သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းဘက္ေရာက္ တရားမဝင္ျမန္မာေတြထဲ Delta ကိုဗစ္မ်ဳိးကြဲ ကူးစက္သူေတြရွိ


Prachuap Khiri Khan ျပည္နယ္မွာ ေအာက္တုိဘာ ၁၅ ရက္ေန့မွာဖမ္းမိတဲ့ျမန္မာႏိုင္ငံသားမ်ား ( official )

{{Zawgyi/Unicode}}

ျမန္မာႏုိင္ငံနဲ႔နယ္စပ္ ထုိင္းႏုိင္ငံ၊ Prachuap Khiri Khan ျပည္နယ္ထဲမွာ ျမန္မာႏိုင္ငံဘက္က တရားမဝင္ ဝင္ေရာက္လာလုိ႔ ဖမ္းမိသူ တပတ္အတြင္း ၁၀၀ ေက်ာ္႐ွိတာမွာ ၁၀% က ကူးစက္ျမန္ Delta ကိုဗစ္ကပ္ေရာဂါပိုး ကူးစက္ေနတာ ေတ႔ြရတယ္လို႔ျပည္နယ္ က်န္းမာေရးတာဝန္ရွိသူေတြက ေျပာပါတယ္။ ေစာင့္ၾကည့္ေရးစင္တာမွာထားတဲ့အခ်ိန္ ထြက္ေျပးသူတခ်ဳိ႕႐ွိတဲ့အတြက္ ေဒသတြင္းမွာ Delta ကိုဗစ္ပိုး ပ်ံ႔ႏွံ႔ကူးစက္မွာကိုလည္း စိုးရိမ္ေနၾကပါတယ္။ ဒီအေၾကာင္း ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏုိင္ငံကေန ထိုင္း-ျမန္မာနယ္စပ္ Prachuap Khiri Khan ျပည္နယ္ထဲကို တရားမဝင္ ဝင္ေရာက္သူေတြထဲက တပတ္အတြင္းဖမ္းမိသူေတြကို ထိုင္းအာဏာပုိင္ေတြက ကိုဗစ္ေဆးစစ္ရာမွာ ၁၀% ေက်ာ္ဟာ ကူးစက္ျမန္ Delta ကိုဗစ္ကပ္ေရာဂါပုိး ကူးစက္ေနတာ ေတ႔ြရတယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးနဲ႔ ကပ္ေရာဂါထိန္းခ်ဳပ္ေရးအာဏာပုိင္ေတြက ဒီေန႔ ေသာၾကာေန႔မွာ ေျပာတာပါ။ ေရာဂါပိုးေတြ႔ေနတဲ့ အေျခအေနကို ထုိင္းေတာင္ပုိင္းအေျခစိုက္ ပညာေရးနဲ႔ ဖံြ ့ျဖိဳးတုိးတက္ေရးအဖဲြ ႔ရဲ႕ အလုပ္သမားေရးရာတာဝန္ခံ ဦးမင္းဦးကေျပာပါတယ္။

"Prachuap Khiri Khan ဘက္မွာက ဖမ္းမိထားတဲ့့ျမန္မာေတြကို စစ္လိုက္တဲ့အခါ ကိုဗစ္ေရာဂါကူးစက္ေနတာေတြတယ္ ေတြ တဲ့ေနရာမွာ Delta မ်ိဳးကဲြ အမ်ဳိးအစားေတြ တယ္ ဆိုးတာက ဖမ္းတဲ့အထဲမွာပါတဲ့ သက္ဆုိင္ရာအာဏာပုိင္ထဲမွာလည္း အဲဒီ ေရာဂါေတြ႔တယ္။ အဲဒီ အေယာက္ ၁၀၀ ေက်ာ္ထဲမွာ အဲဒီအုပ္စုထဲမွာေရာဂါပိုးေတြ႔တာက ၁၀% ေက်ာ္ကေတြ႔တယ္။ တစုတည္းမဟုတ္ဘူး။ မိတာက တစုျပီးတစု မိတာ။"

ေစာင့္ၾကည့္ေရးစင္တင္မွာထားတုန္း တခ်ဳိ႕ ျမန္မာႏို္င္ငံသားေတြ ထြက္ေျပးသြားတာေၾကာင့္ အာဏာပုိင္ေတြက အပူတျပင္း လုိက္ရွာေနပါတယ္။

ေန႔စဥ္နီးပါး ရာနဲ႔ခ်ီျပီး ဝင္လာေနတဲ့ အေထာက္အထားမဲ့ ျမန္မာေတြကို ထားဖို႔၊ ေစာင့္ၾကည့္စစ္ေဆးဖို႔၊ ကိုဗစ္စင္ တာ မလံုေလာက္တာ၊ စားနပ္ရိကၡာမလံုေလာက္တာနဲ႔ လံုၿခံဳေရးကို တင္းတင္းၾကပ္ၾကပ္ မလုပ္ႏိုင္ေတြရွိေနတယ္ လို႔ ေဒသအာဏာပုိင္ေတြက ေျပာပါတယ္။ Delta မ်ိဳးကဲြ ကူးစက္ခံထားရသူေတြ ထြက္ေျပးၾကတဲ့အတြက္ သူတို႔ ကေန ဆင့္ကဲ ကိုဗစ္ကပ္ေရာဂါ ကူးစက္မွာ စိုးရိမ္ေနၾကတယ္လို႔ ဦးမင္းဦးက ေျပာျပပါတယ္။

"ေစာင့္ၾကည့္ေရးစင္တာမွာ ထားတဲ့အခ်ိန္မွာ ထြက္ေျပးၾကတာ။ ထြက္ေျပးတဲ့လူေတြက ျမိဳ့ထဲေတြ အလုပ္ရံုေတြ ရိွတဲ့ေနရာေတြကို ထြက္ေျပးၾကတာ။ ေျပးတဲ့သူေတြက တအုပ္စုထဲျဖစ္ေနလို့။ ေရာဂါက အုပ္စုလိုက္သြားျပီး တျခားေနရာေတြမွာ ေျပးေနမွာကိုစိုးရိမ္တယ္။ သူတို့ေျပာတာက အဓိက ျပႆနာ ေရာဂါထိန္းမရဘဲ ကူးစက္ျပန့္ပြားလာမွာကို စိုးရိမ္တယ္လို့ေျပာတယ္။"

အဖမ္းမခံရဘဲ လြတ္ေျမာက္ေနသူေတြဟာ ျပည္နယ္အတြင္းက စက္ရံုအလုပ္ရံုေတြမွာ ဝင္ေရာက္လုပ္ကိုင္ေနတယ္ ဆိုရင္ အတူလုပ္ကိုင္ေနၾကတဲ့ အလုပ္သမားကို ထပ္ဆင့္ကူးစက္မယ့္ အေနအထားျဖစ္ေနပါတယ္။

ျပည္နယ္တြင္းမွာ Delta ကိုဗစ္ကပ္ေရာဂါပိုးအႏၱရာယ္ ရွိေနေၾကာင္းကိုလည္း Prachuap Khiri Khan ျပည္နယ္အာဏာပိုင္ေတြက သတိေပးထားပါတယ္။ ထိုင္းႏိုင္ငံမွာ ကူးစက္ျဖစ္ပြားေနတဲ့ ကိုဗစ္ကပ္ေရာဂါအမ်ားစုက Delta မ်ဳိးကြဲ မဟုတ္တာေၾကာင့္ Deltaမ်ဳိးကြဲကူးစက္မႈကို အထူးသတိထားေနၾကတာပါ။

ျမန္မာႏိုင္ငံသား အေထာက္အထားမဲ့ေတြ ေန႔စဥ္လို ဝင္ေရာက္လာေနတာကေတာ့လူကုန္ကူးပြဲစားေတြက အခေၾကးေငြယူျပီး နယ္စပ္ေတြကုိ ပို႔ေပးေနၾကသလို ျမန္မာႏုိင္ငံဘက္က နယ္စပ္ေက်ာ္ျဖတ္မႈကို တင္းတင္းၾကပ္ၾကပ္ကိုင္တြယ္တာ မ႐ွိတာေၾကာင့္ ထိုင္းဘက္ ဝင္လာသူေတြမ်ားတယ္လို့ ထုိင္းသတင္းေတြမွာ သံုးသပ္ေျပာဆုိၾကပါတယ္။

ထိုင္းႏိုင္ငံမွာေတာ့ ကုိဗစ္ကူးစက္မူေတြက က်ဆင္းမသြားေသးပါဘူး။ ေအာက္တိုဘာလ ၁၅ ရက္မွာ ကိုဗစ္အတည္ျပဳလူနာ ၁၁,၀၀၀ ေက်ာ္ ႐ွိပါတယ္။ ႏုိင္ငံတဝန္း ကိုဗစ္ကာကြယ္ေဆးထိုးၿပီးသူ ၅၀% ေလာက္ရွိၿပီလို႔ ထိုင္းအစိုးရက ေၾကညာထားေပမဲ့ အမ်ားစုက ထိုင္းႏိုင္ငံသားေတြျဖစ္ပါတယ္။

ျမန္မာႏိုင္ငံကေန အလုပ္လာလုပ္ေနၾကတဲ့ ေရႊ႕ေျပာင္းအလုပ္သမား ၃ သန္းထက္မနည္း ႐ွိတဲ့ထဲက အနည္းစုေလာက္သာ ေဆးထိုးခြင့္ရပါေသးတယ္။တရား၀င္အေထာက္အထားရိွၿပီး လူမႈဖူလံုေရး၊ က်န္းမာေရးအာမခံရွိတဲ့ တရားဝင္ ေရႊ႕ေျပာင္းအလုပ္သမားေတြေတာင္ ကာကြယ္ေဆးထိုးခြင့္ရဖို႔ ခက္ခဲေနဆဲျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၃ လေက်ာ္ကတည္းက စာရင္းတင္သြင္းထားသူေတြေတာင္ အခုထိ ကိုဗစ္ကာကြယ္ေဆး ထိုးခြင့္မရၾကေသးဘူးလို႔ ေရႊ႕ေျပာင္းအလုပ္သမားေရး လုပ္ေဆာင္ေနသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


=========

{{Unicode}}

ထိုင်းဘက်ရောက် တရားမဝင်မြန်မာတွေထဲ Delta ကိုဗစ်မျိုးကွဲ ကူးစက်သူတွေရှိ

မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ၊ Prachuap Khiri Khan ပြည်နယ်ထဲမှာ မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်ရောက်လာလို့ ဖမ်းမိသူ တပတ်အတွင်း ၁၀၀ ကျော်ရှိတာမှာ ၁၀% က ကူးစက်မြန် Delta ကိုဗစ်ကပ်ရောဂါပိုး ကူးစက်နေတာ တေ့ွရတယ်လို့ပြည်နယ် ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ စောင့်ကြည့်ရေးစင်တာမှာထားတဲ့အချိန် ထွက်ပြေးသူတချို့ရှိတဲ့အတွက် ဒေသတွင်းမှာ Delta ကိုဗစ်ပိုး ပျံ့နှံ့ကူးစက်မှာကိုလည်း စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်း-မြန်မာနယ်စပ် Prachuap Khiri Khan ပြည်နယ်ထဲကို တရားမဝင် ဝင်ရောက်သူတွေထဲက တပတ်အတွင်းဖမ်းမိသူတွေကို ထိုင်းအာဏာပိုင်တွေက ကိုဗစ်ဆေးစစ်ရာမှာ ၁၀% ကျော်ဟာ ကူးစက်မြန် Delta ကိုဗစ်ကပ်ရောဂါပိုး ကူးစက်နေတာ တေ့ွရတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးနဲ့ ကပ်ရောဂါထိန်းချုပ်ရေးအာဏာပိုင်တွေက ဒီနေ့ သောကြာနေ့မှာ ပြောတာပါ။ ရောဂါပိုးတွေ့နေတဲ့ အခြေအနေကို ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးကပြောပါတယ်။

"Prachuap Khiri Khan ဘက်မှာက ဖမ်းမိထားတဲ့မြန်မာတွေကို စစ်လိုက်တဲ့အခါ ကိုဗစ်ရောဂါကူးစက်နေတာတွေတယ် တွေ တဲ့နေရာမှာ Delta မျိုးကွဲ အမျိုးအစားတွေ တယ် ဆိုးတာက ဖမ်းတဲ့အထဲမှာပါတဲ့ သက်ဆိုင်ရာအာဏာပိုင်ထဲမှာလည်း အဲဒီ ရောဂါတွေ့တယ်။ အဲဒီ အယောက် ၁၀၀ ကျော်ထဲမှာ အဲဒီအုပ်စုထဲမှာရောဂါပိုးတွေ့တာက ၁၀% ကျော်ကတွေ့တယ်။ တစုတည်းမဟုတ်ဘူး။ မိတာက တစုပြီးတစု မိတာ။"

စောင့်ကြည့်ရေးစင်တင်မှာထားတုန်း တချို့ မြန်မာနိုင်ငံသားတွေ ထွက်ပြေးသွားတာကြောင့် အာဏာပိုင်တွေက အပူတပြင်း လိုက်ရှာနေပါတယ်။

နေ့စဉ်နီးပါး ရာနဲ့ချီပြီး ဝင်လာနေတဲ့ အထောက်အထားမဲ့ မြန်မာတွေကို ထားဖို့၊ စောင့်ကြည့်စစ်ဆေးဖို့၊ ကိုဗစ်စင် တာ မလုံလောက်တာ၊ စားနပ်ရိက္ခာမလုံလောက်တာနဲ့ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် မလုပ်နိုင်တွေရှိနေတယ် လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ Delta မျိုးကွဲ ကူးစက်ခံထားရသူတွေ ထွက်ပြေးကြတဲ့အတွက် သူတို့ ကနေ ဆင့်ကဲ ကိုဗစ်ကပ်ရောဂါ ကူးစက်မှာ စိုးရိမ်နေကြတယ်လို့ ဦးမင်းဦးက ပြောပြပါတယ်။

"စောင့်ကြည့်ရေးစင်တာမှာ ထားတဲ့အချိန်မှာ ထွက်ပြေးကြတာ။ ထွက်ပြေးတဲ့လူတွေက မြို့ထဲတွေ အလုပ်ရုံတွေ ရှိတဲ့နေရာတွေကို ထွက်ပြေးကြတာ။ ပြေးတဲ့သူတွေက တအုပ်စုထဲဖြစ်နေလို့။ ရောဂါက အုပ်စုလိုက်သွားပြီး တခြားနေရာတွေမှာ ပြေးနေမှာကိုစိုးရိမ်တယ်။ သူတို့ပြောတာက အဓိက ပြဿနာ ရောဂါထိန်းမရဘဲ ကူးစက်ပြန့်ပွားလာမှာကို စိုးရိမ်တယ်လို့ပြောတယ်။"

အဖမ်းမခံရဘဲ လွတ်မြောက်နေသူတွေဟာ ပြည်နယ်အတွင်းက စက်ရုံအလုပ်ရုံတွေမှာ ဝင်ရောက်လုပ်ကိုင်နေတယ် ဆိုရင် အတူလုပ်ကိုင်နေကြတဲ့ အလုပ်သမားကို ထပ်ဆင့်ကူးစက်မယ့် အနေအထားဖြစ်နေပါတယ်။

ပြည်နယ်တွင်းမှာ Delta ကိုဗစ်ကပ်ရောဂါပိုးအန္တရာယ် ရှိနေကြောင်းကိုလည်း Prachuap Khiri Khan ပြည်နယ်အာဏာပိုင်တွေက သတိပေးထားပါတယ်။ ထိုင်းနိုင်ငံမှာ ကူးစက်ဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါအများစုက Delta မျိုးကွဲ မဟုတ်တာကြောင့် Deltaမျိုးကွဲကူးစက်မှုကို အထူးသတိထားနေကြတာပါ။

မြန်မာနိုင်ငံသား အထောက်အထားမဲ့တွေ နေ့စဉ်လို ဝင်ရောက်လာနေတာကတော့လူကုန်ကူးပွဲစားတွေက အခကြေးငွေယူပြီး နယ်စပ်တွေကို ပို့ပေးနေကြသလို မြန်မာနိုင်ငံဘက်က နယ်စပ်ကျော်ဖြတ်မှုကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်တာ မရှိတာကြောင့် ထိုင်းဘက် ဝင်လာသူတွေများတယ်လို့ ထိုင်းသတင်းတွေမှာ သုံးသပ်ပြောဆိုကြပါတယ်။

ထိုင်းနိုင်ငံမှာတော့ ကိုဗစ်ကူးစက်မူတွေက ကျဆင်းမသွားသေးပါဘူး။ အောက်တိုဘာလ ၁၅ ရက်မှာ ကိုဗစ်အတည်ပြုလူနာ ၁၁,၀၀၀ ကျော် ရှိပါတယ်။ နိုင်ငံတဝန်း ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၅၀% လောက်ရှိပြီလို့ ထိုင်းအစိုးရက ကြေညာထားပေမဲ့ အများစုက ထိုင်းနိုင်ငံသားတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ အလုပ်လာလုပ်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃ သန်းထက်မနည်း ရှိတဲ့ထဲက အနည်းစုလောက်သာ ဆေးထိုးခွင့်ရပါသေးတယ်။တရားဝင်အထောက်အထားရှိပြီး လူမှုဖူလုံရေး၊ ကျန်းမာရေးအာမခံရှိတဲ့ တရားဝင် ရွှေ့ပြောင်းအလုပ်သမားတွေတောင် ကာကွယ်ဆေးထိုးခွင့်ရဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၃ လကျော်ကတည်းက စာရင်းတင်သွင်းထားသူတွေတောင် အခုထိ ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်မရကြသေးဘူးလို့ ရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

#ThailandMigrants #MyanmarMigrants #COVID #voaburmese #ရွှေ့ပြောင်းလုပ်သား #ကိုဗစ် #ဗွီအိုအေမြန်မာပိုင်း

XS
SM
MD
LG