပ္အကုိင္ရဖို့က ခက္ခဲေနျပီး လူကုန္ကူးသူေတြရဲ႕သားေကာင္ေတြ ျဖစ္ေနရတယ္လို့လည္း ကုိရဲမင္းက ဆုိပါတယ္။

ထိုင္းႏိုင္ငံထဲမွာျမန္မာႏို္င္ငံသားတရားဝင္ေကာ တရားမဝင္ပါ ၃ သန္းထက္မနည္း ရွိေနျပီး ျမန္မာႏုိင္ငံရဲ ့ႏုိင္ငံေရး စီးပြားေရး၊ လူမႈေရး ဒုကၡေတြမတည္ျငိမ္မႈ ပဋိပကၡေတြေၾကာင့္လည္း အိမ္နီးခ်င္းထုိင္းႏိုင္ငံထဲကို အေထာက္အထားမဲ့ျမန္မာေတြ ေန႔စဥ္ ဝင္ေရာက္ေနဆဲျဖစ္ပါတယ္ရွင္။

============

{{Unicode}}

ပြည်တွင်းနိုင်ငံရေးကြောင့် မြန်မာနိုင်ငံသားများ ထိုင်းနယ်စပ်ဖြတ်ကျော်မှုရှိနေ

ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ အလုံးအရင်း ဝင်ရောက်လာတာဟာ မြန်မာနိုင်ငံအတွင်း ဆိုးဝါးတဲ့နိုင်ငံရေးအခြေနေတွေကြောင့်လို့ ထိုင်းနိုင်ငံ လုံခြုံရေးကောင်စီက ပြောဆိုနေချိန်မှာပဲ ကန်ချဘူရီ ပြည်နယ် စိုင်ရို့နယ်စပ်ဝင်လမ်းကနေ အောက်တိုဘာလ ၂၆ ရက်နေ့ တနေ့တည်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၀၀ ကျော် ဝင်ရောက်လာကြောင်း နယ်စပ်လုံခြုံရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အခုရက်ပိုင်းအတွင်း ထောင်နဲ့ချီရှိတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနယ်မြေတွေထဲ ဝင်ရောက်လာတာနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီး ချုပ်Mr. Prayut Chan-o-cha က နှစ်နိုင်ငံကြားက နယ်စပ်လမ်းတွေကို လုံခြုံရေး ပိုမိုတင်းကြပ်ဖို့ လုံခြုံရေးကောင်စီကို ညွှန်ကြားခဲ့ပါတယ်။ အခုလို အလုံးအရင်းနဲ့ ဝင်ရောက်လာနေတာဟာ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးအခြေအနေဆိုးဝါးလာမှုနဲ့ နယ်စပ်ကျေးရွာ တိုင်းရင်းသားနယ်မြေတွေမှာ စစ်ပွဲတွေ ဆက်တိုက်ဖြစ်လာနေတဲ့အကျိုးဆက်တွေကြောင့်ဖြစ်ကြောင်း ထိုင်း လုံခြုံရေးကောင်စီက အောက်တိုဘာလ ၂၆ ရက်နေ့ကပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ တရက်တည်းနဲ့မြန်မာနိုင်ငံသား ၄၀၀ ကျော် ဝင်ရောက်လာတဲ့အကြောင်း AAC မဟာမိတ်အဖွဲ့က အလုပ်သမားရေးတက်ကြွလှုပ်ရှားသူ ကိုရဲမင်းကလည်း အခုလိုပြောပါတယ်။

“တရားမဝင် လမ်းကြောင်းတွေ လူမှောင်ခိုတွေ လူကယ်ရီတွေကတဆင့် ဝင်နေကြတာအတော်များတယ်။ မနေ့ကတနေ့တည်းမှာပဲ ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီ စိုင်ရို့နယ်စပ်တခုတည်းကပဲ မြန်မာနိုင်ငံသား ၄၀၀ ကျော် ဝင်လာတယ်။ ထိုင်းနယ်စပ် ရဲတပ်ဖွဲ့က ပြောပါတယ်။ အောက်တိုဘာလ ၂၅ ရက်နေ့တုန်းကလည်း မြန်မာနိုင်ငံသားတရက်တည်းကို ၂၆၀ ထိဖမ်းမိတယ်။ ရဲတပ်ဖွဲ့ရဲ့သတင်းတွေအရ ၂ လအတွင်း မြန်မာနိုင်ငံသားတွေ တရားမဝင် ဝင်ရောက်လာတာ ၇၀,၀၀၀ ကျော်ထိလောက်ရှိနေပြီလို့ ပြောတယ်။ ထိုင်းလုံခြုံရေးကောင်စီကလည်း မြန်မာနိုင်ငံသားတွေ ဒီလောက်ထိ အလုံးအရင်းနဲ့ ဝင်ရောက်လာတာကလည်း မြန်မာနိုင်ငံရဲ့ဆိုးဝါးတဲ့ အခြေအနေကြောင့်လို့ ပြောနေကြပြီ။”

အောက်တိုဘာလ၂၇ရက်နေ့ မနက်ပိုင်းမှာလည်း ထိုင်းမြန်မာနယ်စပ် ရနောင်းမြို့ က နေ ချုံဖော်ပြည်နယ်ကို မောင်းနှင်လာတဲ့ လူနာတင်ယဉ်ကားနဲ့ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကိုလည်း ထိုင်းလုံခြုံရေးစစ်ဆေးရေးဂိတ်က ဖမ်းဆီးလိုက်ပါတယ်။ အောက်တိုဘာ ၂၇ ရက် နေ့တနေ့တည်းမှာပဲ ထိုင်းမြန်မာနယ်စပ် ချင်းမိုင် ပြည်နယ် ဖန်မြို့နယ်အတွင်း ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား ၅၂ ဦး နယ်ခြားစောင့် တပ်က ဖမ်းဆီးခဲ့ပါတယ်။

အခုနေစဉ် ထိုင်းနိုင်ငံထဲ အလုံးအရင်းနဲ့ဝင်ရောက်လာနေတာတွေဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမှာလည်ပတ်နေတဲ့ စက်ရုံအလုပ်ရုံတွေ ရပ်နားတာတွေ မြန်မာပြည်က နေထွက်ခွါသွားတာတွေကြောင့် မြန်မာနိုင်ငံသားတွေဟာ အလုပ်အကိုင်အခက်အခဲတွေဖြစ်ရတယ်လို့ ကိုရဲမင်းက သုံးသပ်ပါတယ်။

“စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံဟာ ပိုပြီးဆင်းရဲကြပ်တည်းလာတယ်အလုပ်အကိုင်အခွင့်အလန်းတွေလည်းပျောက်ဆုံးကုန်တယ် ။ ရှိပြီးသားကုမဏီတွေစက်ရုံတွေ လည်း ပြန်လည်ပြီး ထွက်ခါွသွားကြတာများလာတယ် ထိုင်းနိုင်ငံထဲကိုမြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ဖမ်းဆီးနေမှန်းသိရက်နဲ့ နေ့တိုင်းဖမ်းခံရမှန်းသိလျက်နဲ့စွန့်စားပြီး ဝင်ရောက်လာနေတာပါ။”

ထိုင်းနိုင်ငံထဲမှာလည်းကိုဗစ်ကပ်ဘေးကြောင့်စက်ရုံအလုပ်ရုံတွေလည်းရပ်နားထားပြီးအလုပ်အကိုင်အခွင့်အလမ်းတွေရဖို့ကလည်း ခက်ခဲနေတာပါ။ ဒီအချိန်မှာမြန်မာနိုင်ငံသားတွေ နေ့စဉ် ဝင်လာနေပေမယ့်အလုပ်အကိုင်ရဖို့က ခက်ခဲနေပြီး လူကုန်ကူးသူတွေရဲ့သားကောင်တွေ ဖြစ်နေရတယ်လို့လည်း ကိုရဲမင်းက ဆိုပါတယ်။

ထိုင်းနိုင်ငံထဲမှာမြန်မာနိုင်ငံသားတရားဝင်ကော တရားမဝင်ပါ ၃ သန်းထက်မနည်း ရှိနေပြီး မြန်မာနိုင်ငံရဲ့နိုင်ငံရေး စီးပွားရေး၊ လူမှုရေး ဒုက္ခတွေမတည်ငြိမ်မှု ပဋိပက္ခတွေကြောင့်လည်း အိမ်နီးချင်းထိုင်းနိုင်ငံထဲကို အထောက်အထားမဲ့မြန်မာတွေ နေ့စဉ် ဝင်ရောက်နေဆဲဖြစ်ပါတယ်ရှင်။

#MyanmarMigrants #MyanmarThailand #VOABurmese

#ထိုင်းမြန်မာ#တရားမဝင်ဝင်ရောက်သူ#ကိုဗစ်#ကန်ချဘူရီ

============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG