အေထာက္အထားမဲ႔ ျမန္မာေတြကို ထိုင္းက ကိုဗစ္ကာကြယ္ေဆးထိုးၿပီး ျပန္လႊတ္မည္
{{Zawgyi/Unicode}}
ထုိင္းႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္ပ်ံ႔ပြားမႈ ထိန္းခ်ဳပ္ႏုိင္ဖုိ႔အတြက္ ျမန္မာနယ္စပ္ကေန အေထာက္အထားမ႐ွိ ထိုင္းႏိုင္ငံထဲ တရားမဝင္ ဝင္လာသူေတြကိုပါ ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ ထိုင္းအစိုးရက စီစဥ္ေနပါတယ္။ တရားမဝင္ ဝင္လာေနသူေတြ ဒီေန႔အထိလည္း ႐ွိေနတာမွာ ကန္ခ်နဘူရီျပည္နယ္မွာ ႏို၀င္ဘာလ ၁၁ ရက္က ျမန္မာႏုိင္ငံသား ၁၀၁ ေယာက္ ဖမ္းမိခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာ ေျပာျပေပးပါမယ္။
ထိုင္းျမန္မာနယ္စပ္ကေန ျမန္မာႏိုင္ငံသား အေထာက္အထားမဲ့ေတြ သီတင္းတပတ္ေက်ာ္အတြင္း ၃၀၀၀ ေက်ာ္ဖမ္းမိခဲ့ျပီးေနာက္ ထုိ္င္းက်န္းမာေရး၀န္ႀကီးဌာနကေန တရားမ၀င္၀င္လာသူေတြကို ဥပေဒအတိုင္းေဆာင္ရြက္တာအျပင္ ကိုဗစ္ကာကြယ္ေဆးပါထိုးေပးျပီးမွ ေနရပ္ျပန္ပို႔ဖုိ႔ ဆက္လုပ္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ထိုင္းႏိုင္ငံထဲမွာ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ လုပ္တာလို႔ ထိုင္းေတာင္ပုိင္းအေျခစိုက္ ပညာေရးနဲ႔ ဖြံျဖိဳးတိုးတက္ေရးအဖဲြ႔က အလုပ္သမားေရးရာတာ၀န္ခံ ဦးမင္းဦးက အခုလိုေျပာပါတယ္။
"က်န္းမာေရး၀န္ႀကီး အႏုတင္ ကေျပာတာရွိတယ္ လက္ရွိအေျခအေနအရ နယ္စပ္ေတြက ၀င္တာတအားမ်ားေတာ့ မထူးေတာ့ဘူး သူတိုိ့ေတြကိုလည္္းတရား၀င္၀င္ တရားမ၀င္၀င္ ဖမ္းမိရင္ ကာကြယ္ေဆးထုိးျပီးမွ ျပန္လႊတ္မယ္လုိ့ေျပာတယ္ ။ တကယ္ေတာ့အဲဒါကို ကိုဗစ္ထိမ္းခ်ဳပ္ေရးေကာ္မတီကအႀကံေပးတာႀကာျပီ အလုပ္သမားေတြ တရားမ၀င္္ တရား၀င္၀င္ ထိုးေပးေပါ့။ ျပန္မထိုးေပးရင္ ကပ္ေဘးက တပတ္လည္လာမယ္ေပါ့ ။ ဒါေႀကာင့္ ေဆးထိုးေပးဖို့ေပါ့ "
ျမန္မာဘက္ကေန အလုပ္အကိုင္႐ွာေဖြဖို႔အတြက္ ထိုင္းႏိုင္ငံထဲ တရားမဝင္ ဝင္လာေနသူေတြ ပိုမ်ားလာေနတာမွာ ႏို၀င္ဘာလ ၁၁ ရက္ေနမွာပဲ ကမ္ခ်နဘူရီ စိုင္ယို့နယ္စပ္က နာနတ္ေတာအတြင္းမွာျမန္မာႏိုင္ငံသား ၁၀၀ ေက်ာ္ ထပ္မံဖမ္းဆိီးခံရတယ္လို့ဦးမင္းဦးကေျပာပါတယ္။
"ဒီေန့ျဖစ္တာကေတာ့ ကမ္ခ်နဘူရီ မွာ ဖမ္းမိတာ လူ၁၀၁ေယာက္ ။ မိန္းကေလးက ၄၃ေယာက္ ။ ေယာက္က်ားေလးက ၅၈ေယာက္။ သူတိုလာတာကေတာ့ေနရာအႏွံ့ပဲ။ ပဲခူးတို့ ေမာ္လျမိဳင္တုိ့ ဘက္ကလာတာ။ ပဲြစားခက ၂ေသာင္းခဲြေလာက္ေပးရတယ္။ စိုင္ယို့က နာနတ္ေတာမွာဖမ္းမိတာ"
ထိုင္းႏိုင္ငံထဲမွာ႐ွိေနတဲ့ ႏိုင္ငံျခားသား အလုပ္သမား၄သိန္းေက်ာ္ေလာက္ က ိုဗစ္ကာကြယ္ေဆး ထိုးႏွံျပီးစီးခဲ့ျပီးလို့ ထုိင္းအစုိးရက တရား၀င္ထုတ္ျပန္ထားပါတယ္။ ဒါေပမဲ့ ေရႊ႕ေျပာင္းလုပ္သား အနည္းဆံုး ၁ ဒသမ ၃ သန္းေလာက္ ကာကြယ္ေဆးထိုးႏွံဖို့ က်န္ေနေသးတယ္လို့ လည္းေျပာထားပါတယ္။ ေနာက္ပိုင္းက်ရင္ ဖမ္းမိတဲ့ အေထာက္အထားမဲ့ေတြကိုပါ ကာကြယ္ေဆးထိုးႏွံျပီးမွ ေနရပ္ျပန္ပို့မယ္ဆိုတာေႀကာင့္ ဖမ္းဆီးခံရသူေတြအတြက္ေတာ့ အဆိုးထဲကအေကာင္းတခုအျဖစ္ ဦးမင္းဦးကယူဆပါတယ္ ။
"အဆိုးထဲကအေကာင္းလို့ေျပာလို့ရတယ္။ ဖမ္းမိသြားေတာ့သူတို့ေငြေႀကးအခ်ိန္ေတြအားလံုးဆံုးရွံုးတာေလ။ ဒါေပမယ့္ ကာကြယ္ေဆးေလးထိုးတာ ျပန္ရတယ္ဆိုရင္ေတာ့ နည္းနည္းေလးေတာ္သြားေသးတာေပါ့ "
ထိုင္းႏို္င္ငံမွာျမန္မာေရႊေျပာင္းအလုပ္သမား ၃ သန္းထက္မနည္းရွိေနတာပါ။ ၂၀၂၁ ႏွစ္စကစျပီး ၁၀ လအတြင္း နယ္စပ္ေတြကေန ၀င္လာတဲ့အေထာက္အထားမဲ့ ေရႊေျပာင္းအလုပ္သမားေတြ ဖမ္းမိတာ ၃ေသာင္းခဲြေက်ာ္ေလာက္ရိွျပီး ဒီထဲမွာျမန္မာအမ်ားစုပါ၀င္ပါတယ္။ အခုလထဲမွာ ၁၀ ရက္အတြင္းဖမ္းမိတဲ့ျမန္မာႏိုင္ငံသား ၃၀၀၀ ေက်ာ္ရွိတာေႀကာင့္ ထုိင္းအာဏာပို္င္ေတြက ထိုင္းျမန္မာနယ္စပ္ေတြမွာ လံုျခံဳေရးကို တိုးျမွင့္ေဆာင္႐ြက္ေနၾကပါတယ္။
........................................
အထောက်အထားမဲ့ မြန်မာတွေကို ထိုင်းက ကိုဗစ်ကာကွယ်ဆေးထိုးပြီး ပြန်လွှတ်မည်
{{Unicode}}
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာနယ်စပ်ကနေ အထောက်အထားမရှိ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာသူတွေကိုပါ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ထိုင်းအစိုးရက စီစဉ်နေပါတယ်။ တရားမဝင် ဝင်လာနေသူတွေ ဒီနေ့အထိလည်း ရှိနေတာမှာ ကန်ချနဘူရီပြည်နယ်မှာ နိုဝင်ဘာလ ၁၁ ရက်က မြန်မာနိုင်ငံသား ၁၀၁ ယောက် ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ ပြောပြပေးပါမယ်။
ထိုင်းမြန်မာနယ်စပ်ကနေ မြန်မာနိုင်ငံသား အထောက်အထားမဲ့တွေ သီတင်းတပတ်ကျော်အတွင်း ၃၀၀၀ ကျော်ဖမ်းမိခဲ့ပြီးနောက် ထိုင်းကျန်းမာရေးဝန်ကြီးဌာနကနေ တရားမဝင်ဝင်လာသူတွေကို ဥပဒေအတိုင်းဆောင်ရွက်တာအပြင် ကိုဗစ်ကာကွယ်ဆေးပါထိုးပေးပြီးမှ နေရပ်ပြန်ပို့ဖို့ ဆက်လုပ်မယ်လို့ ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံထဲမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် လုပ်တာလို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။
"ကျန်းမာရေးဝန်ကြီး အနုတင် ကပြောတာရှိတယ် လက်ရှိအခြေအနေအရ နယ်စပ်တွေက ဝင်တာတအားများတော့ မထူးတော့ဘူး သူတို့တွေကိုလည်းတရားဝင်ဝင် တရားမဝင်ဝင် ဖမ်းမိရင် ကာကွယ်ဆေးထိုးပြီးမှ ပြန်လွှတ်မယ်လို့ပြောတယ် ။ တကယ်တော့အဲဒါကို ကိုဗစ်ထိမ်းချုပ်ရေးကော်မတီကအကြံပေးတာကြာပြီ အလုပ်သမားတွေ တရားမဝင် တရားဝင်ဝင် ထိုးပေးပေါ့။ ပြန်မထိုးပေးရင် ကပ်ဘေးက တပတ်လည်လာမယ်ပေါ့ ။ ဒါကြောင့် ဆေးထိုးပေးဖို့ပေါ့ "
မြန်မာဘက်ကနေ အလုပ်အကိုင်ရှာဖွေဖို့အတွက် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာနေသူတွေ ပိုများလာနေတာမှာ နိုဝင်ဘာလ ၁၁ ရက်နေမှာပဲ ကမ်ချနဘူရီ စိုင်ယို့နယ်စပ်က နာနတ်တောအတွင်းမှာမြန်မာနိုင်ငံသား ၁၀၀ ကျော် ထပ်မံဖမ်းဆီးခံရတယ်လို့ဦးမင်းဦးကပြောပါတယ်။
"ဒီနေ့ဖြစ်တာကတော့ ကမ်ချနဘူရီ မှာ ဖမ်းမိတာ လူ၁၀၁ယောက် ။ မိန်းကလေးက ၄၃ယောက် ။ ယောက်ကျားလေးက ၅၈ယောက်။ သူတိုလာတာကတော့နေရာအနှံ့ပဲ။ ပဲခူးတို့ မော်လမြိုင်တို့ ဘက်ကလာတာ။ ပွဲစားခက ၂သောင်းခွဲလောက်ပေးရတယ်။ စိုင်ယို့က နာနတ်တောမှာဖမ်းမိတာ"
ထိုင်းနိုင်ငံထဲမှာရှိနေတဲ့ နိုင်ငံခြားသား အလုပ်သမား၄သိန်းကျော်လောက် က ိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ပြီးလို့ ထိုင်းအစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ရွှေ့ပြောင်းလုပ်သား အနည်းဆုံး ၁ ဒသမ ၃ သန်းလောက် ကာကွယ်ဆေးထိုးနှံဖို့ ကျန်နေသေးတယ်လို့ လည်းပြောထားပါတယ်။ နောက်ပိုင်းကျရင် ဖမ်းမိတဲ့ အထောက်အထားမဲ့တွေကိုပါ ကာကွယ်ဆေးထိုးနှံပြီးမှ နေရပ်ပြန်ပို့မယ်ဆိုတာကြောင့် ဖမ်းဆီးခံရသူတွေအတွက်တော့ အဆိုးထဲကအကောင်းတခုအဖြစ် ဦးမင်းဦးကယူဆပါတယ် ။
"အဆိုးထဲကအကောင်းလို့ပြောလို့ရတယ်။ ဖမ်းမိသွားတော့သူတို့ငွေကြေးအချိန်တွေအားလုံးဆုံးရှုံးတာလေ။ ဒါပေမယ့် ကာကွယ်ဆေးလေးထိုးတာ ပြန်ရတယ်ဆိုရင်တော့ နည်းနည်းလေးတော်သွားသေးတာပေါ့ "
ထိုင်းနိုင်ငံမှာမြန်မာရွှေပြောင်းအလုပ်သမား ၃ သန်းထက်မနည်းရှိနေတာပါ။ ၂၀၂၁ နှစ်စကစပြီး ၁၀ လအတွင်း နယ်စပ်တွေကနေ ဝင်လာတဲ့အထောက်အထားမဲ့ ရွှေပြောင်းအလုပ်သမားတွေ ဖမ်းမိတာ ၃သောင်းခွဲကျော်လောက်ရှိပြီး ဒီထဲမှာမြန်မာအများစုပါဝင်ပါတယ်။ အခုလထဲမှာ ၁၀ ရက်အတွင်းဖမ်းမိတဲ့မြန်မာနိုင်ငံသား ၃၀၀၀ ကျော်ရှိတာကြောင့် ထိုင်းအာဏာပိုင်တွေက ထိုင်းမြန်မာနယ်စပ်တွေမှာ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေကြပါတယ်။