သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္လာသူ ျမန္မာ ၁၃၀ ေက်ာ္ ထိုင္းအာဏာပိုင္ေတြ ဖမ္းဆီး


ကမ္ခ်နဘူရီျပည္နယ္ကေန ထုိင္းႏုိင္ငံတြင္းဝင္လာတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (ႏုိဝင္ဘာ ၇၊ ၂၀၂၁။ ဓာတ္ပုံ - ထုိင္းရဲတပ္ဖြဲ႔)

(Zawgyi / Unicode)

ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ဖို႔ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္လာတဲ့ ျမန္မာ ေရႊ႕ေျပာင္းလုပ္သား ၁၃၁ ဦးကုိ ကန္ခ်နဘူရီမွာ စေနေန႔ မနက္ပိုင္းက ဖမ္းမိေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းက ေဖာ္ျပပါတယ္။

အမ်ိဳးသား ၇၂ ေယာက္နဲ႔ အမ်ိဳးသမီး ၅၉ ဦး ပါဝင္ၿပီး အားလံုးက ျမန္မာႏိုင္ငံသားေတြ ျဖစ္ေၾကာင္း၊ က်န္းမာေရးလုပ္သားေတြက ဖမ္းဆီးခံရတဲ့ ျမန္မာ ေရႊ႕ေျပာင္းလုပ္သားအားလံုးကို ကိုယ္ပူခ်ိန္ တိုင္းတာခဲ့ၿပီး အားလံုး ပံုမွန္ျဖစ္ေၾကာင္းလည္း ေဖာ္ျပပါတယ္။

ကန္ခ်နဘူရီျပည္နယ္ Sai Yok ခ႐ိုင္ နယ္စပ္ ေတာထဲမွာ ပုန္းေအာင္းေနတဲ့ လူေတြကို ကင္းလွည့္စစ္သားေတြ၊ ေဒသခံရဲနဲ႔ တာဝန္ရွိသူေတြက စေနေန႔မနက္ ၆ နာရီေလာက္မွာ ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ ဖမ္းခံရသူေတြကေတာ့ သူတို႔ဟာ ထားဝယ္၊ ရန္ကုန္၊ ေမာ္လၿမိဳင္၊ ပဲခူးနဲ႔ တျခားၿမိဳ႕နယ္ေတြကေန ထိုင္းကို အလုပ္လုပ္ဖို႔ လာၾကတာလို႔ တာဝန္ရွိသူေတြကို ေျပာဆိုခဲ့ပါတယ္။

ထိုင္းႏိုင္ငံထဲကို ေတာလမ္းကေန ညပိုင္းမွာ လမ္းေလွ်ာက္ဝင္လာၾကတာျဖစ္ၿပီး တျခားျပည္နယ္ေတြကို သြားဖို႔ လာႀကိဳသူေတြကို ေစာင့္ေနၾကတာ ျဖစ္တယ္လို႔လည္း သတင္းက ေဖာ္ျပပါတယ္။

ဘန္ေကာက္၊ စမုတ္စခြန္း၊ ကန္ခ်နဘူရီနဲ႔ ပရာခ်င္ဘူရီတို႔မွာ အလုပ္လုပ္ဖို႔ လာၾကတာျဖစ္ၿပီး သူတို႔ အလုပ္ခြင္ကို ေရာက္ရွိႏိုင္ေရးအတြက္ တဦးကို ထိုင္းဘတ္ေငြ ၁၇,၀၀၀ ကေန ဘတ္ ၂၀,၀၀၀ ေလာက္ထိ ပြဲစားကို ေပးရေၾကာင္းလည္း ေျပာၾကပါတယ္။ ဖမ္းခံရသူအားလံုးကိုေတာ့ တရားမဝင္ ဝင္ေရာက္မႈနဲ႔ စြဲဆိုၿပီး ဌာေနျပန္ပို႔ေရးအတြက္ Sai Yok ရဲစခန္းကို လႊဲေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူ မြန်မာ ၁၃၀ ကျော် ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၃၁ ဦး ကန်ချနဘူရီမှာ စနေနေ့ မနက်ပိုင်းက ဖမ်းမိကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

အမျိုးသား ၇၂ ယောက်နဲ့ အမျိုးသမီး ၅၉ ဦး ပါဝင်ပြီး အားလုံးက မြန်မာနိုင်ငံသားတွေ ဖြစ်ကြောင်း၊ ကျန်းမာရေးလုပ်သားတွေက ဖမ်းဆီးခံရတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားအားလုံးကို ကိုယ်ပူချိန် တိုင်းတာခဲ့ပြီး အားလုံး ပုံမှန်ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

ကန်ချနဘူရီပြည်နယ် Sai Yok ခရိုင် နယ်စပ် တောထဲမှာ ပုန်းအောင်းနေတဲ့ လူတွေကို ကင်းလှည့်စစ်သားတွေ၊ ဒေသခံရဲနဲ့ တာဝန်ရှိသူတွေက စနေနေ့မနက် ၆ နာရီလောက်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းခံရသူတွေကတော့ သူတို့ဟာ ထားဝယ်၊ ရန်ကုန်၊ မော်လမြိုင်၊ ပဲခူးနဲ့ တခြားမြို့နယ်တွေကနေ ထိုင်းကို အလုပ်လုပ်ဖို့ လာကြတာလို့ တာဝန်ရှိသူတွေကို ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲကို တောလမ်းကနေ ညပိုင်းမှာ လမ်းလျှောက်ဝင်လာကြတာဖြစ်ပြီး တခြားပြည်နယ်တွေကို သွားဖို့ လာကြိုသူတွေကို စောင့်နေကြတာ ဖြစ်တယ်လို့လည်း သတင်းက ဖော်ပြပါတယ်။

ဘန်ကောက်၊ စမုတ်စခွန်း၊ ကန်ချနဘူရီနဲ့ ပရာချင်ဘူရီတို့မှာ အလုပ်လုပ်ဖို့ လာကြတာဖြစ်ပြီး သူတို့ အလုပ်ခွင်ကို ရောက်ရှိနိုင်ရေးအတွက် တဦးကို ထိုင်းဘတ်ငွေ ၁၇,၀၀၀ ကနေ ဘတ် ၂၀,၀၀၀ လောက်ထိ ပွဲစားကို ပေးရကြောင်းလည်း ပြောကြပါတယ်။ ဖမ်းခံရသူအားလုံးကိုတော့ တရားမဝင် ဝင်ရောက်မှုနဲ့ စွဲဆိုပြီး ဌာနေပြန်ပို့ရေးအတွက် Sai Yok ရဲစခန်းကို လွှဲပေးခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG