သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ခြင့္ ေလွ်ာက္ထားသူ ျမန္မာအလုပ္သမား သိန္းခ်ီရွိ


ထိုင္းႏိုင္ငံ ငါးဖမ္းလုပ္ငန္းမွာ အလုပ္လုပ္ေနၾကတဲ႔ ျမန္မာ လုပ္သားမ်ား။ (ဓာတ္ပံု - AP Photo/Apichart Weerawong)

(Zawgyi/ Unicode)

ထိုင္းအစုိးရက အေထာက္အထားမဲ့ တရားမ၀င္ေနထုိင္ေနသူေတြကို အလုပ္လုပ္ခြင့္ အေထာက္အထား လက္မွတ္ မွတ္ပံုတင္ခြင့္ျပဳတဲ့ ရက္ ေနာက္ဆံုးရက္ကို ႏို၀င္ဘာလ ၃၀ ထိ သတ္မွတ္ေပးထားတဲ့ အတြက္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား သိန္းခ်ီ မွတ္ပံုတင္ၾကတယ္လို့ ေရႊေျပာင္းအလုပ္သမားေရးေဆာင္ရြက္ေနသူေတြကဆိုပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို့ထားပါတယ္။

ထိုင္းအစိုးရက ကိုဗစ္ကပ္ေဘးကာလမွာ အေထာက္အထားမဲ့ေတြကို တရား၀င္ ေနထုိင္ အလုပ္လုပ္ကိုင္ဖို့ အတြက္ အလုပ္လုပ္ခြင့္ အေထာက္အထား လက္မွတ္ေတြကို လုပ္ေပးခဲ့ရာမွာ ႏို၀င္ဘာလ ၃၀ ရက္ေန့ ဟာ အလုပ္သမားေတြ မွတ္ပံုတင္ရမဲ့ ေနာက္ဆံုးေန့ျဖစ္ပါတယ္။

ျပည္နယ္ ခရိုင္အသိီးသီးက အလုပ္လုပ္ခြင့္ သတ္တမ္ းကုန္ဆံုးေနသူေတြနဲ့ အေထာက္အထားမဲ့ ျမန္မာေတြ မွတ္ပံုတင္ၾကတာ လူဦးေရ သိန္းဂဏန္းေလာက္ရွိတယ္လို ့ေရႊ႕ေျပာင္းအလုပ္သမား အခြင့္ေရးကြန္ရက္ရဲ့ ဥကၠဌ ဦးေအာင္ေက်ာ္က အခုလိုေျပာပါတယ္။

" သိန္းဂဏန္းကေတာ့ ရွိမွာပဲခင္ဗ်/ ဘာေႀကာင့္လဲဆိုေတာ့ ဆမြတ္ဆာခြန္းေဒသ တခုထဲမွာေတာင္ ေသာင္းနဲ့ခ်ီျပီး ရွိတာဆိုေတာ့။ ခရိုင္ေတြဆိုလည္း အမ်ားႀကီးေလ။ ခရိုင္ေတြထဲမွာေတာ့ က်ေနာ္တို့ ခရိုင္ေလာက္ မမ်ားဘူးဆိုေတာ့ ဆမြတ္ပရာကန္ ၊ ခ်ြန္ဘူရီ ၊ ဘန္ေကာက္၊ လေရာင္တို့ ဆမြတ္ဆာခြန္းတို႔ အဲဒီလိုေဒသေတြက အလုပ္သမားေတြ အမ်ားႀကီး ေခၚယူတဲ့ ေဒသေတြျဖစ္တယ္။ က်ေနာ္ထင္တယ္ သိန္းန့ဲခ်ီရွိမွာပါ။ တရားမ၀င္ ခိုး၀င္လာသူေတြလည္း ရွိတယ္။ ဒီထဲမွ ာစာရြက္စာတမ္းေတြ ျပတ္ေတာက္(သက္တမ္းကုန္)ေနတာေတြရိွေနေတာ့ က်ေနာ္တို့သိရ သေလာက္ေတာ့အကုန္လုပ္ႀကတယ္။"

မွတ္ပံုတင္ဖုိ့ စာရင္းသြင္းသူေတြထဲမွာ ထိုင္းမွာရွိေနျပီးသား အေထာက္အထားမဲ့ ျမန္မာေတြသာမက ေအာက္တုိဘာနဲ႔ ႏို၀င္ဘာလ အတြင္းမွာတရားမ၀င္ ၀င္ေရာက္လာသူေတြလည္း စာရင္းသြင္းၾကတာ ရွိတယ္လို့လည္း ဦးေအာင္ေက်ာ္က ေျပာျပပါတယ္။

" အစုိးရခြင္ျပဳထားတာ ႏို၀င္ဘာလ ၃၀ ထိပဲဆုိေတာ့ က်ေနာ္တုိ့က တတ္ႏိုင္သေလာက္ အသိပညာေပးထားေတာ့ သူတို့မွီေအာင္လုပ္ရမယ္။ ေနာက္က်ရင္ မွတ္ပံုတင္လုပ္လို့ မရေတာ့ဘူး။ ရတဲ့အခြင့္ေရးကို အျမန္လုပ္ၾကဖို့ေျပာသလို ျပည္တြင္းကေန ေခၚသြင္းလာတဲ့ ေဆြမ်ိဳးသားခ်င္းေတြကို အေရာက္ေခၚႀကျပီး လြတ္လာတဲ့ (ဖမ္းမမိ) တဲ့သူေတြကလည္း စက္ရံုေတြမွာ အျမန္စာရင္းသြင္းျပီး လုပ္ႀကတယ္ဆုိတာလည္း က်ေနာ္တို့သိရပါတယ္။"

ထိုင္းအစိုးရကလည္း လုပ္သားလိုအပ္ခ်က္ ရိိွေနတဲ့အတြက္ ႏွစ္ႏုိင္ငံ သေဘာတူစာခ်ဳပ္ MOUနဲ့ လုပ္သားေတြေခၚယူဖို့ အတြက္ စီစဥ္ေနေပမယ့္ ကိုဗစ္ကန္႔သတ္ခ်က္ စည္းကမ္းခ်က္ေတြနဲ့ ေငြကုန္ေၾကးက် မ်ားႏိုင္တဲ့ အတြက္ အလုပ္ရွင္ အေတာ္မ်ားမ်ားက ထုိင္းမွာရွိေနျပီးသား အေထာက္အထားမဲ့ေတြကို အလုပ္ခန့္ၾကတာ မ်ားတယ္လို့လည္း အလုပ္သမားေရး ေဆာင္ရြက္ေနသူေတြက ဆုိပါတယ္။

ထိုင္းႏိုင္ငံမွာ ျမန္မာေရႊ႕ေျပာင္း အလုပ္သမား ၃သန္း မနည္းရိွေနျပီး ေနစဥ္လည္း နယ္စပ္အသီးသီးကေန ၀င္ေရာက္ေနတာေၾကာင့္ တခ်ိဳ့လည္းဖမ္းဆိီးခံရတာေတြ ရွိပါတယ္။ ၂၀၂၁ ခုႏွစ္ ႏွစ္စကေန ႏုိ၀င္ဘာလအထိ္ ၁၁ လတာ ကာလအတြင္း အေထာက္အထားမဲ့ ၄ ေသာင္းခဲြထက္မနည္း ဖမ္းဆီးခံခဲ့ရပါတယ္။ ဒီထဲမွာ ျမန္မာက အမ်ားစုျဖစ္ပါတယ္။ အခုလို ထိုင္းအစိုးရ က အလုပ္လုပ္ခြင့္ အေထာက္အထားလက္မွတ္ လုပ္ေပးမယ္ဆုိတာေၾကာင့္ ျမန္မာ ႏိုင္ငံသားေတြ ဒီလပိုင္းအတြင္းမွာပဲ ေသာင္းနဲ့ခ်ီျပီး ထုိင္းနိုင္ငံထဲကို တရားမ၀င္လမ္းေတြကေန ၀င္ေရာက္လာၾကတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် လျှောက်ထားသူ မြန်မာအလုပ်သမား သိန်းချီရှိ

ထိုင်းအစိုးရက အထောက်အထားမဲ့ တရားမဝင်နေထိုင်နေသူတွေကို အလုပ်လုပ်ခွင့် အထောက်အထား လက်မှတ် မှတ်ပုံတင်ခွင့်ပြုတဲ့ ရက် နောက်ဆုံးရက်ကို နိုဝင်ဘာလ ၃၀ ထိ သတ်မှတ်ပေးထားတဲ့ အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမား သိန်းချီ မှတ်ပုံတင်ကြတယ်လို့ ရွှေပြောင်းအလုပ်သမားရေးဆောင်ရွက်နေသူတွေကဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းအစိုးရက ကိုဗစ်ကပ်ဘေးကာလမှာ အထောက်အထားမဲ့တွေကို တရားဝင် နေထိုင် အလုပ်လုပ်ကိုင်ဖို့ အတွက် အလုပ်လုပ်ခွင့် အထောက်အထား လက်မှတ်တွေကို လုပ်ပေးခဲ့ရာမှာ နိုဝင်ဘာလ ၃၀ ရက်နေ့ ဟာ အလုပ်သမားတွေ မှတ်ပုံတင်ရမဲ့ နောက်ဆုံးနေ့ဖြစ်ပါတယ်။

ပြည်နယ် ခရိုင်အသီးသီးက အလုပ်လုပ်ခွင့် သတ်တမ် းကုန်ဆုံးနေသူတွေနဲ့ အထောက်အထားမဲ့ မြန်မာတွေ မှတ်ပုံတင်ကြတာ လူဦးရေ သိန်းဂဏန်းလောက်ရှိတယ်လို့ရွှေ့ပြောင်းအလုပ်သမား အခွင့်ရေးကွန်ရက်ရဲ့ ဥက္ကဌ ဦးအောင်ကျော်က အခုလိုပြောပါတယ်။

" သိန်းဂဏန်းကတော့ ရှိမှာပဲခင်ဗျ/ ဘာကြောင့်လဲဆိုတော့ ဆမွတ်ဆာခွန်းဒေသ တခုထဲမှာတောင် သောင်းနဲ့ချီပြီး ရှိတာဆိုတော့။ ခရိုင်တွေဆိုလည်း အများကြီးလေ။ ခရိုင်တွေထဲမှာတော့ ကျနော်တို့ ခရိုင်လောက် မများဘူးဆိုတော့ ဆမွတ်ပရာကန် ၊ ချွန်ဘူရီ ၊ ဘန်ကောက်၊ လရောင်တို့ ဆမွတ်ဆာခွန်းတို့ အဲဒီလိုဒေသတွေက အလုပ်သမားတွေ အများကြီး ခေါ်ယူတဲ့ ဒေသတွေဖြစ်တယ်။ ကျနော်ထင်တယ် သိန်းနဲ့ချီရှိမှာပါ။ တရားမဝင် ခိုးဝင်လာသူတွေလည်း ရှိတယ်။ ဒီထဲမှ ာစာရွက်စာတမ်းတွေ ပြတ်တောက်(သက်တမ်းကုန်)နေတာတွေရှိနေတော့ ကျနော်တို့သိရ သလောက်တော့အကုန်လုပ်ကြတယ်။"

မှတ်ပုံတင်ဖို့ စာရင်းသွင်းသူတွေထဲမှာ ထိုင်းမှာရှိနေပြီးသား အထောက်အထားမဲ့ မြန်မာတွေသာမက အောက်တိုဘာနဲ့ နိုဝင်ဘာလ အတွင်းမှာတရားမဝင် ဝင်ရောက်လာသူတွေလည်း စာရင်းသွင်းကြတာ ရှိတယ်လို့လည်း ဦးအောင်ကျော်က ပြောပြပါတယ်။

" အစိုးရခွင်ပြုထားတာ နိုဝင်ဘာလ ၃၀ ထိပဲဆိုတော့ ကျနော်တို့က တတ်နိုင်သလောက် အသိပညာပေးထားတော့ သူတို့မှီအောင်လုပ်ရမယ်။ နောက်ကျရင် မှတ်ပုံတင်လုပ်လို့ မရတော့ဘူး။ ရတဲ့အခွင့်ရေးကို အမြန်လုပ်ကြဖို့ပြောသလို ပြည်တွင်းကနေ ခေါ်သွင်းလာတဲ့ ဆွေမျိုးသားချင်းတွေကို အရောက်ခေါ်ကြပြီး လွတ်လာတဲ့ (ဖမ်းမမိ) တဲ့သူတွေကလည်း စက်ရုံတွေမှာ အမြန်စာရင်းသွင်းပြီး လုပ်ကြတယ်ဆိုတာလည်း ကျနော်တို့သိရပါတယ်။"

ထိုင်းအစိုးရကလည်း လုပ်သားလိုအပ်ချက် ရှိနေတဲ့အတွက် နှစ်နိုင်ငံ သဘောတူစာချုပ် MOUနဲ့ လုပ်သားတွေခေါ်ယူဖို့ အတွက် စီစဉ်နေပေမယ့် ကိုဗစ်ကန့်သတ်ချက် စည်းကမ်းချက်တွေနဲ့ ငွေကုန်ကြေးကျ များနိုင်တဲ့ အတွက် အလုပ်ရှင် အတော်များများက ထိုင်းမှာရှိနေပြီးသား အထောက်အထားမဲ့တွေကို အလုပ်ခန့်ကြတာ များတယ်လို့လည်း အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၃သန်း မနည်းရှိနေပြီး နေစဉ်လည်း နယ်စပ်အသီးသီးကနေ ဝင်ရောက်နေတာကြောင့် တချို့လည်းဖမ်းဆီးခံရတာတွေ ရှိပါတယ်။ ၂၀၂၁ ခုနှစ် နှစ်စကနေ နိုဝင်ဘာလအထိ ၁၁ လတာ ကာလအတွင်း အထောက်အထားမဲ့ ၄ သောင်းခွဲထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီထဲမှာ မြန်မာက အများစုဖြစ်ပါတယ်။ အခုလို ထိုင်းအစိုးရ က အလုပ်လုပ်ခွင့် အထောက်အထားလက်မှတ် လုပ်ပေးမယ်ဆိုတာကြောင့် မြန်မာ နိုင်ငံသားတွေ ဒီလပိုင်းအတွင်းမှာပဲ သောင်းနဲ့ချီပြီး ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းတွေကနေ ဝင်ရောက်လာကြတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG